Sulay Beauty Collection

Sulay Beauty Collection ထိုင်းအလှကုန်ပစ္စည်းမျိုးစုံ ဖန်စီ

ဗောက်ထခြင်းအတွက် နည်းလမ်းကောင်းများဗောက်သဘောက မကြာခဏဖြစ်တတ်ပါတယ်။ ပျောက်ပြီးရင် ပြန်ပေါ်လာတတ်တယ်။ ကုတဲ့အခါ ဆေးတမျိုးတည်း...
18/01/2022

ဗောက်ထခြင်းအတွက် နည်းလမ်းကောင်းများ

ဗောက်သဘောက မကြာခဏဖြစ်တတ်ပါတယ်။ ပျောက်ပြီးရင် ပြန်ပေါ်လာတတ်တယ်။ ကုတဲ့အခါ ဆေးတမျိုးတည်း အမြဲသုံးစွဲခြင်းဟာ ရေရှည်အကျိုးသက်ရောက်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ခါလိုက်ပြီး လိုသလိုပြောင်းသုံးရမယ်။ ဘယ်လိုသုံးမလဲဆိုတာ ရောဂါတခုချင်းအနေထားပေါ်သာမူတည်တယ်။ ကုတဲ့ဆရာဝန်ကလည်း ဒီအပိုင်းမှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ မှိုပိုးတခုတည်းလက်ညှိုးထိုးပြီး မှိုပိုးသတ်ဆေး ထိုင်ပေးနေရုံနဲ့ သက်သာမှာ မဟုတ်ပါ။ နောက်ထပ် ထည့်သွင်းစဉ်းစားရမှာက အာဟာရဓာတ်ချု့်တဲ့မှုပါ။ ဇင့်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေလည်း လိုနိုင်ပါသေးတယ်။ အစိုဓာတ်နည်းရင် အိုမီဂါသရီးပါတာတွေ ထပ်ထည့်ရဦးမယ်။ ဗောက်ကို မကုဘဲထားရင် ဆံပင်ကျွတ်နိုင်တယ်။ ထိပ်ပြောင်နိုင်တယ်။ ကုတ်ပါများရင် ဦးရေပြား ပိုးဝင်တာထိ ဖြစ်လာနိုင်တယ်။ ဆရာဝန်နဲ့သေချာကုဖို့လိုပါတယ်။

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ cradle cap ဦးရေပြားရောင်တာကလည်း အဖြစ်များတယ်။ မွေးကင်းစအရွယ် ဦးရေပြားမှာ ခပ်ထူူထူ ခပ်ကြီးကြီးအဝါဖတ်တွေ အကွက်လိုက်ဖြစ်တာမျိုးကို ခေါ်တာပါ။ အသက်(၁)နှစ်အောက်အရွယ် တွေ့ရများတယ်။ seborrheic dermatitis အမျိုးအစားထဲပါတယ်။ ပုံမှန်အားဖြင့် ကုဖို့မလိုဘဲ အသက်(၆)လအတွင်း သူ့ဘာသာ သက်သာပျောက်ကင်းနိုင်တယ်။ စိုးရိမ်နေတဲ့မိဘများအနေနဲ့ baby mild shampoos သို့မဟုတ် baby oil ,olive oil ,coconut oil စသည်ဖြင့် ဆီတစ်မျိုးမျိုးကို နေ့စဉ် အသုံးပြုရုံနဲ့လုံလောက်ပါတယ်။

ဗောက်ရောဂါအတွက် အထူးအကြံပြုချက်
ဗောက်ကို ကာကွယ်ဖို့ အရေးကြီးဆုံး အချက်(၅)ချက်ကို သေချာလိုက်နာရမယ်။
(၁) တပတ်ကို ၂-၃ကြိမ်သာ ခေါင်းလျှော်ပါ။နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်တာမျိုး မလုပ်ရဘူး။
(၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ မသုံးပါနဲ့။ အဆီဂလင်းနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးသုံးတဲ့အခါ သတိပြုရမယ်။
(၃) နေ့စဉ်ခေါင်းဖီးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားအခြေက ထွက်လာတဲ့ ဆဲလ်သေတွေက်ု ဖယ်ရှားဖို့ ဖြစ်ပါတယ်။
(၄) စိတ်ဖိစီးမှုက ဗောက်ထစေတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတတ်နိုင်သမျှ လျှော့ချပါ။
(၅) ဗောက်ထသူတွေအနေနဲ့ မကြာခဏ နေရောင်ပြသင့်တယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။ အပြင်ထွက်တ်ုင်း ဦးထုပ်အမြဲဆောင်းတာ ပုံမှန်အားဖြင့် မကောင်းဘူး။ ထွက်လာတဲ့ ချွေးနဲ့ အစိုဓာတ်က မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ဖြစ်ပါတယ်။

(ရောဂါအကြောင်းအရာ အသေးစိတ်ကို https://drayeminhtoo.com/dandruff/ တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်)

ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)

ဝက်ခြံထွက်ရင် ဒါတွေရှောင်ပါ(၁) whitening emulsion(နို့ရည်) ကို ဝက်ခြံထွက်နေစဉ် မသုံးသင့်ပါ။ (၂) ဝက်ခြံထွက်နေစဉ် ရွှံ့စေး...
17/01/2022

ဝက်ခြံထွက်ရင် ဒါတွေရှောင်ပါ

(၁) whitening emulsion(နို့ရည်) ကို ဝက်ခြံထွက်နေစဉ် မသုံးသင့်ပါ။

(၂) ဝက်ခြံထွက်နေစဉ် ရွှံ့စေးမျက်နှာဖုံးတွေ မသုံးပါနဲ့။

(၃) အဆီပြန်တဲ့ မျက်နှာမှာ vaseline အဆီတွေ မလိမ်းသင့်ပါ။

ဝက်ခြံပိုထွက်တတ်တယ်။

(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder

ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။

(၅) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသား

ဖြူစေတဲ့ emulsion သို့မဟုတ် foundation များကြောင့်

ဖြစ်ကြောင်း တွေ့ရှိရ...

ူရင်း

အဆင်မပြေမှုတွေကတော့ ရှိနေမှာပါပဲ။ အရေးကြီးတာက လဲကျပြီးတိုင်း အားပြန်မွေးပြီး ပြန်ပြန်ထဖို့ပါပဲ။
12/01/2022

အဆင်မပြေမှုတွေကတော့ ရှိနေမှာပါပဲ။

အရေးကြီးတာက လဲကျပြီးတိုင်း
အားပြန်မွေးပြီး ပြန်ပြန်ထဖို့ပါပဲ။


မိတ်ကပ်လိမ်းပြီး အသားမဲခြောက်သူများအတွက်မိတ်ကပ်လိမ်းပြီး အသားမဲတာ ဓာတ်တိုးမှုကြောင့်ဖြစ်တယ်။ မျက်နှာအဆီ၊ မိတ်ကပ်အဆီနဲ့ လ...
05/01/2022

မိတ်ကပ်လိမ်းပြီး အသားမဲခြောက်သူများအတွက်

မိတ်ကပ်လိမ်းပြီး အသားမဲတာ ဓာတ်တိုးမှုကြောင့်ဖြစ်တယ်။ မျက်နှာအဆီ၊ မိတ်ကပ်အဆီနဲ့ လေထုစိုထိုင်းစပေါင်းပြီး ဓာတ်တိုးတာဖြစ်တယ်။ လိမ်းပြီး (၂)နာရီလောက်နေရင် မျက်နှာက နှစ်ဆင့်လောက်မဲလာတယ်။ ဒါ့ကြောင့် မိက်ကပ်ထဲမှာ အဆီပါဝင်မှုနည်းတာကို ရွေးသင့်တယ်။

မိတ်ကပ် အရည်ပျစ်လေ မျကိနှာအဆီပိုထွက်လာလေ ဖြစ်ပါတယ်။ မျက်နှာပေါ် အဆီမရှိရင် ဓာတ်မတိုးပါဘူး။ သတိပြုရမှာက t zone မှာ moisturizer လိမ်းရင် မျက်နှာ အဆီပိုပြန်တတ်တယ်။ ကောင်းတာက hydrating serum ပြောင်းသုံးပါ။ consonant Hydrextreme boosting serum က ကောင်းပါတယ်။

skin oxidation မှန်သမျှ အက်ဆစ် pH မှာဖြစ်တာများတယ်။ ဒါ့ကြောင့် apple cider vinegar ကို တိုနာအဖြစ်ရွေးချယ်သင့်တယ်။ dry နဲ့ oily ကြားမှာ မျှခြေအဖြစ်ထိန်းပေးမယ်။vinegar တစ်ဆနဲ့ ရေနှစ်ဆ ရောပြီး ဂွမ်းနဲ့ မျက်နှာကိုလိမ်းပေးပါ။

ဖြေရှင်းနည်း

(၁) primer သုံးပါ
combined skin မှာ foundation ရွေးရင် T zone မှာ oil control primer(mattifying primer)သုံးပြီး အသားခြောက်တဲ့နေရာအတွက် hydrating primer(noushing primer) သုံးပါ။ silicone based primer က ဓာတ်တိုးခြင်းကို ကာကွယ်ပေးတယ်။ ဆီလီကွန် primer ထဲမှာမှ hourglass veil mineral primer ကိုရွေးသုံးပါ။

(၂) ခြောက်သွေ့အောင် လုပ်ပါ။
primer လိမ်းပြီး ခြောက်အောင် တစ်ရှုးစနဲ့ တို့ပေးပါ။ foundation လိမ်းပြီးလည်း တစ်ရှုးစနဲ့ ထပ်တို့ပါ။ တစ်ရှုးက မလိုအပ်တဲ့ အဆီနဲ့ အစိုဓာတ်ကို ဖယ်ရှားပေးပါတယ်။

(၃) setting powder လိမ်းပါ။
foundation လိမ်းပြီးအပေါ်က translucent setting powder ထပ်လိမ်းပေးပါ။ မိတ်ကပ်ကိူ နေသားတကျဖြစ်စေရုံမက ကျန်နေတဲ့အဆီတွေကိုပါ စုပ်ယူပေးပါတယ်။ (အဆီတွေက ဓာတ်တိုးစေနိုင်လို့ပါ)။ setting powder ရွေးတဲ့အခါ pure silica powder အကောင်းဆုံးပဲ။ talc formula တွေက အရေပြားခြောက်သွေ့စေပြီး cakery ပုံစံဖြစ်န်ိုင်တယ်။(သို့သော် make up for ever microfinish powder , RMS beauty Un powderကိုပြောတာမဟုတ်)
ပေါင်ဒါမသုံးချင်ရင် နောက်တနည်းက setting spray တွေဖြန်းတာ ဖြစ်ပါတယ်။ mist spray တွေ တမျက်နှာလုံးဖြန်းပါ။ urban decay all-nighter long lasting makeup setting spray ကို သုံးသင့်တယ်။

(၄) BB, CC ပြောင်းသုံးပါ။
မိတ်ကပ်လိမ်းလို့ လုံးဝအဆင်မပြေရင် foundation မသုံးနဲ့တော့။ tinted moisturizer, bb cream or cc cream ပဲသုံးပါ။ BB, CC က ကာလာမပါလို့ အရောင်ပြောင်းတာသိပ်မဖြစ်နိုင်တော့ဘူး။tinted moisturizer ထဲမှာ laura mercier ရဲ့ tinted moisturizer ပြောင်းသုံးနိုင်ပါတယ်။ foundation လောက်နီးနီးကာကွယ်ပေးမယ်။ အမဲစက်တွေ ကာဖို့ကျန်နေသေးရင် spot concealer (make up for ever full cover concealer)ကိုသုံးသင့်တယ်။

(၆) foundation ကာလာ ပိုဖြူတာကို ရွေးပါ။
foundation သုံးတဲ့အခါ two shade lighter မိမိအသားအရေထက် နှစ်ဆင့်လောက်ဖြူတာကိုရွေးပါ။ ဒါမှ ဓာတ်တိုးရင် မဲတာကို ကာကွယ်မယ်။

ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)

အရေပြားရောဂါများကို www.drayeminhtoo.com တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်..

ကိုယ်ချစ်တဲ့အလုပ်ကိုရွေးချယ်ပါ။ကိုယ်ချစ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ပါ။စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။
29/12/2021

ကိုယ်ချစ်တဲ့အလုပ်ကိုရွေးချယ်ပါ။

ကိုယ်ချစ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ပါ။

စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။

သိသိကြီးနဲ့ ဆံပင်လျော်ရင်ပြုလုပ်မိတဲ့ အမှားတွေကြောင့် ဆံသားတွေပျက်စီးနေပြီလား⁉️⁉️✔️ဆောင်ရန် ✖️ရှောင်ရန်လေးတွေ ရှာပေးထားတ...
29/12/2021

သိသိကြီးနဲ့ ဆံပင်လျော်ရင်ပြုလုပ်မိတဲ့ အမှားတွေကြောင့် ဆံသားတွေပျက်စီးနေပြီလား⁉️⁉️

✔️ဆောင်ရန် ✖️ရှောင်ရန်လေးတွေ
ရှာပေးထားတယ်နော်

လိုအပ်သူများအတွက်အသုံးဝင်ပါစေ‼️

Crd photo

မိန်းကလေးတွေအတွက် အထူးသတိပေးချက်နှာခေါင်းစည်း(face mask)တပ်တဲ့အခါ ကျေးဇူးပြုပြီး နှုတ်ခမ်းနီမဆိုးကြပါနဲ့။ maskမှာ ကပ်နေတ...
26/12/2021

မိန်းကလေးတွေအတွက် အထူးသတိပေးချက်

နှာခေါင်းစည်း(face mask)တပ်တဲ့အခါ ကျေးဇူးပြုပြီး နှုတ်ခမ်းနီမဆိုးကြပါနဲ့။ maskမှာ ကပ်နေတဲ့ နှုတ်ခမ်းနီက မျက်နှာနဲ့ထိတဲ့အခါ အရေပြားရောင်ပြီး မျက်နှာဖုံးဝက်ခြံ (maskne) ဖြစ်နိုင်ပါတယ်။

အကြံပြုချက်
ဖြစ်နိုင်ရင် နှုတ်ခမ်းနီ မဆိုးပါနဲ့။ face mask ကို တစ်နာရီတခါဖြုတ်တပ်လုပ်ပါ။ ရေအေးဝတ်နဲ့ မျက်နှာမကြာခဏသစ်ပါ။ ညပိုင်း Sebogel လိမ်းဆေး ခပ်ပါးပါး လိမ်းအိပ်ပါ။ အသားခြောက်တတ်ရင် မသုံးပါနဲ့။ အရေပြားရဲတာ၊ရောင်တာရှိရင် အရေပြားဆရာဝန်နဲ့ စနစ်တကျ ပြသသင့်တယ်။

Crd ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)

✍*အသီးမှာသရက်* အသားမှာဝက်* အရွက်မှာလက်ဘက် ဟူသောစကားကိုကြားဖူးကြမည်ဖြစ်ပါသည်။ အမှန်ဟုလည်းထင်နေကြမည် ဟုယုံကြည်ပါသည်။ ကျွန်...
26/12/2021



*အသီးမှာသရက်
* အသားမှာဝက်
* အရွက်မှာလက်ဘက်
ဟူသောစကားကိုကြားဖူးကြမည်ဖြစ်ပါသည်။
အမှန်ဟုလည်းထင်နေကြမည် ဟုယုံကြည်ပါသည်။ ကျွန်မလည်းထိုစကားကိုအမှန်ဟုယုံကြည်ခဲ့ပါသည်။

အမှန်မှာ.....
ထိုသို့မဟုတ်ပါကြောင်း ထိုနေ့ကဆရာတော်ဟောကြားသောတရားစကားစုအချို့မှမှတ်သားသိရှိခဲ့ရပါသည်။

ရှေ.ယခင်လူကြီးသူမတို့ထားခဲ့ကြသည့်စကားအမှန်မှာ...

(၁) အသီးမှာသရက်မဟုတ်ပါ။
အသီးဆိုရင်အပင်ကခူးပြီးတစ်ရက်ပဲထားပါ တစ်ရက်ထက်ပိုကြာရင် အသီးမှာပါဝင်တဲ့အာဟာရဓါတ်များလျော့ပါးသွားတတ်ပါတယ်။ "အသီးမှာတစ်ရက်"
ဟုဆိုလို့ခြင်းဖြစ်ပါတယ်။

(၂) အသားမှာဝက်မဟုတ်ပါ။
အသားကိုစားမယ်ဆိုရင်တစ်ဝက်၊ ဝက်ပြီးအသီးအနှံနှင့်ရောချက်ပါလို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ "အသားမှာထက်ဝက်" ဖြစ်ပါတယ်။

(၃) အရွက်မှာလက်ဘက်မဟုတ်ပါ။
အရွက်လေးတွေကိုခူးချက်တော့မယ်ဆိုရင် ဓါး ကတ်ကြေး စသည်တို့နှင့်မဖြတ်ဘဲ၊ လက်ကလေးနဲ့ဖဲ့ချွေပြီးမှချက်ပါက အာဟာရပို၍ဖြစ်စေပါတယ်။ "အရွက်မှာလက်ဖဲ့"ဟု ဆိုလိုခြင်းသာဖြစ်ပါသည်။ ဟု
မရှိခဏဆရာတော်ဘုရား၏တရားတော်တွင် ပါရှိပါသည်။
အမှားကြာ၍အမှန်ထင်နေကြသည့်စကားများဟု ဗဟုသုတအဖြစ်မှတ်သားသိရှိခဲ့ရပါသည်။ ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။

ခင်လေး
(ပြည်ထောင်စုနယ်မြေ)

Credit to original uploader

မင်မင်ဆိုင်မှာ ရရှိနိုင်တဲ့ Products များ✔️HairCare✔️BodyCare✔️Skincare ✔️Healthy Supplement All Instock မို့ကြိုက်နှစ်ရ...
26/12/2021

မင်မင်ဆိုင်မှာ ရရှိနိုင်တဲ့ Products များ
✔️HairCare
✔️BodyCare
✔️Skincare
✔️Healthy Supplement

All Instock မို့ကြိုက်နှစ်ရာကို မေးမြန်းစုံစမ်းနိုင်ပါသည်။

#ရန်ကုန်လက်လီလက်ကားပင်ရင်းဒိုင်ကြီး
#မြန်မာပြည်အနှံ့ဖြန့်ချီရေး #အိမ်အရောက်ငွေချေစနစ်
📲📲09968743655

🔖လိုအပ်သူများအတွက်အထောက်အကူဖြစ်စေသားPic crd
23/12/2021

🔖လိုအပ်သူများအတွက်အထောက်အကူဖြစ်စေသား
Pic crd

https://pyonepyonelay.net/?p=5398
22/12/2021

https://pyonepyonelay.net/?p=5398

ဆံပင်ကျွတ်တာ ဆံပင်မသန်တာတွေအတွက် ဒီလောက်ထိ ကောင်းလိမ့်မယ်လို့မထင်ခဲ့မိတာပါ ကိုယ့်ကိုယ်ကို သဘောအကျဆုံး ကဆ...

လူတစ်ယောက် သောင်းချီပြီး skin careတွေ လုပ်နေပြီဆိုရင်လေ😁ပြောကြပါလိမ့်မယ်စျေးကြီးလိုက်တာတို့ 😒နင်မို့လို့ သုံးတယ်နော်တို့...
21/12/2021

လူတစ်ယောက် သောင်းချီပြီး skin careတွေ လုပ်နေပြီဆိုရင်လေ😁

ပြောကြပါလိမ့်မယ်

စျေးကြီးလိုက်တာတို့ 😒

နင်မို့လို့ သုံးတယ်နော်တို့ 😒

ငါတို့ကတော့ အဲ့လောက်မတတ် နိုင် ဘူးဟေ့တို့ 🤑

စသည် စသည် ဖြင့်😁

သင့်ကို လမ်းပျောက်အောင် ဝိုင်းတွယ်ကြပါလိမ့်မယ်

အဲ့လူတွေက တော့ သောင်းကျော်တန်ဝမ်းဆက်တွေချုပ်ပြီး ကြွားပြပါလိမ့်မယ် 😛

ရွှေတွေဝတ်ပြီး ကြွားပြပါလိမ့်မယ် 😬

စိတ်မညစ်နဲ. လမ်းမပျောက်နဲ့

ငါတော့ သုံးမိတာမှားလေ​ခြင်းဆိုပြီး နောင်တမရနဲ့😁

ဆက်သုံး.ပိုပြီးတောင်သုံး

တစ်လအကြာဆို သင်မမှားဘူးဆိုတာသိလာလိမ့်မယ်😍

သုံးလ တစ်နှစ် မှာ လုံးဝ အကြီးကြီး ကွာလာပြီ😁

အာ့အချိန်ခုန ကြီးဒေါ်တွေ ပြန်လာပါပီ😜

ဟဲ့ နင်မျက်နှာလေးက ကြည်နေတာပဲတို့😁

ဘာမှမလိမ်းတာတောင်အသားအရေလေးကကောင်းနေလိုက်တာတို့ဘာတို့ညာတို့ 😁

လာပါတော့မယ် 😒

အာ့အချိန်သင်ကတော့ စင်ပေါ်ကလူပဲ😍

အဲ့ အဆီတဝင်းဝင်းမျက်နှာကြီးတွေနဲ့ ဝိုင်းအားကျတာကို ခံနေရုံပဲ လေ😍

ကုန်သွားတဲ့ပိုက်ဆံက ပြန်ရှာလို့ရတယ်

ပျက်စီးအရေတွန့်နေတဲ့ မျက်နှာအတွက် ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ်က ၂ ဆလောက်ဖြစ်သွားတယ်.ပိုကြာသွားတယ်

ဟုတ်ကဲ့ ကျွန်မ ပိုက်ဆံအရမ်းနှမြောပါတယ်😁

အသားအရေလှပဖို့ skin care လုပ်တာကိုတော့ မနှမြောနိုင်ပါဘူးရှင် 😍

စင်ပေါ်လူပဲ ဖြစ်ချင်ပါတယ်

သင်တို့ရော skin care မလား

သူများလှတာကို ဝိုင်းအားကျမှာလား

တွေးနော် 😍😍😍😍😍

လှချင်တယ်ဆိုရင်တော့ အခုဘဲ skincareလိုက်တော့နော် 😍

Address

Yangon
11111

Telephone

+959968743655

Website

Alerts

Be the first to know and let us send you an email when Sulay Beauty Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share