Shwe Kyi Export Clothings

Shwe Kyi  Export Clothings Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Kyi Export Clothings, Clothing Store, Yangon.

08/11/2022

Hello💜💙💚💛🧡❤

01/06/2022

Hello ,Juneရေ
လူတိုင်းအပေါ် ကံကောင်းခြင်းတွေ ရောက်ရှိပါစေ🤍

31/05/2022

ယခုအချိန်အခါ 📢📣📣

သတိနဲ့သွားလာပါ🚷
ရပ်ပြီး ဖုန်းမပြောပါနဲ့📵
ရွှေဆွဲကြိုး ရွှေ မဝတ်ပါနဲ့❌
မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့🚷
ရှောင်သင့်တာကို ရှောင်သွားပါ🚫
ပိုက်ဆံအိတ် အိတ် မလွယ်ထားပါနဲ့❌
မလိုအပ်ဘဲမှတ်ပုံတင် အပြင်ယူမသွားပါနဲ့❌
ဆိုင်ကယ် ကလစ် စကိုဖီး စီးရင် သတိထားပါ🚳
သွားလာရင်း နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ⭕
လူသုံးယောက်လောက် အနားကပ်လာရင် မြန်မြန်စီးပါ🚨🏃

ဘယ်မြို့မှာနေနေ သတိထားသွားလာကြပါ🛑🚨🛑

မေတ္တာဖြင့်သတိပေးခြင်းမျှသာ

30/05/2022

ဇူဇူ့ကိုချစ်တယ်လို့
😄😄
ဇူဇူကြည်ဖို့အဓိက😄

ယူလိုက်😆
30/01/2022

ယူလိုက်😆

အောင်မြင်ခြင်းလမ်းက ပန်းခင်းလမ်း မဟုတ်ပါ...အောင်မြင်ခြင်းလမ်းကဆူးခင်းလမ်းပါ တဲ့အားလုံးပဲ ​အောင်မြင်ခြင်းလမ်း​ပေါ် ​ရောက်...
29/01/2022

အောင်မြင်ခြင်းလမ်းက
ပန်းခင်းလမ်း မဟုတ်ပါ...

အောင်မြင်ခြင်းလမ်းက
ဆူးခင်းလမ်းပါ တဲ့

အားလုံးပဲ ​အောင်မြင်ခြင်းလမ်း​ပေါ် ​ရောက်ရှိကြပါ​စေ​နော်🥰
ကျမက​တော့ အ​ကောင်းဆုံး ကြိုးစား ရုန်းကန်💪

​ဟောဒီက ​ဘေထုပ်သယ်​လေးကို ​မေ့မသွားကြနဲ့​နော်🥰

ဘေထုတ်ရောင်းတာ ရှက်စရာလား?ဘေထုတ်ဝယ်ဝတ်တာရော ရှက်စရာလား?ဘေထုတ်လို့ပြောလိုက်တာနဲ့ လူကြီးတွေ "ဟင်း" ကနဲဖြစ်သွားကြတာ ဘာကြောင...
28/01/2022

ဘေထုတ်ရောင်းတာ ရှက်စရာလား?
ဘေထုတ်ဝယ်ဝတ်တာရော ရှက်စရာလား?

ဘေထုတ်လို့ပြောလိုက်တာနဲ့ လူကြီးတွေ "ဟင်း" ကနဲဖြစ်သွားကြတာ ဘာကြောင့်လဲ?

ဒီနိုင်ငံမှာသိထားတဲ့ဘေထုတ်ဆိုတာနဲ့ လမ်းဘေးပွဲစျေးတန်းထဲမှာ ပုံရောင်းတဲ့ အထည်အဟောင်းအနွမ်းတွေ၊ ဘားလမ်းနား အပေါ်ဘလောက်က အထည်အစုတ်တွေကိုပဲ လူကြီးတွေသိထားကြလို့ပါ။

ကိုယ်ရောင်းတဲ့ ဘေထုတ်ဆိုတာ အဲ့လိုအစုတ်အဟောင်းတွေမဟုတ်တဲ့အကြောင်း၊ Korea, BKK, Japan ကွန်တိန်နာကျ အထည်အကောင်းလေးတွေရောင်းမယ့်အကြောင်းကို အိမ်ကလူကြီးတွေကိုအရင် နားလည်အောင်ရှင်းပြရပါတယ်။

စိတ်ဓာတ်ကျလွယ်၊ စိတ်ညစ်လွယ်၊ အရှုံးပေးလွယ်ရင်တော့ ဘေထုတ်မရောင်းတာ အကောင်းဆုံးပါ။ စီးပွားရေး တစ်ခုစလုပ်တော့မယ်ဆိုရင်တော့ အရှုံး/အမြတ်၊ အဆိုး/အကောင်းက အမြဲဒွန်တွဲနေတာပါ။

ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်အင်အား ကိုယ့် ideasနဲ့ ကိုယ်ပိုင်စီးပွားရေးလေးစလုပ်ပြီး ဝင်ငွေလေးရအောင်စျေးရောင်းတာ လုံးဝ လုံး၀ လုံးဝ ရှက်စရာမဟုတ်ပါဘူး။ 📛📛သူများပိုက်ဆံလိမ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများကို ကဲ့ရဲ့လှောင်ပြောင်တာ၊ သူများမကောင်းကြောင်းအဆိုးမြင်ဝါဒီပြောတာတွေကမှ ရှက်စရာတွေဖြစ်ပါတယ်။

အခုခေတ်မှာ ပိုက်ဆံချွေတာပြီး vintage အထည်သန့်လေးတွေကို စျေးတန်တန်နဲ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝ
ယ်ဝတ်တာ လုံးဝ လုံးဝ လုံးဝ ရှက်စရာမဟုတ်ပါဘူး။
ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ့် Budget ကိုယ်ချွေတာ တာကမှ ပိုပြီးဂုဏ်ယူစရာကောင်းပါသေးတယ်။

Don't feel bad, don't get all heated just respond them with real result......

ဘယ်သူမုန်းမုန်း ကံမမုန်းဖို့လိုတယ် 🙏🙏🙏🙏🙏🙏ဘဝမှာ အမုန်းဒဏ်ကို အပြုံးမပျက် ရင်ဆိုင်နိုင်ရင် အရှုံးမရှိဘူး။အမုန်းဒဏ်ကို မခံန...
25/01/2022

ဘယ်သူမုန်းမုန်း ကံမမုန်းဖို့လိုတယ်
🙏🙏🙏🙏🙏🙏

ဘဝမှာ အမုန်းဒဏ်ကို
အပြုံးမပျက် ရင်ဆိုင်နိုင်ရင်
အရှုံးမရှိဘူး။
အမုန်းဒဏ်ကို မခံနိုင်လို့
အမုန်းဖက်ရင်တော့
အရှုံးဘက်ပဲ ဦးတည်နေမှာပေါ့။

အမုန်းဆိုတာ ဒေါသရဲ့ သဘောပဲ။
ဒေါသကတော့ ဖြစ်ရင်ပူတယ်။
ပြီးရင် သွေးဆူတယ်။

ကိုယ်ကမုန်းရင်လည်း ကိုယ်ကပူမှာပဲ။
သူကမုန်းရင်လည်း သူပူမှာပဲ။
ဘယ်သူမဆို စ,မုန်းတဲ့သူက စ,ပူမှာပဲ။
ပူပြီးရင်လည်း လောင်တာပဲ။

အချစ်ခံရလို့ ကျေနပ်တတ်တယ်ဆိုရင်
အမုန်းခံရရင်လည်း ခံနိုင်ရည် ရှိရမယ်။
မုန်းလို့ မပြုံးနိုင်ဘူးဆိုရင်
နှလုံးမသာမယာ ခံစားရတာလည်း
ကိုယ်ပဲ ဖြစ်မှာပဲ။

သူမုန်းတာ သူ့အကြောင်း၊
ကိုယ်မပြောင်းဖို့က ကိုယ့်တာဝန်၊
ဘယ်သူဘယ်သူကိုမှလည်း
အပြစ်တင်မနေနဲ့၊
မချစ်လို့မုန်းတယ်လို့သာ သဘောထား၊
ပြောင်းလဲတတ်တဲ့ သဘာဝလို့လက်ခံ၊
အမြတ်မကျန်ရင်လည်း ရှိပါစေ၊
အရှုံးမပေါ်ဖို့သာ ကြိုးစားရမှာ
မဟုတ်လား။

အမုန်းတရားဆိုတာ
သူက ကိုယ့်ကိုမုန်းရင်လည်း
ကိုယ်မကြိုက်သလို
ကိုယ်ကသူ့ကို မုန်းရင်လည်း
သူကြိုက်မှာ မဟုတ်ဘူး။
ကြိုက်ခြင်း မကြိုက်ခြင်းထက်
မုန်းလို့ဖြစ်ရတဲ့ စိတ်ခံစားချက်က
ပိုဆိုးတယ်။

ဒါပေမယ့်
ပုထုဇဉ်သတ္တဝါတွေရဲ့စိတ်က
အချစ်ခံရတာကို လိုချင်သလောက်
အမုန်းခံရမှာတော့
အတော်ကြောက်ကြတယ်။
ကြောက်နေလို့မပြီးဘူး
ခံနိုင်ရည်ရှိဖို့က အရေးကြီးတယ်။

လူဘဝမှာ လူမုန်းခံရတာ မဆန်းဘူး။
ကံမုန်းမခံရဖို့ပဲ အရေးကြီးတယ်။
လူမုန်းခံရတာ တစ်ခဏ၊ တစ်ဘဝပဲ။
ကံမုန်းတာခံရရင်တော့ သံသရာနဲ့ချည်ပြီး
ဒုက္ခရောက်မှာ မဟုတ်လား။

ဒါကြောင့် ဘဝမှာ ဘာပဲလုပ်လုပ်
မုန်းချင်သူက မုန်းနေကြမှာဖြစ်တဲ့အတွက်
ဘယ်သူတွေ ဘယ်လောက်ပဲ မုန်းပါစေ
ကိုယ်ဘက်ကတော့ အပြုံးမပျက်
မေတ္တာဆက်နိုင်အောင် ကြိုးစားပါ။

သူမုန်းရင် သူပူမှာပဲ။
သူ့အပူ ကိုယ်မယူမိစေနဲ့။
လူမုန်းခံရတာ မကြောက်နဲ့၊
ကံအမုန်းမခံရဖို့ပဲ သတိပြုကာ
နေထိုင်ကြရမှာပဲလေ ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

ပြန်လည်မျှဝေခြင်း၊ share ခြင်းဖြင့်
ကုသိုလ်ယူနိုင်ပါသည်။
* ဓမ္မဒါန *🙏🏻🙏🏻🙏🏻

ဒါမျိုး​လေး​တွေ အ​ရောင်စုံဆို ကြိုက်ကြမယ်ဟုတ်🥰လိပ်စာ လှည်းကူးမြို့နယ် ​အောင်မင်ဂလာရပ်ကွက် သင်ဇာဦးကားမှတ်တိုင်ထိပ်094209...
24/01/2022

ဒါမျိုး​လေး​တွေ အ​ရောင်စုံဆို ကြိုက်ကြမယ်ဟုတ်🥰
လိပ်စာ လှည်းကူးမြို့နယ် ​အောင်မင်ဂလာရပ်ကွက် သင်ဇာဦးကားမှတ်တိုင်ထိပ်
09420900043 09951087388
Crd,

မင်မင်ကို​မေ့​နေကြပြီလား?​ဒီတပတ်​ထဲပြန်​တွေ့ကြမယ်​နော်😘ကာကာတို့အကြိုက်​တွေ့​စေမဲ့ ​​fair priceဖြစ်​စေတဲ့ ပစ္စည်း​လေး​တွေ...
17/01/2022

မင်မင်ကို​မေ့​နေကြပြီလား?
​ဒီတပတ်​ထဲပြန်​တွေ့ကြမယ်​နော်😘
ကာကာတို့အကြိုက်​တွေ့​စေမဲ့ ​​fair priceဖြစ်​စေတဲ့ ပစ္စည်း​လေး​တွေ ကာကာတို့လက်ထဲထည့်​ပေးနိူင်​အောင် မင်မင်ကြိုးစား​နေပါတယ်🥰
မင်မင်ပုံဆိုး​လေး​ကို ​မေ့မသွားကြပါနဲ့​နော်😒

Address

Yangon
11221

Website

Alerts

Be the first to know and let us send you an email when Shwe Kyi Export Clothings posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category