Phyo Online Store

Phyo Online Store Fair Price & Good quality for customers

🧧Gong Xi Fa Cai 🧧
01/02/2022

🧧Gong Xi Fa Cai 🧧

31/12/2021
25/11/2021
'' တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့ “             သာသနာတော်နှစ် ၂၅၆၅ ခုနှစ်မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက...
18/11/2021

'' တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့ “


သာသနာတော်နှစ် ၂၅၆၅ ခုနှစ်
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ တွင်

မြန်မာ ပြည်သူ ပြည်သားအပေါင်း
ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာ၍
ကုသိုလ် ကောင်းမှုများ ပြုလုပ်နိုင်ပြီးလျှင်
ပျော်ရွှင်ဖွယ် ကောင်းသောနေ့လေး ဖြစ်ပါစေလို့
ဆုတောင်းမေတ္တာပို့သပါတယ်ရှင့်

#တန်ဆောင်မုန်းလပြည့်နေ့

🪔သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အကြောင်း သိကောင်းစရာ 🪔====================🪔သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာ...
20/10/2021

🪔သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အကြောင်း သိကောင်းစရာ 🪔
====================

🪔သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်း ဆင်းသက်တော် မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရား ဆင်းသက်ကြွမြန်းလာသည်ကို ရည်မှန်း၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာ
မြင့်မိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

🪔မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဖူးသော သန္တုဿီတနတ်သားကိုအကြောင်းပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်းပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ သမုတ်ကာ အဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

🪔တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။

🪔ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

🪔မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

🪔မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော်မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

🪔သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်းသုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

🪔အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြသောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်ပါသည်။

Credit to original writer

🌟ဆရာ၀န်သုံး Surgical Growns( Level 2)အထူသား‌တွေ Instockရပါပီရှင့် * 70g အပြာရောင် ၁ထည် ဈေး = ၁၇၀၀ ကျပ်၁၀၀ နဲ့အထက် = ၁၆၀၀...
08/08/2021

🌟ဆရာ၀န်သုံး Surgical Growns( Level 2)
အထူသား‌တွေ Instockရပါပီရှင့်

* 70g အပြာရောင်

၁ထည် ဈေး = ၁၇၀၀ ကျပ်
၁၀၀ နဲ့အထက် = ၁၆၀၀ ကျပ်
တစ်ထောင် နဲ့အထက် = ၁၅၅၀ ကျပ်
~~~~~~~~

* 60g အပြာရောင်

၁ ထည်ဈေး= ၁၅၀၀ ကျပ်
၁၀၀ နဲ့အထက် = ၁၄၅၀ ကျပ်
တစ်ထောင် နဲ့အထက် = ၁၄၀၀ ကျပ်
~~~~~~~~

* 70g အသားရောင်/
* 70g အစိမ်းရောင်

တစ်ထည် = ၁၆၀၀ ကျပ်
တစ်ရာနဲ့အထက် = ၁၅၀၀ ကျပ်

( Made in Myanmar)ပါရှင့်

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ
(Cash on delivery) ပါရှင့်

နယ်ဆို ငွေကြိုလွှဲရပါမယ်ရှင့်

Messenger CB မှ ဆက်သွယ်မှာယူနိုင်ပါသည်ရှင့်

မင်္ဂလာပါရှင့် ❤️ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေနော်❤️🥰 ဖြိုးဖြိးရဲ့ ဒီpage လေးကနေပီး ချစ်သော ဝယ်ယူသူများအတွက် ပထမဆုံးအနေနဲ...
13/01/2021

မင်္ဂလာပါရှင့်
❤️ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေနော်❤️

🥰 ဖြိုးဖြိးရဲ့ ဒီpage လေးကနေပီး ချစ်သော ဝယ်ယူသူများအတွက် ပထမဆုံးအနေနဲ့ မိတ်ဆက်ရောင်းပေးချင်တာလေးကတော့ အမျိုးသား ဝတ်

100% မြင်းခြံချည်ထည် စစ်စစ် လေးတွေပဲဖြစ်ပါတယ်

❤️သင်္ဘောသားအင်္ကျီ သီးသန့် လေးတွေရယ်

❤️သင်္ဘောသား တိုရှည် ဝမ်းဆက်လေးတွေရယ်
ရောင်းပေးမှာပဲဖြစ်ပါတယ်ရှင့် 🥰🥰

ရေကိုစနစ်တကျ သေချာပေါင်းပြီးမှ ချုပ်ထားတဲ့ အထည်တွေဖြစ်ပါတယ်နော်

ဈေးနှုန်းလေးတွေကလဲ အချိုသာဆုံးနှုန်းထားလေးနဲ့ရောင်းပေးထားတာမို့ အားပေးကြပါအုံးရှင့်

ဈေးနှုန်းတန်လွန်းလို့ quality မကောင်းမှာတော့ မပူနဲ့ လုံးဝရှယ်တယ် မယုံရင်စမ်းဝယ်ကြည့်လိုက် သဘောကျပြီး ထပ်ခါထခါ ဝယ်ချင်သွားမှာပါ

👕သင်္ဘောသား အင်္ကျီ သီးသန့် -
Large Size 3000 / ပေါင်ချိန် (၁၂၅ - ၁၄၀)

🧍‍♂️သင်္ဘောသား ဝမ်းဆက် လက်တိုဘီရှည် -
💰Large Size 5500 / ပေါင်ချိန် ( ၁၂၅ - ၁၄၀)

Large size ကိုဒီဈေးနဲ့ရောင်းပေးတာဆိုဆော့ အရမ်းတွေတန်နေပါပြီ

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ပေးပါတယ်ရှင့်|

🌈 အရောင် လေးတွေကတော့ ပြထားတဲ့ ၅ ရောင် ရနိုင်ပါတယ်ရှင့်

🤗 ကိုယ်လိုချင်တဲ့ အရောင်အဆင်လေးရနိုင်ဖို့ အမြန်ဆုံးလေးအော်ဒါတင်ဖို့တော့လိုပါမယ်နော် 🥰🥰🥰

Address

Yangon

Telephone

+959794403407

Website

Alerts

Be the first to know and let us send you an email when Phyo Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category