Lush Beauty Collection

Lush Beauty Collection Have a nice day

13/11/2022
မီးတွေအရမ်းပျက်တယ်နော် 80W/ 50W LED မီးချောင်းတွေရောက်ပြီ။မီးပျက်နေတဲ့ ခံစားချက်တွေကို မေ့သွားနိုင်လောက်အောင် အလင်းရောင်...
20/03/2022

မီးတွေအရမ်းပျက်တယ်နော် 80W/ 50W LED မီးချောင်းတွေရောက်ပြီ။
မီးပျက်နေတဲ့ ခံစားချက်တွေကို မေ့သွားနိုင်လောက်အောင် အလင်းရောင်ကောင်းကောင်း ပေးနိုင်ပါတယ်။
အရမ်းလည်းရောင်းရလို့ ရောက်/ကုန်ပဲ၊ ပိုစ့်တင်ချိန်တောင်မရလိုက်ဘူး 😁😁
အခု တတိယအသုတ်ကျမှပဲ တင်ဖြစ်တယ်။

သံလိုက်ပါတဲ့ USB မီးချောင်း ဒီနေ့ ( in stock ) အရည်အတွက် အနည်းငယ်သာ ကျန်ပါတော့တယ်နော်...
USB အားသွင်း LED မီးချောင်းအကြီး /အသေး လင်းအားကောင်း
🧲သံလိုက်ပါလို့ ဘယ်နေရာမဆို အဆင်ပြေတဲ့နေရာမှာ ကပ်ထားလို့ရပါတယ်
✅လျှပ်စစ်ဖြင့်အားသွင်းနိုင်ပြီး မီးပျက်တဲ့အချိန်မှာလည်း အသုံးပြုနိုင်ခြင်း
✅Power Bank နဲ့လည်း ချိတ်ဆက်နိုင် အသုံးပြုနိုင်ခြင်း
✅မီးအတိုးအလျှော့ ၃မျိုးအပြင် signal မီးပါ ပါရှိခြင်း
✅ချိတ်လေးပါရှိလို့ အမြင့်တနေရာမှာ ချိတ်ဆွဲထားနိုင်ပါတယ်။

၇ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလားတိုးတက်အောင်မြင်ကြပါစေ၊ ရောဂါကပ်ဆိုးအပေ...
20/10/2021

၇ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလားတိုးတက်အောင်မြင်ကြပါစေ၊ ရောဂါကပ်ဆိုးအပေါင်းကလည်း ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ရှင်🙏🙏🙏

ဘေထုပ်အကြောင်း တစေ့တစ်စောင်းVintage clothing (သို့) ဘေထုပ် (Bale)Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိ...
25/11/2020

ဘေထုပ်အကြောင်း တစေ့တစ်စောင်း

Vintage clothing (သို့) ဘေထုပ် (Bale)

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)

Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...

ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်...

ပစ္စည်း အသန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...

နာမည်ကြီး Brand တွေရဲ့ quality နဲ့ ဈေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...

Branded ဝယ်ဝတ်ချင်ပေမယ့် ဈေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ ဈေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...

Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(မြန်မာနိုင်ငံမှာပဲ ဘေထုပ်ဈေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)

ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ ဈေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....
✅၂ အချက်💲 ဈေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ ဈေးချုပ်ထည်ထက်တောင် ဈေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition ဈေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်ဈေးမတောင်းသလို ဝယ်သူကလည်း အဟောင်းဈေးဘဲ ပေးတာပါပဲ )
✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်ဈေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း ဈေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က ဈေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...
✅၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော်

Crd

ဘာလို့ မိတ်ကပ်လိမ်းပြီး အသားမဲရတာလဲ ????????မိတ်ကပ်လိမ်းပြီး အသားမဲတာ ဓာတ်တိုးမှုကြောင့်ဖြစ်တယ်။ မျက်နှာအဆီ၊ မိတ်ကပ်အဆီန...
17/11/2020

ဘာလို့ မိတ်ကပ်လိမ်းပြီး အသားမဲရတာလဲ ????????

မိတ်ကပ်လိမ်းပြီး အသားမဲတာ ဓာတ်တိုးမှုကြောင့်ဖြစ်တယ်။ မျက်နှာအဆီ၊ မိတ်ကပ်အဆီနဲ့ လေထုစိုထိုင်းစပေါင်းပြီး ဓာတ်တိုးတာဖြစ်တယ်။ လိမ်းပြီး (၂)နာရီလောက်နေရင် မျက်နှာက နှစ်ဆင့်လောက်မဲလာတယ်။ ဒါ့ကြောင့် မိက်ကပ်ထဲမှာ အဆီပါဝင်မှုနည်းတာကို ရွေးသင့်တယ်။

မိတ်ကပ် အရည်ပျစ်လေ မျကိနှာအဆီပိုထွက်လာလေ ဖြစ်ပါတယ်။ မျက်နှာပေါ် အဆီမရှိရင် ဓာတ်မတိုးပါဘူး။ သတိပြုရမှာက T Zone မှာ Moisturizer လိမ်းရင် မျက်နှာ အဆီပိုပြန်တတ်တယ်။ ကောင်းတာက Hydrating Serum ပြောင်းသုံးပါ။ Consonant Hydrextreme boosting serum က ကောင်းပါတယ်။
Skin oxidation မှန်သမျှ အက်ဆစ် pH မှာဖြစ်တာများတယ်။ ဒါ့ကြောင့် Apple Cider Vinegar ကို တိုနာအဖြစ်ရွေးချယ်သင့်တယ်။
Dry နဲ့ Oily ကြားမှာ မျှခြေအဖြစ်ထိန်းပေးမယ်။Vinegar တစ်ဆနဲ့ ရေနှစ်ဆ ရောပြီး ဂွမ်းနဲ့ မျက်နှာကိုလိမ်းပေးပါ။
ဖြေရှင်းနည်း
(၁) primer သုံးပါ
combined skin မှာ foundation ရွေးရင် T zone မှာ oil control primer(mattifying primer)သုံးပြီး အသားခြောက်တဲ့နေရာအတွက် hydrating primer(noushing primer) သုံးပါ။ silicone based primer က ဓာတ်တိုးခြင်းကို ကာကွယ်ပေးတယ်။ ဆီလီကွန် primer ထဲမှာမှ hourglass veil mineral primer ကိုရွေးသုံးပါ။
(၂) ခြောက်သွေ့အောင် လုပ်ပါ။
primer လိမ်းပြီး ခြောက်အောင် တစ်ရှုးစနဲ့ တို့ပေးပါ။ Foundation လိမ်းပြီးလည်း တစ်ရှုးစနဲ့ ထပ်တို့ပါ။ တစ်ရှုးက မလိုအပ်တဲ့ အဆီနဲ့အစိုဓာတ်ကို ဖယ်ရှားပေးပါတယ်။
(၃) Setting Powder လိမ်းပါ။
Foundation လိမ်းပြီးအပေါ်က Translucent Setting Powder ထပ်လိမ်းပေးပါ။ မိတ်ကပ်ကို နေသားတကျဖြစ်စေရုံမက ကျန်နေတဲ့အဆီတွေကိုပါ စုပ်ယူပေးပါတယ်။ (အဆီတွေက ဓာတ်တိုးစေနိုင်လို့ပါ)။ setting powder ရွေးတဲ့အခါ pure silica powder အကောင်းဆုံးပဲ။ talc formula တွေက အရေပြားခြောက်သွေ့စေပြီး Cakery ပုံစံဖြစ်နိုင်တယ်။(သို့သော် make up for ever microfinish powder , RMS beauty Un powderကိုပြောတာမဟုတ်)
ပေါင်ဒါမသုံးချင်ရင် နောက်တနည်းက setting spray တွေဖြန်းတာ ဖြစ်ပါတယ်။ Mist Spray တွေ တမျက်နှာလုံးဖြန်းပါ။ Urban Decay All-Nighter Long Lasting Makeup Setting Spray ကို သုံးသင့်တယ်။
(၄) BB, CC ပြောင်းသုံးပါ။
မိတ်ကပ်လိမ်းလို့ လုံးဝအဆင်မပြေရင် foundation မသုံးနဲ့တော့။ Tinted Moisturizer, BB Cream or cc cream ပဲသုံးပါ။ BB, CC က ကာလာမပါလို့ အရောင်ပြောင်းတာသိပ်မဖြစ်နိုင်တော့ဘူး။tinted moisturizer ထဲမှာ Laura Mercier ရဲ့ Tinted Moisturizer ပြောင်းသုံးနိုင်ပါတယ်။ Foundation လောက်နီးနီးကာကွယ်ပေးမယ်။ အမဲစက်တွေ ကာဖို့ကျန်နေသေးရင် Spot concealer (make up for ever full cover concealer) ကိုသုံးသင့်တယ်။
(၆) Foundation ကာလာ ပိုဖြူတာကို ရွေးပါ။
Foundation သုံးတဲ့အခါ Two Shade lighter မိမိအသားအရေထက် နှစ်ဆင့်လောက်ဖြူတာကို
ရွေးပါ။ ဒါမှ ဓာတ်တိုးရင် မဲတာကို ကာကွယ်မယ်။

ဒေါက်တာအေးမင်းထူး

01/11/2020

အလုပ်လုပ်ပါ ✍🕵👷💪 ...
လှအောင်နေပါ 💃 ...
ပြီးတော့စာဖတ်ပါ 📖📒📔
ဘာသာရေး လိုက်စားပါ 📿📿📿

စီးပွားတူတိုင်းရန်သူမဟုတ်ပါ..🙅🙅🙅
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ💡💡💡
ပင်လယ်ရေသောက်မကုန်ပါဘူး။ 🌍 🌎 🌏

တဦးတည်း monopoly စနစ်က ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့ မလုပ်ချင်ဘူး မစဉ်းစားပါနဲ့။
ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် 🔍🔍🔍
ကိုယ်မိတ်နဲ့ ကိုယ် ၊ 🤝🤝🤝
ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။ ✌👏👌

📌 အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။

📌 Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။

📌 ထုပ်ပိုးမှုချင်းတူရင်တောင် ဝန်ဆောင်မှုချင်းမတူဘူး။

📌 ဝန်ဆောင်မှုချင်းတူတောင် management system
ချင်းမတူဘူး ။

📌 Management system ချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။

👉နောက် ကံတရားချင်းလည်း မတူပါဘူး

👉ပြိုင်ဘက်မရှိတဲ့ဈေးကွက်ဆိုတာလည်းမရှိဘူး ။
Township 🇧🇴 တခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်

👉တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင်
တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။ 🇧🇯

👉တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။🇧🇪

☝️တခုပဲ အတွေးတခုရတာနဲ့ အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာ လုပ်ပါနော်။ 📢📢📢

💁 အတွေးကိုအတွေးထဲ ထားရင်တော့
လက်တွေ့မှာ ဘာမှရမည်မဟုတ်။ ❌❌❌

🕯🕯🕯🎆✨🎇✨🎆✨🎆သီတင်းကျွတ် အချိန်ကာလ အခါသမမှစ၍ (၇)ရက် သားသမီး အပေါင်း ကိုယ်ရောကျန်းမာ စိတ်ရောချမ်းသာကြပြီး  စီးပွားဥစ္စာ ဒီရေအ...
01/11/2020

🕯🕯🕯🎆✨🎇✨🎆✨🎆
သီတင်းကျွတ် အချိန်ကာလ အခါသမမှစ၍
(၇)ရက် သားသမီး အပေါင်း ကိုယ်ရောကျန်းမာ စိတ်ရောချမ်းသာကြပြီး စီးပွားဥစ္စာ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ🙏 🙏 🙏

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00

Telephone

+959777729997

Website

Alerts

Be the first to know and let us send you an email when Lush Beauty Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lush Beauty Collection:

Share

Category