Happy Trio

Call Directions

Happy Trio Tarot reader/ Life coach It is depend on size and types!

⚖️Libra season မရောက်ခင်တပတ်လောက်အလိုကထဲက Libra အကြောင်း page တော်တော်များများက Libraရဲ့  ရဲ့ shadow အကြောင်းဘဲရေးတာကိုတ...
22/09/2026

⚖️Libra season မရောက်ခင်တပတ်လောက်အလိုကထဲက Libra အကြောင်း page တော်တော်များများက Libraရဲ့ ရဲ့ shadow အကြောင်းဘဲရေးတာကိုတွေ့ရတယ်။ တချို့page admin တစ်ယောက်တလေကိုယ်တိုင်ကတော့ Libra born ဖြစ်လို့နေမယ် Light ဘက်ရေးတာဖတ်လိုက်ရတယ်။

Libra seasonရဲ့နောက်ဆုံးရက်မှာ မွေးပေမယ့် Sun, Moon နဲ့ Mercury Libra ဆိုတဲ့stallion ရထားတဲ့သူဖြသ်လို့ “Libra ရဲ့ Shadow ကိုပဲ ဘာလို့မြင်ကြတာလဲ?”ဆိုတဲ့အတွေးဖြစ်လာတာနဲ့ ဒီပို့စ်ကိုရေးလိုက်ပါတယ်။

Libra ကို
“လှေနံနှစ်ဘက်နင်းတယ်”
“မဆုံးဖြတ်နိုင်ဘူး”
“လူတိုင်းကို please လုပ်ချင်တယ်”
ဆိုတဲ့ shadow တစ်ဖက်တည်းနဲ့ သတ်မှတ်တာက Libra archetype တစ်ခုလုံးကို မမြင်နိုင်စေပါဘူး။

Sun–Moon–Mercury သုံးခုလုံး Libra ဖြစ်တဲ့သူတစ်ယောက်အနေနဲ့တောင် relationship မှာ အဲဒီ pattern မဖြစ်ဘူးဆိုရင် Libra placement ရှိတာ ≠ အဲဒီ shadow ကို အမြဲ live လုပ်နေတာ ပါ။

ဘာကြောင့်လဲဆိုတော့

Libra Sun → ကိုယ်တိုင်ဘယ်လို balance နဲ့ identity တည်ဆောက်သလဲ

Libra Moon → emotional harmony ကို ဘယ်လိုရှာသလဲ

Libra Mercury → issue တစ်ခုကို နှစ်ဖက်စလုံးကနေ ဘယ်လိုမြင်ပြီး communicate လုပ်သလဲ

ဒီသုံးခုရဲ့ healthy expression က indecision မဟုတ်ဘဲ perspective-taking ဖြစ်နိုင်တယ်။

အထူးသဖြင့် Mercury Libra ကို “လှေနံနှစ်ဖက်နင်းတယ်” လို့မြင်တာထက်

“ Libra can understand your perspective without having to abandon his/her own.”

ဆိုတဲ့ communication skill အဖြစ်လည်း မြင်လို့ရတယ်။

ဒီ awareness post ရဲ့ core message ကတာ့

“Understanding both sides doesn't mean standing on both sides.”ပါ။
“နှစ်ဖက်စလုံးကို နားလည်ပေးနိုင်တာဟာ နှစ်ဖက်စလုံးမှာ ရပ်တည်နေတယ်လို့ မဆိုလိုပါဘူး။
တစ်ဖက်ကို နားလည်ပေးနိုင်ရင်း ကိုယ်ယုံကြည်တဲ့နေရာမှာလည်း ရပ်တည်နိုင်ပါတယ်။”

နောက်ဆုံး အနေနဲ့
Archetype is a potential.
Awareness determines how we express it.”လို့ပြောချင်ပါတယ်။
ဆိုလိုတာက…“Archetype ဆိုတာ ကိုယ့်အတွင်းမှာရှိတဲ့ အလားအလာကိုပြတယ်။ အဲဒီအလားအလာကို ဘယ်လိုပုံစံနဲ့ ဖော်ထုတ်အသုံးချမလဲဆိုတာကတော့ ကိုယ့်ရဲ့ အသိအမြင်ပေါ် မူတည်ပါတယ်။”

Happy Trio

Destiny Matrix ကို self evaluation tool တခုအနေနဲ့သုံးပြီး မိမိဘဝရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေမှာ ဘာလိုနေလဲ၊ ဘယ် energy တွေကို...
21/09/2026

Destiny Matrix ကို self evaluation tool တခုအနေနဲ့သုံးပြီး မိမိဘဝရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေမှာ ဘာလိုနေလဲ၊ ဘယ် energy တွေကို အားသာချက်အဖြစ်သုံးမိနေလဲ၊ ဘယ် energy က activate မဖြစ်သေးတာလဲ ၊ love- life balance ဖြစ်အောင် သူများရဲ့အမှားမရှာဘဲ ကိုယ်တိုင် ဘယ်လိုပြောင်းလဲရမလဲ၊ ငွေကြေးသုံးစွဲတဲ့ပုံစံကဘယ်လိုဖြစ်နေလဲ၊ spending နဲ့ receiving ကမျှရဲ့လား၊ မိမိရဲ့ အမြင့်ဆုံး ဘဝရည်မှန်းချက်တွေဆီရောက်အောင် ဘယ်လို energy တွေသုံးပြီးသွားမလဲ၊ အဆင်မပြေမှုတွေနဲ့တွေ့ရင် ကံကြွေးဆပ်ရမယ့် energy တွေပါလို့ဆိုပြီး ကိုယ်တိုင်ရုန်းထွက်ဖို့ အမှတ်တမဲ့နေမိနေတာလား၊ Conscious Living ဖြစ်အောင် ဘယ်လိုအတွေးတွေပြေင်းပြီး နေကြမလဲ…စတဲ့ အတွေးစတွေကတဆင့် မိမိဘဝကို သတိရှိရှိကြည့်မြင်တတ်အောင် facilitator တွေက topic တခုချင်းစီကို တပါတ်တစ်ယောက်အားဖြည့်ပေးသွားမယ့် interactive workshop လေးဖြစ်လို့ join ဖြစ်မယ်ဆိုရင် တကယ်အကျိုးရှိမှာသေချာပါတယ်လို့ ပြောချင်ပါတယ်

🌈 COLOUR ME DESTINY
Meet Your Coaching Team

Knowing yourself is only the beginning. The real transformation begins when what you know becomes how you live.

ဒီ October မှာ Colour Me Destiny နဲ့အတူDestiny Matrix ကို “ကိုယ့်အကြောင်း သိရုံ” အဆင့်မှာပဲ မထားဘဲ
Self-Awareness → Embodiment → Conscious Living ဆိုတဲ့ ခရီးတစ်ခုကို ဖြတ်သန်းသွားကြမှာပါ။

ကိုယ့် Matrix ထဲက Code တွေ၊ Pattern တွေ၊ Potential တွေကို ဖတ်တတ်တာက အစပါ။

ပြီးတော့ဒါတွေက ကိုယ့်ဘဝထဲမှာ ဘယ်လိုပေါ်နေလဲ?
ဘယ် Pattern ကို ဆက်သယ်နေသလဲ?
ဘယ် Potential ကို မသုံးရသေးဘူးလဲ?
သိပြီးသားအရာကို ဘယ်လို အသက်ရှင်မလဲ? ဆိုတာကို တို့အတူ ဆက်လက် explore လုပ်ကြမယ်။

ဒီ journey မှာ ကျွန်မတစ်ယောက်တည်းက သင်ပေးမှာမဟုတ်ပါဘူး။ မတူညီတဲ့ life areas တွေကို မတူညီတဲ့ coaching lens တွေနဲ့ ကိုင်တွယ်ပေးမယ့် Colour Me Destiny Coaching Team ရှိပါတယ်။ ✨

🌸 Dr. Nang
Knowing → Embodying → Conscious Living
ကိုယ့်အကြောင်း သိလာတဲ့ awareness ကို နေ့စဉ်ဘဝထဲမှာ အမှန်တကယ် embody လုပ်နိုင်ဖို့၊ သိခြင်းကနေ consciously living ဆီကို ကူးပြောင်းနိုင်ဖို့။

💜 Thae Mu Mu Kyi
Conscious Connection Changes Relationships.
ကိုယ့်ကိုယ်ကို နားလည်ခြင်းကနေ ကိုယ်နဲ့သူများကြား relationship patterns တွေကို ပိုသတိရှိရှိ မြင်နိုင်ပြီး ဆက်ဆံပုံကို ပြန်လည်တည်ဆောက်နိုင်ဖို့။

💛 Thazin Aung
Your Financial Story Is Part of Your Life Story
ငွေကြေးအပေါ်ထားတဲ့ ယုံကြည်ချက်၊ fear၊ attachment နဲ့ money patterns တွေကို “ငွေကိစ္စ” တစ်ခုတည်းအဖြစ်မကြည့်ဘဲ ကိုယ့်ဘဝဇာတ်ကြောင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နားလည်နိုင်ဖို့။

💚 Kyan Si Min @ Myint Myint Discover Your Pattern, Unleash Your Potential
ထပ်ခါတလဲလဲ ဖြစ်နေတဲ့ life patterns တွေကို သိမြင်ပြီး အဲဒီ pattern တွေအောက်မှာ ဖုံးနေတဲ့ ကိုယ့်ရဲ့ potential ကို ပြန်ဖော်ထုတ်နိုင်ဖို့။

Colour Me Destiny ရဲ့ ရည်ရွယ်ချက်က
“ငါ့မှာ ဘာ Code ရှိလဲ?” သိရုံမဟုတ်ပါဘူး။

“ဒီ code တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်မ/ကျွန်တော်က ဒီအသိတွေနဲ့ ဘယ်လိုဘဝတစ်ခုကို consciously တည်ဆောက်မလဲ?” ဆိုတဲ့ မေးခွန်းပါ။

Destiny ကို ဖတ်ကြမယ်။
Pattern ကို မြင်ကြမယ်။
Potential ကို သိကြမယ်။

ပြီးတော့ကိုယ်သိထားတဲ့ ကိုယ့်အကြောင်းကို သတိရှိရှိ အသက်ရှင်နေတဲ့ဘဝအဖြစ် ပြောင်းကြမယ်။ 🌈

COLOUR ME DESTINY
October 2026
From Knowing → Embodying → Consciously Living.
Register by 30th September 2026

Relationship နဲ့ပက်သက်ပြီး အဖြေရှာလိုတဲ့သူတွေအတွက် ၁:၁ ပညာဒါနအစီအစဉ်လေးရှိလို့ လိုအပ်နေတဲ့သူတွေ DM လုပ်ပေးပါနော်။
19/09/2026

Relationship နဲ့ပက်သက်ပြီး အဖြေရှာလိုတဲ့သူတွေအတွက် ၁:၁ ပညာဒါနအစီအစဉ်လေးရှိလို့ လိုအပ်နေတဲ့သူတွေ DM လုပ်ပေးပါနော်။

🌿 RELATIONSHIP Blueprint
Understanding Relationships. Rebuilding Connections.

Relationship ဆိုတာ
မိဘနဲ့ သားသမီးကြားမှာပဲ ရှိတာမဟုတ်ပါဘူး။

❤️ သမီးရည်းစား
💍 အိမ်ထောင်ဘက်
👭 အပေါင်းအသင်း၊ မိတ်ဆွေ
🤝 စီးပွားရေး Partner
👩‍👧 မိဘနဲ့သားသမီး
… စတဲ့ ဆက်ဆံရေးတိုင်းမှာ
“နားလည်မှု” နဲ့ “ဆက်သွယ်ပုံ” က အရေးကြီးပါတယ်။

တစ်ခါတလေ Relationship မှာ ပြဿနာဖြစ်လာတဲ့အခါ
“သူဘာလို့ဒီလိုလုပ်တာလဲ?” ဆိုတာကိုပဲ စဉ်းစားမိတတ်ကြပါတယ်။

ဒါပေမယ့်…

“ဒီ Relationship ထဲမှာ ကိုယ်က ဘယ်လိုပုံစံနဲ့ ပါဝင်နေသလဲ?”
“ကိုယ့်ရဲ့လိုအပ်ချက်၊ ခံစားချက်နဲ့ တုံ့ပြန်ပုံတွေက ဘာတွေဖြစ်နေလဲ?”
“တစ်ယောက်နဲ့တစ်ယောက် ပိုမိုနားလည်နိုင်ဖို့ ဘာတွေပြောင်းလဲနိုင်မလဲ?”

ဆိုတာတွေကိုလည်း ပြန်ကြည့်ဖို့လိုပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့
Relationship ကို ပိုမိုနားလည်ပြီး ကိုယ့်ရဲ့ဆက်ဆံရေးပုံစံတွေကို ပြန်လည်သုံးသပ်နိုင်အောင်

Relationship Blueprint– ပညာဒါန အစီအစဉ်လေးတစ်ခုကို စတင်လုပ်ဆောင်ပေးချင်ပါတယ်။

ဒီ Program မှာ

🔹 Self-reflection tool တစ်ခုအသုံးပြုပြီး ကိုယ့်ရဲ့ Relationship patterns တွေကို ပြန်လည်ကြည့်ရှုခြင်း

🔹 Counseling approaches & reflective conversations တွေကနေ
ကိုယ့်ရဲ့ခံစားချက်၊ လိုအပ်ချက်နဲ့ ဆက်ဆံရေးအတွင်းက တုံ့ပြန်ပုံတွေကို နားလည်လာအောင် Explore လုပ်ခြင်း

🔹 Relationship ထဲမှာ ဖြစ်ပေါ်နေတဲ့
Boundaries • Communication • Emotional Patterns

တွေကို ပြန်လည်သုံးသပ်ခြင်း

🔹 မိမိကိုယ်တိုင်အတွက် ပိုမိုကျန်းမာပြီး သတိရှိတဲ့ Relationship တစ်ခုတည်ဆောက်နိုင်ဖို့
Reflection & Awareness ကို အဓိကထားခြင်း

တို့ကို တနာရီစာ ၁:၁ အတူတူလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

🌿 ဒီProgram ကို စိတ်ဝင်စားပြီးပါဝင်လိုသူများ
Comment သို့မဟုတ် Messenger မှာ “RELATIONSHIP” လို့ ပို့ထားနိုင်ပါတယ်။

Thae Mu Mu Kyi, M.Ed
Parenting & Relationship Coach

🌈စိတ်ရောင်စုံတဲ့Relationship Pattern များအကြောင်း🌈“ကျွန်မတို့ဟာ လူတစ်ယောက်ယောက်ကို ချစ်ခင်မိတာက အဲ့ဒီလူကို တကယ်ဘဲချစ်ခင်...
17/09/2026

🌈စိတ်ရောင်စုံတဲ့Relationship Pattern များအကြောင်း🌈

“ကျွန်မတို့ဟာ လူတစ်ယောက်ယောက်ကို ချစ်ခင်မိတာက အဲ့ဒီလူကို တကယ်ဘဲချစ်ခင်တာလား…”။
ဒါမှမဟုတ် ကိုယ်နဲ့ရင်းနှီးပြီးသား emotional pattern တစ်ခုကို ပြန်ရှာမိတာလား”လို့ စဉ်းစားကြည့်မိဘူးပါသလား။

Relationship တစ်ခုကို စဉ်းစားတဲ့အခါ
Attraction နဲ့ Attachment ကို ခွဲခြားနားလည်ဖို့ အရေးကြီးပါတယ်။

တစ်ခါတလေ လူတစ်ယောက်ဆီကို ချစ်ခင်စွဲလန်းနေတာဟာ သူ့ရဲ့ personality ကြောင့်ပဲ မဟုတ်ဘဲ ကိုယ့်အတွင်းမှာ ရင်းနှီးပြီးသား emotional experience တစ်ခုကို သူက ပြန်လည်ထိတွေ့ပေးနေလို့လည်း ဖြစ်နိုင်ပါတယ်။

Attraction က
“ဒီလူကို ဘာကြောင့် ချစ်ခင်နေရတာလဲ?” လို့ မေးစေပါတယ်။

Attachment ကတော့
“ဒီလူနဲ့ ဆက်နွယ်မှုကို မဆုံးရှုံးချင်တာ ဘာကြောင့်လဲ?” လို့ မေးစေပါတယ်။

မိဘနဲ့သားသမီး relationship မှာလည်းအတူတူပါပဲ။

တစ်ခါတလေ မိဘတစ်ယောက်က
သားသမီးကို ချစ်လို့ ဂရုစိုက်တာနဲ့
သားသမီးရဲ့ အပြုအမူတစ်ခုကြောင့် ကိုယ့်ရဲ့ emotional pattern ဟောင်းတစ်ခု activate ဖြစ်ပြီး တုံ့ပြန်တာကို မသိမသာ ရောထွေးသွားနိုင်ပါတယ်။

ဥပမာ-

“ငါ့သား/သမီးက ငါပြောတာ နားမထောင်ဘူး” ဆိုတဲ့အခြေအနေမှာ
ကလေးရဲ့ အပြုအမူကိုသာ မြင်တာလား…

ဒါမှမဟုတ်
“ငါ့ကို မလေးစားဘူး”
“ငါမအောင်မြင်ဘူး”
“ငါကမိဘကောင်းတစ်ယောက် မဟုတ်ဘူးလား”

ဆိုတဲ့ ကိုယ့်အတွင်းက ခံစားချက်တွေပါ ဖြစ်လာတာလား။

ဒီလိုအချိန်မှာ ကလေးရဲ့ behavior ကို တုံ့ပြန်နေတာလား၊
ဒါမှမဟုတ် ကိုယ့်ရဲ့ emotional history ကို တုံ့ပြန်နေတာလား ဆိုတာ သတိထားကြည့်ဖို့လိုပါတယ်။

ကလေးကို ပြောင်းလဲဖို့မစခင်
ကိုယ့်ရဲ့ reaction ကို Observe လုပ်နိုင်ခြင်း က conscious parenting ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။

🎯Self-Reflectionအနေနဲ့

ဒီနေ့ ကိုယ့်သားသမီးနဲ့ဖြစ်ခဲ့တဲ့ အခြေအနေ၊ ဖြစ်ရပ် တစ်ခုခုကို ပြန်စဉ်းစားကြည့်ပါ။

“ငါ့ကလေးက ဘာလုပ်ခဲ့လို့ ငါဒီလိုတုံ့ပြန်ခဲ့တာလဲ?”

ပြီးရင် နောက်ထပ်တစ်ဆင့်မှာ

“သူ့အပြုအမူနောက်က ဘာရှိနေလဲ”
“ငါ့တုံ့ပြန်မှုနောက်ကရော ဘာရှိနေလဲ”

ကလေးရဲ့လုပ်ရပ်ကို မှန်တယ်/မှားတယ်လို့ မဆုံးဖြတ်ဘဲ
🌿 ဘာကြောင့်ဖြစ်တာလဲလေ့လာပါ၊ နားလည်ဖို့ကြိုးစားပါ၊ ပြန်လည်ဆန်းစစ်ပါ။

မိဘက ကိုယ့်ရဲ့ pattern တွေကို ပိုသိလာတဲ့အခါ
သားသမီးရဲ့ behavior ကိုသာ တုံ့ပြန်တာထက်
ကလေးရဲ့လိုအပ်ချက်ကို နားလည်ပြီး ဆက်သွယ်နိုင်ဖို့ ပိုပြီးအခွင့်အရေးရလာပါတယ်။

📍Because every parent-child relationship has two stories:
the child’s story, and the parent’s story.

တစ်ခါတလေ ကလေးကို နားလည်ဖို့
ကိုယ့်စိတ်အတွင်းကို အရင်ပြန်ကြည့်ဖို့လိုပါတယ်။

#တကယ်ကတော့ဒါကိုမိဘနဲ့သားသမီးဆက်ဆံရေးမှာတင်မကဘဲလင်မယားသမီးရည်းစားစတဲ့ဆက်ဆံရေးတွေမှာပါအသုံးပြုလို့ရပါတယ်။

Destiny ကို self- analysis tool တခုအနေနဲ့အသုံးပြုပြီး ကိုယ့်အတွင်းစိတ် နဲ့ လူမှုဘဝဆက်ဆံရေးတွေကို သုံးသပ်ကြည့်နိုင်ချိန်မ...
09/09/2026

Destiny ကို self- analysis tool တခုအနေနဲ့အသုံးပြုပြီး ကိုယ့်အတွင်းစိတ် နဲ့ လူမှုဘဝဆက်ဆံရေးတွေကို သုံးသပ်ကြည့်နိုင်ချိန်မှာ အဘိဓမ္မာနဲ့ပါချိတ်ဆက်ပြီး နားလည်သွားတာတွေ အများကြီးပါဘဲ။ ဘယ်ပညာရပ်မဆို နက်နက်နဲနဲလေ့လာတတ်ရင် တန်ဖိုးရှိပါတယ်။ ချည်းကပ်ဖို့နည်းလမ်းနဲ့ လက်တွေ့အသုံးချတတ်မှုတို့ကတတ်မြောက်မှုထက်ပိုအရေးကြီးပါတယ်။

ခုခေတ်မှာ “တွက်တတ်တာ၊ သိတာ” သက်သက်က ပညာမဟုတ်တော့ဘူး။ “အသုံးချတတ်တာ” ကမှ ပညာဖြစ်လာတယ်။

Destiny Matrix တွက်နည်းကို သိချင်လား? ရှာလိုက်ရင် ရပါတယ်။

ကိုယ့်ရဲ့ Code တွေ ဘာတွေလဲ သိချင်လား? Calculator ထဲ မွေးနေ့ထည့်လိုက်ရင် ထွက်လာပါတယ်။

Code 9 ဆိုတာ ဘာလဲ။
18 ဆိုတာ ဘာလဲ။
Money Line ဘယ်လိုဖတ်လဲ။
Karmic Tail ဆိုတာ ဘာလဲ။

ဒီအချက်အလက်တွေကိုလည်း
အခုခေတ်မှာ ရှာဖွေဖို့ သိပ်မခက်တော့ပါဘူး။

ဒါပေမယ့် အခက်ဆုံးက ကိုယ့် Matrix ထဲမှာ Code 9 ရှိတယ်ဆိုတာ သိပြီး ဒီ 9 energy archetype ကိုယ့်ဘဝထဲမှာ ဘယ်လိုအသက်ရှင်သန်နေမှန်း မြင်တတ်ဖို့။

Money Code ကို တွက်တတ်ပြီး
ငွေနဲ့ပတ်သက်လာတိုင်း ကိုယ့်အတွင်းက ဘယ် pattern က ဆုံးဖြတ်ချက်ချနေမှန်း သတိထားတတ်ဖို့။

Relationship Line ကို ဖတ်တတ်ပြီး
တူညီတဲ့ relationship pattern ကို ဘာကြောင့် ထပ်ရွေးမိနေလဲ သိတတ်ဖို့။

Karmic Tail ကို အလွတ်ကျက်ထားပြီး
အဲဒီသင်ခန်းစာက ကိုယ့်ရဲ့ အလုပ်၊ အချစ်ရေး၊ မိသားစု၊ ရွေးချယ်မှုတွေအတွင်း ဘယ်လိုပုံစံနဲ့ ပေါ်လာနေသလဲ ဆက်စပ်မြင်တတ်ဖို့။

ဒါတွေကတော့ Calculator က လုပ်ပေးလို့ မရတော့ဘူး။

ဒီနေရာမှာ လူရဲ့ အသိ၊ သတိနဲ့ ဆင်ခြင်နိုင်စွမ်း လိုလာတယ်။ ကျွန်မတို့ဟာ information ရှားပါးတဲ့ခေတ်မှာ မနေတော့ပါဘူး။

အခုက Information များလွန်းတဲ့ခေတ်။
ဒါကြောင့် ပညာတစ်ခုကို သင်ယူတဲ့အခါ
“ဘယ်လောက်များများ သိသလဲ” ဆိုတာထက် “သိထားတာကို ဘယ်လောက်နက်နက်ရှိုင်းရှိုင်း နားလည်သလဲ၊ ဘယ်လောက်ဆက်စပ်မြင်နိုင်သလဲ၊ ကိုယ့်ဘဝမှာ ဘယ်လောက်အသုံးချနိုင်သလဲ” ဆိုတာက ပိုအရေးကြီးလာပါတယ်။

Destiny Matrix ကိုလည်း ဒီလိုပဲ ကျွန်မမြင်တယ်။ Matrix တစ်ခုလုံး တွက်တတ်သွားတာက အဆုံးမဟုတ်ဘူး။ Matrix ထဲကနေ ကိုယ့်ကိုယ်ကို ဖတ်တတ်လာတာကမှ အစ။

ဘာကြောင့် ဒီလိုတုံ့ပြန်မိတာလဲ။
ဘာကြောင့် ဒီလိုလူမျိုးကိုပဲ ထပ်ရွေးမိတာလဲ။
ဘာကြောင့် တချို့အရာတွေမှာ အရမ်းအားကောင်းပြီး တချို့နေရာတွေမှာတော့ ကိုယ့်ကိုယ်ကို ပြန်တားနေမိတာလဲ။
ဘာက ကိုယ့်ရဲ့ gift ဖြစ်ပြီး အဲဒီ gift တစ်ခုတည်းက ဘယ်အချိန်မှာ shadow ဖြစ်သွားတတ်သလဲ။

ဒီလို မေးခွန်းတွေနဲ့ ကိုယ့်ဘဝကို ပြန်ကြည့်တတ်လာတဲ့အခါ Destiny Matrix နံပါတ်တွေပါတဲ့ ပုံတစ်ပုံ မဟုတ်တော့ဘူး။

ကိုယ့်ကိုယ်ကို နားလည်ဖို့ အသုံးချနိုင်တဲ့ language တစ်ခု ဖြစ်လာတယ်။
ပညာရပ်တစ်ခုကို တကယ်သင်ယူတယ်ဆိုတာ အဓိပ္ပါယ်တွေ အလွတ်ကျက်ထားနိုင်ခြင်း မဟုတ်ဘူး။

ကိုယ့်ဘဝထဲမှာ မြင်တတ်လာခြင်း။
အသုံးချတတ်လာခြင်း။
လိုအပ်တဲ့နေရာမှာ ပြောင်းလဲရွေးချယ်တတ်လာခြင်း။

အဲဒီအချိန်ရောက်မှ ပညာက သိထားတဲ့အရာတစ်ခုကနေ ကိုယ့်အတွက် အကောင်းဆုံး အသက်ရှင်သန်တတ်တဲ့အရာတစ်ခု ဖြစ်လာတယ်။

မသိသေးခင်ကတော့ ကံက ဒါပဲပေါ့၊
ကံဆိုတာကိုယ်ကပြုတာမို့ သိသွားတဲ့အခါ စတင် ရွေးချယ်နိုင်လာတယ်၊ မိမိဘဝကို မိမိကိုယ်တိုင် ရွေးချယ်နိုင်ခြင်းမှာ သိပ်ကို အားရှိရတယ်။ ကိုယ်တွေ့ပါပဲ။

Destiny Matrix ကို ကျွန်မ သင်ချင်၊ သင်ပေးချင်တာလည်း အဲဒီနေရာအထိပါပဲ။ ✨
You are the living embodiment of the matrix.
You are your own master of your destiny.
The Map is yours to explore.

Destiny Matrix ကို လေ့လာပြီးကိုယ့်ရဲ့အားသာချက်တွေကို ဘဝမှာဘယ်လိုအသုံးချမလဲ၊ အားနည်းချက်တွေကိုနားလည်ပြီးဘယ်လိုအဆင်ပြေအောင...
02/09/2026

Destiny Matrix ကို လေ့လာပြီးကိုယ့်ရဲ့အားသာချက်တွေကို ဘဝမှာဘယ်လိုအသုံးချမလဲ၊ အားနည်းချက်တွေကိုနားလည်ပြီးဘယ်လိုအဆင်ပြေအောင်နေထိုင်မလဲဆိုတဲ့အဆင့်ထိသေချာနားလည်အောင်သင်ယူချင်ရင် ဒီ work shopလေးကို recommend လုပ်ပါတယ်။ အောက်တိုဘာ work shopမတိုင်ခင် အခြေခံဖြစ်တဲ့ video recording lecture တွေစလေ့လာထားရမယ်။ work shopမှာတော့ ဘယ်လို integrateလုပ်ကြမလဲဆိုတာ guide လုပ်ပေးရင်း ဆွေးနွေးကြမယ်။

🌈COLOUR ME DESTINY
October 2026 Workshop Registration Open

(Destiny Matrix × Archetypal Patterns × Conscious Life Architecture)

October မှာ Colour Me Destiny ကို Zoom Workshop အဖြစ် Coaching Facilitators များနဲ့အတူ စတင်သွားပါမယ်။

ဒီ Workshop က Destiny Matrix ကို “ကိုယ့်မှာ ဘာနံပါတ်ရှိလဲ၊ ဘာအဓိပ္ပာယ်လဲ” ဆိုတာလောက် သိဖို့မဟုတ်ပါဘူး။

မိမိရဲ့ Destiny Codes တွေကတစ်ဆင့်
✨ ကိုယ့်ဘဝထဲမှာ ထပ်ခါထပ်ခါပေါ်လာတတ်တဲ့ Archetypal Patterns
✨ ကိုယ်သဘာဝအလျောက် အသုံးချနေတဲ့ Strengths & Resources
✨ မသိစိတ်ကနေ ပြန်လည်လည်ပတ်နေတတ်တဲ့ Shadow Patterns
✨ Relationship, Work, Money, Purpose စတဲ့ ဘဝကဏ္ဍတွေထဲမှာ ဒီ patterns တွေ ဘယ်လိုပေါ်လာသလဲ
✨ ဒီအရာတွေကို ပိုမိုသတိရှိရှိနဲ့ ဘယ်လိုအသုံးချပြီး ကိုယ့်ဘဝကို consciously design လုပ်နိုင်မလဲ
ဆိုတာတွေကို ကိုယ်တိုင်ရှာဖွေ၊ ဆွေးနွေး၊ reflect လုပ်သွားမယ့် experiential workshop တစ်ခုဖြစ်ပါတယ်။

🌿 Workshop မတက်ခင် ဘာတွေလိုအပ်မလဲ?

Colour Me Destiny ဟာ Beginner Foundation Class မဟုတ်ပါဘူး။
Workshop ထဲမှာ basic theory ကို အစကနေ ပြန်သင်တာထက် မိမိရဲ့ Matrix ကို ကိုယ်တိုင်နားလည်ထားပြီးသားအပေါ်မှာ reflection, discussion နဲ့
practical application ဆက်လုပ်သွားမှာဖြစ်လို့

Prerequisite:
🔹 Destiny Matrix E-Lecture / Self-Study Foundation ကို အရင်ဆုံးပြီးစီးထားဖို့ လိုအပ်ပါတယ်။

September လဟာ Workshop မတိုင်ခင် foundation ကို ကိုယ့်အချိန်နဲ့ကိုယ် လေ့လာပြင်ဆင်နိုင်မယ့်ကာလဖြစ်ပြီး October Workshop Registration ကို September မှာ စတင်ဖွင့်ပေးပါမယ်။

🎨 Why “Colour Me Destiny”?
Destiny ဆိုတာ fixed prediction တစ်ခုလို့ ကျွန်မ မမြင်ပါဘူး။
ကိုယ်ရရှိထားတဲ့ codes တွေဟာ အရောင်တွေလိုပါပဲ။
ဘယ်အရောင်တွေ ကိုယ့်မှာရှိသလဲ သိတာက Self-Knowledge ဖြစ်ပြီး၊
အဲဒီအရောင်တွေကို ဘယ်လိုပေါင်းစပ်အသုံးပြုမလဲ သိလာက Self-Awareness ဖြစ်တယ်။

နောက်ဆုံးမှာတော့ ကိုယ့်ဘဝရဲ့ပုံရိပ်ကို ကိုယ်တိုင် ဘယ်လိုခြယ်”သ”မလဲဆိုတာက Conscious Choice ဖြစ်လာပါတယ်။

ဒါကြောင့် Colour Me Destiny ဟာ
“ငါ့ destiny က ဘာလဲ” လို့ အဖြေတောင်းတဲ့ Workshop မဟုတ်ဘဲ
“ငါရရှိထားတဲ့ patterns တွေကို သိပြီး ဒီကနေစပြီး ဘယ်လိုနေထိုင်ရွေးချယ်မလဲ”
ဆိုတာကို ရှာဖွေမယ့် space တစ်ခု ဖြစ်ပါတယ်။ 🌿

Team of coaches :
Dr. Nang
Thazin Aung - Life Catalyst
Heart-Bridge Parenting

Facilitators :
Thazin Soe
Kyan Si Min

📩 Registration & Participant Information via email [email protected]

Destiny Matrix ဆိုတာ
31/08/2026

Destiny Matrix ဆိုတာ

ကျွန်မတို့ဘဝထဲမှာ ထပ်ခါထပ်ခါ ပြန်ဖြစ်နေတတ်တဲ့ Pattern တချို့ ရှိတယ်။

(Some destiny codes appear in our matrix many times. For me, Number 9)

လူတွေပြောင်းသွားပေမယ့် Relationship Dynamic က ဆင်တူနေတတ်တယ်။ အလုပ်တွေပြောင်းသွားပေမယ့် ကိုယ်ရင်ဆိုင်ရတဲ့ Challenge က တစ်မျိုးတည်း ပြန်ပေါ်လာတတ်တယ်။ တချို့အရာတွေကိုတော့ ဘယ်သူမှ သင်ပေးစရာမလိုဘဲ ကိုယ်က သဘာဝအတိုင်း ကောင်းကောင်းလုပ်တတ်နေတယ်။

“ငါသိနေတာပဲ… ဒါပေမယ့် ဘာလို့ ဒီ Pattern ထဲ ပြန်ရောက်နေပြန်တာလဲ?”

ဒါတွေကို ကံကြမ္မာလို့ပဲ ခေါ်လိုက်ရမလား။ ဒါမှမဟုတ် ကိုယ့်ဘဝရဲ့ အောက်ခြေမှာ ကိုယ်မမြင်ရသေးတဲ့ Pattern တချို့ အလုပ်လုပ်နေသလား။

Matrix of Destiny ကို ကျွန်မ စိတ်ဝင်စားတဲ့အကြောင်းရင်းက “အနာဂတ်မှာ ဘာဖြစ်မလဲ” ဆိုတာကို သိချင်လို့ မဟုတ်ပါဘူး။ ကိုယ့်အတွင်းမှာ ရှိပြီးသား Potential တွေ၊ Natural Resources တွေ၊ ထပ်ခါထပ်ခါ ပြန်ပေါ်လာတတ်တဲ့ Patterns တွေနဲ့ ကိုယ်သတိမထားမိသေးတဲ့ Shadow Expressions တွေကို ပိုပြီး သတိရှိရှိ မြင်နိုင်ဖို့ပါ။

Matrix ကို ကိုယ့်ဘဝကို ဆုံးဖြတ်ပေးထားတဲ့ အမိန့်စာတစ်စောင်လို့ မမြင်ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်နိုင်တဲ့ **Mirror တစ်ချပ်၊ Map တစ်ခု** လို့ ပိုမြင်ပါတယ်။

Map က လမ်းကို ပြပေးနိုင်ပေမယ့် ကိုယ့်အစား လမ်းလျှောက်ပေးလို့ မရဘူး။ Mirror က ကိုယ့်ကို မြင်အောင် ပြပေးနိုင်ပေမယ့် ကိုယ့်အစား ပြောင်းလဲပေးလို့ မရဘူး။

Awareness ပြီးရင် Choice လာတယ်။ Choice ပြီးရင် Practice လာတယ်။ Practice ကနေမှ ဘဝထဲမှာ အပြောင်းအလဲ ဖြစ်လာတယ်။

ကဲ ဒီနေ့က Jupiter ဟာ Leo ထဲဝင်‌ရောက်ပါပြီ။ အသေးစိတ်ကိုတော့ တီချယ်ရဲ့ပို့စ်လေးဖတ်ကြည့်ပါနော်။
30/06/2026

ကဲ ဒီနေ့က Jupiter ဟာ Leo ထဲဝင်‌ရောက်ပါပြီ။ အသေးစိတ်ကိုတော့ တီချယ်ရဲ့ပို့စ်လေးဖတ်ကြည့်ပါနော်။

2026 June ကို နှုတ်ဆက်ရခြင်းမှာ လေးလံမှုတွေနဲ့ ဖြစ်နေသလား?
အမှန်က လေးလံမှုတွေကို ခဝါချနေဝာာပါ၊ လေးလံစေတာတွေက အတ္တ မာန်မာန တွေဆိုရင် ဂုဏ်ယူလိုက်ပါ ၊ သင်ဟာ လာမယ့် ၆နာရီမှာ sign ပြောင်း ပြီးဖြစ်ပေါ်မယ့် Jupiter in Leo အတွက် အဆင်သင့်ဖြစ်ပါပြီ။
လာမယ့် August မှာ South Node ကလည်း Leo ကိုရွေ့ပါမယ်။ ဘာကိုဆိုလိုပါသလဲဆိုတာကို မပြောခင် မိမိ ရဲ့ BC မှာ Leo ရှိရာ အိမ် ကိုရှာပါ၊ မရှိဘူးဆိုသူတေက Astro Basic E-lectures ဝယ်နားထောင်ပါ၊ မသိဘူးဆိုသူတွေက Rising sign package ဝယ်ယူဖတ်ရှုပါ။

ဆက်ပြောပါမယ်နော် ။
Jupiter က "ဒီအိမ်ရဲ့ အခွင့်အလမ်းကို ချဲ့ထွင်ပေးတယ်။" South Node က "ဒီအိမ်ထဲက မလိုအပ်တော့တာကို ဖယ်ရှားပေးတယ်။"
ဒါကြောင့် ဒီနှစ် Leo အိမ်မှာ လူအများက "တစ်ခုခု ဆုံးရှုံးသလို" ခံစားရနိုင်ပါတယ်။
ဒါပေမယ့် predictive astrology ရှုထောင့်က ကြည့်ရင် လွတ်သွားတာ ဆုံးရှုံးမှုမဟုတ်ဘူး။ အခွင့်အရေးအသစ် ဝင်လာဖို့ နေရာလွတ်ဖန်တီးပေးတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီ cycle ကို "loss" ထက် "creative pruning" လို့ ပိုမြင်နိုင်ပါတယ်။ သစ်ပင်ကို အကိုင်းဟောင်းတွေ ဖြတ်လိုက်လို့ အားနည်းသွားတာ မဟုတ်ဘဲ၊ နောက်ရာသီမှာ ပိုအားကောင်းပြီး ပိုအသီးအပွင့်များဖို့ ပြင်ဆင်နေသလိုပါပဲ။

Collective Themes

၁။ Spotlight ပြောင်းလဲခြင်း
လူအများရဲ့ အာရုံစိုက်မှုဟာ အရင်က နာမည်ကြီးခဲ့တဲ့ လူတွေ၊ Brand တွေ၊ Leader တွေဆီကနေ အသစ်ပေါ်လာတဲ့ အသံတွေဆီ ရွှေ့လာနိုင်ပါတယ်။
တချို့ လူဟောင်းတွေက အနားယူမယ်။
(အနားယူရန် ရယ်ဒီနေသောမိမိ 🤣)
တချို့ လူသစ်တွေက လူသိများလာမယ်။🥰🎈🎉 Welcome 🤗 ပါရှင်။

၂။ Authentic Creativity က Reward ရမယ်
Jupiter in Leo က ဖန်တီးမှုကို ချဲ့ထွင်ပေးတယ်။ ဒါပေမယ့် South Node က Performance၊ Ego၊ Validation Seeking ကို လျှော့ခိုင်းတယ်။
အဲဒါကြောင့် လူတွေ သဘောကျအောင် လုပ်ထားတဲ့ Content ထက်...ကိုယ့်နှလုံးသားကနေ ဖန်တီးထားတဲ့ အလုပ်တွေ ပိုပြီး Resonance ရလာနိုင်ပါတယ်။

၃။ Personal Brand/ Rebranding
ဒီ cycle အတွင်း
Business များ
Teachers
Coaches
Artists
Creators
တော်တော်များများဟာ Brand Identity ကို ပြန်လည်တည်ဆောက်လာနိုင်ပါတယ်။
"ငါ ဘယ်သူလဲ" ဆိုတာထက်...
"ငါ ဘာအတွက် ရပ်တည်တာလဲ"
ဆိုတာ ပိုအရေးကြီးလာပါလိမ့်မယ်။
Brand consultant တွေ ၊ Experienced Coach တွေနဲ့ သေချာတိုင်ပင်ကြပါ။ အထူးသဖြင့် Leo Rising / Scorpio Rising များက personal and professional branding လုပ်ပါ။
Ta**us Rising / Aquarius Rising တွေက မိမိရဲ့ self-care နဲ့ lifestyle အတွက် လိုအပ်ရင် coaching ရယူပါ။ Lifestyle Architecture ကိုတည်ဆောက်ပါ။
Recommended brand and lifestyle consultants Htet Yie Consulting
Universe Musings
Dr. Nang

၄။ Leadership ပုံစံ ပြောင်းလဲခြင်း
Leo က Leadership ကို ကိုယ်စားပြုပါတယ်။ ဒီ cycle မှာတော့ Hero တစ်ယောက်တည်းက ဦးဆောင်တဲ့ ပုံစံထက်... Community ကို Empower လုပ်တဲ့ Leader တွေက ပိုအောင်မြင်လာနိုင်ပါတယ်။

၅။ Creative Industries အပြောင်းအလဲ
Entertainment
Education
Media
Marketing
Social Media
Art
Fashion
Performance တို့မှာ Trend အသစ်တွေ ပေါ်လာနိုင်ပါတယ်။
အရင်လို Loud ဖြစ်တာထက်...Meaningful ဖြစ်တာကို လူတွေ ပိုတန်ဖိုးထားလာနိုင်ပါတယ်။

၆။ Children & Education
Leo က Children နဲ့လည်း ဆိုင်ပါတယ်။
ဒီကာလမှာ ကလေးပညာရေးပုံစံအသစ်များ Creativity အခြေခံသင်ကြားမှု
Alternative Education
Talent Development
တို့ ပိုမိုအရေးပါလာနိုင်ပါတယ်။
Youth Coach တွေ ၊ Conscious Parenting တွေဟာ အရေးကြီးလာပါမယ်။ Recommended Youth CoachThazin Aung - Life Catalyst
Recommended Parenting Coach Heart-Bridge Parenting
Innovative Education မှာrecommended က Innovative Education - InnoEd ပါ။

၇။ Entertainment Industry
Celebrity Culture က ပြောင်းလဲလာနိုင်ပါတယ်။ Influencer အဟောင်းတွေ ကျဆင်းပြီး...Creator အသစ်တွေ ပေါ်လာနိုင်ပါတယ်။
Follower Count ထက်...Trust နဲ့ Authenticity က ပိုအရေးကြီးလာနိုင်ပါတယ်။

Jupiter × South Node ရဲ့ အဓိက Message

ဒီ transit ကို ဆန့်ကျင်ဘက်အင်အားနှစ်ခုလို့ မမြင်သင့်ပါဘူး။
Jupiter က booster South Node က remover လို့ အတူတကွ အလုပ်လုပ်နေပါတယ်။
ဒါကြောင့် ဒီနှစ်မှာ လူအများအတွက် မြင်ရနိုင်တဲ့ pattern တစ်ခုက

Role တစ်ခု ပြီးဆုံးပြီး Role အသစ် ရလာခြင်း။
Brand အဟောင်းကို ပိတ်ပြီး Brand အသစ် တည်ဆောက်ခြင်း။
Career တစ်ခု အဆုံးသတ်ပြီး ပိုကိုက်ညီတဲ့ Calling ကို တွေ့ခြင်း။

Spotlight ဆုံးရှုံးသလို ထင်ရပေမယ့် ပိုအဓိပ္ပာယ်ရှိတဲ့ Platform အသစ် ရရှိခြင်း။

Predictive Astrology Perspective
Leo ဟာ "ဖန်တီးမှု၊ ခေါင်းဆောင်မှု၊ နှလုံးသား၊ ကိုယ်ပိုင်အလင်း" ကို ကိုယ်စားပြုပါတယ်။
Jupiter in Leo က အဲဒီအလင်းကို ပိုတောက်ပစေပါတယ်။
South Node in Leo ကတော့ အဲဒီအလင်းကို ဖုံးအုပ်ထားတဲ့ မာန၊ အတည်ပြုခံလိုစိတ်၊ အခန်းကဏ္ဍဟောင်း၊ မလိုအပ်တော့တဲ့ ဖန်တီးမှုပုံစံ တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးပါတယ်။
ဒါကြောင့် ဒီ cycle ရဲ့ အဓိ သဘောတရားဟာ
"အလင်းကို ပိုကြီးအောင် လုပ်တာ မဟုတ်ဘူး။ အလင်းကို ပိုသန့်ရှင်းအောင် လုပ်တာ။"

Predictive astrology အရတော့ ဒီလို transit တွေဟာ လူတိုင်းအတွက် တူညီတဲ့ ဖြစ်ရပ်ကို မဖန်တီးပါဘူး။ Leo က မိမိဇာတာရဲ့ ဘယ်အိမ်မှာ ကျသလဲ ဆိုတာပေါ်မူတည်ပြီး အခွင့်အလမ်းနဲ့ အဆုံးသတ်မှုတွေ ပေါ်လာမယ့် ဘဝကဏ္ဍက ကွဲပြားသွားပါလိမ့်မယ်။

Rising sign တစ်ခုစီအတွက် ဆိုင်ရာ paid channel တွေမှာ စာပို့ပါမယ်။

ဒီ transit အတွင်း မြန်မာနိုင်ငံအပါအဝင် စုပေါင်းအဆင့်မှာ တွေ့နိုင်တဲ့ themes တွေက
နာမည်ကြီးပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ အာဏာရှိသူများ၏ ဂုဏ်သတင်း သို့မဟုတ် အာဏာကျဆင်းခြင်း၊ နောက်ကွယ်က အမှန်တရားများ ပေါ်ထွက်လာခြင်း။
လျှို့ဝှက်ထားသော သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ၊ အတွင်းရေးကိစ္စများ ပေါက်ကြားခြင်း၊ ယခင်က မသိခဲ့သော အဖြစ်အပျက်များ လူသိများလာခြင်း။
အဖွဲ့အစည်းကြီးများ၊ အစိုးရဌာနများ၊ ဆေးရုံများ၊ ထောင်များ၊ ဘာသာရေးအဖွဲ့အစည်းများ နှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများ သို့မဟုတ် အားနည်းချက်များ ပိုမိုထင်ရှားလာခြင်း။
နာမည်ကျော် အနုပညာရှင်များ၊ Influencer များ၊ Celebrity များ အနားယူခြင်း၊ ပျောက်ကွယ်သွားခြင်း၊ image ပြောင်းလဲခြင်း။
ပြဇာတ်ဆန်သော ခေါင်းဆောင်မှုထက် လက်တွေ့လုပ်ကိုင်နိုင်သော အဖွဲ့လိုက်စနစ်များ ကို လူများ ပိုမိုတန်ဖိုးထားလာခြင်း။
တိတ်တဆိတ် ကူညီပေးနေသော Volunteer များ၊ NGO များ၊ Community Network များ ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာခြင်း။
စိတ်ကျန်းမာရေး၊ အိပ်စက်ခြင်း၊ Burnout၊ Collective fatigue ကဲ့သို့သော ကိစ္စများ ပိုမိုဆွေးနွေးလာခြင်း။
အလုပ်လုပ်ပုံစနစ်၊ ကျန်းမာရေးစနစ်၊ အစားအသောက်နှင့် နေ့စဉ်ဘဝကို ထောက်ပံ့ပေးသော infrastructure များကို ပြန်လည်တည်ဆောက်ရန် ဖိအားများလာခြင်း။
Hero တစ်ယောက်တည်းကို မျှော်လင့်နေသော mindset ကနေ Community အား၊ Network အား၊ Collaboration အား ပိုမိုယုံကြည်လာခြင်း။
ကြီးမားသော အဖွဲ့အစည်းများအတွင်း restructuring၊ လူအစားထိုးခြင်း၊ တာဝန်အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ခြင်း။
မြန်မာနိုင်ငံအတွက် ကြည့်မယ်ဆိုရင်
Predictive astrology အရ လာမယ့် ၁၈ လအတွင်း အထူးသတိထားစောင့်ကြည့်နိုင်တဲ့ manifestations တွေက
နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးပိုင်းမှာ မျက်နှာစာထက် နောက်ကွယ်က အပြောင်းအလဲများ ပိုများလာနိုင်ခြင်း။
လူထုအတွက် အခြေခံဝန်ဆောင်မှုများ (ကျန်းမာရေး၊ အလုပ်အကိုင်၊ စားနပ်ရိက္ခာ၊ နေ့စဉ်အသက်မွေးဝမ်းကြောင်း) က ပိုအရေးကြီးလာခြင်း။
လူထုအချင်းချင်း ကူညီထောက်ပံ့သည့် Community Network များ ပိုမိုအားကောင်းလာခြင်း။
အရင်က လူသိမများခဲ့သော အမှန်တရားများ၊ သမိုင်းကြောင်းများ၊ လျှို့ဝှက်အချက်များ တဖြည်းဖြည်း ထွက်ပေါ်လာခြင်း။
"လူတစ်ယောက်က ကယ်တင်မယ်" ဆိုတဲ့ အယူအဆ ထက် "လူတိုင်းက ကိုယ့်နေရာကနေ တာဝန်ယူရမယ်" ဆိုတဲ့ collective mindset ဘက်သို့ ရွေ့လာခြင်း။
ဒီလို nodal transits တွေက ပုံမှန်အားဖြင့် ဖြစ်ရပ်တစ်ခုတည်းကို မညွှန်ပြဘဲ လူ့အဖွဲ့အစည်းရဲ့ ဦးစားပေးမှု၊ စဉ်းစားပုံ၊ လုပ်ဆောင်ပုံတွေ တဖြည်းဖြည်း ပြောင်းလဲသွားတဲ့ collective theme ကို ပိုမိုဖော်ပြလေ့ရှိပါတယ်။ ၂၀၂၆–၂၀၂၇ ကာလမှာလည်း "တစ်ဦးတည်းကို အားကိုးခြင်း" ထက် "စနစ်၊ ကွန်ယက်၊ အပြန်အလှန်ပံ့ပိုးမှု" ကို ပိုမိုတန်ဖိုးထားလာတဲ့ လှုပ်ရှားမှုတွေ မြင်ရနိုင်ပါတယ်။

Photo credit

ဒီလပြည့်နေ့အတွက်
29/06/2026

ဒီလပြည့်နေ့အတွက်

🌿 Raising Children with HeartA Journey into Conscious Parenting 🌿Parenting ဆိုတာကလေးကို “ထိန်းချုပ်ခြင်း” မဟုတ်ပါဘူး။နား...
15/05/2026

🌿 Raising Children with Heart
A Journey into Conscious Parenting 🌿

Parenting ဆိုတာကလေးကို “ထိန်းချုပ်ခြင်း” မဟုတ်ပါဘူး။နားလည်ပေးခြင်း၊ ချိတ်ဆက်ပေးခြင်း၊အတူတူကြီးပြင်းသွားခြင်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပက်သက်ပြီး Heart- Bridge Parenting ရဲ့ founder ဖြစ်သူ Thae Mu Mu Kyi မှ live experiences ကိုအခြေခံပြီး ဖေဖေမေမေတို့အတွက် parenting ဗဟုသုတ နဲ့ဆောင်ရန်၊ ရှောင်ရန်များကို မျှဝေပေးပြီး Senior coach -Dr. Nang နှင့် Transformational Coach- Thazin Aung တို့မှလည်းအားဖြည့်ပါဝင်ပေးမှာဖြစ်ပါတယ်။

Address

Soi Winittchai, Sutthisan
Yangon
10310

Telephone

+959252302807

Website

Alerts

Be the first to know and let us send you an email when Happy Trio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share