Krystal-X Kids' Export Collection

Krystal-X Kids' Export Collection Krystal-X Kids' Export Collection မှ ကြိုဆိုပါတယ်ရှင်
ကလေးအဝတ်အထည်များကို လက်လီ၊ လက်ကား ဝယ်ယူနိုင်ပါတယ်ရှင်

19/06/2026

ချစ်ရတဲ့ Customers များရှင်

ပစ္စည်းလေးတွေ မှာယူပေးကြတဲ့Customer များကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 😍😍

ချစ်ရတဲ့ Customers များထံ အော်ဒါတစ်ခု အောင်မြင်စွာ ရောက်ရှိဖို့အတွက်

၁။ မှာယူခြင်း
၂။ ပစ္စည်းစစ်ဆေးခြင်း
၃။ ဘောက်ချာရေးသားခြင်း
၄။ ပစ္စည်းထုပ်ပိုးခြင်း
၅။ Delivery အပ်ခြင်း... စတဲ့ အဆင့်ဆင့်ကို ဖြတ်သန်းရပါတယ်ရှင်

‼️‼️Delivery ရုံးဆီ ပစ္စည်းရောက်ပြီးမှ Cancel လုပ်ခြင်း သို့မဟုတ် ဖုန်းမကိုင်ခြင်းများ အကြိမ်များစွာရှိလာပါက နောက်တစ်ကြိမ် မှာယူမှုများတွင် အခက်အခဲ ရှိနိုင်ပါတယ်ရှင့်

💥💥💥ဘောက်ချာမပို့ခင်အချိန်အထိ Cancel လုပ်ခွင့် အပြည့်အဝ ရှိပါတယ်ရှင့်💥💥💥

✅✅နှစ်ဖက်လုံး အဆင်ပြေစေဖို့အတွက် အော်ဒါမတင်ခင် သေချာစဉ်းစားပြီးမှ အတည်ပြုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။🙏

🌈 မီးမီးလေးတို့ အကြိုက် H.N.M ဆွယ်တာလေးတွေကိုမှ အရောင်စုံ၊ ဆွယ်တာသား ကျစ်ကျစ်လေးနဲ့ ဝတ်လို့ အရမ်းကောင်းတာ‌လေးနော်🌈 Quali...
18/06/2026

🌈 မီးမီးလေးတို့ အကြိုက် H.N.M ဆွယ်တာလေးတွေကိုမှ အရောင်စုံ၊ ဆွယ်တာသား ကျစ်ကျစ်လေးနဲ့ ဝတ်လို့ အရမ်းကောင်းတာ‌လေးနော်

🌈 Quality ကောင်းတဲ့ ဒီလို Sweater လေးတွေမှမဝယ်ရင် ဘာဝယ်မလဲလို့ 💚🧡

Price: 15000 ကျပ် ✅✅✅✅

ပခုံး ရင် ခါးရှည်
92 (1.5-2Y) 11" 26" 15"
110/116 (4-6 Y) 13" 30" 17"
134/140 (8-10 Y) 14" 34" 20"

💥 Export အထည်မို့ ဆိုဒ်တိုင်းလေးတွေက တစ်ထည်နဲ့တစ်ထည် အနည်းငယ်ကွာတတ်ပါတယ်ရှင့်

💥 Export တို့ရဲ့ထုံးစံအတိုင်း တံဆိပ်လေးတွေတော့ဖျက်ထားပါမယ်ရှင်

🙏ဝယ်ယူအားပေးသူများကို အထူးပင် ကျေးဇူးတင်လျှက်🙏

18/06/2026

မိုးအေးနေလို့
H&M sweater လေးတွေ Cardigan လေးတွေ တင်ပေးမယ်နော် မေမေတို့ရေ

18/06/2026

‼️‼️ဒါလေးအရင်ဖတ်ပြီးမှ ဝယ်ပေးနော်‼️‼️
👉မင်မင်တို့တင်တဲ့ အရောင်းပိုစ့်တွေမှာ ခန့်မှန်းအသက်လေးတွေ၊ ဆိုဒ်တိုင်းလေးတွေကို သေသေချာချာလေးတိုင်းပြီး တင်ပေးပါတယ်
👉မေမေတို့ဆီရောက်မှ အဆင်မပြေဖြစ်မှာစိုးလို့ပါရှင်
👉ဒါပေမယ့်လေ အဲ့လိုအမြဲတမ်းမှာနေတဲ့ကြားက တချို့မေမေများက ဆိုဒ်ကိုမကြည့်ဘဲ အသက်ကိုကြည့်ပြီး မှာယူတတ်ကြပါတယ်
👉အဲ့တော့ ဘာဖြစ်လဲဆိုရင် ရောက်လာလို့ဝတ်ကြည့်မှ မတော်တဲ့ ပြသနာလေးတွေကြုံတွေ့ရတော့တာပေါ့နော်
👉အဲ့ဒိအခါကျ လဲပေးလို့ရလားမေးရင်လေ မင်မင်တို့ကလည်း အဆင်ပြေစေချင်တော့ လဲချင်တဲ့ဆိုဒ်ရှိသေးတယ်ဆိုရင်တော့ အမြဲလဲပေးပါတယ် 💥(အရောင်နုနဲ့ ဆွဲသားပါတဲ့အထည်များကလွဲရင်ပေါ့)💥 အမှန်တော့ လဲပေးရတယ်ဆိုတာ မင်မင်တို့အဖို့ တော်တော်ကို အလုပ်ရှုတ်ပါတယ် 😌
👉ဝယ်သွားတဲ့ ကိုယ့် Customer များအဆင်မပြေတော့ စိတ်မကောင်းဖြစ်ရတာမို့ လဲပေးတာပါရှင့်😍
💥💥💥တစ်ခုလောက်ပဲ မေတ္တာရပ်ခံပါတယ်ရှင့်
👉နောက်ဝယ်မယ်ဆိုရင်လေ ခလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုချင်းမတူညီတဲ့အတွက် ဆိုဒ်တိုင်းလေးတွေကို သေချာကြည့်ပြီးမှ ဝယ်စေချင်ပါတယ်ရှင်
👉ကိုယ့်ခလေးရဲ့ အသက်ကို မကြည့်ဘဲ ရင်ဆိုဒ်နဲ့ အရှည်တွေကို ဉီးစားပေးကြည့်ပြီးမှ လိုချင်တဲ့ဆိုဒ်ကို မှာစေချင်ပါတယ်ရှင့်
👉နောက်တစ်ခုကလေ မင်မင်တို့ဖက်ကလဲပေးလို့အဆင်ပြေရင်‌တောင် Delivery ခလေးကတော့ 2ကြောင်းစာပေးရမှာဖြစ်တဲ့အတွက် မေမေတို့ကို အပိုမကုန်စေချင်လို့ပါရှင့်
🙏🙏🙏ဝယ်ယူအားပေးသော ချစ် Customer များအားလုံးကို ကျေးဇူးအထူးပါရှင့်

17/06/2026

ဈေးသက်သက်သာသာလေးနဲ့ Quality အကောင်းလေးကို ဝတ်ဆင်နိုင်ဖို့ မင်မင်တို့ဆီမှာ Dress Blouse လှလှလေးတွေ မှာယူနိုင်ပါပြီရှင် ☀️🌻🌞🏝️
゚viral

☃️ ဒီလို အပေါ်ထပ် H.N.M Long Cardigan လေး 1ထည် ရှိရင် ပြီးပြည့်စုံပြီပေါ့ရှင်☃️ အသားထူထူအိအိ၊ ဒီဇိုင်းအမိုက်စားကြိုက်တယ်...
17/06/2026

☃️ ဒီလို အပေါ်ထပ် H.N.M Long Cardigan လေး 1ထည် ရှိရင် ပြီးပြည့်စုံပြီပေါ့ရှင်

☃️ အသားထူထူအိအိ၊ ဒီဇိုင်းအမိုက်စားကြိုက်တယ်ဆိုသူများ ဝယ်ကိုဝယ်ကိုဝယ်ထားရမယ့် Cardigan လေးပါနော်

☃️ ဆိုဒ်က Oversized Long Cardigan ဖြစ်လို့ မေမေတို့လည်းတော်ပါတယ်နော်

☃️ သမီး‌လေးတွေနဲ့ ဆင်တူဝတ်ပြီး အလှချင်းပြိုင်လို့ရပါပြီရှင် 🥰🥰🥰🥰🥰

Price: 16000 ကျပ် (134/146)
18000 ကျပ် (158/170)

Size: 📐📏
ပခုံး ရင် ခါးရှည် လက်ရှည်
134 (8-10 Y) 13" 32" 25" 20"
146 (10-12 Y) 14" 34" 27" 21"
158 (12-14 Y) 15" 36" 29" 23"
170 (14-16 Y+) 15" 38" 31" 24"

💥 Export ဖြစ်တာမို့ တစ်ချို့အထည်လေးတွေမှာ တံဆိပ်လေးတွေဖြတ်ထားပါတယ်ရှင့်

🙏ဝယ်ယူအားပေးသူများကို အထူးပင် ကျေးဇူး
တင်လျှက်🙏

17/06/2026

ဒီလို‌လေး ပြန်ဖြေတော့လေ တကယ့်ကို ဝမ်းနည်းစိတ်နဲ့ ပြုံးမိလိုက်တဲ့ အခိုက်အတန့်လေးပါပဲ။
မေမေတစ်ယောက်အနေနဲ့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေနဲ့ ပင်ပန်းနေချိန်မှာ ခလေးက "မေမေနဲ့ ဆော့ချင်တယ်" လို့ ပြောလိုက်တဲ့အခါ စိတ်ထဲမှာ ခံစားချက်နှစ်ခု ရောထွေးသွားတတ်ပါတယ်။

ဒီလိုအချိန်မှာ ခလေးတွေရဲ့ စိတ်ထဲမှာ မေမေနဲ့ အတူတူရှိနေချင်တဲ့၊ မေမေ့ရဲ့ အချိန်ကို လိုချင်တဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ တောင်းဆိုချက်လေးကို နားလည်ပေးနိုင်ဖို့ အင်မတန်မှလိုအပ်ပါတယ်

ဒီအရွယ်ကလေးတွေက သူတို့ရဲ့ ကမ္ဘာလေးထဲမှာ မေမေ့ကို အရေးအကြီးဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်ထားကြတာပါ။

အလုပ်တွေကြောင့် ပင်ပန်းနေတဲ့ကြားက ဒီလိုအခိုက်အတန့်လေးကို အဖိုးတန်တဲ့အချိန်အဖြစ် ပြောင်းလဲပေးလိုက်တဲ့အခါ မေမေနဲ့ခလေးတွေကြားကနှောင်ကြိုးက ပိုပြီး ခိုင်မြဲသွားပါလိမ့်မယ်။

16/06/2026

ချစ်ဖို့ကောင်းတဲ့ အဆင်လေးရှင်
အကုန်ချစ်ဖို့ကောင်းလို့ အကုန်သာယူလိုက်ပါတော့ 😍😍

16/06/2026

"ကိုယ်ထင် ခုတင်ရွှေနန်း" ဒီစကားပုံကနေ ပေးချင်တဲ့ သင်ခန်းစာလေးရှိတယ်နော် (Good & Bad sides)

ကောင်းတဲ့ဘက် (မိမိကိုယ်မိမိ ကျေနပ်ခြင်း) - "ကိုယ့်မှာရှိတဲ့ အရာလေးက သေးသေးလေးပဲ ဖြစ်ဖြစ်၊ သူများတွေထက် မသာရင်ပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာ ဒါလေးကို တန်ဖိုးထားပြီး ပျော်နေတတ်တာဟာ ကောင်းတဲ့အချက်ပေါ့။"
သတိထားရမယ့်ဘက် (ခေါင်းမာခြင်း) - "ဒါပေမဲ့ တစ်ခါတလေ ကိုယ့်အတွေးတစ်ခုတည်းပဲ မှန်တယ်ဆိုပြီး ဇွတ်ငြင်းနေရင်တော့ မကောင်းဘူးပေါ့။ ဥပမာ- သားသား၊ မီးမီးတို့က တစ်စုံတစ်ခုကို စားစရာလို့ထင်ပြီး စားဖို့လုပ်နေချိန်မှာ မေမေက "ဒါက ဆော့တဲ့ပစ္စည်း စားစရာမဟုတ်ဘူးလို့" ပြောရင် ကိုယ့်အထင်ကိုပဲ ဇွတ်မှန်တယ်ဆိုပြီး စားရင် အန္တရာယ်ရှိတယ်မဟုတ်လား။ အဲဒါကြောင့် ဖေဖေ၊ မေမေတို့ပြောတာကိုလည်း နားထောင်ရမယ်နော်။"

15/06/2026

"လမင်းကြီးက ခလေးတို့နဲ့ အရမ်း အရမ်းကို ဝေးတဲ့နေရာမှာ ရှိနေလို့ပါ။

သူက ကမ္ဘာကြီးထက်တောင် ပိုကြီးပြီး အဝေးကြီးမှာ ရှိနေတော့ ခလေးတို့ ဘယ်လောက်ပဲသွားသွား သူက တစ်နေရာတည်းမှာ ရှိနေတုန်းပဲ။

အဲ့ဒါကြောင့် ခလေးတို့သွားတဲ့နောက်ကို လိုက်လာတယ်လို့ ထင်နေရတာပေါ့

#လမင်း

Address

Building 3, Room 104, Htee Dan Housing, Kyimyindine Township, Myanmar(Burma)
Yangon
11101

Alerts

Be the first to know and let us send you an email when Krystal-X Kids' Export Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Krystal-X Kids' Export Collection:

Shortcuts

Share