𝑍𝑢𝑛𝑒 𝐻𝑡𝑒𝑡 အထည်ဆိုင်

  • Home
  • Myanmar
  • Yangon
  • 𝑍𝑢𝑛𝑒 𝐻𝑡𝑒𝑡 အထည်ဆိုင်

𝑍𝑢𝑛𝑒 𝐻𝑡𝑒𝑡 အထည်ဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝑍𝑢𝑛𝑒 𝐻𝑡𝑒𝑡 အထည်ဆိုင်, Women's clothes shop, North Okkalapa, Yangon.

ချည်သားသားစစ်စစ်မှကြိုက်သူများအတွက်စည်းဝမ်းဆက် ချုပ်ပုံလှလှလေးနဲ့ဆွဲဆောင်လိုက်ပြီ😜Photo crd #
22/04/2023

ချည်သားသားစစ်စစ်မှကြိုက်သူများအတွက်

စည်းဝမ်းဆက် ချုပ်ပုံလှလှလေးနဲ့ဆွဲဆောင်လိုက်ပြီ😜

Photo crd #

20/02/2023

လူငယ်များအတွက်..အကြံပြုချက်..
အခုလို အချိန်ဟာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲ တွေ ဖြစ် ပေါ်နေတဲ့ အတွက် လူငယ် အများစု ဟာ လည်း မိမိ ဘ၀ အသက်မွေး၀မ်းကြောင်း Career အတွက် ဘာတွေ ဆက်လုပ်ရမယ် ဘယ်လို စဉ်းစားသင့်တယ်ဆိုတာကို ဝေခွဲမရ ဖြစ် နေတာ တွေ့ရှိပါတယ်။ ဒီအတွက် ကျွန်တော့် အနေနဲ့ ကျွန်တော့် အတွေ့အကြုံနဲ့ အမြင်ပေါ်မူတည်ပြီး ဘာတွေ ပြင်ဆင်ထားသင့်တယ်ဆိုတာကို ပြောပြချင်ပါတယ်။ ယခု အကြံပြုချက်တွေက မြန်မာပြည်မှာပဲ အလုပ်အကိုင်ရှာဖွေဖို့ဖြစ်ဖြစ် နိုင်ငံခြား ထွက် အလုပ်လုပ်ဖို့ ဖြစ်ဖြစ် လိုအပ်မှာတွေကို အဓိက ရွေးထုတ်ထားပါတယ်။
အလုပ်အတွေ့အကြုံ ယူထားမလား…
ငယ်ရွယ်တဲ့ အချိန်မှာ ပညာ ရှာဖွေမှုတွေကို လုပ်ဆောင် ကြရပါတယ်။ ဒါပေမယ့် လက်ရှိအချိန် လို တက္ကသိုလ်တွေ တက်လို့ မရသေးပဲ ရပ်နားထား ရတဲ့ အချိန်မှာ ဒီအတိုင်း စောင့်ဆိုင်းနေပြီး အချိန်တွေ ကုန်လွန်နေစေမယ့် အစား အတွေ့အကြုံ အနေနဲ့ လုပ်ငန်းခွင်တစ်ခုခုကို ၀င်ရောက် လုပ်ကိုင်သင့်ပါတယ်။ လက်ရှိမှာ လည်း လုပ်ငန်း အတော်များများ ဟာ Recruitment Policy လို့ခေါ်တဲ့ ၀န်ထမ်းသစ်ခန့်ထားရေး မူဝါဒ တွေကို လျော့ချ လာကာ ယခင် ဘွဲ့ ရမှ ဆိုတဲ့ ရာထူးနေရာတွေ အတွက် ဆယ်တန်းအောင်၊ တက္ကသိုလ် ပထမနှစ် ဒုတိယနှစ် စသဖြင့် ပြောင်းလဲ ခန့်အပ်လာတာကို တွေ့ရလျက်ရှိပါတယ်။
အလုပ်၀င်စေတယ်ဆိုတာ ငွေကြေးအတွက် မဟုတ်ပဲ မိမိကိုယ်ကို ပိုရင့်ကျက်အောင်၊ လောကကြီး နဲ့ လူတွေ အကြောင်းလေ့လာ မြင်မိသွားအောင်၊ လုပ်ငန်းလည်ပတ်ပုံတွေ နားလည် တီးခေါက်မိအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ လုပ်သက်အတွေ့အကြုံ ဟာ မိမိ ဘ၀ ကို ရှေ့လျှောက် အထောက်အကူ ကောင်းကောင်းပေးနိုင်သလို အတွေးအခေါ် စဉ်းစားပုံတွေကိုပါ ပြောင်း သွားစေပါတယ်။ ဒီနောက် ပညာရေုးကို ဆက်လက်သွားမယ်ဆိုရင်လဲ ပိုပြီး ထိရောက် နိုင်ပါတယ်။
ဘာသာ စကား လေ့လာရမယ်…
နိုင်ငံ တစ်ခုခု ကိုသွား ဖို့ အဲဒီ နိုင်ငံ ဘာသာ စကားကို လေ့လာ ထားတာ မျိုးလဲ အဆင်ပြေသလို ပြည်တွင်းမှာပဲ အခွင့်အလမ်းတွေ စောင့်နေဦးမယ်ဆိုရင်လဲ အင်္ဂလိပ်စာ ကျွမ်းကျင်အောင် လေ့လာ ထားတာမျိုးက မလုပ်မဖြစ် စာရင်းထဲ ထည့်လို့ရပါတယ်။ အင်္ဂလိပ် လို ကောင်းကောင်း နားလည် သွားတာနဲ့ ကမ္ဘာအရပ်ရပ်က စာအုပ်စာပေ တွေ ပညာရပ်တွေကို အတားအဆီးမရှိ ကိုယ်တိုင်စိတ်ကြိုက် လေ့လာလို့ ရသွားမှာ ဖြစ်ပါတယ်။ ဆိုတော့ အင်္ဂလိပ်စာ ဟာ ပြင်ပ ကမ္ဘာကို မြင် နိုင်တဲ့ တံခါးအတွက် သော့ တစ်ချောင်းပါပဲ။ ဒါ့အပြင် ကမ္ဘာမှာ အသုံးများ တဲ့၊ စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများတဲ့ တရုတ်စာ၊ ဂျပန်စာ၊ ကိုရီးယား၊ ထိုင်း ဘာသာ စကားတွေဟာလည်း တတ်နိုင် ရင် လေ့လာ ထားသင့်ပါတယ်။
ကွန်ပျူတာ ကျွမ်းကျင်မှု…
ကျွန်တော် ဆယ်တန်းအောင်တော့ အမေက မတတ် မနေရ ပညာတွေ လို့ List တစ်ခု သတ်မှတ် ကာ သင်ယူစေပါတယ်။ အဲဒီအထဲမှာ ရေကူးတာ၊ ကားမောင်းတာ၊ ကိုယ်ခံပညာ(ဝူရှူး)၊ အင်္ဂလိပ်စာ၊ အားကစား တွေ (Table Tennis, ကြက်တောင်) စတာတွေ အပြင် ကွန်ပျူတာ ကိုလဲ လေ့လာ စေပါတယ်။ ဒါ ဟာ လုပ်ငန်းခွင်၀င်တဲ့ အချိန်မှာ အတော်လေး အထောက်အကူ ဖြစ်ပါတယ်။ ကွန်ပျူ တာ ကျွမ်းကျင်မှု ဆိုရာမှာ စာစီစာရိုက် ကိုသာ ဆိုလိုတာမဟုတ်ပဲ Microsoft Office Software တွေ အသုံးပြုပုံ၊ အခြား လက်ရှိခေတ် အသုံးများတဲ့ Software တွေ ၊ နည်းပညာတွေ ကို အကျွမ်း၀င်အောင် လုပ်ဆောင်ရမှာပါ။ ကျွန်တော် အလုပ်စ၀င်တဲ့ အချိန်မှာ Powepoint Presentation ကို ကောင်းကောင်း သုံးပြီး တင်ပြ နိုင်ခဲ့တာဟာ အခြားသူတွေ ထက်ကြီးမားတဲ့ အားသာချက်ဖြစ်ခဲ့ ပါတယ်။ ဒါ့အပြင် တစ်ဌာနလုံး မြန်မာ ဖောင့် မရိုက်တတ် တဲ့အချိန်မှာ အရေးကြီး စာတစ်စောင် ရိုက် ဖို့ ရှိလာတော့ ကိုယ်က ကျွမ်းကျွမ်းကျင်ကျင် ရိုက်ပေးလိုက်နိုင်ကာ အထက်လူကြီး ရဲ့ အသိအမှတ် ပြုမှုကို ရခဲ့ဖူးပါသေးတယ်။
Survival Skills လေးတွေ…
အခြေခံ အသက်မွေး ပညာလေးတွေ ဝါသနာပါရင် သင်ယူထားတာ လဲ ကိုယ့်ကို အကျိုးပြုနိုင်သလို အလုပ်အကိုင်အတည်ကြီးရသွားရင်တောင်မှ အပို၀င်ငွေ ရှာပေးနိုင်ပါသေးတယ်။ ဥပမာ အင်္ကျီ ချုပ်သင်ထားတာ၊ အိမ်ခြံမြေကား အကျိုးဆောင်ပညာ၊ ကားမောင်းတာ၊ လက်မှုပညာတစ်ခုခု၊ ရွှေငွေ ကျောက်မျက် ရတနာ ပညာ၊ အစားအသောက်ချက်ပြုတ်ပြင်ဆင်၊ စတာတွေ လေ့လာသင်ယူ ထားရင် လည်း တစ်ချိန်မှာ အသုံး၀င် နိုင် မှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ Soft skillတွေ ဖြည့်တင်းထား…
လုပ်ငန်းခွင် ၀င်တာဖြစ်ဖြစ် ကိုယ်ပိုင်စီးပွားရေး နယ်ပယ်မှာ ဖြစ်ဖြစ်မဖြစ်မနေ ကောင်းဖို့လိုတဲ့ Soft Skillတွေ ရှိပါတယ်။ ဥပမာ Presentation Skill, Communication, Planning, Selling Skill, စတာတွေ ပါပဲ။ ဒီSoft sklls တွေ ဟာ ဘယ်လို လုပ်ငန်းအမျိုးအစားနဲ့ အသက်မွေး၀မ်းကြောင်း ကိုပဲ လုပ်သည်ဖြစ်စေ အောင်မြင်ဖို့အတွက်မဖြစ်မနေ လိုအပ်တဲ့ အချက်တွေ ဖြစ်ပါတယ်။ဒါ့အပြင် လုပ်ငန်းမျိုးစုံကို ပြောင်းလဲ အသုံးချလို့ရပါတယ်။ ဥပမာ Communication ကောင်း မွန်မှုဟာ အရောင်း ၀န်ထမ်းပဲလုပ်လုပ်၊ HR ပဲလုပ်လုပ် ၊ ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ် အသုံး၀င်နေ တဲ့သဘောပါပဲ။
နေ့စဉ်တိုးတက်မှု တစ်ခု ရှိနေစေပါ..
နေ့စဉ်နေ့တိုင်း ပိုပြီး သိလာတာ၊ အသစ်အသစ်နားလည်း လာတာ ၊ဗဟုသုတ တစ်ခုခုတိုးလာတာ မျိုး ဖြစ်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ မနေ့ကထက် ဒီနေ့ဘာတွေပိုပြီး သိလာသလဲ၊ ဘာပိုပြီးမှတ်သားမိလဲ ပြန်ဆန်းစစ်ဖို့ပါပဲ။ ဒီလို တိုးတက်လာဖို့အတွက် စာအုပ် တွေ ဖတ်ရှုတာ၊ online မျှဝေမှုတွေ လေ့လာတာ၊ သင်တန်းတွေ တက်ရောက်တာ၊ Self Study ပြုလုပ် တာ ၊ စတာတွေ နဲ့ ဆောင်ရွက်နိုင်ပါတယ်။
၀ါသနာပါတာတစ်ခုခုလဲလုပ်ပါ…
တစ်ခါတစ်လေမှာ စိတ် ညစ်လာတာ၊ စိတ်ဓာတ်ကျတာတွေလဲ ဖြစ်လာနိုင်ပါတယ် ။ ဒီလို ဖြစ်နေဖို့ အချိန်မရှိအောင် ဖြစ်မလာအောင် ဝါသနာပါတဲ့ အရာတစ်ခုခုကို လုပ်နေတာလဲအဆင်ပြေပါတယ်။ ပိုကောင်းတာကတော့ ဂစ်တာ တီးတာလို တူရိယာ တစ်ခုခုတီးခတ် မှုလေ့ကျင့်တာ၊ ခဲပန်းချီဆွဲတာလို အနုပညာတစ်ခုခု လေ့လာလိုက်စား လေ့ကျင့်တာ၊ အားကစား တစ်ခုခု စတင်လုပ်ဆောင် ကြည့်တာ တွေ ဖြစ်ပါတယ်။ ဒါတွေဟာ ဝါသနာ အဖြစ် အပြင် နောင်တစ်ချိန်မှာ ကိုယ့်ရဲ့ Talent အနေနဲ့ပါ ပြန်လည် ထုတ်သုံး လို့ရနိုင်ပါလိမ့်မယ်။
ဒါလေးတွေ ကတော့ လက်ရှိမှာ ပညာရေး တစ်ပိုင်းတစ်စ နဲ့ အချိန်ကုန်သလို စိတ်ဓာတ်ကျသလို ဖြစ်နေ နိုင်တဲ့ ညီ ညီမ ငယ်များအတွက် ဘာတွေ လုပ်ထားလို့ရတယ်ဆိုတာကို ကျွန်တော့် အမြင်သက်သက် နဲ့ မျှဝေပြောပြချင်တာတွေ ဖြစ်ပါတယ်။ အားလုံးပဲ အောင်မြင်တဲ့ လမ်းကြောင်း တစ်ခုကို အမြန်ဆုံးဖော်ဆောင် နိုင်ပါစေဗျား။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကိုလွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

ပြည့်ပါစေ🙏
31/01/2023

ပြည့်ပါစေ🙏

26/01/2023

လူတွေရဲ့ ငွေရရှိပုံအမျိုးမျိုးရှိတယ် 💸

1️⃣ အသုံးစရိတ်နဲ့ ဝင်ငွေနဲ့ ညီနေရင် ဘယ်တော့မှ စုဆောင်းမိမှာမဟုတ်ပါဘူး..

2️⃣ ဝင်ငွေထက် အသုံးစရိတ်က များနေရင် အကြွေးပတ်လည်ဝိုင်းနေမှာပဲ

3️⃣ ဝင်ငွေက အသုံးစရိတ်ထက် ပိုများနေမှ ငွေပိုငွေလျှံရပြီး စုဆောင်းမိလာမှာပါ..

4️⃣ လိုအပ်တာထက်ပိုလာပြီး စိတ်ကြိုက်သုံးနိုင်တဲ့အဆင့်ပါ

၁ နဲ့ ၂ မှာရှိနေတဲ့သူတွေက ဘဝမှာမပျော်ရွှင်နိုင်ပါဘူး.. ရှာလိုက်ရ ကုန်သွားလိုက် ရှာလိုက်ရပေးလိုက်ရနဲ့ အပိုစုမိထားတာမရှိလို့ ဘဝမှာပျော်စရာနည်းပါလိမ့်မယ်

ငွေပိုငွေလျှံရှိမှ မိမိလိုချင်တာ ဖြစ်ချင်တာ သုံးစွဲခွင့်ရမှာပါ

ပထမဆုံးငွေပိုရအောင်ဘယ်လိုရှာဖွေရမလဲဆိုတာ စဉ်းစားတွေးခေါ်နေဖို့လိုတယ် မိမိရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို များလာအောင် အဖက်ဖက်က ကြိုးစားနေဖို့လိုတယ်

လူတွေက နံပါတ် (၄) အဆင့်ဖြစ်တဲ့ “လိုအပ်တာထက်ပိုလာပြီး စိတ်ကြိုက်သုံးနိုင်တဲ့အဆင့်” ကို ဖြစ်ချင်ကြပေမယ့် အများစုက ပိုလျှံလာတာနဲ့ ရင်းနှီးမြုပ်နှံမှုမပြုဘဲ သုံးဖြုန်းပစ်လိုက်ကြတယ်.. 💰

ငွေကြေးစီမံခန့်ခွဲမှုဆိုတာ ကျောင်းပညာကသင်မပေးပါဘူး လက်တွေ့ဘဝထဲမှာပညာရှာရတာပါ

တစ်ခုခုကိုသုံးမယ်ဆိုတိုင်း မိမိရဲ့ ဘဏ္ဍာရေးအခြေနေကိုပြန်လည်သုံးသပ်ပါ.. တစ်ခုခုကို မလိုဘဲ ဖြုန်းတော့မယ်ကြံတိုင်း “ငါဘာတွေစုဆောင်းထားလဲ”တွေးပါ

“မရှာနိုင်ရင် အသုံးလျော့ပါ အသုံးမလျော့နိုင်ရင် ရှာနိုင်အောင်ကြိုးစားပါ “ ‼️

ချစ်ခြင်းမေတ္တာဖြင့်

Dr.Kathryn 👩‍⚕️(Kaythari Kyaw)

Address

North Okkalapa
Yangon

Website

Alerts

Be the first to know and let us send you an email when 𝑍𝑢𝑛𝑒 𝐻𝑡𝑒𝑡 အထည်ဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share