16/07/2021
🟠COVID -19 တွင် တွေ့ရများသော မျက်စိ အမြှေးပါးယောင်ခြင်း🟠
(COVID-19 related conjunctivitis)
🔔Covid ကူးစက်ခြင်းခံရတဲ့ လူနာတွေရဲ့ 1-3% လောက်ဟာ မျက်စိ အမြှေးပါးယောင်တဲ့ လက္ခဏာတွေနဲ့ တွဲပြီး တွေ့ရလေ့ရှိပါတယ်။
🔔covid ရဲ့ အခြား လက္ခဏာများ မပေါ်ခင်မှာလဲ မျက်စိ အမြှေးပါးယောင်ခြင်းဟာ ပထမဆုံး အနေနဲ့ ဖြစ်လာတာလဲ ရှိနိုင်ပါတယ်။
🔔ဒါကြောင့် အခုလို ကာလမှာ မျက်စိနီခြင်း၊ မျက်စိကျိန်းခြင်း ဖြစ်ပေါ်လာပြီ ဆိုပါက covid ကိုပါ သံသယထား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
🔵မျက်စိ အမြှေးပါးယောင်ရင် ဘယ်လို လက္ခဏာတွေ ခံစားရမလဲ❓❓❓
မျက်စိ တစ်ဖက်/ နှစ်ဖက်လုံးမှာ
🔹မျက်စိနီခြင်း
🔹မျက်ရည်ကျခြင်း
🔹မျက်စိ ယားယံခြင်း၊ အနေရခက်ခြင်း
❌ မျက်စိမှုန်ခြင်း၊ နာကျင်ခြင်းကိုတော့ ခံစားရလေ့မရှိပါဘူး။
👉🏽မျက်စိနာကျင်ကိုက်ခဲမယ် ဆိုပါက အခြား မျက်စိရောဂါ တစ်ခုခုနဲ့ ဆက်နွယ်နေနိုင်ပါတယ်။
🔵ဘယ်လို ကုသမှုပေးမလဲ❓❓❓
🔹ပထမဆုံး ပြုလုပ်ပေးရမှာကတော့ သန့်ရှင်းရေးပါ
✅မျက်ခွံနဲ့ မျက်ခမ်းကို tissue/ wet tissue တို့ဖြင့် သန့်ရှင်းပေးနိုင်ပါတယ်။
✅သန့်ရှင်းပြီး tissue တို့ကို သေချာစွာ စွန့်ပစ်ပါ။
✅ပြီးလျှင် လက်ဆေးပါ။
❌မျက်လုံးကို မကြာခဏ ပွတ်သပ်ခြင်းကို ရှောင်ပါ။
🔹မျက်လုံးယောင်ပြီး အနေရခက်လျှင် ရေခဲ / ရေအေးဝတ်ကပ်ပေးပါ
🔹မျက်စဉ်းအနေနဲ့ မျက်ရည်အတု (artificial tear) ခပ်ပေးနိုင်ပါတယ်။
👍🏻E.g Cool eye, protear, neotear, tearnaturale, Iris, systane, etc…
👍🏻တစ်နေ့ လေးကြိမ် ခပ်ပေးနိုင်ပါတယ်။
🔹မျက်ဝတ် မျက်ချေး ထွက်လျှင် Antibiotic မျက်စဉ်းခပ်ဖို့ လိုပါမယ်
👍🏻E.g Ciplox, Oflox, Chloramphenicol , Optomycin, etc…
👍🏻တစ်နေ့ လေးကြိမ် ခပ်ပေးနိုင်ပါတယ်။
🔹မျက်စိ အမြှေးပါး ယောင်ခြင်း ပြင်းထန်မှသာ steroid ပါသော မျက်စဉ်းကို သတိထားပြီး ခပ်ပေးပါ။
👍🏻အကောင်းဆုံးကတော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ခပ်ပေးခြင်းပါ။
❌Steroid ပါသော မျက်စဉ်းများကို ၂ ပတ်ထက် ပိုပြီး မခပ်သင့်ပါ။
❌ စွဲခပ်ခြင်း လုံးဝ မပြုလုပ်ရပါ။ ရေတိမ်ရောဂါ ဖြစ်စေနိုင်ပါတယ်။
❌ တယ်လီဖုန်း မျက်စဉ်း၊ ဘဲနှုတ်သီး (အရပ်အခေါ်) မျက်စဉ်းများလဲ လုံးဝ မခပ်သင့်ပါ။
🔵 မျက်စိ အမြှေးပါးယောင်ခြင်းကြောင့် ရှောင်ကြဉ်ရမယ့် အစားအသောက် မရှိပါ။
အာဟာရပြည့်ဝစွာ အားလုံး စားသုံးနိုင်ပါတယ်။ 🍵🥗🍜
သွေးတိုးဆီးချိုရှိသူများကလဲ မိမိတို့ ပုံမှန် စားသုံးနေကြအတိုင်း စားပေးလို့ရပါတယ်။ 🥦🥬🥕
🌻အားလုံးပဲ Covid ရန်မှ ကင်းဝေးကြပါစေ။
🌻Mask တပ်ပါ။
🌻လက်ဆေးပါ။
🌻ခပ်ခွါခွါနေပါ။
Crd 👁👁Tele Eyecare👁👁