10/01/2023
သမ္ဗုဒ္ဓေဂါထာပူဇော်နည်း
နံနက် မိုးသောက် အခါ ကိုယ်လက် သန့်စင်ပြီး သမ္ဗုဒ္ဓေဂါထာတော်အား (၉) ခေါက်ပူဇော်ပါ ..။
▪️ညဘက် အိပ်ရာ မဝင်ခင် ကိုယ်လက် သန့်စင်ပြီ သမ္ဗုဒ္ဓေဂါထာတော်အား (၉) ခေါက် ပူဇော်ပါ ..။
ဤကဲ့သို့ နေ့စဉ် ရက်မပျက်စေပဲ ကျင့်ဆောင် သွားပါလျှင် ..
️ပြောတိုင်း ဆိုတိုင်းအောင်မြင်စေ၏ ။
️ဘေးရန်အန္တရာယ် ကင်းဝေးစေ၏ ။
️သြဇာအာဏာ တည်စေ၏ ။
️သမ္မာဒေဝနတ်များ လောကပါလ
နတ်ဒေဝါများအမြဲ စောင့်ရှောက်ရ၏။
တစ်ပါးသူတို့က မိမိ အား မကောင်းမကြံနိုင် ။
️ဘေးဘယာ ၊ ရောဂါအနာများကင်းပျောက်ရ၏ ။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
▪️အန္တရာယ် ရန်စွယ် အတိုက်အခံ ကင်းဝေးလိုပါက သမ္ဗုဒ္ဓေဂါထာတော်အား
နံနက် = သက်စေ့
ည = သက်စေ့ ပူဇော်ပါ ဟု
ဆရာတို့ မိန့်ဆို၏ ..။
▪️အမှောင်ပယောဂ ၊ စုန်း ၊ ကဝေ ၊ နတ်မိစ္ဆာ ၊ တစ္ဆေ ၊ မြေဘုတ် ၊ သူတစ်ပါး ပြုစားခြင်း တို့မှ ကင်းဝေး ပပျောက်စေလိုပါက
ည (၂၇) ခေါက်
နံနက် (၂၇) ခေါက်
ရွတ်ဆိုပူဇော်ရမည်ဟု
ဆရာတို့မိန့်ဆို၏ ..။
▪️လောကီကိစ္စ ကောင်းကျိူးချမ်းသာ မင်္ဂလာသုခနှင့် ပြည့်စုံလိုပါက သမ္ဗုဒ္ဓေဂါထာတော်အား
နံနက် ( ၅၄ )ခေါက်
ည ( ၅၄ ) ခေါက်
ရွတ်ဆိုပူဇော်ပါဟု
ဆရာတို့မိန့်ဆို၏ ..။
▪️အနာရောဂါများ ကင်းပျောက် ချမ်းသာလိုပါက ...သမ္ဗုဒ္ဓေဂါထာတော်အား
နေ့စဉ် နံနက် အရုဏ်တတ်တိုင်း
( ၁ဝ၈ ) ခေါက် ရွတ်ဆိုပူဇော်ပါဟု
ဆရာတို့မိန့်ဆို၏ ..။
▪️ဝိဇ္ဇာမဟိဒ္ဓိ ၊ သိဒ္ဓိတန်ခိုး စွမ်းအားမျိူးကို အလိုရှိပါက သမ္ဗုဒ္ဓေဂါထာတော်အား
နေ့စဉ် (၁ဝဝဝ ) ၊
ရွတ်အား ဆောင်၍ ၊
အခေါင်သိဒ္ဓိ ၊ မဟိဒ္ဓိသည်
ဇမ္ဗူတစ်ခွင် ၊ ကျော်စောထင်လိမ့်မည်ဟု
ဆရာတို့ မိန့်ဆိုလေ၏ ..။
အဓိဋ္ဌာန်ကို
၉ - ရက်
၁၈ - ရက်
၂၇ - ရက်
၃၆- ရက်
၄၅- ရက် -
၅၄-ရက် စသည် အဓိဋ္ဌာန်ဝင်၍
နေ့စဉ် ( ၁ဝဝဝ ) ရွတ်ဆိုပူဇော်ရမည် ..။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
🔰" သမ္ဗုဒ္ဓေဂါထာသမိုင်းကြောင်း "🔰
_________________________
" သမ္ဗုဒ္ဓေဂါထာ " တော်သည် ...ညောင်းရမ်း ၇ - ဆက်မြောက် ရမည်းသင်းမင်း မင်းရဲကျော်ထင်ဘုရင်လက်ထက်တွင် အရှင်ဓမ္မာနန္ဒမထေရ်စီရင်ရေးသားတော်မူသည့်
" တထာဂတုပ္ပတ္တိကျမ်း " ၏ မဏာမဂါထာ ဖြစ်ကြောင်းသိရသည် ။
ထို " တထာဂတုပ္ပတ္တိကျမ်း " ကိုတိုင်းပြည် စစ်ရေးငြိမ်သက်ချိန်ကာလ၌ ရေးသားစီရင်တော်မူသည်။
တထာဂတုပ္ပတ္တိကျမ်းသည်
၅ - သိန်း ၁ -သောင်း ၂ - ထောင်
၂ - ကျိပ်၊ ၈ - ဆူကုန်သော ဘုရားရှင်တို့၏
"" အတ္ထုပ္ပတ္တိ "" ကို ပြဆိုတော်မူ၏ ။
#သမ္ဗုဒ္ဓေဂါထာတော်
~~~~~~~~~~
၁။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ
ဒှါဒသဉစှ သဟဿကေ
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာ မဟံ။
၂။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒေရန နမာ မဟံ
၃။ နမက်ကာရာ နုဘာဝနေ
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော ။
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
🌸 အနက် + မြန်မာပြန် 🌸
__________________
🔹အဋ္ဌဝီသံ = ၂ . ကျိပ်၊ ၈ . ဆူကုန်သော၊
သမ္ဗုဒ္ဓေစ = ရှင်တော်ဘုရားတို့ကိုလည်းကောင်း၊
ဒွါဒသဉ္စ သဟဿကေ = ၁ .သောင်း၊ ၂ .ထောင်ကုန်သော၊
သမ္ဗုဒ္ဓေစ = ရှင်တော်ဘုရားတို့ကိုလည်းကောင်း၊
ပဉ္စသတ သဟဿာနိ = ၅ .သိန်းကုန်သော၊
သမ္ဗုဒ္ဓေစ = ရှင်တော်ဘုရားတို့ကိုလည်းကောင်း၊
အဟံ = ကျွန်ုပ်သည်၊
သိရသာ = ဦးခေါင်းဖြင့်၊
နမာမိ = ရှိခိုးပါ၏ ၊
🔹ဝါဠုကာ ဂင်္ဂါ = ဂင်္ဂါမြစ်ထဲ ကျောက်သလဲတို့သည် ၊
အပ္ပကာ = နည်းလှချေသေး၏ ၊
နိဗ္ဗုတာ ဇိနာ = ပရိနိဗ္ဗာန်စံလွန်ကုန်ပြီးသော ဘုရား တို့သည်သာ ၊
အနန္တာ = မရေတွက်နိုင်အောင် များလှလေကုန်ပြီ ၊
️ တေ = ထို ဂင်္ဂါဝါဠု သဲစု မက ပရိနိဗ္ဗာန်စံလွန်တော် မူကြသော ဘုရားရှင်တို့ကိုလည်းကောင်း ၊
တေသံ = ထို ဘုရားရှင် အဆူဆူတို့၏ ၊
ဓမ္မဉ္စ = တရားတော်ကိုလည်းကောင်း၊
သံဃဉ္စ = သံဃာတော်ကိုလည်းကောင်၊
အဟံ = ကျွန်ုပ်သည်၊
အာဒရေန = ရိုသေသဖြင့်၊
နမာမိ = ရှိခိုးပါ၏ ။
🔹 နမက္ကာရာနုဘာဝေန = ရှိခိုးရသော စေတနာ၏ အာနုဘော်ကြောင့်၊
သဗ္ဗေ = ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ = ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊
ဟိတွာ = ပယ်ဖြတ်၍၊
အနေကအန္တရာယာပိ = အန္တရာယ် အမျိုးမျိုးတို့သည်လည်း၊
အသေသတော = အကြွင်းအကျန် မရှိသောအားဖြင့်၊
ဝိနဿန္တု = ကင်းစင် လွင့်ပျောက်ပါစေ ကုန်သတည်း။
Credit 🌼🌼🌼
ပြန်လည် မျှဝေ ပူဇော်ပါသည်။🙏🙏🙏