Yadanar Children books & clothings

Yadanar Children books & clothings ကိုယ့်ရဲ့ ရတနာလေးတွေအတွက် books & Update design လ?

17/09/2022

သား ၃နှစ်အရွယ်ခံစားချက်တွေပေါ့။ မိခင်ဖြစ်ရတာ ကျမကံကောင်းတယ်လို့ ခံစားရတယ် ... ဘာလို့လဲဆိုရင် ကျမအမေတစ်ယောက်အနေနဲ့ ပိုပြီးမျက်စိပွင့်နားပွင့်လာခဲ့တယ်။ ကလေးလေးတစ်ယောက် ဗိုက်ထဲကထွက်လာတဲ့အချိန်ကစပြီး သမားရိုးကျ ပြုစုရုံနဲ့မလုံလောက်ဘူးဆိုတာ သူလေးမွေးပြီးမှ ပိုသိလာတယ်။ အမေတစ်ယောက်အနေနဲ့လည်း အမှားတွေကြားကနေ အခုထိစမ်းတဝါးဝါး လေ့လာနေဆဲပါ...

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တာရဲ့နောက်ကွယ်မှာ အစားအသောက်၊ အဝတ်အထည်၊ နေစရာထက်အများကြီးပိုတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုတွေလိုအပ်တယ်။ "အူဝဲ" ဆိုတဲ့ ငိုသံလေးက မိခင်ကပွေ့ဖက်လိုက်တဲ့ လုံခြုံမှုကို လိုအပ်နေတဲ့ အချက်ပေးသံလေးဆိုတာ စိတ်ပိုင်းဆိုင်ရာအရ ကျမပိုနားလည်လာတယ်။ ကျမတို့ကို တစ်ချိန်လုံး "မေမေ မေမေ" တမ်းတနေတာ၊ လိုက်ဆွဲနေတာ စိတ်အနှောက်အယှက်ဖြစ်ရပေမဲ့ ဒါဟာ ကိုယ်ကသူတို့လေးတွေရဲ့ လုံခြုံနွေးထွေးမှုကိုပေးနိုင်တဲ့ ရင်ခွင်ဆိုတာ ပြနေတယ်။

သားလေးမွေးစကနေ အသက်တစ်ဖြည်းဖြည်းကြီးလာတဲ့အထိ သူ့ရဲ့ကိုယ်လက်အင်္ဂါလေးတွေ ကောင်းမွန်စွာ ဖွံ့ဖြိုးဖို့ လွတ်လွတ်လပ်လပ်ဆော့ခိုင်းရမယ်၊ အလွန်အကျူး ပိုးမွေးသလိုလုပ်လို့မရဘူးဆိုတာ သိနားလည်လာတာနဲ့ ဆော့ကစားတာကို ကျမအရမ်းအားပေးခဲ့တယ်။ ဒါတောင်ကစားစရာပစ္စည်းတွေက တစ်ခါဆော့ပြီး ပျင်းတတ်ကြတဲ့အရွယ်တွေမို့ အမြဲဝယ်မပေးခဲ့ဘူး။ အိမ်မှာရှိတဲ့ ပစ္စည်းတွေ၊ အပြင်လောက သဘာဝပတ်ဝန်းကျင်ကအရာတွေက သူတို့ရဲ့စူးစမ်းချင်စိတ်လေးတွေကို ပိုတွန်းအားပေးလို့ ဒီအရာတွေနဲ့ပိုရင်းနှီးစေခဲ့တယ်။

ကလေးတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့စိတ်နေသဘောထား temperament, အပြုအမူ behavior လေးတွေကို တန်ဖိုးထားပြီး မှန်ကန်တဲ့လမ်းကြောင်းပေးရမယ်ဆိုတာ မိခင်ဖြစ်ပြီးမှပိုနားလည်လာတယ်။ အရင်ကသူများကလေးရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေ၊ social ကောင်းတာလေးတွေ စသဖြင့်တစ်ခြားကလေးတွေရဲ့ ကောင်းတဲ့အရာမှန်သမျှကို ကိုယ့်ကလေးရဲ့ ကိုယ်ပေါ်မှာစုပြီး မြင်ချင်ခဲ့တယ်။ ကိုယ့်ကလေးရဲ့ ထူးခြားတဲ့အပြုအမူလေးတွေကိုတော့ မမြင်နိုင်ပဲ မေ့လျော့နေခဲ့မိတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကလေးရဲ့ မတူညီတဲ့ ချဉ်းကပ်ပုံလေးတွေ၊ စိတ်နေသဘောထားလေးတွေကို ကိုယ်တိုင် connect လုပ်ပြီး ချိတ်ဆက်လေလေ ကလေးနဲ့ကြားက ရင်းနှီးမှုပိုခိုင်မာလေလေဆိုတာ နားလည်လာတယ်။

သားကို ဘယ်တော့မှ judge မလုပ်ခဲ့တာကို အခုထိအကျေနပ်ဆုံးပဲ။ သူငယ်ငယ်လေးကတည်းက အရောင်ဆို ပန်းရောင်ကြိုက်တယ်ဆိုရင် ကျမပန်းရောင်အင်္ကျီဝတ်ပေးလိုက်ဖို့ဝန်မလေးခဲ့ဘူး။ သူကိစ္စသေးသေးလေးကို ဝမ်းနည်းတကြီး ငိုနေရင် "မိန်းကလေးလား?" လို့မမေးခဲ့ဘူး။ သူဟင်းချက်တိုင်းဆော့ချင်ရင် pretend play ဆော့ဖို့ အိုးခွက်ပန်းကန်တွေထုတ်လာပေးဖြစ်ခဲ့တယ်။ ဒါတွေရဲ့အကျိုးဆက်က ဘယ်အလုပ်မဆို ကျား/မ gender stereotypes မခွဲခြားတော့ဘူး။

ကျမသားကို များများလုပ်ပေးဖြစ်တဲ့ ပိုက်ဆံမကုန်တဲ့အရာက မေးခွန်းတွေမေးတာနဲ့ သူမေးတာတွေကိုပြန်ဖြေဖြစ်တာပဲ။ မေးခွန်းတွေသူ့ကိုမေးတဲ့အခါ သူအမြဲတွေးဖြစ်နေတယ်။ What ဘာလဲဆိုတဲ့အရာကနေ Why ဘာကြောင့်ဖြစ်လာတာဆိုတဲ့ logical thinking တွေ၊ critical thinking တွေကို အမေးအဖြေတွေကနေ တွေးခိုင်းဖြစ်တယ်။ တစ်ချို့အရာတွေမှာ အဖြေမှန်ဆိုတာမရှိဘူး လူတွေရဲ့တွေးပုံအပေါ်မူတည်ပြီး ကွဲပြားတယ်ဆိုတာ ပြောပြပေးဖြစ်တယ်။ သူမေးတဲ့ ပေါက်ကရမေးခွန်းလေးတွေကို ဖြေတတ်ဖို့လည်းအခုကျင့်သားရနေပါပြီ။

နောက်ဆုံးတစ်ခုက သူ့ကိုအခုအရွယ်ကတည်းက boundary ( စည်း) ဆိုတာလေး ပြောပြရမယ်ဆိုတာ ပိုသိလာတယ်။ အရာရာ အားနာလွန်းတာ၊ သဘောကောင်းလွန်းတဲ့အခါ လူတွေက ကိုယ့်အပေါ်အခွင့်အရေးယူလာတတ်တယ်။ အခုအရွယ်ကတည်းက ကျမကို သူမလုပ်ချင်တာရှိရင် "No" ပြောတာကို ကျေကျေနပ်နပ်ကြီးလက်ခံတယ်။ သူ့ဆန္ဒကိုလည်းလေးစားပြီး လိုက်လျောလို့ရတာဆို လိုက်လျောပေးလိုက်တယ်။

တစ်ကယ်တော့ မိခင်ဘဝက ကျမအတွက်အခုမှ ၃နှစ်တာလေးရယ် ရှိသေးတာပါ။ ကျမထက်အတွေ့အကြုံများတဲ့ မိခင်တွေဆီကလည်းအမြဲလေ့လာရတယ်။ အတုယူကျင့်သုံးရတာလေးတွေရှိတယ်။ ဒီ ၃နှစ်တာမှာ ကျမသိလိုက်ရတာတွေ၊ လေ့လာလို့မဆုံးတဲ့ခရီးစဉ်တွေဆက်လက်ရှိနေဦးမယ်ဆိုတာ သိလိုက်ရပါတယ် ...

ဘာရယ်မဟုတ်ဘူး မိခင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ်လေးပေါ့။ သားလေးအတွက် ကျမဆက်လက် ကြိုးစားရပါဦးမယ် ...

မေမေမြဘုန်းဆင့်
#ခေတ်သစ်မေမေ

16/09/2022
လက်ဆောင် နံပါတ် ၆ 1) comment မှာဖြေပေးပါ2) post လေးကို group ၃ခုလောက်မှာဖြစ်ဖြစ် share ပေးပါမေးမှာလေးက ဘေဘီလေးပေါင်ချိန်...
09/09/2022

လက်ဆောင် နံပါတ် ၆

1) comment မှာဖြေပေးပါ
2) post လေးကို group ၃ခုလောက်မှာဖြစ်ဖြစ် share ပေးပါ

မေးမှာလေးက ဘေဘီလေးပေါင်ချိန်ဘယ်လောက်ပါလဲ?

မူရင်းစျေး ၆၅၀၀ ရှိပါတယ် ကလေးထွားရင် ၃နှစ်
အောက်၊ အရမ်းမထွားရင်ပုံမှန် ၃နှစ်ဝတ်ဂါဝန်လေးပါ

အဖြေမှန်တဲ့ ရသွားတဲ့သူက deli ခလေးကျခံပေးပါနော်

09/09/2022

နက်ဖန် လက်ဆောင် ပို့စ်တွေဆက်တင်ပေးသွားပါဦးမယ်

Edit # အဖြေမှန်သူကို မန့်မှာ ရလို့လာရေးပေးမယ်နော်
comment အနည်းဆုံး ၅ခုလောက်စောင့်ပါရစေနော် ပျော်စရာပေါ့

လက်ဆောင် နံပါတ် ၅1)comment မှာဖြေပေးရမှာပါ2)post လေးကို group ၃ခုလောက်မှာဖြစ်ဖြစ် ကိုယ့် timeline မှာဖြစ်စေ share ပေးပါမ...
09/09/2022

လက်ဆောင် နံပါတ် ၅

1)comment မှာဖြေပေးရမှာပါ

2)post လေးကို group ၃ခုလောက်မှာဖြစ်ဖြစ် ကိုယ့် timeline မှာဖြစ်စေ share ပေးပါ

မေးတာတွေက အရမ်းလွယ်နေပါတယ်
Admin အလုပ်ထွက်တာ ဘယ်နှစ်နှစ်ရှိပြီလဲ?

စာအုပ်လေးက ၆၅၀၀ ကျော်တန်ဖိုးရှိပါတယ်
အသစ်နီးပါးပါပဲ UK used book

အဖြေမှန်လို့စာအုပ်ရသွားသူက deli ခကျခံပေးပါရှင်

လက်ဆောင် နံပါတ် ၃1) comment မှာဖြေပေးရမှာပါ2)post လေးကို group ၃ခုလောက်မှာ share တာဖြစ်ဖြစ် ကိုယ့်timeline မှာဖြစ်ဖြစ် s...
09/09/2022

လက်ဆောင် နံပါတ် ၃

1) comment မှာဖြေပေးရမှာပါ

2)post လေးကို group ၃ခုလောက်မှာ share တာဖြစ်ဖြစ် ကိုယ့်timeline မှာဖြစ်ဖြစ် share ပေးပါ

မေးခွန်းက Admin မွေးလပါ?

new born လေးတွေအတွက်အဆင်ပြေပါတယ်
4500ks တန်ဖိုးရှိပါတယ်
၅ကွက်လုံးအသံမြည်ပါတယ်၊ UK used book
၄ပုံမြောက်မှာ ပြဲတဲ့နေရာရိုက်ပြထားပါတယ်

အဖြေမှန်တဲ့သူက စာအုပ်လေးရရင် deli ခကျခံပေးပါ

လက်ဆောင် နံပါတ် ၂1)comment မှာဖြေပေးရမှာပါ2)post လေးကို group ၃ခုလောက်ဖြစ်ဖြစ် ကိုယ့် timeline မှာဖြစ်ဖြစ် share ပေးထားပ...
09/09/2022

လက်ဆောင် နံပါတ် ၂

1)comment မှာဖြေပေးရမှာပါ

2)post လေးကို group ၃ခုလောက်ဖြစ်ဖြစ် ကိုယ့် timeline မှာဖြစ်ဖြစ် share ပေးထားပါရှင့်

ဘေဘီလေးအသက်ဘယ်နှစ်နှစ်ပြည့်မှာပါလဲ?

အဖြေမှန်ပြီးစာအုပ်လေးရသွားသူက deli ခကျခံပေးပါနော်

စာအုပ်လေးက အသက် ၈လကနေ တစ်နှစ်အထက်ပြောပြလို့ရတဲ့ဟာလေးပါ ၄၀၀၀ကျော်၅၀၀၀ တန်ဖိုးရှိပါတယ်
UK used book

လက်ဆောင် နံပါတ် ၁1)မေးခွန်းလေးကို comment မှာဖြေပေးရမှာပါ။2)ဒီ post လေးကို group ၃ခုလောက်မှာဖြစ်စေ ကိုယ့် timeline. မှာဖ...
09/09/2022

လက်ဆောင် နံပါတ် ၁

1)မေးခွန်းလေးကို comment မှာဖြေပေးရမှာပါ။

2)ဒီ post လေးကို group ၃ခုလောက်မှာဖြစ်စေ ကိုယ့် timeline. မှာဖြစ်စေ share ပေးထားပါ။

ဒီလထဲမှာ ဘေဘီလေးရဲ့မွေးနေ့က ဘယ်ရက်ပါလဲ?

အဖြေမှန်လို့ရှိရင်တော့ deli ခကိုရသွားတဲ့သူကကျခံပေးပါနော်
စာအုပ်လေးတန်ဖိုးက အနည်းဆုံး ၄၀၀၀လောက်ရှိပါမယ် UK used book ပါ

ဒီလ ဘေဘီလေးမွေးနေ့ရှိလို့ လက်ဆောင် post လေးတွေတင်ပေးပါမယ်
09/09/2022

ဒီလ ဘေဘီလေးမွေးနေ့ရှိလို့ လက်ဆောင် post လေးတွေတင်ပေးပါမယ်

05/09/2022
UK used book ကိုမှ အသစ်နီးပါး 99.9% ကိုအသစ်စာအုပ်လေးတွေပါ5500ks
28/08/2022

UK used book ကိုမှ အသစ်နီးပါး 99.9% ကိုအသစ်စာအုပ်လေးတွေပါ
5500ks

100% cotton အေးအေးလေးတွေ လသားကနေ ၉နှစ်ထိ size စုံရှိပါတယ်။ Vietnam made အသားအိအိအေးအေးလေးတွေ ဝတ်ရတာပေါ့ပေါ့ပါးပါးရှိပြီး...
21/08/2022

100% cotton အေးအေးလေးတွေ လသားကနေ ၉နှစ်ထိ size စုံရှိပါတယ်။
Vietnam made အသားအိအိအေးအေးလေးတွေ ဝတ်ရတာပေါ့ပေါ့ပါးပါးရှိပြီး sticker လေးတွေလဲ သားသားမီးမီးတို့အကြိုက်တွေ့မှာအမှန်ပါ။
လိုချင်တဲ့sizeလေးတွေdetail ပြောပြပေးပါမယ်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 00:00 - 17:00
Wednesday 00:00 - 17:00
Thursday 00:00 - 17:00
Friday 00:00 - 17:00
Sunday 09:00 - 17:00

Telephone

+959451601792

Alerts

Be the first to know and let us send you an email when Yadanar Children books & clothings posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share