Spring Land

Call Directions Contact the business

Spring Land Clothing

09/10/2026

သီတင်းကျွတ် ပိတ်ရက် နီးလာပြီနော်

ဘယ်သွားပြီး ဘာဝတ်ရမလဲ စဉ်းစားနေပြီမလား 😇

ပိတ်ရက်မှာ လည်လည်သွားဖို့ ဝတ်စရာလေးတွေ ရှာနေရင်တော့ sat Sun 2ရက်မှာ Junction Mawtin promotion area မှာ ကိုယ်တိုင်ကိုယ်ကျ လာရွေးပါရှင့်

ရာသီဥတုနဲ့လိုက်ဖက်တာ လည်လည်သွားဖို့ လှတာတွေချည်း တင်ပေးထားပါတယ်ရှင်

ငွေပေးချေမှု ၅သောင်းပြည့်တိုင်းလည်း stamp တစ်ခု လက်ခံ ယူကြပါအုံးရှင် (1stamp=2500 mmk off for next purchase any amount)

#နွေပန်းချီ #အင်းလေးချည်

27/09/2026

စျေးမမေးဘဲ ဝယ်ချပစ်ချင်စရာလေးပါ

🥰🥰ဒါလေးကို မျှော်နေတဲ့ သူလေးတွေ ရှိကြလားနော်🥰🥰
26/09/2026

🥰🥰ဒါလေးကို မျှော်နေတဲ့ သူလေးတွေ ရှိကြလားနော်🥰🥰

24/09/2026

🌿 Sharing a Skill, Creating an Opportunity 🌿

Eco Print ပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ကိုယ်တိုင်စိတ်ဝင်စားလို့ သင်တန်းတက်ထားသလောက်၊ လေ့လာထားသလောက်၊ သိထားသလောက်ကို ဒီနေ့ အမျိုးသမီးလေးတွေနဲ့ မျှဝေဖြစ်ခဲ့ပါတယ်။ 🤎

သစ်ရွက်လေးတွေ၊ ပန်းလေးတွေကနေ အထည်ပေါ်မှာ သဘာဝအလှတရားတွေ ဖန်တီးရင်း အတူတူပျော်ရွှင်ခဲ့ကြတဲ့ sharing session လေးပါ။ 🌿🧵

ပညာရှင်ဖြစ်မှ ပညာမျှဝေလို့ရတာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
ကိုယ်သိထားတာလေးကို မျှဝေပြီး အတူတူလေ့လာရင်း၊ အတူတူတိုးတက်သွားတာကလည်း အဓိပ္ပာယ်ရှိတဲ့ စတင်ခြင်းတစ်ခုပါပဲ။ 🌱

ဒါပေမယ့် ဒီ sharing လေးကို တစ်ရက်တာ activity လေးတစ်ခုအနေနဲ့ပဲ မပြီးဆုံးစေချင်ပါဘူး။ ရည်ရွယ်ချက်လေးတွေ ရှိပါတယ်။

🌱 Eco Print ဖန်တီးခြင်းကပေးတဲ့ ပျော်ရွှင်မှုနဲ့အတူ အသုံးဝင်တဲ့ skill အသစ်တစ်ခု ရရှိစေဖို့၊
🌱 သဘာဝပစ္စည်းတွေကို တန်ဖိုးရှိတဲ့ လက်ရာတွေအဖြစ် ဖန်တီးပြီး ဝင်ငွေအခွင့်အလမ်းတစ်ခုအဖြစ်နိုင်ဖို့ပါ။

ဒီကနေ နောက်တစ်ဆင့်အနေနဲ့ Spring Land Eco Print Clothing 🌿👗 ကို ဖန်တီးသွားချင်ပါတယ်။

သူတို့ရဲ့လက်ရာ၊ သဘာဝရဲ့အလှနဲ့ Spring Land ရဲ့ design တို့ ပေါင်းစပ်ပြီး လှပတဲ့ clothing pieces လေးတွေ ဖြစ်လာဖို့…

သစ်ရွက်လေးတစ်ရွက်ကနေ စတင်တဲ့ ဒီခရီးလေးကို ဖန်တီးမှု ထွက်လာတဲ့အချိန်ကျရင်လည်း အားပေးကြပါဦးနော်။ 🌱🤎

Spring Land — Good Quality with Fair Price

မနက်ဖြန် ၂၁ ကစ ၂၆ ရက်နေ့ စနေနေ့ထိ Junction city မှာ Spring Land လည်း MyanWen Marketplace နဲ့ အတူ ရှိပါ့မယ်ရှင်
20/09/2026

မနက်ဖြန် ၂၁ ကစ ၂၆ ရက်နေ့ စနေနေ့ထိ Junction city မှာ Spring Land လည်း MyanWen Marketplace နဲ့ အတူ ရှိပါ့မယ်ရှင်

Myanmar Women Entrepreneurs Network (MYANWEN) မှ ကြီးမှူးကျင်းပသည့် Made in Myanmar Local Products Fair (52) ကြိမ်မြောက် ကို Venue Partner အဖြစ် ပူးပေါင်းပါဝင်သည့် Junction City – Promotion Area, level 2 တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

✨ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ

▪️ MSME လုပ်ငန်းရှင်များ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်
▪️ ပြည်တွင်းထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေရန်
▪️ Local Brand များ၏ ဈေးကွက်အတွင်း မြင်သာမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုခိုင်မာလာစေရန်
▪️ စားသုံးသူများနှင့် ပြည်တွင်းထုတ်လုပ်သူများအကြား တိုက်ရိုက်ချိတ်ဆက်မှုများ ပိုမိုရရှိစေရန်
▪️ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရန်

📍 Venue – Junction City, Promotion area level 2

📅 Date – September 21 - 26, 2026

🕘 Time – 9:00 AM – 6:00 PM

🌿 မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်များနှင့် Local Brand များ၏ တန်ဖိုးနှင့် အရည်အသွေးကို ပိုမိုမြင်တွေ့နိုင်စေရန်အတွက် ယခု Fair တွင် ပါဝင်ပြသမည့် Brand များကိုလည်း မကြာမီ ဆက်လက်မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

✨ ဘယ် Local Brand တွေ ပါဝင်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါရှင်။

Junction City တွင် ဆုံတွေ့ကြပါစို့။ 🌸



12/09/2026

ပိတ်စအပိုင်းအစလေးတွေကနေ တန်ဖိုးအသစ်တစ်ခုဆီ 🧵♻️

Spring Land အနေနဲ့ အဝတ်အစားလှလှလေးတွေ ဖန်တီးပေးရုံတင်မဟုတ်ဘဲ၊ ချုပ်လုပ်ပြီး ကျန်ရှိတဲ့ ပိတ်စလေးတွေကိုလည်း အလေအလွင့်မဖြစ်စေချင်ပါဘူး။

ဒါကြောင့် ကျန်ခဲ့တဲ့ ပိတ်စအစိတ်အပိုင်းလေးတွေကို စုစည်းပြီး Handmade Bag လေးတွေ အဖြစ် ပြန်လည်ဖန်တီးနိုင်ဖို့ ဒီနေ့တော့ learning journey အသစ်လေးတစ်ခုအနေနဲ့ Day 1 စတင်ခဲ့ပါတယ် 👜🤎

ဘာအတွက်လဲဆိုတော့ ☺️

❤️ For Our Customers — Spring Land ကို အားပေးတဲ့ customer လေးတွေအတွက် ချစ်စရာ small gift လေးတွေ ဖန်တီးပေးဖို့
🌱 For Our Environment — ပိတ်စအလေအလွင့်ကို လျှော့ချပြီး ရှိပြီးသားပစ္စည်းတွေကို တန်ဖိုးရှိရှိ ပြန်လည်အသုံးချဖို့
🤎 For Job Opportunities — Handmade အလုပ်လေးတွေကနေတစ်ဆင့် အလုပ်အကိုင်နဲ့ ဝင်ငွေရရှိနိုင်မယ့် အခွင့်အလမ်းလေးတွေ ပိုမိုဖန်တီးပေးဖို့ပါ။

Small pieces. New purpose. 🌿

Day 1 လက်ရာလေးတွေ ကြည့်ရှု အားပေးကြပါအုံးရှင် 🥰🥰

#နွေပန်းချီ

11/09/2026

New လေး

ခုမှ လာကြွားရ

Kids fair pop up မှာတုန်းက ရောက်တာနဲ့ ကိုယ့်မမ တွေ အားပေးကြတာ ကျေးဇူးတင်ရပါတယ် 🥰🥰

Video ထဲ အသားရောင် ၁ ရောင် မပါတော့ဘူး stock out သွားလို့

အထည်ရေ အနည်းငယ် ထပ်ရတာလေးရှိလို့ နောက်ရက်ပြမယ်နော်

#

07/09/2026

Quiet, late, beautiful morning 🌹☕️🎶
No rush. Just letting the morning unfold. 🤍

Address

Yangon

Telephone

+959766823392

Website

Alerts

Be the first to know and let us send you an email when Spring Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Spring Land:

Shortcuts

Share

Category