Daw Par Sewing Machine - Whole Sale & Retail

Daw Par Sewing Machine - Whole Sale & Retail Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Par Sewing Machine - Whole Sale & Retail, Fashion Designer, Yangon.

အပ်ချုပ်စက်ကောင်းတစ်လုံးရဲ့တန်ဖိုးဟာ သူအဝတ်အထည်တွေ ဘယ်လောက်များများဖန်တီးခြင်းနဲ့မဆိုင်ပါဘူး။ဘယ်လိုဆန်းသစ် တဲ့ဒီဇိုင်းတွ...
29/09/2020

အပ်ချုပ်စက်ကောင်းတစ်လုံးရဲ့တန်ဖိုးဟာ သူအဝတ်အထည်တွေ ဘယ်လောက်များများဖန်တီးခြင်းနဲ့မဆိုင်ပါဘူး။ဘယ်လိုဆန်းသစ် တဲ့ဒီဇိုင်းတွေနဲ့ အံ့မခန်းလက်ရာတွေဖော်ကျူးခဲ့တာနဲ့ပဲဆိုင်ပါတယ်။

Kummar Datch (indian designer)

ခေတ်မှီဆန်းသစ်တဲ့အပ်ချုပ်စက်တွေကို Daw Par Sewing Machine မှမှာယူလို့ရနေပါပြီနော်။

ဂျက္ကတ်ရက်ကန်းစင်ဆိုတာဘာလဲ?၁၉ ရာစု ဆန်းစလောက်အထိ လူတို့သည် ရိုးရိုးအဆင်များ ကို ရက်ကန်းစင်များဖြင့်သာ ရက်လုပ် နိုင်ခဲ့ကြ...
25/09/2020

ဂျက္ကတ်ရက်ကန်းစင်ဆိုတာဘာလဲ?

၁၉ ရာစု ဆန်းစလောက်အထိ လူတို့သည် ရိုးရိုးအဆင်များ ကို ရက်ကန်းစင်များဖြင့်သာ ရက်လုပ် နိုင်ခဲ့ကြသည်။ အဆင် ဆန်းများကို ရက်လိုသောအခါ ရက်ကန်းစင် တစ်စင်လျှင် လူ ၃ ယောက်ကျစီ အလုပ်လုပ်ကြရ၏။ ဤ ၃ ယောက်တွင် ပထမလူသည် အဆင်ပုံစံကို ကြည့်၍ ဒုတိယလူအား မည်သည့် နှတ်ကို နင်းပေးရမည်ကို၎င်း၊ တတိယလူအား လိုသောအရောင် ရရှိအောင် မည်သည့်လွန်းကို အသုံးပြုရမည်ကို၎င်း အမြဲတစေ ညွှန်ကြားပေးနေရပေသည်။ ခရစ် ၁၈ဝ၄ ခုနှစ်တွင် ဂျိုးဇက်မာရီဂျက္ကတ်ဆိုသူ ပြင်သစ် ရက်ကန်းသမားတစ်ဦးသည် ရက်ကန်းတစ်မျိုးကို တီထွင်လိုက် သည်။ထိုရက်ကန်းစင်မှာ ဂျက္ကတ်ရက်ကန်းစင်ဟုတွင်၍ များစွာ တိုးတက်လာခဲ့သည်။ အဆိုပါ ရက်ကန်းစင်မျိုးဖြင့် အဆင်ဆန်း များကို လူတစ်ယောက်တည်းဖြင့် ရက်လုပ်နိုင်သည်။ ဂျက္ကတ် လက်ထက်မတိုင်မီက အခြားပြင်သစ်လူမျိုးတစ်ဦး ဖြစ်သူ ဇက်ဒါဗိုကန်ဆန်သည်လည်း လိုသည့်အဆင်မျိုးရအောင် ဒလိမ့် တုံး၌ အပေါက်ငယ်များ စီတန်း၍ ဖောက်လုပ်ထားသည့် အထိန်းကရိယာတစ်မျိုးကို တီထွင်ခဲ့သည်။ ဗိုကန်ဆန်သည် တိုင်ခြည်တိုင်း၌ ယင်းတို့ကို မြှင့်တင်ပေးရန် (မြှင့်ကြိုး) တစ်ပင်စီ ချည်၍ ထိုကြိုးစများကို ဘောင်တစ်ခုသို့ ဆက် ထားသည်။ ဘောင်တွင် ဒလိမ့်တုံး မျက်နှာပြင်ပေါ်သို့ စပရင် ဖြင့် ဖိပေးသည့်အပ်များ တပ်ဆင်ထားသည်။ ဒလိမ့်တုံးပတ် လည်၌ အဆင်ပုံစံအလိုက် ပေါက်ဖောက်ထားသော စက္ကူ ကပ်ပြားတစ်ခု ရှိလေသည်။ အပ်များသည် စက္ကူကပ်ပြားရှိ အပေါက်များမှတဆင့် ဒလိမ်တုံးရှိ ဆိုင်ရာ အပေါက်များထဲသို့ ဝင်သွားသည်။ ထိုအခါ မြှင့်ကြိုးက တိုင်ခြည်ကို အထက်သို့ ဆွဲတင်ပေးသည်။ ဗိုကန်ဆန်၏ကရိယာသည် ဂျက္ကတ်ရက်ကန်းစင် ဖြစ်မြောက် အောင်မြင်ရန် လမ်းခင်းပေးခဲ့သည်။ ဗိုကန်ဆန်၏ ကရိယာကို အသုံးပြုရာတွင် ရက်လုပ်သော ဒီဇိုင်းပုံတစ်ခုလုံးကကို ဒလိမ့် တုံးပေါ်ရှိ ကပ်ပြား၌ ဖော်ပေးရန်လိုသည်။ ယင်းသို့ လိုသည့် အတိုင်း ဤကရိယာဖြင့် အထည်ငယ်များကိုသာ ရက်လုပ် နိုင်သည်။ ထို့ပြင် ဒလိမ့်တုံးကိုလည်း စက်မှု အခက်အခဲများ ကြောင့် ကြီးကြီးမားမား မပြုလုပ်နိုင်ပေ။ ဂျက္ကတ်သည် ဗိုကန် ဆန်၏ ကရိယာကို အတုယူ၍ တစ်မျိုးတစ်ဖုံ တိုးချဲ့ပြုပြင် လိုက်သည်။ သူပြုလုပ်သည့် ကရိယာတွင် ဒလိမ့်တုံး လုံးဝ မပါတော့ချေ။ ဂျက္ကတ်ရက်ကန်းစင်တွင် ဒလိမ့်တုံး အစား အပေါက်ဖောက်ထားသော လေးထောင့်ကပ်ပြားများကိုသာ အသုံးပြုထားလေသည်။

ဂျက္ကတ်ရက်ကန်းစင်သည် ပုံဖော်ရက်ကန်းအတတ်ကို တစ်ခါတည်း ခေတ်မီပြောင်းလဲသွားစေသည်။ နောင်သော် အပေါက်ဖောက်ထားသော ကပ်ပြားဖြင့် အလိုအလျောက် ထိန်းပေးသည့်ကရိယာမျိုးကို ခေတ်မီရက်ကန်းစင်များတွင် သာမက ဂဏန်းတွက်စက်၊ စန္ဒရား၊ ဇာထိုးစက် စသည့် စက်များတွင်လည်း အနှံ့အပြား တပ်ဆင်အသုံးပြုလာကြသည်။ [၁]



သာမန်အပ်ချုပ်စက်များမှခေတ်မှီဆန်းသစ်သောDigitalစက်များသို့အဆင့်ဆင့်ပြောင်းလဲလာပုံအစောပိုင်းအပ်ချုပ်စက်ကိုပြင်သစ်နိုင်ငံမှ...
21/09/2020

သာမန်အပ်ချုပ်စက်များမှခေတ်မှီဆန်းသစ်သောDigitalစက်များသို့အဆင့်ဆင့်ပြောင်းလဲလာပုံ

အစောပိုင်းအပ်ချုပ်စက်ကိုပြင်သစ်နိုင်ငံမှBarthélemy Thimonnier က ၁၈၃၀ တွင်ပြင်သစ်အစိုးရမှမူပိုင်ခွင့်ရရှိခဲ့သည့်ပြင်သစ်စစ်တပ်အတွက်ယူနီဖောင်းများထုတ်လုပ်ရန်ဒီဇိုင်းရေးဆွဲခဲ့သည်။ သို့သော်တီထွင်မှုသည်ပျက်စီးမည်ဟုစိုးရိမ်နေသောအဓိကရုဏ်းချုပ် ၂၀၀ ခန့်ရှိသည်။ သူတို့၏စီးပွားရေးလုပ်ငန်းများသည် ၁၈၃၁ တွင်စက်များကိုဖျက်ဆီးပစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ Thimonnier ၏ဒီဇိုင်းသည်လက်ဖြင့်ချုပ်ခြင်းလုပ်ငန်းကိုသာလုပ်သည်။ ၁၈၃၂-၃၄ ခန့်တွင်နယူးယောက်မြို့ဝေါလ်တာဟန့်ကတည်ဆောက်ခဲ့သောအပ်ချုပ်စက်တွင်အပြီးသတ်တီထွင်မှုရှိခဲ့သည်။ ၎င်းကိုမူပိုင်ခွင့်ဘယ်တော့မှမရရှိခဲ့ပါ၊ ၁၈၄၆ တွင်စက်တင်ဘာ ၁၄ ရက်တွင်မက်ဆာချူးဆက်ပြည်နယ်၊ စတင်ကာမှ Elias Howe ကတီထွင်ခဲ့သည်။ ကထည်မှတဆင့်ချည်သယ်ဆောင်အဖြစ်ကလမ်းကြောင်းထဲမှာနောက်ကျောနှင့်ထွက်ပြေးနေတဲ့လွန်းအားဖြင့်သယ်ဆောင်ဒုတိယချည်နှင့်အတူ interlocked ရာ၏အခြားဘက်ခြမ်းအပေါ်တစ် ဦး ကို arc အတွက်ပြောင်းရွှေ့ခဲ့သည်။ Howe ၏အလွန်အောင်မြင်သောစက်ကိုကျယ်ပြန့်စွာကူးယူခဲ့သည်။ ကျယ်ပြန့်သောမူပိုင်ခွင့်ဆိုင်ရာတရားစွဲဆိုမှုသို့ ဦး တည်ခဲ့ပြီးနောက်ဆုံးတွင်အကြီးမားဆုံးထုတ်လုပ်သူ Isaac Merritt Singer ၏ဒီဇိုင်းပါ ၀ င်သောမူပိုင်ခွင့်ရေကန်သို့ရောက်ရှိခဲ့သည်။ ၁၈၆၀ တွင်အမေရိကန်တစ်နိုင်ငံတည်း၌အပ်ချုပ်စက် ၁၁၀,၀၀၀ ကျော်ထုတ်လုပ်ခဲ့သည်။

ခေတ်သစ်အပ်ချုပ်စက်ဒီဇိုင်းများသည်များပြားစွာဖြင့်အထူးသဖြင့်စက်မှုဇုန်များအတွက်ကျယ်ပြန့်စွာရောက်ရှိနေသော်လည်းအခြေခံလုပ်ငန်းလည်ပတ်မှုမှာမပြောင်းလဲပါ။ ခေတ်မီစက်များကိုများသောအားဖြင့်လျှပ်စစ်မော်တာဖြင့်မောင်းနှင်သည်။ သို့သော်ခြေထောက်နင်းစက်ကိုကမ္ဘာအနှံ့အပြားတွင်ကျယ်ကျယ်အသုံးပြုနေဆဲဖြစ်သည်။


လွယ်လွယ်ကူကူအပ်ချုပ်သင်မယ်ဟုတ်ပါတယ်အိမ်မှာနေရင်း အပ်ချုပ်အတတ်ပညာကို သင်ယူတတ်မြောက်နိုင်ပါတယ်။ဒါကတော့ မင်မင်တို့အောက်မှာပ...
19/09/2020

လွယ်လွယ်ကူကူအပ်ချုပ်သင်မယ်

ဟုတ်ပါတယ်အိမ်မှာနေရင်း အပ်ချုပ်အတတ်ပညာကို သင်ယူတတ်မြောက်နိုင်ပါတယ်။ဒါကတော့ မင်မင်တို့အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီးapplicationလေးကို download ရယူလိုက်ပါနော်။ထို app လေးထဲမှာ အပ်ချုပ်နည်းပေါင်းစုံကိုတဝကြီး လေ့လာသင်ယူနိုင်ပါပြီ။

https://play.google.com/store/apps/details?id=com.sewing.healthylifestore

ပိုးခြည်ကိုဘယ်သူတွေစတင်တွေ့ရှိခဲ့တာလဲ?…………………………………………………ပိုးခြည်သည် ဝါခြည်ကဲ့သို့ အပင်မှရသော ခြည်မျှင်မျိုး မဟုတ်ပဲ ပို...
17/09/2020

ပိုးခြည်ကိုဘယ်သူတွေစတင်တွေ့ရှိခဲ့တာလဲ?
…………………………………………………

ပိုးခြည်သည် ဝါခြည်ကဲ့သို့ အပင်မှရသော ခြည်မျှင်မျိုး မဟုတ်ပဲ ပိုးကောင်မှ ထွက်သော ခြည်မျှင်မျိုးဖြစ်သည်။ ရှေးအခါက ပိုးခြည်ဖြင့် ရက်လုပ်သော အဝတ်အထည်သည် တန်ဖိုးအလွန်ကြီးသဖြင့် ဘုရင့်အထည်အလိပ်ဟုပင် ခေါ်ခဲ့ကြသည။
ပိုးခြည်ကို လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကပင် တရုတ်လူမျိုးတို့ စတင်တွေ့ရှိခဲ့သည်။ ပိုးခြည်စတင်တွေ့ရှိပုံနှင့် စပ်လျဉ်း၍ ရှေးဟောင်းပုံပြင် အများအပြားရှိခဲ့သော်လည်း တရုတ်ဧကရာဇ် ဘုရင်တစ်ပါး၏ မိဖုရား ဆီလင်ရှီနှင့် ဆက်သွယ်နေသော ပုံပြင်တစ်ပုဒ်ကိုကား လူသိများ၍ အများလက်ခံကြသည်။ ဘီစီ ၂၇၀၀ ခန့်က ဆီလင်ရှီ မိဖုရားကြီးသည် ဥယျာဉ်အတွင်း၌ လက်ဖက်ရည်ကြမ်း သောက်နေစဉ် ပိုးစာပင်တစ်ပင်ကို မော့ကြည့်မိရာ ဖြူဖြူတုတ်တုတ် ပိုးကောင်တစ်ကောင်သည် ပါးစပ်မှ တောက်ပသော ခြည်မျှင်ကလေးများကို ထုတ်ကာ မိမိကိုယ်ကို ပတ်နေသည်ကို မြင်သဖြင့် အံ့ဩစွာကြည့်နေမိသည်။ ထိုနောက် ပိုးအိမ်ကို ဖြုတ်ယူပြီးလျှင် သူမသောက်နေသော အကြမ်းရေတွင် စိမ်လိုက်သည်။ ပိုးအိမ်ပျော့သွားသောအခါ ပိုးမျှင်တစ်စ်ကို ရှာ၍ ဂရုတစိုက် ဖြေကြည့်ရင်း ထိုပိုးမျှင်ဖြင့် အထည်ရက်လျှင် ကောင်းမည်ဟု စိတ်ကူးပေါ်လာသည်။
ထို့ကြောင့် မိဖုရာ်းသည် နန်းတော်ထဲသို့ဝင်ကာ ပိုးစာပင်စိုက်ရန် ဘုရင့်ထံမှ မြေကွက်တောင်း၍ ရသောအခါ ပိုးမျှင်ကောင်များကို မွေးလေသည်။ ယင်းပိုးမျှင်ကောင်များမှ ရသော ပိုးခြည်မျှင်ဖြင့် အလွန်လှပသည့် အထည်ရက်လုပ်ကာ အဝတ်အစားများ ချုပ်လုပ်ရာမှအစ ပိုးထည်များ စတင်ပေါ်ပေါက်လာသည်ဟု အဆိုရှိသည်။ ထိုမိဖုရားအမည်ကို အစွဲပြု၍ ပိုးထည်ကိုလည်း တရုတ်ဘာသာဖြင့် ဆီ (絲) ဟု ခေါ်လာကြလေသည်။

အထက်ပါပုံပြင်သည် အမှန်ဟုတ်သည် မဟုတ်သည်ကို မည်သူမျှ ဒိဋ္ဌမပြောနိုင်သော်လည်း ဆီလင်ရှီ မိဖုရားခေတ်နောက် အနှစ် ၂၀၀၀ ကျော်အထိ ပိုးခြည်ထုတ်လုပ်နည်းကို တရုတ်လူမျိုးမှတပါး ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးမှ မတတ်မသိကြသည်မှာ အမှန်ဖြစ်သည်။ ပိုးခြည်ထုတ်လုပ်နည်းကို တရုတ်လူမျိုးတို့သည် အထူးလျှို့ဝှက်ခဲ့ကြသည်။ ပိုးကောင်နှင့် ဥများကို ခိုးယူသူအား သေဒဏ်အပြစ်ပေးခဲ့သည်။ ပိုးခြည်များကိုမူ အနောက်နိုင်ငံများသို့ ကုန်းလမ်းဖြင့် တင်ပို့ရောင်းချရာ ယင်းလမ်းမကြီးကို ပိုးခြည်လမ်းဟု ခေါ်စမှတ်ပြုကြသည်။

အေဒီ ၅၅၀ ခန့်တွင် ဗိုင်ဇင်းတိုင် ဧကရာဇ် ဂျပ်စတင်းနီးယန်း ဘုရင်သည် တရုတ်နိုင်ငံသို့ ရောက်ဖူး၍ ပိုးခြည်ထွက်သော ပိုးမျှင်ကောင်များအကြောင်း ကောင်းစွာသိသော ပါရှန်းဘုန်းကြီး ၂ ပါးအား တရုတ်နိုင်ငံသို့ သွားရောက်၍ ပိုးဥများကို ခိုးထုတ်ခဲ့ရန် မှာကြား စေလွှတ်လိုက်သည်။ နှစ်အတော်ကြာမှ ထိုဘုန်းကြီး ၂ ပါးသည် ပိုးမျှင်ဥအနည်းငယ်ကို ခိုးထုတ်လာနိုင်ခဲ့သဖြင့် ကွန်စတန်တီနိုပယ်မြို့အနီးတွင် ပိုးမွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်ကြသည်။ ယင်းမှတဆင့် စပိန်၊ အီတလီ၊ ပြင်သစ်နိုင်ငံများသို့ ပျံ့နှံ့သွားလေသည်။ ယခုခေတ်တွင်မူ ပိုးမွေးမြူရေးလုပ်ငန်းသည် တကမ္ဘာလုံးသို့ ပျံ့နှံ့သွားရာ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပိုးခြည်ရိုင်း အထွက်ဆုံးနိုင်ငံ ဖြစ်လာသည်။ တရုတ်နိုင်ငံမျာမူ ဒုတိယအများဆုံး ထွက်သောနိုင်ငံဖြစ်သည်။


Elias Howe Jr. သည်ခေတ်သစ်ခအပ်ချုပ်စက်ကိုတီထွင်ခဲ့သောလူသိများသောအမေရိကန်တီထွင်သူတစ် ဦး ဖြစ်ပါသည်၊၊
15/09/2020

Elias Howe Jr. သည်ခေတ်သစ်ခအပ်ချုပ်စက်ကိုတီထွင်ခဲ့သောလူသိများသောအမေရိကန်တီထွင်သူတစ် ဦး ဖြစ်ပါသည်၊၊



အပ်ချုပ်စက်နဲ့ပတ်သတ်ပြီးတပ်ဆင်ထားတဲ့ ကိရိယာတစ်ခုချင်းစီကိုအသေးစိတ်လေ့လာပြီး မိမိတို့ကိုယ်တိုင်တပ်ဆင်အသုံးပြုရန်အတွက်အောက...
12/09/2020

အပ်ချုပ်စက်နဲ့ပတ်သတ်ပြီးတပ်ဆင်ထားတဲ့ ကိရိယာတစ်ခုချင်းစီကို
အသေးစိတ်လေ့လာပြီး မိမိတို့ကိုယ်တိုင်တပ်ဆင်အသုံးပြုရန်အ
တွက်အောက်ပါ application linkလေးကို download
လုပ်၍ အသေးစိတ်လေ့လာနိုင်ပါပြီနော်။

Sewing Machine Parts lists
………………………………………………

https://play.google.com/store/apps/details?id=com.sewingmachinetech

အပ်ချုပ်စက်ဆို Brother အမှတ်တံဆိပ်သာလျှင်အသုံးပြုလိုက်ပါ~~~~~~~~~~~~~~~~~အပ်ချုပ်သမတွေအကုန်လုံး '' Brother '' ဆိုတဲ့နာမည...
09/09/2020

အပ်ချုပ်စက်ဆို Brother အမှတ်တံဆိပ်သာလျှင်အသုံးပြုလိုက်ပါ
~~~~~~~~~~~~~~~~~

အပ်ချုပ်သမတွေအကုန်လုံး '' Brother '' ဆိုတဲ့နာမည်လေး
ကိုတော့ အကုန်ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေပါလိမ့်မယ်။
Brother ဟာ ရာစုနှစ်တစ်နှစ်နီးပါးကို အချိန်ကြာကြာနဲ့
ဦးမော့လာတဲ့ အပ်ချုပ်စက်အမျိုးအစားတစ်ခုဖြစ်ပါတယ်။
1908 ခုနှစ်ကတည်းက နာမည်တစ်လုံးနဲ့ရပ်တည်လာခဲ့တဲ့
Brothers ဟာယခုအချိန်ထိလူသုံးများရေပန်းစားနေရတဲ့
အပ်ချုပ်စက်တစ်ခုဖြစ်လာစေတဲ့အဓိကအကြောင်းအရင်းကတော့
Qualityကြောင့်ပါပဲ။Brother ဟာအများထင်သလို India
ကနေစတင်ခဲ့တာမဟုတ်ပါဘူး။Brother ဆိုတဲ့အမှတ်တံဆိပ်ကို
မပေးမှီ Company နာမည်ကိုYasui Sewing Machine Co. လို့စတင်ခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။

နောက်ပိုင်း 1928 ခုနှစ်လောက်ရောက်မှ Brother ဆိုပြီး
ဖြစ်လာတာပါ။Brother ကိုဂျပန်နိုင်ငံကနေစတင်ထုတ်လုပ်ခဲ့တာ
ဖြစ်ပြီး အာရှမှာစတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ ကမ္ဘာတစ်လွှားထိ
နာမည်ထိုးဖောက်ကာဈေးကွက်ထဲဝင်ရောက်လာတာပဲဖြစ်ပါတယ်။

Brother အပ်ချုပ်စက်ဟာ အထူးကောင်းမွန်တဲ့ Frame
အာမခံချက်ရှိတဲ့ ပစ္စည်းတွေကိုတပ်ဆင်ကာ အကောင်းဆုံး
မွန်းမံတည်ဆောက်ထားတဲ့အတွက် လူကြိုက်များနေရတာဖြစ်ပါ
တယ်။Brother ရဲ့သက်တမ်းဟာ အခုဆို ၁၂၂ နှစ်တိတိရှိနေပြီ
ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်ထိန်းသိမ်းလာခဲ့တဲ့ဂုဏ်ပုဒ်ကိုဆက်
လက်ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးသောဟQuality နဲ့
Brother အပ်ချုပ်စက်တွေကို ထပ်မံထုတ်လုပ်နေဆဲဖြစ်ပါတယ်။
ဒါဆိုရင် Brother အပ်ချုပ်စက်ရဲ့ရာဇဝင်ကိုအတော်အသင့်သိရှိ
သွားလောက်ပြီလို့ထင်ပါတယ်နော်။အထက်ပါ postလေးကိုအများ
သိအောင် like and share လေးလုပ်ပေးခြင်းဖြင့်ကူညီပေးပါ
နော်။


Type a message...

Daw Par မှာအပ်ချုပ်စက်တွေကိုဝယ်ယူပြီးဘဝအာမခံချက်တစ်ခုကိုတည်ဆောက်လိုက်ပါမိတ်ဆွေယခုခေတ်ကာလအရ အတတ်ပညာတစ်ခုကိုထွန်းထွန်းပေါက...
04/09/2020

Daw Par မှာအပ်ချုပ်စက်တွေကိုဝယ်ယူပြီးဘဝအာမခံချက်တစ်
ခုကိုတည်ဆောက်လိုက်ပါမိတ်ဆွေ

ယခုခေတ်ကာလအရ အတတ်ပညာတစ်ခုကိုထွန်းထွန်းပေါက်ပေါက်သင်ယူတတ်မြောက်
ထားတာဟာ ဘဝရပ်တည်ရေးအတွက်အာမခံချက်တစ်ခုရှိနေတာ
နဲ့အတူတူပါပဲ။ထိုကဲ့သို့အတတ်ပညာများစွာရှိတဲ့ထဲမှ အပ်ချုပ်အတတ်ပညာဟာလည်း မိမိတို့အိမ်တွင်းမှာတင်စီးပွားရှာ
လို့ရတဲ့ပညာရပ်တစ်ခုအနေနဲ့ပါဝင်နေပါတယ်။သင်ဟာအပ်ချုပ်အတတ်ပညာကိုစိတ်ဝင်စားနေသူတစ်ဦး ဒါမှမဟုတ် အပ်ချုပ်နည်းကိုအခြေခံကစပြီးတတ်မြောက်ထားသူ
တစ်ဦးဆိုလျှင်တော့ အပ်ချုပ်စက်ကောင်းတစ်လုံးရှိဖို့လိုအပ်လာပါ
ပြီအဲ့ဒါဆိုရင်တော့မပူလိုက်ပါနဲ့ Daw Par Sewing Machineမှ မိတ်ဆွေတို့အတွက် အကောင်းဆုံးနဲ့ စွမ်းဆောင်ရည်မြင့်တဲ့စက်တွေကို အထူးဈေးနှုန်းတွေနဲ့ရောင်းချ
ပေးနေပြီဖြစ်ပါတယ်။အပ်ချုပ်စက်လိုအပ်လာပြီဆိုလျှင်တော့
အခုပဲ page messenger မှာလာရောက်ပြီးအသေးစိတ်စုံစမ်း
လိုက်ပါနော်။

Par Sewing Machine

အဝတ်အထည်တွေကိုစနစ်တကျ ဖြတ်တောက်တတ်တာဟာလည်းဆရာကျတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။ဒီလိုပညာရပ်တွေကိုအခုလို Stay Home ကာလမှာ အိမ်ထဲမှ...
31/08/2020

အဝတ်အထည်တွေကိုစနစ်တကျ ဖြတ်တောက်တတ်တာဟာလည်း
ဆရာကျတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။ဒီလိုပညာရပ်တွေကို
အခုလို Stay Home ကာလမှာ အိမ်ထဲမှာနေပြီးဗဟုသုတ
တိုးပွားစေဖို့အတွက် လေ့လာသင်ယူလိုက်ရအောင်လားချစ်တို့ရေ။
အဝတ်အထည်တွေကို စနစ်တကျဖြတ်တောက်ပိုင်းဖြတ်ဖို့အတွက်
ပိုက်ဆံမကုန်ဘဲ အောက်ပါ application လေးထဲကနေတဆင့်
ခြင်း Video Lessons တွေကိုအဆင့်ဆင့်ကြည့်ပြီး လေ့လာ
လို့ရအောင် Daw Par Sewing Machine မှတင်ပေးဖို့
လိုတင်ပေးလိုက်ပါတယ်နော်။

အောက်ပါ Link လေးပေးထားတယ်နော်။

https://play.google.com/store/apps/details?id=com.learnstiching.dresscutting_methods

ပြီးပြည့်စုံတဲ့အဝတ်အထည်တွေအတွက် ချုပ်လုပ်ပေးမယ့်အပ်ချုပ်စက်တွေကို Daw Par မှရယူပါမိတ်ဆွေ။
26/08/2020

ပြီးပြည့်စုံတဲ့အဝတ်အထည်တွေအတွက် ချုပ်လုပ်ပေးမယ့်အပ်ချုပ်စက်တွေကို Daw Par မှရယူပါမိတ်ဆွေ။

2020 ခုနှစ်ရဲ့ရောင်းအားအသွက်ဆုံးအပ်ချုပ်စက် ၃ မျိုးကဘာဖြစ်မလဲ?အပ်ချုပ်စက်ဆိုတာအကောင်းဆုံးသောအဝတ်အထည်တွေကိုလိုသလိုပုံသွင်...
23/08/2020

2020 ခုနှစ်ရဲ့ရောင်းအားအသွက်ဆုံးအပ်ချုပ်စက် ၃ မျိုးကဘာ
ဖြစ်မလဲ?

အပ်ချုပ်စက်ဆိုတာအကောင်းဆုံးသောအဝတ်အထည်တွေကို
လိုသလိုပုံသွင်းထုဆစ်လို့ရပါတယ်။ဒါပေမဲ့မိမိတို့ဝယ်ယူထားတဲ့
အပ်ချုပ်စက်တွေက ပစ္စည်းအထူးကောင်းမွန်ပြီးမကြာခဏချို့ယွင်း
တတ်တဲ့စက်တွေဖြစ်မနေဖို့တော့လိုအပ်ပါတယ်နော်။တကယ်လို့များသင်ဟာလည်း အပ်ချုပ်စက်ဝယ်ယူတော့မယ်လို့
စိတ်ကူးရှိနေတယ်ဆိုရင်တော့ ၂၀၂၀ ခုနှစ်ရဲ့ဝယ်လိုအားအများဆုံး
သောအပ်ချုပ်စက် ၃ မျိုးထဲကရွေးချယ်ဝယ်ယူပါလို့မင်မင်အကြံပြု
လိုက်ပါတယ်နော်။
ထိုအပ်ချုပ်စက်အမျိုးအစား ၃ ခုကတော့
Singer
Brother
Bernina တို့ပဲဖြစ်ပါတယ်။အပ်ချုပ်စက်တွေလိုအပ်လာရင်တော့
Daw Par ကိုသာအစဉ်အမြဲသတိရလိုက်ပါနော်။

#2020 Branded Sewing Machine
Par Sewing Machine

Address

Yangon
11143

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959451712908

Website

Alerts

Be the first to know and let us send you an email when Daw Par Sewing Machine - Whole Sale & Retail posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share