Clothing shop

Clothing shop .. အားလုံးပဲမင်္ဂလာပါ

မိုးတွင်းအကြမ်းစီးဖိနပ် လက်လီ လက်ကားယူလို့ရပါပြီ တစ်ရံ၂၅၀၀ အများစျေး ၁၀ ရံ ကိုမှ ၂၃၀၀၀ တည်းပါဗျdelivery မှာလို့ရပါတယ် အိ...
11/06/2024

မိုးတွင်းအကြမ်းစီးဖိနပ် လက်လီ လက်ကားယူလို့ရပါပြီ
တစ်ရံ၂၅၀၀ အများစျေး ၁၀ ရံ ကိုမှ ၂၃၀၀၀ တည်းပါဗျ
delivery မှာလို့ရပါတယ် အိမ်ရောက်ငွေချေပါဗျ😊😊
ph.09941500486

ပြန်မရနိုင်တော့တဲ့အချိန်တွေ😔😔
26/05/2024

ပြန်မရနိုင်တော့တဲ့အချိန်တွေ😔😔

25/03/2024

လူပိန်းတွေနဲပြိုင်မငြင်းပါနဲ့😇😇

02/10/2023

ဘဝမှာဒီ၄ချက်ကိုဘယ်သူ့ကိုမှမပြောပါနဲ့✖✖

pageကိုlike and followလေးတွေလုပ်သွားကြဦးနော်😍😍

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"==================အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့ဘယ်တော့မှ မတွေးလိုက်ပါနဲ့ကိုယ့်ကို စွ...
30/09/2023

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"
==================
အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့

ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးတော့လို့
ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားပြီလို့ မတွေးလိုက်ပါနဲ့

ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့

ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့

ရောဂါဝေဒ နာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့

အဲဒိလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်

အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းကြီးပေးလာမှာ မဟုတ်ဘူးလေ

သူငယ်ချင်း.....ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲ သုတ်သလိုပဲ

ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်

ခံစားချက်တွေများလွန်းလို့ မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော်

လေးစားစွာဖြင့်....
ေးပါတယ် 🌸🌸🌸
မေတ္တာဖြင့်ပြန်လည်ဝေမျှသည် ❤️
#ဘဝစာပေနှင့်ဗဟုသုတများ

ငါ '' မှား '' ရင် ငါ့ကို ''မနိမ် '' ပါနဲ့ငါ့ကို ပြင်ပေးပါ....ပြန်လှည့်ပြီး '' နိဒါန်းကို '' ပြောင်းလို့ မရတော့ပေမယ့်ရောက...
27/09/2023

ငါ '' မှား '' ရင်
ငါ့ကို ''မနိမ် '' ပါနဲ့
ငါ့ကို ပြင်ပေးပါ....

ပြန်လှည့်ပြီး '' နိဒါန်းကို ''
ပြောင်းလို့ မရတော့ပေမယ့်
ရောက်ရာ နေရာက ပြန်စပြီး
'' နိဂုံး '' ကိုတော့ ပြောင်းလို့ရပါတယ် ...

မိဘ က သင့် ဘဝ ကို
မူရင်း မွေးပေးလိုက်တာနော်
မိတ္တူ ဘဝဖြင့် အဆုံးမခံပါနဲ့ ...

ဘဝ ကောင်းကို ရခဲ့တာ မဟုတ်သလို
ဘဝ ဆိုးကိုလည်း ရခဲ့တာ မဟုတ်ဘူး
ဘဝ ပဲ ရခဲ့တာပါ
အဲ့ ဘဝ ကို အကောင်း အဆိုးဖြစ်အောင်
တို့တတွေက ဖန်တီး လိုက်ကြတာပါ ...

ကျရှုံး မှာ မကြောက်ပါနဲ့
မကြိုးစား ကြည့်မိမှာကိုသာ
ကြောက်ပါ ...

သဘော အကောင်းဆုံး သူတွေဟာ
အနှိပ်စက် အခံရဆုံး သူတွေ
ဖြစ်နေ တတ်ပါတယ် ...

သူများ ဘဝ အလင်းဆောင်ဖို့ လူတိုင်း
နေမင်း ဖြစ်ချင်ကြတယ်
အမှောင်ဆုံးအချိန်မှာ အလင်းဆောင်ဖို့
ဘာလို့ လမင်း မဖြစ်ချင်ကြတာလဲ ...

မရဖူးတာ ရချင်ရင်
မလုပ်ဖူးတာ လုပ်ရမယ် ...

စတောင်းပန်ရဲတဲ့ သူက
သတ္တိ အရှိ ဆုံးသူပါ
စခွင့်လွတ်နိုင်တဲ့သူက
စိတ်ဓာတ် အကြံ့ခိုင်ဆုံးသူပါ
စ မေ့နိုင်သူက
စိတ်အချမ်းသာဆုံးသူပါ

အရက်မပါဘဲ ပျော်တတ်အောင်
ဖုန်းမပါဘဲ စကားပြောတတ်အောင်
ခြွင်းချက် မထားပဲ ချစ်တတ်အောင်
မဆွဲလဲ ပြုံးတတ်အောင် သင်ယူပါ ..

to Orignal writer
#မေတ္တာဖြင့်ပြန်လည်မျှဝေသည်

ဒါလေးတွေဖတ်နေရရင် စိတ်ချမ်းသာတယ်☺☺
27/09/2023

ဒါလေးတွေဖတ်နေရရင် စိတ်ချမ်းသာတယ်☺☺

ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့  ဒါတွေသိထားဖို့လိုတယ်☺
27/09/2023

ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါတွေသိထားဖို့လိုတယ်☺

Address

Yangon

Alerts

Be the first to know and let us send you an email when Clothing shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Clothing shop:

Share