မန်ချက်စတာဗွီးရှင်းမျက်မှန် Shop-1

  • Home
  • Myanmar
  • Yangon
  • မန်ချက်စတာဗွီးရှင်းမျက်မှန် Shop-1

မန်ချက်စတာဗွီးရှင်းမျက်မှန် Shop-1 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မန်ချက်စတာဗွီးရှင်းမျက်မှန် Shop-1, Sunglasses & Eyewear Store, Yangon.

15/12/2024

အားလုံးပဲမင်္ဂလာပါ။
ဒီနေ့ည (၇) နာရီမှာ ဆိုရင်တော့

📌ဆံပင်အားကောင်းဖို့ ဘာတွေစားရမလဲ
📌အားဆေးသောက်မယ်ဆိုရင် ဘယ်လိုရွေးချယ်ရမလဲ
အစရှိတဲ့ အရာတွေကို ဝေမျှ ဆွေနွေးသွားမှာဖြစ်ပါတယ်။

🔴Youtube - https://youtube.com/channel/UCFnFqesKert7qfwz_x-VqcA
🔵Telegram - https://t.me/dryeyint
⚫️Tiktok - https://www.tiktok.com/?_t=8s9yNbIE3HE&_r=1

တစ်ယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

15/12/2024

နောင်တစ်ချိန် နောင်တမရချင်ရင် ဖတ်ကြည့်ပါ
+++++++++
ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင် ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနာတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ညဘက်ဆီးသွားများခြင်း၊​ရေငတ်ခြင်း၊နှုံးချိခြင်း များဖြစ်​နေပြီဆို ဆီးချိုစစ်ကြည့်သင့်ပါတယ်။

ဆီးတစက်စက်သွားခြင်း၊ဆီးညှစ်လိုက်ပြီဆို ဆီးသွားတာရပ်တန့်ပြီး စိတ်​လျှော့လိုက်ပါက ဆီးပုံမှန် ပြန်ထွက်တဲ့လက္ခဏာဆို ဆီးကျိတ်ကို စစ်သင့်ပါပြီ။

ခြေထောက်တဘက်တည်းနာတယ်
တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။

လက်ဖျားထုံကျဥ်မယ် ဇက်​ကြောတက်ခြင်း လက်ပြင်​အောင့်ခြင်း ချာချာလည်​အောင်မူး​ဝေးခြင်း အန်ခြင်း များ ဖြစ်​နေပါက လည်ဆစ်အာရုံ​ကြောညှပ်​နေခြင်းဖြစ်ပါတယ်။

သွေပျစ်ခြင်းလက္ခဏာက လက်ဖဝါးနီရဲမယ်၊အမြဲသန်း​ဝေပြီး ခန္ဓာကိုယ်​လေးလံခြင်း၊​အောက်စီဂျင်ကျခြင်း၊​မောခြင်း နှလုံးနှင့်ဦး​နှောက်အာရုံ​ကြောများကို ထိခိုက်​စေပါတယ်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

15/12/2024
08/11/2024
31/08/2024
30/08/2024

မျောက်ကျောက်ရောဂါဆိုတာဘာလဲ
=========================

မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။

ရောဂါလက္ခဏာများ
ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ အဖုအပိန့်
အများစုကို မျက်နှာ၊ လက်ဖဝါး၊ခြေဖဝါး ၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။
အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။

နောက်ဆက်တွဲဆိုးကျိုးများ
အများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက် အန္တရာယ်ရှိနိုင်ပါသည်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။

ကူးစက်ပျံနှံပုံ
ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ရောဂါကူးစက်ခံရနိုင်ပါသည်။ အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည် သို့မဟုတ် သွေး) နှင့် အနာဖေးများမှတဆင့် ကူးစက်စေပါသည်။ ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးသော အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ သို့မဟုတ် စားသောက်ရာတွင် သုံးသည့်ပစ္စည်းများ၊ ပန်းကန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း အခြားသူဆီသို့ ကူးစက်စေပါသည်။
ခံတွင်းတွင်ရှိသော အနာများ၊ ပြည်တည်နာများမှတစ်ဆင့်လည်း ကူးစက်စေပါသည်။
ရောဂါဖြစ်ပွားနေသူများနှင့် အတူနေမိသားစုဝင်များ လိင်ဆက်ဆံဖက်တို့သည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ (သို့) မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင် လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည့် မိဘများမှ ကလေးသို့ အရေပြားချင်း ထိတွေ့ခြင်းတို့မှ လည်းကောင်း ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။

ဘယ်လိုကာကွယ်ကြမလဲ
ရောဂါဖြစ်ပွားနေသူမှတစ်ဆင့် ရောဂါပိုးများကပ်ညှိနေနိုင်သည့် အဝတ်အစားများ၊ အိပ်ယာခင်းများ မျက်နှာသုတ်ပုဝါများနှင့် ၎င်းတို့ထိတွေ့ခဲ့သော အရာဝတ္ထုများ သို့မဟုတ် ၎င်းတို့၏ အရေပြား အဖုအပိန့်များ သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အစက်အမှုန်များနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသော အရာများ (ဥပမာ- ရေခွက်၊ ပန်းကန်များ)ကို ထိတွေ့ကိုင်တွယ်ပြီးလျှင် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောပါ။ လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်ပါ။ ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားပါ။ ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကိုလည်း စနစ်တကျ စွန့်ပစ်ပါ။

ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ဘာတွေလုပ်ဆောင်သင့်သလဲ။
သင်ကိုယ်တိုင် ရောဂါလက္ခဏာခံစားနေရခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါဖြစ်နေသော လူတစ်ယောက်နှင့် ကိုင်တွယ်ထိတွေ့ခဲ့သည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းထံမှ အကူအညီတောင်းခံပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဆေးကုသမှုခံယူပါ။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် သီးခြားနေထိုင်ခြင်းနှင့် အခြားသူများကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်ဆေးကြောပြီး အခြားသူများကို ရောဂါမကူးစက်အောင် ကာကွယ်နိုင်ရန် အထက်ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက်ပါ။

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

Source - WHO
#မျောက်ကျောက်

30/08/2024

ခံစားချက်တွေ များရင် ဘာတွေဖြစ်လာနိုင်လဲ

လူဖြစ်တဲ့ အတွက် ခံစားချက်တွေဆိုတာရှိကြပါတယ်။
ဒါပေမယ့် ခံစားချက်တွေကို ​ရှေ့တန်းတင်လွန်းရင်တော့ ကိုယ်သွားရမယ့်ပန်းတိုင်ရောက်ဖို့ အတားအဆီးတွေဖြစ်လာနိုင်ပါတယ်။

ခံစားချက်တွေများရင်

၁။ အာရုံစိုက်စူးစိုက်မှုတွေ လျော့ကျလာနိုင်ပါတယ်။
၂။ ဆုံးဖြတ်ချက်ချရမယ့် နေရာတွေမှာ ဝေခွဲရခက်ပြီး ဆုံးဖြတ်ချက်အမှားတွေလုပ်လာနိုင်ပါတယ်။
၃။ အချိန်ကိုကောင်းစွာစီမံမခန့်ခွဲနိုင်တော့ပဲ အချိန်ဆုံးရှုံးမှုတွေများလာနိုင်ပါတယ်။
၄။ရင်းနှီးတဲ့သူတွေ ဆိုရင်တော့ နားလည်ကောင်း နားလည်ပေးနိုင်ပေမယ့် ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာခံစားချက်ရှေ့တန်းတင်လွန်းရင်တော့ အလုပ်ကသူတွေနဲ့ပါ အဆင်မပြေဖြစ်လာန်ိုင်ပြီး ပေါင်းသင်းဆက်ဆံရေး နဲ့ အလုပ်ကိုပါ ထိခိုက်လာန်ိုင်ပါတယ်။
၅။ အဆိုးဆုံး အနေနဲ့ စိတ်ကျရောဂါပါ ဝင်လာနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာဖြစ်ပါတယ်။
လူဖြစ်တဲ့ အတွက် ခံစားချက်တွေရှိနိုင်ပေမယ့် ရှေ့တန်း မတင်မိဖို့ အရေးကြီးပါတယ်။

ခံစားချက် ၊ အတွေးတွေ မများအောင် ဘာတွေလုပ်ကြမလဲ
၁။ ယုံကြည်စိတ်ချရပြီး အကြံပေးနိုင်မယ့်သူ (mentor) တစ်ယောက်ယောက်ကို ပြောပြပါ။
၂။ အားကစားတစ်ခုခုလုပ်ပါ။
၃။ အပင်စိုက်၊ ပန်းချီဆွဲ ၊ စာရေးခြင်း အစရှိသဖြင့် ဝါသနာပါရာ တစ်ခုခု လုပ်ကြည့်ပါ။
၄။ ရေချိုးပြီး လေညှင်းခံ လမ်းလျှောက်ထွက်တာမျိုး လုပ်ကြည့်ပါ။
၅။ တရားဟောချက်များနားထောင်ပြီး ဘုရားထံအာရုံပြုပါ။
၆။ မျှော်လင့်ချက်မထားတဲ့ ကူညီခြင်းမျိုးနဲ့ ကူညီပေးနိုင်တာ ကူညီပါ။
၇။ စိတ်ကြည်လင်စေမယ့် သီချင်းတွေနားထောင်ပါ။
သင်တွေးနေတဲ့ အတွေး ခံစားချက်တွေကပဲ သင်ဘယ်သူ ဖြစ်လာမလဲဆိုတာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
#ခံစားချက်

MorningHave a nice day
30/08/2024

Morning
Have a nice day

28/06/2024
25/06/2024

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မန်ချက်စတာဗွီးရှင်းမျက်မှန် Shop-1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share