27/10/2022
ဘေထုပ်is the best😍😚😚
ကဲအမျိုးတို့ရောအကြိုက်တူရင်
အောက်မှာ မန့်ခဲ့နော်😚😚
ဘေထုပ်တွေကိုဝေဖန်ကြတော့ အိမ်ကငါးကန်လေးပြချင်တယ်။
လမ်းဘေးကကျောက်ခဲ၊သစ်တုံး၊သဲတွေနဲ့ အလှဆင်ထားတာပေါ့။
ကျောက်ခဲကိုကားကြီးတစ်စီးလုံးမှ ၅ သောင်း၊၆ သောင်းပေါ့။
ငါးဝယ်တဲ့ဆိုင်မှာ ကျောက်ခဲ (1 kg = 3,000 kyats)
သဲတစ်ပြည်ကို (2,500 kyats)
အမေပြောတဲ့လမ်းဘေးကသစ်တုံးကို
(5,000 မှ 1,5000) အစားစားရှိတယ်။
ကျွန်တော်ဝယ်တယ်။ ကျွန်တော်ကြိုက်တယ်လေ။
ဒီနေရာမှာ need and want ဆိုတာရှိတယ်။
အမေကတော့ပွားတာပေါ့
နင်ကထင်းချောင်းတွေ လမ်းဘေးကျောက်တွေ သဲတွေကို
ပိုက်ဆံပေးပြီးဝယ်ရလားဆိုပြီးပေါ့။
ကျွန်တော်လိုချင်တဲ့ပုံစံကို လမ်းဘေးမှာရှာရင်မရှိဘူး။
ရှိကောင်းလဲရှိနိုင်ပေမဲ့ လိုက်မရှာချင်ဘူး။
တွေ့တုန်းလေးကြိုက်လို့ ဝယ်လိုက်တာမျိုးပါ။
ဘေထုပ်လဲလမ်းဘေးမှာ 5,00 ၊1,000 ရှိပါလိမ့်မယ်။
ခင်များတို့ကြိုက်လား။ လိုချင်တာရောတွေ့လား။
လိုချင်တာတွေ့ရင် ထောင်ဂဏန်း၊သောင်းဂဏန်းပေးဝယ်တယ်မလား။
မလိုချင်တဲ့လူ၊မကြိုက်တဲ့လူကတော့ အမေ့လိုပဲပွားနေမှာပဲ။
လူငယ်တွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်။
-Today Quote
ကိုယ်ရဲ့တန်ဖိုးထားမှုနဲ့ အခြားလူရဲ့တန်ဖိုးထားမှုကို
လိုက်ပြီးအကြဲဖတ်နေသ၍တော့ ပျော်ရွင်တဲ့လူတစ်ယောက်ဖြစ်ဖို့
အများကြီးလိုအပ်နေပါသေးတယ်။
wed 7 september,2022.