Bar Lo Lo

Bar Lo Lo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bar Lo Lo, Design & Fashion, No. 001, Building 2 Parami Housing. Hlaing, Yangon.

 #မင်းသားကြီးအမီတာဘဂျမ်းရေးတဲ့ဆောင်းပါးအိမ်မှာချွေးမ တစ်ယောက်ရှိတယ်။အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။သူများကို ပေ...
23/06/2023

#မင်းသားကြီးအမီတာဘဂျမ်းရေးတဲ့ဆောင်းပါး

အိမ်မှာချွေးမ တစ်ယောက်ရှိတယ်။
အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။

သူများကို ပေးစားလိုက်တဲ့
သမီးတစ်ယောက်ရှိတယ်။
အဲဒီအိမ်မှာသူ့ကို
ဖူးဖူးမှုတ္ထား စေချင်တယ်။

ကိုယ်လမ်းလျှောက်တုန်းက
ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။
ကိုယ်ကားမောင်းပြန်တော့
လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။

သူများဆီမှာအလုပ်သမား လုပ်တုန်းက
အလုပ်ရှင်ကို ဆိုးတယ်၊ ကပ်တယ်လို့
ပြောဆိုဖူးတယ်။
ကိုယ်အလုပ်ရှင်ပြန်ဖြစ်တော့
အလုပ်သမားတွေ မကြိုးစားဘူးဆိုပြီး
ငြူစူပြန်တယ်။

ကိုယ်တိုင်စျေး၀ယ်တုန်းက ဆိုင်ရှင်ကို
အမြတ်ကြီးစားတယ်၊
လောဘကြီးတယ်ပြောတယ်။

ကိုယ်ကိုယ်တိုင်ဆိုင်ရှင်ပြန်ဖြစ်တော့
စျေး၀ယ်တွေ ဂျီးများလွန်းတယ်လို့
ထင်မိပြန်တယ်

အမှန်တော့ ကျွန်တော်တို့ အားလုံး
မမှားကြပါဘူး။
နေရာချင်းမတူတော့ စဉ်းစားပုံချင်း
မတူလိုက္တာပါ။

နေရာလဲပြီးသာ စဉ်းစားတတ်ကြမယ်ဆိုရင်
အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

တစ်ခုခုလုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင်
အဲလူနေရာ ခဏလောက်ဝင်ခံစားကြည့်ပါ။
မင်းရင်ထဲမှာတစ်ခုခုမြင်လာလိမ့်မယ်။
သူ့ရဲ့လုပ်ဆောင်ချက်နဲ့
ငါရဲ့လုပ်ဆောင်ချက်၊
သူပေးဆပ်မှုနဲ့
ငါပေးဆပ်မှုတူလား။
အဲ့လိုတွေ တွေးတတ်လာတဲ့တစ်နေ့
ကိုယ်ရင်ထဲ ကိုယ်ချင်းစာတရားရှိပြီး
ဘယ်နေရာနေနေ နေတတ်လာမှာပါ။

Crd. .

မမြင်နိုင်သည်ကို လေးစားပါ။ကျွန်တော့်ရှေ့က ကားတစ်စီးက လိပ်တစ်ကောင်လို သွားနေပြီး ကျွန်တော် ဆက်တိုက် ဟွန်းတီးနေပေမယ့် လမ်း...
22/06/2023

မမြင်နိုင်သည်ကို လေးစားပါ။

ကျွန်တော့်ရှေ့က ကားတစ်စီးက လိပ်တစ်ကောင်လို သွားနေပြီး ကျွန်တော် ဆက်တိုက် ဟွန်းတီးနေပေမယ့် လမ်းမပေးဘူး။

ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်တော့မယ့်ဆဲဆဲမှာပဲ သူ့ကားနောက်ဘက်ရှိ စတစ်ကာလေးကို သတိပြုမိတယ်။

ရေးထားတာက...
"မသန်စွမ်းသူ ယာဉ်မောင်းဖြစ်၍ ကျေးဇူးပြုပြီး စိတ်ရှည်ပါ။"

ဒါဟာ အားလုံးကို ပြောင်းလဲစေခဲ့တယ်။ ကျွန်တော့်စိတ်လည်း ချက်ချင်း ငြိမ်သွားပြီး အရှိန်လျှော့လိုက်တယ်။

တကယ်တော့ ကျွန်တော့်မှာ ကားနဲ့ ယာဉ်မောင်းကိုတောင် အကာအကွယ်ပေးချင်စိတ်လေး ပေါ်လာမိတယ်။

ကျွန်တော် အလုပ်ရောက်တာ မိနစ်အနည်းငယ် နောက်ကျပေမယ့် အဆင်ပြေပါတယ်။

ပြီးတော့ ကျွန်တော် စဉ်းစားမိတယ်။ စတစ်ကာသာမရှိခဲ့ရင် ငါ စိတ်ရှည်မှာလား။

လူတွေအပေါ် စိတ်ရှည်ဖို့ စတစ်ကာတွေကို ဘာကြောင့် လိုကြတာလဲ။

လူတွေ နဖူးမှာ တံဆိပ်တွေကပ်ထားရင် ကျွန်တော်တို့ သူတပါးကို ပိုစိတ်ရှည်ပြီး ကြင်နာမှာလား။

ဘယ်လို တံဆိပ်တွေလဲဆိုတော့.....
~ အလုပ်ပြုတ်ထားတယ်
~ ကင်ဆာဖြစ်နေပါတယ်
~ အိမ်ထောင်ရေး ကွာရှင်းထားတယ်
~ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းကို ခံနေရတယ်
~ ချစ်ရသူ ဆုံးရှုံးသွားတယ်
~ အသုံးမကျသူလို့ ခံစားနေရတယ်
~ ငွေကြေး အဆင်မပြေပါ။....စသည့် တံဆိပ်မျိုးတွေပေါ့။

လူတိုင်းဟာ ကျွန်တော်တို့ ဘာမှမသိတဲ့ တိုက်ပွဲတစ်ခုကို တိုက်နေကြရတယ်။

အနည်းဆုံး ကျွန်တော်တို့ လုပ်ပေးနိုင်တာက စိတ်ရှည်ပြီး ကြင်နာပေးဖို့ပါပဲ။

သင် နေ့စဉ် အသက်ရှင်နေထိုင်တဲ့အခါ လူတိုင်းမှာ မမြင်နိုင်တဲ့ တံဆိပ်တစ်ခုရှိတယ်ဆိုတာ အမြဲသတိရပါ။

သည်းခံခြင်းဆိုသည့် သူတော်ကောင်းတရားဖြင့်သာ ထိုမမြင်နိုင်သော စာတန်းတံဆိပ်အား သင် လေးစားမှုကို ပြနိုင်ပါ၏။

English text credit - Austin Tang
Burmese translation - Dr. Soe Than
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

ဝဋ်လည်မည် သတိထား*********************အမေတစ်ယောက်နဲ့ စိတ်ညစ်ပါတယ်မောင်ရယ်…အိပ်ယာကနိုးပေမဲ့ ရုံးပိတ်ရက်မို့ မထသေးပဲနှပ်နေသ...
11/06/2023

ဝဋ်လည်မည် သတိထား
*********************
အမေတစ်ယောက်နဲ့ စိတ်ညစ်ပါတယ်
မောင်ရယ်…

အိပ်ယာကနိုးပေမဲ့ ရုံးပိတ်ရက်မို့ မထသေးပဲ
နှပ်နေသော သူဟာ
မိန်းမရဲ့ ခပ်တိုးတိုးစကားကြောင့် ခေါင်းထောင်
သွားသည်။

ဘာဖြစ်လို့လဲ မိန်းမရဲ့-?

ဘုရားပန်းတွေ ဝယ်လာတာတဲ့။
ကျူးလစ်ပန်းတွေလေ…
တစ်ခက်တစ်ခက်ကို စျေးကြီးပေးရပြီး
ပန်းကျတော့ ပွင့်အာပြီး ကြွေကျတော့မယ်။

ရှောက်ရွက်ကလည်း နွမ်းဖတ်နေတာပဲ။
စိတ်ညစ်တယ်။

အော်…မိန်းမရယ်…
ဘာများဖြစ်တာလဲ လို့။
တစ်ခါတစ်ခါ ရောင်းမှားဝယ်မှား ဖြစ်တာနေမှာပေါ့။

အဲဒီလို မဖြစ်စေချင်လို့ပေါ့ မောင်ရယ်…

မောင့်ကိုသာ အခုမှ ပြောပြတာ။
အမေ အဲဒီလိုဖြစ်နေတာ ကြာပြီ။

ဘာလုပ်လုပ်စိတ်ထဲက မပါတာလား…
တစ်ခုခုဖြစ်နေလား မသိဘူး။

ဟိုတစ်ခါလည်း ဝက်သားဝယ်လာတာ ဝက်သိုးသား
ဖြစ်နေတော့
အနံ့နဲ့တင် ချက်နေရင်း ခေါင်းတွေကိုက်လာလို့
သွန်ပစ်လိုက်ရတယ်။

နုငယ်တို့က လခစားဝန်ထမ်းတွေလေ…

တစ်လ တစ်လ အလျင်မီအောင် သုံးရစွဲရတာ။
အခုဆို ရက်ကြာကြာထားရမယ့် ဘုရားပန်းကို
ထပ်ဝယ်ရတော့မယ်။

လေလွင့်တာပေါ့…

ကဲ…ကဲ…ထ။
ရှင့်အကို ရောက်နေတယ်။
နုငယ် အိပ်ယာတွေ သိမ်းလိုက်ဦးမယ်။

မိန်းမဖြစ်သူရဲ့အပြောကလည်း မှန်နေသဖြင့်
သူဘာမှ စောဒက တက်မနေတော့။

မျက်နှာသစ်ရန် အိပ်ယာမှထပြီး နောက်ဖေးကို
ထွက်လာတော့

အမေက သူ့ကို ပြုံးရွှင်စွာဖြင့်…
သား…မျက်နှာသစ်။
မင်းအကိုကြီးလည်း အိမ်ရှေ့မှာ ရောက်နေတယ်။
အမေ ထမင်းကြော်ထားတယ်။
ငယ်ငယ်က သားတို့ကြိုက်သလို နနွင်းလေးနဲ့
ဝါဝါလေး။
အမေ နွှေးထားလိုက်မယ်နော်…

အမေ့ကို ခေါင်းညိတ်ပြရင်း မျက်နှာမြန်မြန်သစ်ကာ
ထမင်းစားပွဲမှာ ထိုင်တော့
အမေက အငွေ့ထောင်းထောင်း ထနေသော
ထမင်းကြော်ကို
ငါးနီတူခြောက်ကြော်လေးနှင့် တွဲကာ လာချပေးသည်။

စားနှင့်နေပြီဖြစ်သော အကိုကြီးနှင့်အမေ့ကိုပြုံးပြပြီး
သူတစ်ဇွန်းခပ်စားလိုက်တော့…
နနွင်းနံ့မပျောက်သေးသော ခပ်ငံငံ ထမင်းကြော်က
သူ့ကို စိတ်ညစ်သွားစေသည်။

ကြိတ်မှိတ်မြိုချရင်း အမေ့ကို ကြည့်လိုက်တော့…
အမေ့မျက်နှာက သားဖြစ်သူ စားကောင်း မကောင်းကို
အကဲခတ်ဟန်ဖြင့်

ကောင်းရဲ့လား သား…ဘာလိုသေးလဲ-?

မလိုပါဘူး အမရေဲ့။
အမေ့လက်ရာက ဟိုးအရင်က အတိုင်းပဲ စားကောင်း
နေကျ။

သူမဖြေခင် အကိုကြီးက အရင်ဖြေသည်။
အကိုကြီးရဲ့မျက်နှာကို သူတအံ့တသြ ကြည့်မိသည်။

အသက်ခုနစ်ဆယ်အရွယ်
အမေ့မျက်နှာက ပီတိတဝေဝေနှင့် ပြုံးရွှင်စွာ။

သူကတော့ ဆက်မစားလိုတာကြောင့် ကော်ဖီခွက်ကို
ယူကာသောက်ရင်း
အမေ့အလစ် ချောင်းနေမိတော့သည်။

အမေကလည်းနော်…
စောစောစီးစီး သတိထားမှပေါ့ အမေရယ်။
စိတ်တွေညစ်လိုက်တာ…

မိန်းမဖြစ်သူရဲ့ အသံကြောင့် သူပက်လက်ကုလားထိုင်
မှာထိုင်ပြီး
သတင်းစာဖတ်နေရာက နားစွင့်လိုက်မိသည်။

မိန်းမရဲ့ ခပ်တိုးတိုး ရေရွတ်သံကို ကြားသော်လည်း
အမေ့အသံကို မကြားရတာမို့
သူထိုင်နေရာက အသာထကာ မီးဖိုချောင်ဖက်
သွားကြည့်တော့
ထမင်းစားပွဲမှာ ထမင်းချိုင့်ထည့်နေသော မိန်းမက
သူ့ကို တစ်ချက်ကြည့်ရင်း…

မောင်ရေ…
ရုံးသွားခါနီးမှ အလုပ်ပေါ်ပြီ။
အမေလေ အိမ်သာသွားရင်း လမ်းမှာ ထွက်ကျလို့…

သမီးဖြစ်သူ အိအိက အမေ့ခြေထောက်တွေကို
ရေဆေးပေးနေသော်လည်း
မျက်နှာက မကျေနပ်သလို ပါးစပ်ကလည်း ပွစိပွစိ
ပြောနေတာကြောင့်
သူအခန်းထဲကနေ ထမီတစ်ထည်ယူကာ အမေ့ကို
လှမ်းပေးလိုက်သည်။

သူ့ကိုမြင်တော့ အိအိက ဘာမှဆက်မပြောတော့။

အိမ်နောက်ဖေး အိမ်ပေါက်ဝမှာ ရပ်နေသော
အေမက
သူ့မျက်နှာကို အားနာစွာ ကြည့်နေသဖြင့်

အမေ…ဘယ်လိုဖြစ်တာလဲ…
ကလေးမဟုတ် သူငယ်မဟုတ် ထွက်ကျရတယ်လို့-?

အမေလည်း…အိမ်သာကို အမြန်သွားတာပဲ
သားငယ်ရယ်…
ဘယ်လိုဖြစ်သွားလည်း မသိပါဘူး။

အမေ့အသံက ခပ်တိုးတိုး ရှိလှသည်။
ချွေးမကို အားနာစိတ်၊
သားဖြစ်သူကို ရှက်သောစိတ်ကြောင့် မျက်နှာက ခပ်နီနီ။

သူ ဘာမှ ဆက်မပြောတော့…

အိမ်ရှေ့မှာ ရုံးကလာကြိုသော ဖယ်ရီရောက်လာသဖြင့်
စကားဖြတ်ကာ
သူနှင့်တပါတည်း ယူစရာရှိတာတွေကို ယူပြီး ရုံးကား
ပေါ် တက်ထိုင်လိုက်သည်။

ခဏနေမှ မိန်းမက သုတ်သုတ်ပြာပြာနှင့် ကားပေါ်
တက်လာသည်။

ဒီနေ့…မမနု နောက်ကျတယ်…
စုစုက ခပ်ပြုံးပြုံး စသည်။

နေ့တိုင်း နောက်ကျတယ် စုရေ…
အိမ်က ယောက္ခမကြီးလည်း ဘာဖြစ်မှန်းကို မသိဘူး။
အခုတလော ဆီးထွက်ကျ ဝမ်းထွက်ကျနဲ့။
အလုပ်ကပင်ပန်းပြီး ပြန်လာရင်
ကိုစိုးမောင်တို့က အိတ်ကလေးချ ပန်ကာလေးဖွင့်ပြီး
နားနေရော။

ကိုယ့်မှာသာ ဖတ်သီဖတ်သီနဲ့ သေးစိုဝတ်တွေ လျှော်
ညနေစာချက် သိမ်းဆည်း။
အားလုံးလည်းပြီးရော အိပ်ချိန်ရောက်ပြီ။
တစ်နေ့တစ်နေ့ဆိုတာ…
ဘယ်လိုနေဝင်ပြီး ဘယ်လိုနေထွက်မှန်း မသိတော့
တာ ကြာပေါ့ စုစုရေ။

သူက မိန်းမဖြစ်သူကို လှမ်းကြည့်လိုက်သည်။
မိန်းမက သူ့ကို ပြန်မကြည့်။
ပြောချင်ရာ ပြောလိုက်ရလို့စိတ်ပေါ့သွားဟန်ဖြင့်
ကားပြတင်းပေါက်ကနေ အဝေးကို ငေးနေတာကို
တွေ့ရသည်။

စိုးမောင် သက်ပြင်းဖွဖွ ချမိသည်။

အင်း…
အခုတလော အမေ့ပုံစံက ချူချာသလို ထင်ရသည်။
တစ်ခါတစ်ခါ
ဟိုးအရင်သူတို့ငယ်ငယ်က အကြောင်းလေးတွေကို
ပြန်သတိရချင် ရနေတတ်ပြီး
လက်ရှိမှာ ထမင်းစားပြီးသလားကိုပင် မေ့နေတတ်
ပြန်သည်။

ကြာလာတော့ မိန်းမဖြစ်သူဆီကနေ အသံထွက်လာ
တော့တာကြောင့်
အမေ့ပုံက အားနာသလို နေရခက်နေသလို ဖြစ်နေ
သည်ဟု သူခံစားရသည်။

ရုံးပိတ်ရက်ကျရင်တော့ ဆေးခန်းလေး ဘာလေး
ပြကြည့်ဖို့ သူစိတ်ကူးလိုက်သည်။
သို့သော်…
သူ့စိတ်ကူးတို့သည် စိတ်ကူးသာဖြစ်ပြီး လက်တွေ့မှာ
ဖြစ်မလာနိုင်ခဲ့။

ဟိုတစ်နေ့ကဆို သူ့သားစားမယ့် ထမင်းပန်းကန်ထဲ
ရွှေဖရုံသီးဟင်းတွေ ထည့်ပြီး နယ်ထားတာ။
ဘေးကနေ မန်းကျီးသီးစိမ်းကြော်လေးပုံပြီး ဇွန်းတပ်။
ရေနွေးကြမ်းတစ်ခွက် အဆင်သင့် ချထားတာ။

နုငယ်က ဘုရားပန်းလဲနေလို့ မသိလိုက်ဘူး။
အိမ်နောက်ဖေးကို
ဝင်ကြည့်တော့မှ…တစ်အိမ်လုံး ပွစာကြဲနေတာပဲ
အကိုကြီးရယ်…

အမေ…
ဘာလုပ်နေတာလည်း ဆိုတော့မှ
ဒါ..သားငယ်လေး အကြိုက် တဲ့။
ငယ်ငယ်ကဆို အမြဲချက်ကျွေးရတယ်။
ချက်ပြီး အဲဒီလိုနယ်ဖတ်ပေးမှ သူက စားတာတဲ့။
ဟင်း...ဟင်း…

သူ့သားက တစ်လုပ်စားပြီး ငံလွန်းလို့ဆိုပြီး
ဆက်မစားဘူး။

မိန်းမဖြစ်သူရဲ့ အပြောကို အကိုကြီးက ပြုံးကာ
နားထောင်သည်။

ပြီးမှ အမေ့ဖက်ကိုကြည့်ပြီး

အမေက ဘက်လိုက်တယ်။
သူ့သားကျ ချက်ကျွေးတယ်။
သားကိုကျတော့ အဲဒီလိုမျိုး လုပ်မကျွေးဘူး။

အကိုကြီးရဲ့ စကားကြောင့် အမေ လှုပ်လှုပ်ရှားရှား
ဖြစ်သွားသည်။
သူ့သားကို အတော်လေး အားနာသွားဟန် ဖြစ်သွားတာ
ကိုလည်း တွေ့ရသည်။

အမေ သွားပြင်လိုက်မယ်…

အမေ ထိုင်နေရာက ထတော့…
အကိုကြီးက လက်ပြကာ တားရင်း
သူတို့အိမ်မှာ ချက်ထားတာတွေ မစားချင်ပါဘူး
အမေရာ…
သားက…
အမေကိုယ်တိုင် ချက်ပြုတ်ပြီး ကျွေးတာကို စားချင်တာ။
အမေ…သားနဲ့ အိမ်လိုက်ခဲ့နော်…
သားနဲ့တစ်လှည့်နေပြီး သားကို ငယ်ငယ်တုန်းကလို
ထမင်းနယ်ပြီး ကျွေးမယ် မဟုတ်လား-?

ကျွေးမှာပေါ့…

အမေ့အသံက ရွှင်လန်းလာသည်။

ကျွန်တော် အကိုကြီး ဝင်းမောင်ရဲ့မျက်နှာကို ကြည့်မိ
သည်။
အကိုက မျက်စိတစ်ဖက် မှိတ်ပြရင်း အမေ့ဖက်
လှည့်ကာ

အမေ…
အမေ့အင်္ကျီတွေ သွားယူလေ…သား တော်ကြာနေ
ပြန်တော့မှာ။

အေး…အေး…

အမေ ထိုင်နေရာမှ ခပ်သွက်သွက်ထကာ အိပ်ခန်းထဲ
ဝင်သွားမှ

အကိုကြီးက သူ့ဖက်လှည့်ပြီး…အမေ့ကို အကို ခေါ်သွား
လိ်ုက်မယ်။
မင်းတို့လည်း ဝန်ထမ်းတွေဆိုတော့ ကသီလင်တ
နိ်ုင်မှာပဲ။
အကိုလည်း တစ်ပတ်တစ်ခါ လာလာကြည့်ရတာ
ခရီးထောက်တယ်။
အိမ်ခေါ်ထားလိုက်တော့ အားလုံးအဆင်ပြေတာပေါ့။
အကို့အလုပ်က စာရေးတာဆိုတော့ အပြင်သွားစရာ
လည်း သိပ်မလိုဘူး။
ခြံထဲမှာ ငါ့တပည့် ဖိုးကဲတို့ မိသားစုရှိနေတော့
အမေလည်း ပျော်မှာပါ။

မိန်းမမျက်နှာက ပျော်သွားသလို ဝင်းကနဲ ဖြစ်သွားတာ
ကို သူမြင်လိုက်သည်။
သူလည်း စိတ်အေးသွားတာကြောင့် မခေါ်ပါနဲ့
ဘာညာ ပြောမနေတော့။

ကြာရင်…
မိန်းမနှင့်အမေ့ကြား အဖုအထစ်လေးတွေ ရှိလာမယ့်
အရေးမှ ကင်းသွားသည်ဟု ဆိုရပေမည်။

ခဏကြာတော့ အမေ အထုတ်လေးဆွဲကာ ပြန်ထွက်
လာသည်။

ဒါပေမဲ့…သူ့ဖက်ကို သိပ်မကြည့်။

စိုးမောင် အမေ့နားကပ်ကာ အမေ့လက်ကလေးကို
အသာဆွဲယူပြီး
အမေ့ပါးတစ်ဖက်ကို နမ်းလိုက်တော့ အမေ မျက်ရည်
ဝဲသည်။

ကျန်းမာရေး ဂရုစိုက်…
အမေ့စကားက သည်လောက်သာ။

ဒါပေမဲ့…အမေ့မျက်လုံးတွေကတော့ စကားတွေ
အများကြီး ပြောနေသလိုပင်။

အိမ်ထောင်ကျကတည်းက သူချစ်သောသားဆီ
မကြာမကြာလာနေရင်း
ကလေးဝေယျာဝစ္စတွေကြောင့် စိတ်မချဘူးဟုဆိုကာ
မပြန်တော့ပဲ အတူတူနေတာမို့
သူ့ကို အမေဘယ်လောက်ချစ်မှန်း သူအသိဆုံးပင်။

ဒါပေမဲ့…
အမေက သူ့ကို သိပ်မကြည့်သလို ခံစားရတော့လည်း
သူ စိတ်မကောင်း။

ပြန်ခါနီးကျတော့ အကိုကြီးက သူ့ပခုံးကို ဖက်ကာ
ခပ်တိုးတိုး ပြောသွားသည်။

မင်း အမေ့မေတ္တာနဲ့ နယ်ထားတဲ့ ထမင်းကို ကြိတ်မှိတ်
စားသင့်တယ် ငါ့ညီ…

အကိုကြီးမျက်နှာကို ကြည့်ပြီး သူ ဘာစကားမှ မဆိုမိ။

ဒီလောက်ငံတဲ့ထမင်းကို ဘယ်လိုလုပ် စားမလဲ
ဟုသာ စိတ်ထဲက စောဒကတတ်မိသည်။

အကိုကြီးကလည်း သူတို့ကို ဘာစကားမှ ဆက်မပြော
တော့…
အမေ့ကိုသာ အငှားကားပေါ်တင်ပြီး သူ့အိမ် ပြန်သွား
သည်။

တော်ပါသေးရဲ့…
ရှင့်အကိုသာ လာမခေါ်ရင် ကျွန်မလည်း ဖုန်းဆက်
ပြောမိတော့မှာ။
သူကလူလွတ်မို့ ပြဿနာမရှိဘူး။
အမေဒီလို ဖြစ်နေတာ ကြာလာလေ။
ကျွန်မတို့နဲ့ အဆင်မပြေဖြစ်လေ ဖြစ်တော့မှာ။

အဲဒီလိုတော့ မပြောပါနဲ့ မိန်းမရယ်…
အမေလည်း သူတာဝန်ယူနိုင်တဲ့အချိန်က အားလုံး
လုပ်ပေးခဲ့တာပဲ မဟုတ်လား-?

အမလေး…ကိုမျိုးချစ်…
အမေကို ထိလို့ကို မရပါလား။
ကျွန်မက အဖြစ်ပြောတာပါတော်။
ကျုပ်လည်း ယောက္ခမကို ချီးကလူ သေးကလူ
ပြုစုရတာ ပါပဲ။
ကိုယ့်မအေတောင် လုပ်ပေးခွင့်ရတာ မဟုတ်ဘူး။

မိန်းမဖြစ်သူကိုကြည့်ပြီး သူစိတ်ပျက်စွာ ခေါင်းယမ်း
မိသည်။
ထိုနေ့ကစပြီး အမေရော အကိုကြီးပါ သူ့အိမ်ကို
သိပ်မလာတော့…

သူလည်း အမေ့ဆီကို မရောက်ဖြစ်တော့…

တစ်ခါတစ်လေ သွားကန်တော့လျှင်တော့…
သနပ်ခါးတွေ ဖွေးနေအောင် လိမ်းထားသော
အေမက
ပြုံးပြုံးကြီး ဆုတွေပေးသလို ပျော်နေဟန်ကလည်း
အတိုင်းသားပင်။

အကိုကြီးကတော့ အမေ့ဆီ မကြာမကြာ လာဖို့
သတိပေးရှာသည်။

အမေ ငယ်မူပြန်ချင်နေသည်…ဟုလည်း ခပ်တိုးတိုး
သတင်းပေးပေမဲ့
အစိုးရဝန်ထမ်းဖြစ်သူ သူ့မှာ အမြဲ မရောက်နိုင်။

ဒါပေမဲ့…
အမေကတော့ သူလာခြင်း မလာခြင်းကို စောင့်ဆိုင်း
မနေတော့။
အိပ်ယာထဲလှဲနေရင်း ဦးဏှောက်သွေးကြာပြတ်
ကာ
နှုတ်ဆက်သွားလေတော့သည်။

မျက်နှာပေါ်တဖွဲဖွဲနှင့် မသိမသာ စင်သော အထိအတွေ့
ကြောင့် သူ အိပ်ယာက လန့်နိုးလာသည်။

မိုးကလည်း သည်းလိုက်တာဟုတွေးရင်း ပွင့်နေသော
ပြတင်းပေါက်ကို
တယောက်ယောက်များလာပိတ်မလားဟု မသိမသာ
မျှော်နေပေမယ့်
တစ်အိမ်လုံး ဘာသံမှ မကြားရတာကြောင့် သူ စိတ်လျှော့
လိုက်သည်။

ပြတင်းပေါက်တံခါးကို လေတိုးသံနှင့်အတူ မိုးက
တရစပ် ပက်လာသောကြောင့်
သူ့အောက်ပိုင်းတစ်ခုလုံး စိုထိုင်းလို့ လာသလို
အပေါ့သွားချင်စိတ်တွေကလည်း ထိန်းမရအောင်ဖြစ်၍
လာလေသည်။

မဖြစ်။

အိပ်ယာထဲ ဆီးသွားလို့ မဖြစ်။
အိပ်ယာခင်း စိုထိုင်းထိုင်းနှင့် သူမနေနိုင်။
ဘယ်သူကမှလည်း တခုတ်တရ လာလဲပေးမှာ မဟုတ်။

ကိုစိုးမောင် အတင်းချုပ်တီးထားသည့်ကြားမှ ဆီးက
ထိန်းမရပဲ ထွက်ကျလေတော့သည်။

လေဖြတ်ထားသဖြင့် ဝူးဝူးဝါးဝါးဖြစ်နေသော သူ့အော်သံ
က
မိုးသံတွေကြားမှာ ပျောက်သွားလေသဖြင့် ဆက်ပြီး
ကြိုးစားမနေတော့။

ဝမ်းနည်းစိတ်က လှိုက်ကနဲ တက်လာသလို…
မိန်းမဖြစ်သူရဲ့ မျက်နှာကိုလည်း ပြေးမြင်မိသည်။

တဖန် သမီးဖြစ်သူအိအိရဲ့ ငြူစူသံ။
သားမက်ဖြစ်သူရဲ့ နင်ပဲငဆ ပြောသံတွေကို နားထဲ
ကြားမိပြန်သည်။

အမေ့ဝဋ်တွေ လည်နေပါပြီ အမေရယ်…
ဟု စိတ်ကတွေးရင်း
အကိုကြီးမဆုံးခင် ပြောခဲ့သော စကားကိုကြားကာ
ဝမ်းနည်းစွာ ငိုမိတော့သည်။

ဒီတံမြက်စည်းကိုကြည့် ငါ့ညီ…
အသစ်တုန်းက မင်း အိမ်ရှေ့ခန်းမှာ ထားတယ်။
ကြာလာတော့ အမွှေးတွေတုံးလာပြီး လှည်းမကောင်း
တော့ဘူး။
အဲဒီတော့ နောက်ဖေးမှာလှည်းပြီး အိမ်ရှေ့အတွက်
အသစ်ဝယ်တယ်။

အဲဒီတံမြက်စည်းလည်း ဟောင်းလာရင်…
မင်း နောက်ဖေး ပို့ဦးမှာပဲ။နောက်အသစ် ဝယ်ဦးမှာပဲ။

အဲဒီအသစ်ကလည်း တစ်နေ့ကျ ဟောင်းလာဦးမှာပဲ။

သံသရာဆိုတာ…လည်နေတာ ငါ့ညီ။
ဒါကြောင့် မင်းတို့တွေ အမေ့အပေါ် နိုင့်ထက်စီးနင်း
ကြီး မပြောပါနဲ့ ကွာ…

မိဘဆိုတာ… အစားထိုးစရာလည်း မရှိဘူး။
ရှိနေတုန်း ကျေးဇူးဆပ်ခွင့် ရတာ။
ဝအောင် ဆပ်ကြပါ။

မင်းတို့တွေလည်း အိုကြ နာကြဦးမှာပဲ။
တနေ့ကျရင်…အသစ်မှန်သမျှ ဟောင်းကြရတာပါ။

မင်း…တရားရစမ်းပါ…

ကျွန်တော်လေ…
တရားတွေလည်းကျ တရားတွေလည်း
ရနေပါပြီ အကိုကြီးရယ်…

သေမင်းရယ်…
ကျွန်တော့်ကို မြန်မြန်သာ လာခေါ်ကြပါတော့ဗျာ။

following for thanks all💛

https://www.facebook.com/profile.php?id=100092445617016&mibextid=ZbWKwL

🤍

01/06/2023

ဆံပင်ဆို ရိုးရိုးပဲ စည်းတက်တဲ့
ကိုယ့်သဲတွေတွက်😍

 #ရှားစောင်းလက်ပက်နဲ့တည့်တဲ့သူတွေအတွက်  မျက်နှာ ပေါင်းတင်နည်းလေး ပြောပြချင်တယ်။1-   ရှားစောင်း အပင်က အလက်ကြီးကြီး အနှစ်ထ...
19/10/2020

#ရှားစောင်းလက်ပက်နဲ့တည့်တဲ့သူတွေအတွက် မျက်နှာ ပေါင်းတင်နည်းလေး ပြောပြချင်တယ်။

1- ရှားစောင်း အပင်က အလက်ကြီးကြီး အနှစ်ထူထူ အသား မာမာ တလက်ယူလိုက်ပါ။

2- ရေစင်အောင် ဆေးလိုက်ပါ အဝတ်နဲ့ ရေခြောက်အောင် သုတ်ပြီး အရွက် အရင်းပိုင်းကို ၃လက်မခန့် အထက်အောင် ညီညီလေး ဖြတ်ပေးပါ ။

3- ဖြတ်ပြီးသား ရှားစောင်း အရွက်ပိုင်းလေးကို အခွံတွေ ခွာပေးပါ။ခွားပြီးတဲ့ အခွံတွေကို မပစ်သေးပဲ့ အခွံမှာကပ်နေတဲ့ gel အရေလေးတွေနဲ့ (မျက်နှာပေါင်းတင်ရန် မျက်နှာသစ်ပြီး အခြောက်ခံ ထားရပါမယ်)မျက်နှာကို ၁မိနစ်ခန့် ပွတ်ပေးပါ။ထို့နောက် မျက်နှာကို အခြောက်ခံလိုက်ပါ အချိန်အနည်းငယ် ကြာတဲ့ အခါ မျက်နှာတင်းလာပါလိမ့်မယ်။

4- အခွံအားလုံးခွာပြီးတဲ့ခါ စောစောက gelသုပ်ထားတဲ့ မျက်နှာလေးလည်း တင်းပြီး စေးကပ် စေးကပ်
ဖြစ်လာပြီဆိုရင်တော့ စောစောက အနှစ်ကလေးတွေကို တခုချင်း စိတ်ရှည်ရှည် ကပ်ပေးလိုက်ပါဗျာ။မနက်မိုးလင်းရင် မျက်နှာ မသစ်သေးပဲ မျက်နှာပေါ်မှာကပ်ထားတဲ့ ရှားစောင်း အနှစ်ကလေးတွေဟာ ရှာမရအောင် ပြားကပ်နေတာ တွေ့ရပါလိပ်မယ် အဲဒါဆို လက်နဲ့ ဆွဲခွာချပြီး မျက်နှာ သစ်လိုက်ပါ။ အာမခံပေးနိုင်တာကတော့ ဒီလိုအမြဲလုပ်ပေးပါက ရုပ်အဆင်းသည် အသက် ၁၀နှစ်လောက် ငယ်သွားသလို ခံစားရစေမယ်ဆိုတာပါပဲ။

မှတ်ချက် ။ ။ညအိပ်ယာဝင်မှလုပ်ပါ။

Stay homeရင်း မပျင်းရအောင်အိမ်မှာနေရင်းအပျင်းပြေလုပ်ကျိကြမယ်
25/09/2020

Stay homeရင်း မပျင်းရအောင်အိမ်မှာနေရင်းအပျင်းပြေလုပ်ကျိကြမယ်

Fairy Gold  Shower & Scrub လေး တွဲသုံးချင်လည်း Okay တယ်နော် အရေပြားပေါ်က ဆဲလ်သေတွေ ကို သိသိသာသာ ခွာချပေးနိုင်တဲ့ အပြင် အ...
01/09/2020

Fairy Gold Shower & Scrub လေး တွဲသုံးချင်လည်း Okay တယ်နော်

အရေပြားပေါ်က ဆဲလ်သေတွေ ကို သိသိသာသာ ခွာချပေးနိုင်တဲ့ အပြင် အသားအရေ ကို နူးညံ့ စိုပြေစေတယ် အာဟာရ ဖြည့်တင်းပေးတယ်

နောက်ပြီး24k Gold ကို အဓိက ထားပြီး ပြုလုပ်ထားတာ ဖြစ်တဲ့ အတွက် အသားအရေ ကို တင်းရင်းစေတဲ့ အပြင်

နေလောင်ကွက်တွေ အမာရွတ်တွေ ကိုလည်း သက်သာပျောက်ကင်းစေပါတယ်

Price
Shower - 9000 ks
Scrub - 9500 ks
1 set - 18000 ks

လက်ကားယူချင်သူတွေ 43500 ဖိုး ကစလို့ရပါတယ်

For Zawgyi::::ဟိတ်...လှတယ်ဆိုပြီး....ငေးကြည့်မနေနဲ့...ယူတို့ဝတ်မှ...ပိုလှသွားမှာ...တစ်သျူးဆွဲသား....အသင့်ချုပ်ပြီး....S....
31/08/2020

For Zawgyi::::

ဟိတ်...

လှတယ်ဆိုပြီး....ငေးကြည့်မနေနဲ့...

ယူတို့ဝတ်မှ...ပိုလှသွားမှာ...

တစ်သျူးဆွဲသား....အသင့်ချုပ်ပြီး....

S.M.L.Xl....15000/
2xl.3xl......18000/

Viber or Cb

09770361302;09256416204

For Uni:::;

ဟိတ်....

လှတယ်ဆိုပြီး....ငေးကြည့်မနေနဲ့...

ယူတို့ဝတ်မှပိုလှသွားမှာ....

တစ်သျူးဆွဲသား...အသင့်ချုပ်ပြီး....

S.M.L.Xl.....15000/
2xl.3xl........18000/

Viber or Cb

09770361302,09256416204

 #အမေစုအိတ်အသားကောင်းလေးတွေရောင်းပေးမယ်နော်အသားကောင်း အရောင်မကျ သံချေးမတက်ပါ10"-7" sizeပါPrice 17000ရန်ကုန် မန်းလေး အိမ်...
30/08/2020

#အမေစုအိတ်အသားကောင်းလေးတွေရောင်းပေးမယ်နော်
အသားကောင်း အရောင်မကျ သံချေးမတက်ပါ
10"-7" sizeပါ
Price 17000
ရန်ကုန် မန်းလေး အိမ်ရောက်ငွေချေပါ
ကျန်မြို့များ ငွေလွဲပီး တာနဲ့ပို့ပေးပါတယ်နော်

နှုတ်ခမ်းမခြောက်စေပဲ ဖူးဖူးအိအိလေးဖြစ်နေစေမယ့်ခီခီရဲ့ လစ်ပ်တစ်နေကုန် နူးညံ့လှပတဲ့ နှုတ်ခမ်းတစ်စုံရဖို့ဆိုရင်နှုတ်ခမ်းနီက...
27/08/2020

နှုတ်ခမ်းမခြောက်စေပဲ ဖူးဖူးအိအိလေးဖြစ်နေစေမယ့်
ခီခီရဲ့ လစ်ပ်

တစ်နေကုန် နူးညံ့လှပတဲ့ နှုတ်ခမ်းတစ်စုံရဖို့ဆိုရင်
နှုတ်ခမ်းနီကောင်းကောင်းလေး တစ်စုံရှိဖို့လိုမယ်နော်

ikigai ကထုတ်တဲ့ ခီခီလစ်ပ်လေးဟာဆိုရင်
Vitamin E,Sunflower OilOrganic Argan Oil
အစရှိတဲ့ Ingredientsတွေများစွာပါဝင်ပါတယ်

ဒါကြောင့်လဲ နှုတ်ခမ်းသားလေးကို
ကျန်းမာနုပျိုစေတာပါ

နှုတ်ခမ်းကြမ်းကြမ်းကြီးဖြစ်မနေပဲ
ချောမွေ့နေမှာနော်....


for being Alive
Quality Affordable Price

Address

No. 001, Building 2 Parami Housing. Hlaing
Yangon

Telephone

+959786246714

Website

Alerts

Be the first to know and let us send you an email when Bar Lo Lo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bar Lo Lo:

Share