2A Online Shop

2A Online Shop China & Thailand Clothing, Shoe, Bags, Accessories & Baby Accessories China / BKK ( Preorder )

22/10/2021

လက်သည်းနီ Type ၇ မျိုးနဲ့ လက်သည်းနီ အမျိုးအစား ၁၆ မျိုး စုစုပေါင်း ၂၃ မျိုးရှိတယ်လို့ ပြောခဲ့ပြီးတဲ့နောက်
Base coat, top coat စတဲ့ type ၇ မျိုး အကြောင်း ဖော်ပြပြီးခဲ့ပါပြီ
ဒီနေ့ ထပ်ပြောပြပေးမှာကတော့ Finishes ၁၆ မျိုးပါ
အဲ့ထဲက ၂ မျိုးကိုတော့ post တခုဆီ လုပ်ပေးထားပါတယ်
ဒါကတော့ Chrome ရယ် Iridescent ရယ်ပဲ ဖြစ်ပါတယ် ကျန်ရှိတဲ့ အမျိုးအစားတွေကိုလည်း ထပ်ပြီး တင်‌ပေးပါဦးမယ်
အနည်းဆုံးတော့ ဆိုင်သွားလို့ လက်သည်းဆိုးမယ်ဆိုရင် လူကြိုက်များတဲ့ gel တို့ လက်သည်းဆက်တဲ့ extension တွေအပြင် ဒါတွေ ရှိလားဆိုပြီး ဆရာ လုပ်လို့ရတာပေါ့နော် ဒါကတော့ ဆေးထိုးတာပါ Just kidding!

1) Chrome
ဒီ လက်သည်းနီ အမျိုးအစားက Powder Type ဖြစ်ပြီး လက် သို့မဟုတ် Eye shadow brush လိုမျိုးလေးနဲ့ အမှုန်လေးတွေကို လက်သည်းနီ တမျိုးမျိုး ဆိုးထားတဲ့အပေါ်မှာ အသုံးပြုရတာပါ Super shiny ဖြစ်ဖို့အတွက် အကောင်းဆုံးလို့ပြောလို့ရပါတယ် အဲ့နောက်မှာမှ Top Coat ကို ထပ်ဆိုးပေးရတာပါ
Step By Step ဆိုရင် Base coat, ကြိုက်နှစ်သက်ရာ လက်သည်းဆိုးဆေးတခုခုဆိုး, Top Coat တထပ်ဆိုး, အဲ့နောက်မှာမှ Chrome ‌လေးကို လက်သည်းခွံ တခုလုံးပေါ် အနှံ‌‌ရောက်အောင် တင်လိုက်ပြီးရင် Cure လေးတွေမှာ အမှုန်လေးတွေကပ်နေမှာကြောင့် လက်ဆေးလိုက်ပါ နောက်ဆုံးအနေနဲ့ Top Coat ထပ်ဆိုးလိုက်ရင် ရပါပြီ Top Coat ကို ရိုးရိုးပုံမှန်သုံးနေကြ အမျိုးအစားအပြင် water based ဖြစ်တဲ့ top coat သုံးလို့လည်း ရပါတယ်

2) Pearl
Pearl ရောင်လက်သည်းဆိုးဆေးက ပျော့ပျောင်းမှု, ကျော့ရှင်းမှု, သူ့အဆင့်အတန်း တခုကို ဖော်ပြတယ် ပုံမှန်အားဖြင့် ပုလဲအရောင်က ကြည့်ရတာ ရှင်းလင်းပြီး တမျိုးတည်း ပြီးပြည့်စုံစေတယ် ဆိုးလိုက်ရင် ပုလဲပါတာကြောင့် အ‌ရောင်ဖျော့ပေမယ့်လည်း အတော် လှပတာကို မြင်သာစေတယ် ဘယ်လို စတိုင်မျိုးပဲ ဝတ်ထားဝတ်ထား ပုလဲရောင်လက်သည်းဆိုးဆေးနဲ့ဆို Perfect ဖြစ်စေတယ်လို့တောင် ဆိုကြပါတယ်

3) Glitter
Glitter တော့ မြင်ဖူး သိဖူးကြမှာပါ သူ့မှာပါတဲ့ Glitter လေးတွေက သေးတာပဲ ဖြစ်ဖြစ် ကြီးတာပဲ ဖြစ်ဖြစ် ရောင်ပြန်လေးနဲ့မလို့ လက်မှာ Disco ဘောလုံးလေး ရှိနေသလိုတောင် တူသေးတယ် ဒါကြောင့်မလို့လည်း လူကြိုက်များကြတာပေါ့ Top Coat ကတော့ မဖြစ်မနေ သုံးကို သုံးရမယ့် Polish ပါနော် ဒါမှ Smooth ဖြစ်နေမှာပါ တခု ရှိတာက ဖျက်တဲ့အခါ အလွယ်တကူတော့ မပျက်ဘူး ဒါတော့ရှိတယ်

4) Matte
Matt Type ကြိုက်တဲ့ မင်မင်အတွက်ဆို ဒါမျိုး အရမ်း ကြိုက်ပါတယ် သူ့ကို လက်မှာ တန်ဆာဆင်ရတာကိုက တမျိုးထူးခြားနေတယ်လို့ကို ခံစားရစေပါတယ် ကိုယ်တိုင်က ထင်ရှား သိသာရတာ မကြိုက်တဲ့သူဆို Matte Type က သင့်တော်ပါတယ် ဒါမယ့် မလှဘူးလို့တော့ မထင်လိုက်ပါနဲ့ ကြွေချင်စရာ အရောင်အများကြီးရှိတာမလို့ စမ်းသုံးကြည့်စေချင်ပါတယ်

5) Shimmer
သူက Glitter နဲ့ဆင်သလိုပေမယ့် သူ့ Glitter လေးတွေက ‌သေးသေးလေးတွေ ဒါပေမယ့် အလင်းပြန်လိုက်ရင် ရောင်ပြန်တွေ အများကြီး ထွက်လာတာက အသဲယားစရာ ကောင်းတယ် Nail Polish တွေ အကုန်လုံးက Shimmer ဆိုတဲ့ ဒီလက်သည်း formula နဲ့ ထုတ်ထားတာပါတဲ့

6) Microshimmer
Shimmer က Glitter ထက်သေးတယ်ဆိုရင် ဒါက အများကြီးပို‌သေးတယ်လို့ ပြောရမှာပါ တခြား Bright ဖြစ်တယ်ဆိုတာထက်ကို ပိုပါတယ် တကယ့်ကို super Shimmer တွေ ဖြစ်တာကြောင့် အလင်းနဲ့ဆို ကြွေဆင်းမယ်ဆိုတာ မငြင်းနိုင်ပါဘူး

7) Frost
သူ့ကို မြင်သာအောင်လို့ တောက်ပြောင်တဲ့ formula ကို သုံးထားကြောင်း သိရပါတယ် မဆိုးခင်မှာဆိုရင် brush မှာ ပါလာရဲ့လားဆိုတာ သေချာကြည့်ရမှာပါ နာမည်နဲ့တင် Icy ဖြစ်တဲ့ Type ဆိုတာ ခံစားလို့ရနိုင်ပါတယ် ဒီအမျိုးအစားမှာ Glitter တွေ မပါပေမယ့်လည်း သူ့အရောင်နဲ့သူတော့ တောက်ပနေမယ်ဆိုတာ သေချာပါတယ်

8)Lustre
တခါမှ မကြားဖူးတဲ့ Nail Polish လို့ ပြောလိုရပါတယ် သူက နူးညံ့ပြီး ဆိုးလိုက်ရင် Holographic လိုမျိုး ဖြစ်နေမှာပါ

9) Iridescent
ဒါကတော့ အလင်းနဲ့ ထိတွေ့လိုက်ရင် အရောင်ပြောင်းသွားတဲ့ လက်သည်းနီ အမျိုးအစားပါ

10) Opalescent
Pearl ရဲ့အမေလို့တောင် တင်စားတဲ့ Nail Polish အမျိုးအစားပါ ဆိုးလိုက်ရင် လက်သည်းအတွင်းဘက်တွေအထိ တောက်ပ နေပါလိမ့်မယ်တဲ့ ကမ်းခေါ်ရဲ့ Signature တွေကို ချစ်တယ်ဆိုရင် Try ကြည့်သိပါတယ်လို့ ဆိုပါတယ် မင်မင်လည်း အခွင့်အရေးရရင် ဆိုးကြည့်ချင်ပါသေးတယ်
11) Translucent
နာမည်လိုပါပဲ layer အများကြီးပါတာကြောင့် တောက်ပတဲ့အရောင်ကို ခံစားရစေပါတယ် သူက ရေနဲ့ ဂျယ်လီကို ကြည့်နေရတယ်လို့ ထင်နိုင်စေတဲ့ type မျိုးပါ

12) Magnetic
Popular အဖြစ်ဆုံး လက်သည်းဆိုးဆေးပါ အားလုံးသိကြတဲ့အတိုင်း တကြိမ်ဆိုးလိုက်ပြီး သံလိုက်သေးသေးလေးကို အသုံးပြုပြီး Shape တွေ design တွေ ဖော်လို့ရပါတယ် သံလိုက်က လက်သည်းဆိုးဆေးထဲမှာပါတဲ့ သေးငယ်တဲ့ အမှုန်လေးတွေကို သက်‌ရောက်စေတာကြောင့် ဖြစ်ပါတယ် Galaxy နဲ့တောင် ဆင်ပါ‌သေးတယ်

13) Crackled
ငယ်ငယ်က ဆိုးဖူးကြမလားမသိဘူး လက်သည်းဆိုးဆေး တခုကိုဆိုးမယ် ပြီးရင် ဒီအမျိုးအစားကို ဆိုးလိုက်တာနဲ့ လက်သည်းနီတွေ ပက်ကြားအပ်သလို ပုံစံ ပြောင်းသွားတဲ့ အမျိုးအစားပါ မင်မင်တော့ အသဲယားလို့ သိပ်မကြိုက်ဘူး

14) Glass Flecked
မှန်အပိုင်းအစ သကဲသို့ ရောင်ပြန်လေးတွေ ထည့်သွင်းထားတဲ့ formula နဲ့ လုပ်ထားတဲ့ အမျိုးအစားပါ တောက်ပြောင်ပြီး Smooth ဖြစ်ပါတယ်

15) Holographic
Hologram ကိုမြင်ဖူးကြမှာပါ ရောင်ပြန်လေးတွေ မြင်ရမယ့် အမျိုးအစားပါ

16) Prismatic Shimmer
Holographic လေးတွေ ထပ်ပေါင်းထားတာကြောင့် Super Shimmer ဖြစ်နဲ့ အမျိုးအစားပါ သူ့ကို ဖော်ညွှန်းထားတဲ့ပုံစံက
ရုံးခန်းထဲက နေ့ဘက်ပဲဖြစ်ဖြစ် မြို့ထဲက ညဘက်ပဲဖြစ်ဖြစ် အမြဲတမ်း ‌တောက်ပနေမယ့် အမျိုးအစားဖြစ်ပြီး Prism လို ရောင်ပြန် ထွက်မှာပါတဲ့ အတော်လှမှာနော်





‼️Mask ကပ်ရင် မှားတတ်တဲ့ အမှား (8)ခု𝟏🌝 မှန်ကန်တဲ့ 𝐦𝐚𝐬𝐤 ကို မရွေးချယ်ခြင်းMask ရွေးတဲ့ နေရာမှာ ကိုယ့်အသားအရေနဲ့လိုက်တဲ့ m...
21/10/2021

‼️Mask ကပ်ရင် မှားတတ်တဲ့ အမှား (8)ခု

𝟏🌝 မှန်ကန်တဲ့ 𝐦𝐚𝐬𝐤 ကို မရွေးချယ်ခြင်း

Mask ရွေးတဲ့ နေရာမှာ ကိုယ့်အသားအရေနဲ့လိုက်တဲ့ mask ကိုရွေးချယ်ရမှာပါ။ တချို့မိန်းကလေးတွေက mask ဝယ်ရင် ဘာအာနိသင်ပါလဲအရင်မကြည့်ပဲ နာမည်ကြီးတဲ့ brand (သို့မဟုတ်) အထုပ်လှတာ/ packaging လှတာကိုရွေးဝယ်တတ်ကြပါတယ်။ အဲ့လိုဆိုရင် "သဲထဲရေသွန်" ပဲဖြစ်နေမှာနော် ပိုက်ဆံပဲကုန်ပြီး မျက်နှာဘာမှပြောင်းလဲမှုရှိလာမှာမဟုတ်ပါဘူး။

[စျေးကြီးတဲ့ mask တိုင်းကိုယ်နဲ့မတည့်နိုင်ပါဘူး။ ကိုယ်နဲ့တည့်တာကို ရွေးချယ်ပါ]

𝟐🌝 မျက်နှာမသစ်ပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

မျက်နှာမသစ်ပဲ mask ကပ်ရင် ရသင့်တဲ့အာနိသင်အပြည့်အဝကို မျက်နှာက မစုပ်ယူပေးနိုင်ပါဘူး။ မျက်နှာမသစ်ပဲ mask ကပ်ရင် မျက်နှာပေါ်မှာဖုန်မုန့်တွေရှိနေပြီး mask က essence တွေ မျက်နှာထဲစိမ့်ဝင်ဖို့ အတားအဆီးတစ်ခုအနေနဲ့ရှိနေမှာပါ။

3🌝 Toner မသုံးပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

Mask ကပ်ဖို့ မျက်နှာသစ်ပြီးရင် toner သုံးပေးရပါတယ်။ Toner က ချွေးပေါက်မှာပိတ်နေတဲ့ အညစ်အကြေးတွေဖယ်ရှားပေးပါတယ်။ Mask ကပ်ရင်လည်း စိမ့်ဝင်မှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။ Sheet Mask နဲ့ sleeping mask သုံးမယ်ဆို Toner ကို mask မသုံးခင်လိမ်းရပြီး peeling mask သုံးမယ်ဆို mask ပြီးမှ Toner သုံးရမှာပါ။

𝟒🌝paper𝐦𝐚𝐬𝐤 ကို မခွာပဲသုံးခြင်း

တချို့ mask တွေက sheet mask ပေါ်မှာ paper တစ်ခုပါလာပါတယ်။ အဲ့ paper mask က ခွာပြီးမှ သုံးရမှာပါ။ အဲ့ paper ကို မခွာပဲ သုံးရင် essence အရည် မျက်နှာထဲစိမ့်ဝင်ဖို့ layer အကန့်အသတ်တစ်ခုက တားဆီးနေသလို ဖြစ်နေမှာပါ။

5🌝mask ကိုခြောက်တဲ့ထိ ကပ်ခြင်း

Sheet Mask တိုင်းရဲ့ recommended time က ၁၅-၂၅ မိနစ် ဖြစ်ပါတယ်။ ၃၀ မိနစ်မကျော်ရပါဘူး။ Sheet Mask ကိုလည်းခြောက်တဲ့အထိ မထားရပါဘူး။ ခြောက်တဲ့အထိထားရင် မျက်နှာထဲစိမ့်ဝင်သွားတဲ့ essence တွေကို sheet mask က ပြန်စုပ်ယူပြီး အပြင်မှာပဲ ခြောက်သွားမှာပါ။ မျက်နှာထဲမစိမ့်ဝင်တော့ပါဘူး။ ၁၅-၂၅ မိနစ်ပြည့်သွားရင် mask ကိုခွာပြီး မျက်နှာပေါ်မှာရှိတဲ့ essence တွေကို စိမ့်ဝင်သွားအောင် လက်လေးနဲ့ ပွတ်ပေးရင်ရပါပြီ။ တစ်ညလုံး mask ချင်တယ်ဆိုရင် overnight mask ကို သုံးပေးလို့ရပါတယ်။ Sheet mask ကိုတစ်ညလုံးမသုံးရပါဘူး။

𝟔🌝mask ကပ်ပြီးချက်ချင်းမျက်နှာသစ်ခြင်း

တချို့ mask တွေက ကပ်ပြီးရင် မျက်နှာသစ်စရာမလိုပါဘူး။ သစ်ရတဲ့ mask တွေလည်းရှိပါတယ်။ Mask ဝယ်တဲ့ချိန် အညွှန်းကို သေချာကြည့်ပါ။ မျက်နှာသစ်ခြင်တယ်ဆိုရင်လည်း ချက်ချင်းမသစ်ရပါဘူး။ Essence ရည်တွေအားလုံးစိမ့်ဝင်သွားပြီး ခဏနေမှ သစ်ရမှာပါ။ မဟုတ်ရင် essence တွေကို ရေနဲ့ဆေးချလိုက်သလိုဖြစ်နေမှာပါ။

𝟕🌝 ကျန်တဲ့ 𝐄𝐬𝐬𝐞𝐧𝐜𝐞 အရည်တွေကိုစွန့်ပစ်ခြင်း

Mask ကပ်ပြီး ကျန်တဲ့အရည်တွေကို မပစ်ပါနှင့်။ လည်ပင်း၊ လက်၊ ခြေထောက်၊ ဒူး တွေမှာလိမ်းလို့ရပါတယ်။ Mask ရဲ့အဓိက လုပ်ဆောင်ချက်က ရေဓာတ်ဖြည့်ခြင်းပါ။ ရေဓာတ်လိုတဲ့နေရာတွေ လိမ်းပေးလို့ရပါတယ်။

𝟖🌝 ကပ်ပြီး 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 အဆင့်ကျော်ခြင်း

Mask တစ်ချပ်ထဲနဲ့ မျက်နှာကပြဿနာတွေအားလုံးကိုမဖြေရှင်းနိုင်ပါဘူး။ Mask ကပ်ပြီးရင်လည်း ပုံမှန်ကိုယ်သုံးနေကျ moisturizer cream တွေ skincare step တွေလုပ်ပေးရပါတယ်။

🌝 Sheet Mask တွေကပ်မယ်ဆိုရင် တစ်ပတ် ၂ ခါလောက်ပုံမှန်သုံးပေးနော်👌

တွဲဖက်မသုံးသင့်သော skincare ပါဝင်ပစ္စည်းများ၁။ Vitamin C + AHA/BAHVitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(...
27/09/2021

တွဲဖက်မသုံးသင့်သော skincare ပါဝင်ပစ္စည်းများ

၁။ Vitamin C + AHA/BAH

Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်

AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]

၂။ Retinol+ AHA/BHA

Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....

၃။ Retinol + Vitamin C

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]

၄။ Oil based + Water based products

Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..

၅။ Glycolic Acid + Salicylic Acid

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

၆။ Niacinamide + Vitamin C

Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း အသားအေရပ်က္စီးမွု မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....

ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..

မင်မင်Pageထဲက အသဲလေးတွေ သိရအောင် ပြန် shareလိုက်တာပါရှင့်

အဝတ်လျှော်စက်တွေကို ပျက်စီးစေနိုင်တဲ့ အမူအကျင့် ( 8 ) ခု
20/09/2021

အဝတ်လျှော်စက်တွေကို ပျက်စီးစေနိုင်တဲ့ အမူအကျင့် ( 8 ) ခု

အဝတ်လျှော်စက် ဆိုတာ အိမ်မှာ မရှိမဖြစ်ကို လိုအပ်ပြီးတော့ အရမ်း အသုံးဝင်ပါတယ်။ ဒါပေမယ့် သေချာ ဂရုမစိုက်ရင်တေ...

💃 ခေါင်းအစ ခြေအဆုံး အလှတိုးစေမယ့် နည်းလမ်း 7️⃣ သွယ်
15/08/2021

💃 ခေါင်းအစ ခြေအဆုံး အလှတိုးစေမယ့် နည်းလမ်း 7️⃣ သွယ်

ခေါင်းအစခြေအဆုံး ပိုပိုပြီး အလှတိုးစေဖို့ ညအိပ်ယာမဝင်ခင် လိုက်နာရမယ့် နည်းလမ်း(၇)သွယ် ညအိပ်ယာဝင်နေတဲ့အချိ....

26/07/2021

KF 94 (လူကြီး) Mask လေးတွေ
ကုန်ပါပြီရှင့် 😍
😷 KF 94 Baby Mask တော့ရပါသေးတယ်ရှင့် 😷

ဝယ်ယူအားပေးကြသော တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ပါတယ်ရှင့်😍

ရန်သူမျိုးငါးပါး၊ ကပ်သုံးပါး အန္တရာယ်အ‌ပေါင်းမှ ကင်းဝေးကြပါစေ 🙏

😷 လိုအပ်လျှင် ဝယ်ယူပါ 😷😷 KF 94 Mask , 1ထုပ်လျှင် 10ခုပါသည်။ ✅ Instock ရှိသည့်အတွက် စောင့်စရာမလိုပါ 🙅 အဖြူ ⚪ အနက် ⚫ 2 Col...
24/07/2021

😷 လိုအပ်လျှင် ဝယ်ယူပါ 😷

😷 KF 94 Mask , 1ထုပ်လျှင် 10ခုပါသည်။
✅ Instock ရှိသည့်အတွက် စောင့်စရာမလိုပါ 🙅

အဖြူ ⚪ အနက် ⚫ 2 Colour ရော 💸 2000 ကျပ်

အပြာ 💙 ခရမ်း 💜 Colour စုံရော 💸 2300 ကျပ်

Cartoonပုံ Baby Mask 💸 2200 Ks

🚚 သာကေတ မြို့နယ်တွင်း Delivery 500 ကျပ်
( အနော်မာ၊ ထူပါရုံ Deli Free )

ယနေ့ကျရောက်သော အာဇာနည်နေ့တွင် အစဉ်အမြဲမေ့မရသော အာဇာနည်ခေါင်းဆောင် (၉) ဦးအား လေးစားဂုဏ်ပြုပါတယ် 👏👏👏
19/07/2021

ယနေ့ကျရောက်သော အာဇာနည်နေ့တွင် အစဉ်အမြဲမေ့မရသော အာဇာနည်ခေါင်းဆောင် (၉) ဦးအား လေးစားဂုဏ်ပြုပါတယ် 👏👏👏

17/07/2021

😊 Vit-C ဘူးလေးတွေ ကုန်ပါပြီရှင့် 😊
ထပ်ရောက်တဲ့အခါ ပိုစ်ထပ်တင်ပေးပါမယ်ရှင့် 😊

Vit-C ဘူးလေးတွေ ရပါမယ်ရှင့် ⚠️ Instock မို့စောင့်စရာမလိုဘူးနော် အလုံး (100)ပါ, 1ဘူး 💸1500 ကျပ် ပါရှင့် 📲 Chat box ( or )...
16/07/2021

Vit-C ဘူးလေးတွေ ရပါမယ်ရှင့်

⚠️ Instock မို့စောင့်စရာမလိုဘူးနော်

အလုံး (100)ပါ, 1ဘူး 💸1500 ကျပ် ပါရှင့်

📲 Chat box ( or ) 09775634920
ကို ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 😊

💁ကိုယ် အကြိုက်‌ဆုံးလေး Shampoo 🧴 အခုဆို သုံးလာတာ 1️⃣ နှစ်ရှိပြီ  ကိုယ်တွေမိသားစု အကုန်လုံး ကြိုက်လို့ ဒါလေးဘဲ သုံးနေကြတာ...
09/07/2021

💁ကိုယ် အကြိုက်‌ဆုံးလေး Shampoo 🧴

အခုဆို သုံးလာတာ 1️⃣ နှစ်ရှိပြီ
ကိုယ်တွေမိသားစု အကုန်လုံး ကြိုက်လို့ ဒါလေးဘဲ သုံးနေကြတာ 💕

အသိသာဆုံးက ဆံပင် အဖျား ၂ ခွ လုံးဝ မရှိတော့တာ 😯
ဆံသား ပျော့ပြောင်းလာတယ်
ဆံပင် ကျွတ်တာ သက်သာလာတယ်
( အရင်ကဆို အများကြီးကျွတ်လို့ ဆံပင်တောင် ပါးလာတာ )
⚠️ ချက်ချင်း တစ်ခါ / ၂ ခါ လျှော်ရုံနဲ့ အကျွတ်ရပ်သွားတာမျိုး မဟုတ်ဘူးနော် 🙅
အရင်ကဆို ဗောက်အရမ်းထလွန်းလို့
သံပုရာသီးနဲ့ပွတ် လျှား‌စောင်းလက်ပက် စတဲ့ သဘာဝနည်းတွေလဲ သုံးခဲ့ရတယ်
အခု Fairy သုံးပြီးချိန်မှာ ဗောက်ထတာလဲ သက်သာလာတယ် 😊

နောက်တစ်ခုက ၂/၃ ရက်လောက်ထိ ဆံပင်မှာ အနံ့သင်းသင်းလေးစွဲနေတာလေးကို အရမ်းကြိုက် 💕

🥰🥰၃ဘူးနဲ့ရာသက်ပန် လက်ကားစျေးရချင်သူတွေဒီထဲက Setရွေးဝယ်ပါ။၉ရက်ပဲအချိန်ရတော့တယ်နော်။🥰🥰🥰✅တစ်ခါဝယ်ပြီးအမြဲလက်ကားစျေးလဲရတယ်။✅...
06/07/2021

🥰🥰၃ဘူးနဲ့ရာသက်ပန် လက်ကားစျေးရချင်သူတွေ
ဒီထဲက Setရွေးဝယ်ပါ။
၉ရက်ပဲအချိန်ရတော့တယ်နော်။🥰🥰🥰

✅တစ်ခါဝယ်ပြီးအမြဲလက်ကားစျေးလဲရတယ်။
✅Fairyလက်ကားယူရောင်းချင်သူရော။
✅Fairy အမြဲဝယ်သုံးသောFairy customer ချစ်သူတွေအတွက်ရော အသင့်လျှော်ဆုံးပါနော်။😙😙😙😙

Address

Yangon
11231

Website

Alerts

Be the first to know and let us send you an email when 2A Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category