01/12/2023
စက်ချုပ်အပ် နံပါတ်တွေက ဘာလို့မတူတာလဲ? ဘယ်လိုသုံးလို့ရသလဲ?
အပ် No.11
ဇာအပါးတွေ၊ အရမ်းပါးတဲ့ ပိတ်စတွေ နဲ့ ဆွဲသားအပါးတွေချုပ်တဲ့အခါသုံးနိုင်
အပ် No.14
ပုံမှန်ပိတ်သား အရမ်းမထူ/မပါးလွန်းတဲ့ ပိတ်သားတွေမှာသုံးနိုင်
အပ် No.16
ပုံမှန်ပိတ်သားထက် နဲနဲပိုထူတဲ့အစတွေ၊ ရှပ်ကော်လာ၊ စတစ်ပိတ်တွေနဲ့ ချုပ်တဲ့အခါသုံးနိုင်
အပ် No.18
အိတ်တွေ/ ပိတ်စအထူသားတွေချုပ်တဲ့အခါသုံးနိုင်
*အဆင်ပြေကြပါစေ
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ကျေးဇူးတင်ပါတယ်