15/03/2021
"ပြည်တွင်း အင်တာနက်လိုင်းများ လုံးဝ ဖြတ်တောက်ခံလိုက်ရရင် သတင်းတွေကို ဘယ်လိုမျှဝေမလဲ"
_______________________
(Heroes for Myanmar)
လက်ရှိ ပြည်တွင်းမှာ အားလုံးသိတဲ့အတိုင်း မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး FTTH ဝိုင်ဖိုင်လိုင်းများပဲ အသုံးပြုလို့ ရနေပါတယ်။ ဒီ့အပြင် မကြာခင်မှာ ဝိုင်ဖိုင်နဲ့ပါ အင်တာနက်ချိတ်ဆက် အသုံးပြုလို့ရတော့မှာ မဟုတ်ဘူးလို့ သတင်းတွေထွက်နေပါတယ်။ အကယ်၍ ထိုသတင်းသာ အမှန်ဖြစ်ခဲ့ရင် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မျက်ခြေမပြတ်ဖို့ အချင်းချင်း Message (SMS) နဲ့ဖြစ်စေ ဖုန်းဆက်ပြီးဖြစ်စေ ဆက်သွယ်ပြီး သတင်းတွေ မျှဝေကြတော့မှာပါ။ ဆိုတော့ SMS နဲ့ မျှဝေတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ SMS ဖောင်းပွမှုနဲ့ သတင်းအမှား ပျံ့နှံ့မှုမဖြစ်စေဖို့ အထူးအရေးကြီးတာမို့ ဖော်ပြပါ အချက်များကို အချိန်ပေးပြီး ဖတ်ရှုစေချင်ပါတယ်။
Source - Credited