𝑫 𝒓 𝒆 𝒂 𝒎 𝒐 𝒇 𝒚 𝒐 𝒖

  • Home
  • Myanmar
  • Yangon
  • 𝑫 𝒓 𝒆 𝒂 𝒎 𝒐 𝒇 𝒚 𝒐 𝒖

𝑫 𝒓 𝒆 𝒂 𝒎  𝒐 𝒇  𝒚 𝒐 𝒖 aesthetic,
Bar accessories .. coffee accessories.....

ဒီ page ကနေ မကြာခင် မှာ Bar accessories များ ရောင်းချသွားပါမယ် ခင်ဗျာ......  Residence 2, Danatheikdi Street, 8 Quarter,...
25/06/2024

ဒီ page ကနေ မကြာခင် မှာ
Bar accessories များ
ရောင်းချသွားပါမယ် ခင်ဗျာ......

Residence 2, Danatheikdi Street, 8 Quarter, KaBa Aye, Mayangone Township, Yangon

Ph: 09970649998

အောက်ခြေက စတက်ပါ💪--------------------------ကြမ်းတိုက်၊ စားပွဲရှင်း အလုပ်ဖြင့် ကျွန်တော့်ဘဝကို သင်ယူခဲ့ရပါသည်။ ထိုဘဝပေး သ...
18/01/2024

အောက်ခြေက စတက်ပါ💪
--------------------------
ကြမ်းတိုက်၊ စားပွဲရှင်း အလုပ်ဖြင့် ကျွန်တော့်ဘဝကို သင်ယူခဲ့ရပါသည်။ ထိုဘဝပေး သင်ခန်းစာတွေကို ပရင့်စ်တန်နှင့် ဟားဗတ်လို တက္ကသိုလ်ကြီးတွေက သင်မပေးနိုင်ခဲ့ပါ။ ဘဝကို ကျွန်တော်က ဘဝထဲမှာပင် သင်ယူခဲ့ပါသည်။✍

ကျွန်တော် အမေရိကမြေကို နင်းပြီး သုံးရက်အကြာတွင် ကျွန်တော့် အသက်မှာ ၁၆ နှစ်သာ ရှိပါသေးသည်။ ယဉ်ကျေးမှုဓလေ့ထုံးအသစ်နှင့် ရင်ဆိုင်တွေ့လိုက်ရသလို မိတ်ဆွေလည်းမရှိ။ နေရာအနှံလျှောက်သွားကာ ငေးမောအံ့ဩရင်းက အလုပ်တစ်ခုခုကိုလည်း ရှာဖွေနေမိသည်။ ဘာဂါကင်း (Burger King) ဆိုသည့် ဆိုင်တစ် ဆိုင်ရှေ့တွင် ✍

“အကူလုပ်သားအလိုရှိသည်။ ဆိုင်တွင်း၌လျှောက်ထားရန်” ဆိုသည့် စာတန်းတစ်ခု ရေးထားသည်ကို တွေ့လိုက်ရသည်။

ကျွန်တော်က ဆိုင်ထဲကို ဝင်သွားသည် ပျော်ပျော်နေတတ်သည့် မန်နေဂျာ ဂျွန်ရေ့ဒ်နှင့် တွေ့ဆုံခဲ့ရသည်။ သူပေးသည့် လျှောက်လွှာပုံစံပေါ်တွင် အချက်အလက်များ ဖြည့်သွင်းပြီးနောက် သူ ကျွန်တော့်ကို မေးခွန်း အနည်းငယ်မေးသည်။ တစ်နာရီကို ၃ ဒေါ်လာနှင့် ၃၅ ဆင့်ပေးမည်ဟု ကမ်းလှမ်းသည်။✍

ကျွန်တော်က သူ့ကို မေးလိုက်သည်

“ကျွန်တော် ဘာလုပ်ရမှာလဲခင်ဗျာ”

“မင်းလုပ်ရမှာကတော့ စားပွဲတွေကို သန့်ရှင်းရေးလုပ်ရမယ်။ ကြမ်းတိုက်ရမယ်။ အိမ်သာလည်း သန့်ရှင်းရမှာကွ” ဟုဆိုလိုက်သည်။ ပြီးတော့ သူက

“မင်းဘယ်တော့ အလုပ်စဆင်းနိုင်မလဲ” ဟု မေးသည်။

“ကျွန်တော် မနက်ဖြန်ပဲ ဆင်းပါ့မယ်”

“ကောင်းတာပါ့ မီယာ ... ဒီကို မနက် ၆ နာရီခွဲ အရောက်လာခဲ့ရမယ်။ ၇ နာရီထိုးတာနဲ့ မင်းအဆိုင်းကစမယ်။ ညနေ ၄ နာရီအထိ လုပ်ရမှာနော်”💞

ကျွန်တော့်အတွေးထဲကို အတိတ်ကအကြောင်းတွေက အလိုလိုရောက်လာသည်။ ကျွန်တော့်ထံတွင် အမျိုးဂုဏ်နှင့် မာနကတော့ရှိသည်။ အဘိုးက မင်းမျိုးမင်းနွယ် ဒက်ကန်နယ်စား။ မိခင်ဘက်က အဘိုးမှာ ပြည်နယ် ၅ နယ်ကို အုပ်ချုပ်ခွင့်ရသူ။ ကျွန်တော်နေထိုင်ခဲ့သော အိမ်တော်ကြီးထဲတွင် ကျေးကျွန်တွေက ပြေးလွှားအမှုထမ်းနေကြသည်ကို သူက ကျွန်တော့်အား မေးလိုက်ချိန်တွင် ပြေးမြင်လိုက်မိသည်။

ကျွန်တော်သည် နေထိုင်ရာ အစ်မနေအိမ်မှ ၄ မိုင်ခန့်အကွာ ဘာဂါကင်းဆိုင်ကို မနက်တိုင်း လမ်းလျှောက်လာရ သည်။ နှင်းကျသည့် နေ့တွေဆိုလျှင် ဒူးလောက်မြုတ်နေသော နှင်းတောထဲကို ဖြတ်လာရသည်။

ကျွန်တော့် ပထမဆုံး ဘာဂါကင်းတွင် အလုပ်ဆင်းသည့်နေ့ကဆိုလျှင် သူတို့ထုတ်ပေးသည့် အလုပ်သမား ဝတ်စုံကို ဝတ်ပြီး ကျွန်တော် မျက်ရည်ကျမိသည်။ ကျွန်တော့်လို ပြည့်စုံသောဘဝမှ ဆင်းသက်လာသူ တစ်ဦးက သန့်ရှင်းရေးဝတ်စုံကို ဝတ်ဆင်ပြီး ကြမ်းတိုက်နေရသောဘဝကို တွေးမိပြီး ဝမ်းနည်းလာသည်။ ယင်းသည် ကျွန်တော် အမေရိကကို စရောက်ခဲ့စဉ်က ဘဝဖြစ်ပြီး ထိုဘဝကို ကျွန်တော်ကိုယ်တိုင်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မန်နေဂျာက ကျွန်တော် မျက်ရည်ကျသည်ကို မြင်သွားသည်။ ကျွန်တော့ထံလာပြီး

“မစ္စတာ မီယာ ... အဆင်ပြေရဲ့လား။ မင်းငိုနေတာလား” ဟု မေးလိုက်သည်။ ကျွန်တော်က

“မဟုတ်ပါဘူး ... ပုံးထဲက အမိုးနီးယားတွေကြောင့် မျက်စိစပ်ပြီး မျက်ရည်ကျတာပါ”

“မကြာခင် အဲဒီအငွေ့တွေနဲ့ မင်းယဉ်သွားမှာပါကွာ”

အမှန်တော့ အမိုးနီးယားကြောင့်မဟုတ်။ ရင်ထဲတွင် ခံစားလိုက်ရသောကြောင့် မျက်ရည်တွေ အလိုလို ကျလာခြင်းဖြစ်သည်။ ကျွန်တော် ထိုအလုပ်ကို စလုပ်မည်ဆိုကတည်းက ခံယူလိုက်မိသည်မှာ

“မကြိုက်လည်းလုပ် ... လုပ်တဲ့အလုပ်အပေါ်မှာ အကောင်းဆုံးလုပ်” ဖြစ်သည်။

ကျွန်တော့် စိတ်ထဲတွင် ငါကြံ့ကြံ့ခံနိုင်ရမယ်။ ငါ့ဦးတည်ချက် ငါ့ရည်မှန်းချက် မပျောက်စေနဲ့၊ ငါတက္ကသိုလ် တက်ဖို့ ပိုက်ဆံရှာနေတာဟုအမြဲတွေးကာ ကိုယ့်ကိုယ်ကိုယ် အားပေးနေရသည်။

ကျွန်တော် ညနေ ၄ နာရီအထိ အလုပ်လုပ်သည်။ ကျောင်းကတော့ ညကျောင်းဖြစ်သဖြင့် ညနေ ၅ နာရီ ၄၅ မှ ၁၁ နာရီ ၄၅ အထိ တက်ရသည်။ စနေနှင့် တနင်္ဂနွေ နှစ်ရက်ဆိုလျှင် လုံခြုံရေးအစောင့်အဖြစ် မနက် ၇ နာရီမှ ည ၁၁ နာရီအထိ လုပ်သည်။

လုံခြုံရေးအစောင့်လုပ်ရာတွင် တာဝန်ကျရာဂိတ်တွင် ထိုင်နေရသည်ဖြစ်ရာ ထိုအချိန်တွင် ကျွန်တော် ကျောင်းစာကို လေ့လာ၍ရသည်။ ထိုနှစ်ရက်ကလည်း ကျွန်တော်တာဝန်ကျရာရုံးတွင် အဝင်အထွက် နည်းသည်။ ထိုသို့ ပိုက်ဆံရှာရင်းက ကျောင်းတက်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းခဲ့ရသည်။ နောက်နှစ်တွင် တစ်နွေလုံး တက္ကစီမောင်းသည့် အလုပ်ကိုရသည်။ ခရီးသည်တွေ၏ ရိုင်းပျမှု၊ မာနကြီးမှု၊ နောက်ပြောင်မှု၊ စော်ကားမှု၊ စကားများမှု၊ ရွံရှာဖွယ် အပြုအမူများကို စိတ်ရှည် သည်းခံပြီး မောင်းခဲ့ရသည်။

လူငယ်ဘဝတွင် ကျွန်တော်ရလိုက်သည့် သင်ခန်းစာတွေက

“ကိုယ့်ကို ပစ်ပေါက်လိုက်သည့် ကျောက်တုံးတွေကို စုဆောင်းထားပါ၊ ထိုကျောက်တုံးတွေနှင့် အိမ်တစ်လုံး ဖြစ်အောင်ဆောက်ပါ”

မည်သည့် အခြေအနေ၊ မည်သည့်ဘဝရောက်သည်ဖြစ်စေ ကိုယ်လုပ်သည့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အခြေအနေပေးမှ၊ အခြေအနေကောင်းမှ လုပ်တော့မည်ဟူ၍ ဘယ်တော့မျှ မတွေးပါနှင့်။ ရသည့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီး ပန်းတိုင်ကို မရောက်, ရောက်အောင် သွားရန်သာဖြစ်သည်။

"ပန်းတိုင်ကို မျက်ခြေအပြတ် မခံလိုက်ပါနှင့် ... အောက်ခြေလည်း လွတ်မသွားပါစေနှင့်"

မည်သည့်အလုပ်မျှ သင့်ထံကို အလိုလို ရောက်လာလိမ့်မည် မဟုတ်ပါ။ လူဆိုသည်မှာ အလုပ်လုပ်ရင်း ကိုယ်နှင့် အထိုက်တန်ဆုံး အလုပ်တစ်ခုခုက ကိုယ့်ထံကို အလိုလိုရောက်လာမည်သာဖြစ်သည်။ ဘာမျှ မလုပ်ဘဲ အလုပ်ကို ထိုင်မျှော်နေရုံဖြင့် အလုပ်က ကိုယ့်ထံကို အလိုလိုရောက်မလာပါ။

အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုသည်ကို မမေ့သင့်။ သို့သော် ရိုးသားသော အလုပ်ကို ကြိုးစားအားထုတ်ရန်လိုသည်။ တစ်ချိန်က တစ်နာရီလျှင် ၃ ဒေါ်လာ ၃၅ ဆင့်နှင့် အလုပ် လုပ်ခဲ့ရသော လုပ်ငန်းတွင် အလုပ်ရှင်ကိုယ်တိုင်က ကျွန်တော့်ကို ဒေါ်လာ ၉၈၀ ပေးပြီး ရာထူးတိုးပေးရသည်အထိ အောင်မြင်မှုတွေရခဲ့သည်။

ဘာဂါကင်းဆိုင်တွင် အလုပ် လုပ်စဉ် ကျွန်တော်ရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများကို အသုံးချပြီး ကျွန်တော့် ဘဝတွင် ကြိုးစားအားထုတ်ကာ နောင်တွင် ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးတစ်ဦးဘဝကို ရောက်ရှိလာခဲ့သည်။

ကျွန်တော် ပြောချင်သည်က ဘာလုပ်လုပ် ကိုယ်လုပ်ရသည့် အလုပ်သည် အောက်ခြေလုပ်ငန်း ဖြစ်နေပါစေ ကိုယ့်အလုပ်ကို ဂုဏ်ယူပြီး တာဝန်ကျေအောင် ကြိုးစားလုပ်ရန်သာဖြစ်သည်။ ကြမ်းတိုက် အိမ်သာဆေးအလုပ် ဖြစ်နေပါစေ ယူတတ်လျှင်ပညာတွေသာဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို အောက်ခြေလုပ်ငန်းဆိုသည်မှာ အထက်ကို တက်နိုင်မည့် ခြေလှမ်းအစဖြစ်သလို၊ အခွင့်အရေးအတွက် တံခါးတစ်ချပ်ဖြစ်သည်ကို မမေ့သင့်ပေ။


#ဘဝအားမာန်

စိတ်မပျော်ရွှင်စေတဲ့အချက်များ1.ကိုယ့်မှာရှိတာကို မေ့လျော့ခြင်း(We forget what we have)ကိုယ့်မှာ ရှိတဲ့အလုပ်၊ချစ်သူ၊အိမ်၊...
07/01/2024

စိတ်မပျော်ရွှင်စေတဲ့အချက်များ

1.ကိုယ့်မှာရှိတာကို မေ့လျော့ခြင်း
(We forget what we have)

ကိုယ့်မှာ ရှိတဲ့အလုပ်၊ချစ်သူ၊အိမ်၊
သူငယ်ချင်း ဒါတွေကို ဒီထက်ပို
ကောင်းတဲ့အရာဆီ ဖြစ်စေချင်ပြီး
ဒီအရာတွေကို တန်ဖိုးထားရမှာ မေ့နေတတ်တယ်။ပြောရရင် လိုအင်ဆန္ဒများတယ်။ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့အရာအားလုံးကို မမေ့ဖို့လိုတယ်။ကိုယ်ဘာတွေ ပိုင်ဆိုင်နေလဲဆိုတာ ပြန်လည် သတိရယူပါ။

2.ရလဒ်ကို အများကြီးမျှော်လင့်ခြင်း
(We put too much weight
on the end result)

အဆုံးသတ်ရလဒ်မှာ ဘယ်လိုတော့ ဖြစ်ရမယ်ဆိုပြီး အများကြီး မျှော်လင့်ချက်ထားတယ်။မဖြစ်လာရင် ဝမ်းနည်းပြီး စိတ်ဓာတ်ကျမယ်။မျှော်လင့်ချက်ထားသလို လိုချင်တဲ့အောင်မြင်မှုအတိုင်း
မရတဲ့အခါ ဘယ်လိုမျိုးစိတ်ကို
ဖြေသိမ့်ရမလဲ၊လက်ခံရမလဲဆိုတာ
ကြိုတွေးထားဖို့ လိုတယ်။

3.နောင်တတရားကို ခွင့်ပြုခြင်း
(We let regret distract us from
our lives)

နောင်တတရားကို ဘဝထဲ ဝင်ခွင့်ပြုပြီး ဒီနောင်တတရားကိုပဲထပ်တလဲလဲ တွေးတောစဥ်းစားပြီး နေ့စဥ်ဘဝထဲ လိုက်နှောင့်ယှက်စေတယ်။
ဘဝဆိုတာ နောင်တတရားတွေနဲ့
ရှင်သန်ဖို့ အင်မတန်မှ တိုလွန်းတယ် မဟုတ်လားဟင်။
ပြီးခဲ့တာလည်း ပြီးခဲ့ပါစေ။

4.အလုပ်အများကြီး လုပ်ခြင်း
(We do too many things)

ဒီတစ်ခုမပြီးရင်တောင် ဟိုတစ်ခုအတွက် ကြိုတွေးနေရတယ်။
အလုပ်များတာနဲ့ အလုပ်ကြိုးစားတာ မတူဘူးနော်။လုပ်စရာ အချက်သိပ်များတာလည်း မကောင်းဘူး။လုပ်စရာရှိတာကို တစ်ပုံကြီး တရစပ်လုပ်တာက
ထင်သလောက် အရာမရောက်ဘူး။Personal Time,Me Time
ယူတတ်ဖို့ လိုတယ်။

5.လူတွေရဲ့အမြင်ကို ဂရုစိုက်လွန်းခြင်း
(We care too much about what other people think)

လူတွေရဲ့အမြင်ကို ဂရုစိုက်လွန်းတာလည်း ကိုယ်တို့ရဲ့ simple joy တွေကို ပျက်ဆီးသွားစေတယ်။
လူတွေရဲ့အမြင်၊ဝေဖန်ချက်တွေကို လိုအပ်သလောက်ပဲ နားထောင်ပါ။လိုအပ်သလောက်ပဲ ဂရုစိုက်ပါ။

6.စွန့်လွှတ်ရမှာကို မသိခြင်း
(We don't know when it's
time to let go)

ဘယ်အရာကို ဘယ်အချိန်မှာ
စွန့်လွှတ်ရမယ်၊လက်လွှတ်ရ
မယ်ဆိုတာ မသိဘူး။ဒီတော့ ဒဏ်ရာတွေ တိုးလာတာပေါ့လေ။ဒါ့အပြင် လူလည်း မပျော်နိုင်တော့ဘူး။လိုအပ်တဲ့အခါ ပြတ်ပြတ်သားသား လက်လွှတ်တတ်ဖို့ လိုပါမယ်။

7.နှိုင်းယှဥ်လွန်းခြင်း
(We compare too much)

နည်းနည်းအသိလွတ်တာနဲ့
တခြားသူနဲ့ ကိုယ့်ဘဝကို စနှိုင်း
ယှဥ်တော့တယ်။လူတိုင်းက မပြည့်စုံနိုင်ဘူးဆိုတာ သိပေမဲ့ လက်တွေ့မှာ
လက်ခံကျင့်သုံးဖို့ ခက်နေတုန်း။
မတူညီတဲ့ဘဝ၊မတူညီတဲ့မိသားစုကနေ ပေါက်ဖွားလာတာမို့ ဘဝတွေလည်း ကွဲပြားပါတယ်။ကိုယ့်ဘဝကို ချစ်ခင်မြတ်နိုးပြီး အသက်ရှင်နေသ၍ ဘဝကို အကောင်းဆုံး တာဝန်ယူပြီး အဓိပ္ပာယ်ရှိရှိ နေသွားတတ်ရမယ်။

ဘဝကို ပျော်ပျော်ရွှင်ရွှင် ရိုးရိုးရှင်းရှင်း နေနိုင်တာလည်း ဘဝရဲ့ပန်းတိုင်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ခြင်း
ဖြစ်ပါတယ်။

#နူးနူးအောင်

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားတယ် ။အတိတ်နဲ့အနာဂတ်ကိုတွေးပြီး မပူလောင်ချင်တဲ့သူမို့ပစ္စုပ္ပန်မှာပဲ အကော...
26/11/2023

ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားတယ် ။

အတိတ်နဲ့အနာဂတ်ကိုတွေးပြီး
မပူလောင်ချင်တဲ့သူမို့
ပစ္စုပ္ပန်မှာပဲ အကောင်းဆုံးနေထိုင်ပါတယ် ။

ခရီးအရှည်ကြီးတွေထွက်ဖို့အိပ်မက်ရှိသလို
လူတစ်ယောက်ကိုနှစ်တွေအကြာကြီးချစ်ဖို့လည်း
ဆန္ဒတွေရှိပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ်
မလိုသူတွေရဲ့စကားကို နားထောင်ပြီးတော့
စိတ်ထိခိုက်မခံနိုင်တဲ့အတွက်
တချို့လူတွေကို ဂရုမစိုက်ခြင်းဖြင့်
ကိုယ်ဖြစ်တာတွေ ဖြစ်အောင်သာ
အေးအေးဆေးဆေးကြိုးစားနေပါတယ် ။

ထင်ချင်သလိုထင်ကြပါစေ
နေချင်သလိုနေပါတယ် ။

🖤🌷
#𝐉𝐀𝐗𝐄
Crd

အေးချမ်းပါစေ .......လောကကြီးရယ်🖼️💪
16/11/2023

အေးချမ်းပါစေ .......လောကကြီးရယ်🖼️💪

လောကကြီး .....ရယ်ကိုယ်အထီကျန်လိုက်တာကွာ.........🍀
17/10/2023

လောကကြီး .....ရယ်
ကိုယ်အထီကျန်လိုက်တာကွာ.........🍀

ဒီကားရဲ့ပေါက်စျေးက သိန်း 15,000 ပါ။ 💰ဒီလိုစျေးကြီးတဲ့ကားအဖြစ် နှစ်ပေါင်း ၁၁၉နှစ်တိုင်ရပ်တည်နိုင်အောင် ဖန်တီးခဲ့သူနာမည်က…...
24/09/2023

ဒီကားရဲ့ပေါက်စျေးက သိန်း 15,000 ပါ။ 💰
ဒီလိုစျေးကြီးတဲ့ကားအဖြစ်
နှစ်ပေါင်း ၁၁၉နှစ်တိုင်ရပ်တည်နိုင်အောင်
ဖန်တီးခဲ့သူနာမည်က…
“Henry Royce” (ဟန်နရီရိုက်စ်) ပါ။
သူရဲ့မိန့်ခွန်းတွေအများကြီးထဲကမှ…
ဆရာအကြိုက်ဆုံးစကား ၃ခွန်းလေး
မျှဝေပေးချင်ပါတယ်။ 💬✅

📌 “Accept nothing nearly right or good enough”
“အကောင်းဆုံးမဖြစ်ရင် လုံးဝလက်မခံနဲ့”

“အကောင်းဆုံး/အပြည့်စုံဆုံး(Perfection) ဆိုတာ
မရှိဘူး”ဆိုတဲ့စကားက တိကျသေချာအောင်
အလုပ်မလုပ်ချင်တဲ့သူတွေရဲ့ဆင်ခြေပါ။
ဥပမာလေးနဲ့စဉ်းစားရအောင်…
မိတ်ဆွေက Company ပိုင်ရှင်ဆိုပါစို့။
“ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတာမရှိဘူး” လို့
ခံယူထားတဲ့ ဝန်ထမ်းကိုအလုပ်ခန့်မလား❓
“အကောင်းဆုံးဖြစ်တဲ့အထိ လုပ်နိုင်ရမယ်” လို့
ခံယူထားတဲ့ ဝန်ထမ်းကိုအလုပ်ခန့်မလား❓
ကယ်… အဲ့ဒီတော့…
Sir. Royce ရဲ့မိန့်ခွန်းအတိုင်း
မြန်မာလူမျိုးတယောက်အနေနဲ့
အကောင်းဆုံးတွေပဲဖန်တီးကြအောင်ဗျာ 💪

📌 “The Quality will remain long
after the price is forgotten”
“အဆုံးသတ်မှာ စျေးနှုန်းထက်
အရည်အသွေးကိုပဲ သတိရနေကြမှာပါ”

လူတယောက်သေဆုံးသွားပြီဆိုပါစို့❗️
အဲ့ဒီလူရဲ့အသုဘမှာ ဒီလူ့ပိုင်ဆိုင်မှုတွေအကြောင်း
စကားဖောင်ဖွဲ့ပြောကြလား❓
(ဒါမှမဟုတ်)
ဒီလူက လူကောင်းလား၊ လူဆိုးလား၊
မသေခင်ကဘာတွေလုပ်ခဲ့လဲ ဆိုတဲ့
လူတယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပဲ
ပြောကြလား❓
မိတ်ဆွေအားလုံးအဖြေရမယ်ထင်ပါတယ်
ကယ်… ဆရာတို့ရဲ့အရည်အသွေးကို
ပြောမဆုံးအောင်မြှင့်တင်ကြရအောင်❗️

📌 “Take the best that exists and
make it better”
“အကောင်းဆုံးဆိုတဲ့အရာတစ်ခုကိုနမူနာယူပြီး
ပိုကောင်းအောင်လုပ်ပါ”

လူတစ်ယောက်အရမ်းတော်နေရင်
“နဂိုတော်တာပါ”လို့တွေးကြတယ်။
အဲ့လိုတွေးမဲ့အစား…
သူ့ရဲ့အမူအကျင့်တွေနဲ့
စဉ်းစားတွေးခေါ်ပုံတွေကိုနမူနာယူပြီး
ရှု့ထောင်ပြောင်းပြီးပိုကောင်းအောင်တွေးရင်
သူ့ထက်တောင်ပိုတော်နိုင်ပါတယ်။
သူ့ထက်တောင်…
အခွင့်အလမ်းတွေပိုရှာနိုင်ပါတယ်ခင်ဗျာ။ ✅

ကယ်…ညီလေး၊ ညီမလေးတွေလဲ
ဗဟုသုတနဲ့စိတ်ခွန်အားတွေတိုးများပြီး
ဒီလိုစျေးကြီးတဲ့ကားမျိုးကို
အောင်မြင်မှုတခုနဲ့အတူဝယ်စီးနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် 💪🏆

“အလုပ်မှာ ပျော်နေစေဖို့”ဝန်ထမ်းအနေနဲ့ အလုပ်လုပ်တဲ့အခါ အပျော်ဆုံးအချိန်က ဘယ်အချိန်လဲလို့ မေးရင် လစာရတဲ့အချိန်၊ တိုးတဲ့အချ...
22/09/2023

“အလုပ်မှာ ပျော်နေစေဖို့”

ဝန်ထမ်းအနေနဲ့ အလုပ်လုပ်တဲ့အခါ အပျော်ဆုံးအချိန်က ဘယ်အချိန်လဲလို့ မေးရင် လစာရတဲ့အချိန်၊ တိုးတဲ့အချိန်၊ ရာထူးတက်တဲ့အချိန်လို့ အဖြေများကြမယ်။ သိသိသာသာ ပျော်သွားတဲ့ အခိုက်အတံ့တွေပေါ့။ သို့သော်လည်း ဒါတွေက တစ်နှစ်နေလို့တောင် တစ်ခါကြုံချင်မှ ကြုံတာ။ အဲဒီလိုအချိန်မျိုးတွေပဲ ပျော်စရာကောင်းသလို ဖြစ်နေရင်လည်း ဒီအလုပ်က ကိုယ့်အတွက် မဟုတ်သေးဘူးလို့ ပြောရမယ်။

ဒါကြောင့် နေ့စဉ်နေ့တိုင်းမှာ ပျော်နေဖို့၊ အလုပ်လုပ်ရတာ တက်ကြွနေဖို့ဆို ဘာတွေလိုအပ်မလဲ။ အများကြီး ရှိနိုင်တဲ့ထဲက ၅ ချက်ကိုပဲ ပြောပြလိုပါတယ်။

🔳 ၁။ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတယ်၊ ဆက်ဆံရေးကောင်းတယ်၊ ထိုးချမဲ့သူ၊ မကောင်းပြောမဲ့သူ၊ အနိုင်ကျင့်မဲ့သူ မရှိဘူး၊ ဒုတိယမိသားစုလေးလို ဖြစ်နေတယ်ဆို အလုပ်လုပ်ရတာ ပျော်စရာကောင်းမှာပဲ။ လစာနည်းဦးတော့၊ ရေရှည်ဆက်လုပ်ဖို့ကို စဉ်းစားဖြစ်သွားမှာပဲ။

🔳 ၂။ တာဝန်တစ်ခု ယူထားရခြင်း

အလုပ်များလွန်းရင်လည်း စိတ်ဖိစီးသလို၊ ဘာအလုပ်မှ မရှိဘူးဆိုလည်း ရုံးလာရတာ မပျော်တော့ဘူး။ ဒီတော့ မေးစရာရှိတယ်။ လုပ်စရာ မည်မည်ရရ မရှိဘဲ ဘယ်သူက အလုပ်ပေးထားမလဲပေါ့။ ဥပမာပေးရရင် ရာထူးအသစ်၊ ဖွဲ့စည်းပုံအသစ်၊ ရုံးအသစ်တွေမှာဆို စစချင်း သူ့ကို ဘာတာဝန်ပေးလို့ ပေးရမှန်း မသိနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ လစာတောင် အလကား ရနေသေးတယ် ဆိုပေမဲ့ လူက စိတ်ဓါတ်ကျလာတယ်။ တိုးတက်မှု မရှိတော့သလို ခံစားလာရတယ်။ ဒီအခါ အလုပ်ထွက်ဖို့ စစဉ်းစားတော့တာပဲ။ (အရန်ခုံထိုင်နေရတဲ့ ကစားသမားတွေ အသင်းပြောင်းသလိုပေါ့)

🔳 ၃။ တိုးတက်ဖို့ အခွင့်အလမ်းရှိခြင်း

ရာထူးတိုးဖို့ အခွင့်အရေးရှိတယ်၊ ကြိုးစားရင် ကြိုးစားသလောက် ခံစားခွင့်ရှိတယ်၊ ဒါမှမဟုတ်လည်း ဆရာသမားကောင်း ရှိတယ်၊ သင်တန်းတွေ လွှတ်ပေးတယ်၊ ဒီလိုဆိုရင်လည်း အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်။ ဆက်ကြီးထွားခွင့် မရှိဘူး ဆိုတဲ့နေရာမှာ ကြီးထွားလိုစိတ်ရှိတဲ့သူက ကြာကြာမနေနိုင်ပါဘူး။

🔳 ၄။ အသိအမှတ်ပြုခံရခြင်း

လစာတိုးပေးမှ မဟုတ်ပါဘူး။ ချီးကျူးစကားပြောတာ၊ အသိအမှတ်ပြုခံရတာ၊ လေးစားခံရတာကို ဘယ်သူမဆို သဘောကျပါတယ်။ အဲဒီလိုပဲ၊ ကိုယ်လုပ်သမျှအလုပ်တိုင်းကိုလည်း အရာထင်လိုကြတယ်။ အောင်မြင်လိုကြတယ်။ ဘယ်လောက်လုပ်လုပ် ထူးမလာနိုင်ဘူးလို့ မှတ်ယူလာတဲ့အချိန်မှာ အလုပ်ကို စိတ်ပျက်လာတတ်ကြပါတယ်။

🔳 ၅။ အလုပ်ရဲ့ သဘောသဘာဝ

ဒီအလုပ်ကိုက အများကို ကူညီပေးခွင့် ရနေတာမျိုး၊ အဓိပ္ပါယ်တစ်ခုခု ရှိနေတာမျိုး ဆိုရင်လည်း ဝန်ထမ်းတွေက ပျော်ရွှင်နေတတ်ပါတယ်။ တကယ်တော့ အလုပ်တိုင်း အလုပ်တိုင်းက တန်ဖိုးရှိကြတာချည်းပါပဲ။ ကိုယ်က ဘယ်လိုခံယူချက်ထားပြီး လုပ်နေသလဲ ဆိုတာနဲ့ အဓိက ဆိုင်တာပါ။ ဆေးရုံမှာ လုပ်နေပေမဲ့ ကျင့်ဝတ်ကို တန်ဖိုးမထား၊ အချိန်ကို မလေးစား၊ အပြောအဆို ကြမ်းတမ်းနေရင် သူ့ကြောင့် စိတ်ဆင်းရဲရသူက များနေမှာ ဖြစ်ပြီး၊ ကားလက်မှတ် ဖြတ်တဲ့အလုပ်ကို လုပ်နေပေမဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံရင်၊ ကူညီပေးတတ်ရင် လူပေါင်းများစွာကို စိတ်ချမ်းသာအောင် လုပ်ပေးလို့ ရပါတယ်။

တကယ်တော့ ဒီအချက် ၅ ချက်က Maslow’s Hierarchy Needs အရ ပြောမယ်ဆို တတိယနဲ့ စတုတ္ထအဆင့်တွေ ဖြစ်ပါတယ်။ Social needs နဲ့ Self-esteem needs တွေပါ။ Herzberg’s Two-Factor Principles မှာလည်း ဒီအချက်တွေပဲ ပါနေပြန်တာပါပဲ။

ဆိုလိုတာက လူတွေကို တက်ကြွစေတဲ့၊ အလုပ်လုပ်ရတာ ပျော်ရွှင်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။

လစာက အရေးမကြီးဘူးတော့ မဟုတ်ပါဘူး။ အရေးကြီးပါတယ်။ မိသားစုက ကြပ်တည်းနေရင် ပိုလို့တောင် ထည့်စဉ်းစားရပါသေးတယ်။ သို့သော်လည်း လစာတွေ အများကြီးရနေလျက်နဲ့ အလုပ်ထွက်သွားတယ်၊ လစာတော့ ဒီလောက်မရပေမဲ့ အလုပ်မှာ မြဲနေတယ် ဆိုတာတွေမှာ ခုပြောခဲ့တဲ့ အချက်တွေက အဓိက အဆုံးအဖြတ် ပေးသွားတာ ဖြစ်ပါတယ်။

Learn with PT Team
18 Sep 2023

ကျေနပ်စွာလမ်းခွဲခြင်းဘဝမှာ တိတ်တိတ်လေး ဝင်လာပြီးသိသိသာသာ ပြန်ထွက်သွားသူများလည်း ရှိခဲ့သလိုသိသိသာသာ ဝင်လာပြီးတော့တိတ်တိတ်...
16/09/2023

ကျေနပ်စွာလမ်းခွဲခြင်း

ဘဝမှာ တိတ်တိတ်လေး ဝင်လာပြီး
သိသိသာသာ ပြန်ထွက်သွားသူများလည်း ရှိခဲ့သလို
သိသိသာသာ ဝင်လာပြီးတော့
တိတ်တိတ်လေး ပြန်ထွက်သွားကြတဲ့
ဆက်ဆံရေးမျိုးလည်း ကြုံခဲ့ဖူးပါတယ်။

အများကြီး မျှော်လင့်ထားပေမယ့်လည်း
တဖက်စောင်းနင်းပေးရတဲ့နားလည်မှုနဲ့
ဆက်ဆံပေးရသူများကိုလည်း ကြုံဖူးပါတယ်။

ကျွန်တော့်စိတ်ကို တစ်မိနစ် တစ်နာရီ
ပျော်ရွှင်စေတဲ့သူ မည်သူ့ကိုမဆို
ကျွန်တော် အမှတ်တရရှိပါတယ်။

ထိုနည်းတူ ကျွန်တော့်ခံစားချက်ကို
တစ်စက္ကန့် တစ်မိနစ်စာထိခိုက်အောင်
လုပ်သွားသူများကိုလည်း အမြဲအမှတ်ရပါတယ်။

ပျော်ရွှင်အောင် လုပ်ပေးသူများအပေါ်
ကျေးဇူးတင်အမှတ်ထားထားသလို
ထိခိုက်အောင် လုပ်သွားသူများကိုလည်း
သင်ခန်းစာတစ်ခုအဖြစ် အမှတ်ထားတတ်ပါတယ်။

ချစ်ခြင်းအပေါ်ဖြစ်ပါစေ၊
ခင်မင်မှုအပေါ်ဖြစ်ပါစေ၊
သံယောဇဉ်တစ်ခုအပေါ်မှီတင်းပြီ
ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပဲမို့
မမြဲတဲ့လောကကြီးမှာ ဘယ်သူ့အပေါ်မဆို
ဘယ်အသိုင်းအဝိုင်းအပေါ်ကိုမဆို
ကျေနပ်စွာ လမ်းခွဲတတ်ဖို့ လိုပါတယ်။

Healthy Divorce (ကျေနပ်စွာလမ်းခွဲခြင်း)
#မွန်ဟော်စီ

🌠တစ်သိန်းပဲ ဝင်ငွေ ရှိချင်ရင် တစ်သိန်းနဲ့ တန်တဲ့ စိတ်ဖိစီးမှုပဲ ခံစားရမယ်ဆယ်သိန်း ဝင်ချင်ရင် ဆယ်သိန်းနဲ့ တန်တဲ့စိတ်ဖိစီး...
11/09/2023

🌠တစ်သိန်းပဲ ဝင်ငွေ ရှိချင်ရင်
တစ်သိန်းနဲ့ တန်တဲ့ စိတ်ဖိစီးမှုပဲ ခံစားရမယ်
ဆယ်သိန်း ဝင်ချင်ရင် ဆယ်သိန်းနဲ့ တန်တဲ့
စိတ်ဖိစီးမှုရှိမယ် ....

သိန်း ၁၀၀ ရချင်ရင်
သိန်း ၁၀၀နဲ့ တန်တဲ့ Stress ရှိမှာပဲ
လူတချို့ ပိုက်ဆံ ရှာတာပဲ လူသိကြတာ။

အဲ့လူတွေရဲ့ အိပ်မပျော်တဲ့
ညတွေ အကြောင်း လူတော်တော်
များများက မသိကြဘူး။

လောကကြီးမှာ ဘယ်အရာမှ လွယ်လွယ်မရဘူး။

Address

Dana Theikdi Street
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when 𝑫 𝒓 𝒆 𝒂 𝒎 𝒐 𝒇 𝒚 𝒐 𝒖 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category