Bossy Collection

Bossy Collection ကျားဝတ် မဝတ် ကလေးဝတ် Plus size ( Export Outlet) များစ?

💖ကျားဝတ်   🎊  #စမတ်ကျပြီးလန်းမယ်ဆိုဒါလေးယူ🥰 #အထှာကျကျနဲ့ဂေါ်မယ်ဆိုဒါလေးယူ👌 #ဆိုဒ်က_ခါး_၃၀  #ကနေ_၄၀ထိရှာတယ်ဆိုဒါယူ🤩
24/10/2025

💖ကျားဝတ်
🎊 #စမတ်ကျပြီးလန်းမယ်ဆိုဒါလေးယူ🥰
#အထှာကျကျနဲ့ဂေါ်မယ်ဆိုဒါလေးယူ👌
#ဆိုဒ်က_ခါး_၃၀ #ကနေ_၄၀ထိရှာတယ်ဆိုဒါယူ🤩

24/04/2025

လောကမှာ တန်ဖိုးအကြီးဆုံးအရာက ငွေလို့ထင်ခဲ့မိတယ်။😓
ထင်ခဲ့မိတာ မှားမှန်းသေသေချာချာ သဘောပေါက်လိုက်ရတယ်။ ငလျင်ဖြစ်တော့ ဘယ်သူကမှ ငွေတွေ ၊ ကျောက်တံပတ္တမြားတွေ ပွေ့ပြီး အသက်လုမပြေးကြတော့ဘူး။

DB တွေတွေ့တဲ့ခါ ဖခင်က သမီးတွေကို ကာပြီး အသက်ပေးသွားရှာတယ်။ မူကြိုဆရာမက ကလေးတွေကို ပွေ့ပြီး အသက်ပေးသွားရှာတယ်။

ဪ.....ချစ်ခြင်းမေတ္တာတရားရဲ့တန်ဖိုးကြီးလိုက်ပုံများ....😭


၁၂.၄.၂၀၂၅ ........✍️✍️

02/10/2024

It's will Arrive soon!!! ☺️

မင်မင်ကတော့ msg ပို့ပြီးသွားပြီ 😁😁😂ညီလေးတို့လည်း ကြိုးစားသင့် 😅😎
08/04/2024

မင်မင်ကတော့ msg ပို့ပြီးသွားပြီ 😁😁😂
ညီလေးတို့လည်း ကြိုးစားသင့် 😅😎

လူတိုင်းအတွက် အကျိုးရှိတာလေး ပြန်မျှဝေလိုက်ပါတယ်🙏🙏------------------------------------“ကိုယ် တစ်နေ့ တစ်နေ့ ဘာတွေ လုပ်နေသ...
10/03/2023

လူတိုင်းအတွက် အကျိုးရှိတာလေး ပြန်မျှဝေလိုက်ပါတယ်🙏🙏
------------------------------------
“ကိုယ် တစ်နေ့ တစ်နေ့ ဘာတွေ လုပ်နေသလဲ ဆိုတာက ကိုယ် ဘယ်လိုလူလဲ ဆိုတာကို ပုံဖော်လိမ့်မယ်”

◾️Fitness သမားတွေ၊ ဆရာဝန်တွေက ပြောတယ်။

You are what you eat.

မင်းစားတဲ့ အစားအသောက်တွေက မင်းဖြစ်လာတာတဲ့။ ဆိုလိုတာက ကိုယ့်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ ကျန်းမာရေး၊ ဒါတွေက ကိုယ် ဘယ်လိုစားသောက်နေထိုင်တာလဲ ဆိုတာကို ပြသနေတာပဲပေါ့။

◾️အဲဒီလိုပဲ You are what you read ဆိုပြီးလည်း ပြောကြတယ်။ မင်း ဖတ်နေတဲ့ စာတွေကနေ မင်း ဖြစ်လာမှာပဲတဲ့။

စာဖတ်တဲ့သူနဲ့ မဖတ်တဲ့သူဟာ ရုတ်တရက်ဆို မသိသာဘူး။ ဒါပေမဲ့ ဘဝမှာ အခက်အခဲတွေ ကြုံရပြီ ဆိုတဲ့အခါ၊ ရွေးချယ်ရခက်တဲ့ လမ်းဆုံလမ်းခွတွေ ရောက်တဲ့အခါမှာတော့ ကွာခြားသွားတယ်။ စဉ်းစားပုံ၊ ဖြေရှင်းပုံ၊ လက်ခံနိုင်စွမ်း၊ သည်းခံနိုင်စွမ်း ရှိမရှိ၊ ခံနိုင်ရည် အားကောင်း မကောင်း၊ ဒါတွေမှာ ကွဲထွက်သွားတယ်။

စာတွေကို အကြမ်းအားဖြင့် ခွဲရင် သုတ၊ ရသပေါ့။ သုတက ဦးနှောက်အတွက်။ ရသက နှလုံးသားအတွက်။ သုတပဲ အဖတ်များတဲ့သူဟာ ဦးနှောက်ကြီးချင် ကြီးမယ်။ သို့သော် တစ်ကိုယ်ကောင်းဆန်တယ်။ သူ့အကျိုးစီးပွားပဲ သူစဉ်းစားတယ်။

အထူးသဖြင့် ဒီလိုကာလမှာဆို သိပ်သိသာတယ်။ မတော်ဘူးလားဆို တော်တယ်။ ဒါပေမဲ့ သူ တစ်နေ့ တစ်နေ့ ပြောသမျှ၊ ဖတ်သမျှ၊ လုပ်သမျှက သူ တိုးတက်ဖို့ချည်းပဲ။ သူ ပြန်ရေးတဲ့ စာတွေဆိုလည်း ခုလို ခက်ခဲတဲ့ကြားထဲက ဘယ်လိုဖောက်ထွက်မလဲ၊ တိုးတက်ရာ တိုးတက်ကြောင်း ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတွေပဲ ဖြစ်နေမယ်။ လိုအပ်နေတဲ့သူတွေကို ကူညီဖို့ ဆိုတာကျ တစ်ကြောင်းတစ်လေတောင် မပါတတ်ဘူး။

ဒါကြောင့် နှလုံးသားလှဖို့ လိုတယ်။ ကမ္ဘာကြီးဟာ ဦးနှောက်ကြီးတဲ့သူတွေကြောင့် ရှေ့ရောက်လာတာ၊ တိုးတက်လာတာ မှန်ပေမဲ့ သူ့ကို အေးချမ်းစေတာ၊ နေပျော်စေတာ၊ သာယာစေတာကတော့ နှလုံးသား လှတဲ့သူတွေကြောင့် ဖြစ်တယ်။

ဒီတော့ လူတွေရဲ့ နှလုံးသားကို ရသတွေနဲ့ ထုံမွှန်းထားဖို့ဟာ သိပ်အရေးကြီးတယ်။ ဝတ္ထု၊ ကဗျာ၊ ပန်းချီ၊ ရုပ်ရှင် စသဖြင့်ပေါ့။ ကိုယ်ကျင့်တရားကောင်းတာ၊ အများအတွက် အလုပ်လုပ်တာ၊ ကူညီတာ၊ စိတ်ကောင်းစေတနာ ရှိတာ၊ ဒါတွေဟာ အနုပညာ ရသကသာ ပုံသွင်း၊ ပုံဖော်ပေးနိုင်တဲ့ စိတ်နေစိတ်ထားတွေ ဖြစ်ပါတယ်။

◾️နောက်တစ်ခုက You are what you experience တဲ့။ ကျွန်တော် တစ်ခါ ရေးဖူးတဲ့ ဆောင်းပါး။

ကျွန်တော်တို့တွေဟာ ကိုယ် တွေ့ကြုံခံစားဖူးတဲ့ အရာတွေပေါ် မူတည်ပြီး ကွဲပြားနေကြတယ်။ ဥပမာ တချို့ဆို လူတွေကို အယုံအကြည် မရှိဘူး။ သူတို့ မယုံတဲ့အထဲမှာ သမီးရည်းစားထိ ပါတယ်။ ဘာလို့ဆိုတော့ သစ္စာဖောက်ခံရဖူးလို့။ အဲဒီကနေ Trust issue ဝင်သွားပြီး ဘယ်သူ့ကိုမှ မယုံရဲတော့တာ။

တချို့က လောကကြီးကို အဆိုးဘက်က မြင်တယ်။ ဘာလို့လဲ။ ငယ်စဉ်ကလေးဘဝကတည်းက စိတ်ဒဏ်ရာ ရစရာ၊ စိတ်ပျက်စရာတွေနဲ့ချည်း သူ ကြုံခဲ့ရလို့။

ကောင်းမွန်တဲ့ ငယ်ဘဝ၊ ပြည့်စုံတဲ့ ပညာရေး၊ ပျော်ရွှင်တဲ့ မိသားစုဘ၀ ရခဲ့တဲ့သူတွေကတော့ ဘဝကို အကောင်းဘက်ကနေ ရှုမြင်နိုင်ကြတယ်ပေါ့။

ဒါကြောင့် You are what you experience လို့ ပြောတာ။

◾️သို့သော် ဒီလိုတွေ ကြုံခဲ့တိုင်း ဒီလိုတွေ ဖြစ်နေရမယ်လို့တော့ မဟုတ်ဘူး။ ကိုယ့်အနေနဲ့ ပြန်ပြင်ဆင်လို့ ရတယ်။ ရုန်းထွက်လို့ရတယ်။ ဒီအတိုင်းတော့ မရဘူးပေါ့။ လုပ်သင့်လုပ်ထိုက်တာတွေတော့ လုပ်ဖို့ လိုအပ်မယ်။

ဘယ်လိုမိဘဆီမှာ ဝင်စားပြီး၊ ဘယ်လိုငယ်ဘဝမျိုး ရှိရမယ် ဆိုတာတော့ ဘယ်သူမှ ရွေးချယ်ခွင့် ရကြတဲ့ကိစ္စ မဟုတ်ဘူး။ သို့သော် အဲဒီကနေ ရလာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘယ်လိုကုစားမယ် ဆိုတာတော့ ကိုယ့်လက်ထဲမှာ ရှိတယ်။

ဒီလိုပဲ၊ တခြားသူတွေ ကိုယ့်အပေါ် သစ္စာဖောက်မဖောက်၊ လိမ်မလိမ်၊ ကောင်းမကောင်း၊ ဒါတွေကိုလည်း ဘာမှ ထိန်းချုပ်လို့ မရဘူး။ ကိုယ့်ရဲ့ Reaction တွေကိုသာ ကိုယ်ထိန်းချုပ်လို့ ရတယ်။

◾️ဆိုတော့ ချုပ်ပြောရရင် You are what you repeatedly do.

မင်း တစ်နေ့ တစ်နေ့ ဘာတွေ စားတယ်၊ သောက်တယ်၊ ဘယ်လိုစာအုပ်တွေ ဖတ်တယ်၊ မင်းဘဝမှာ ဘာတွေ တွေ့ကြုံခဲ့ဖူးပြီး အဲဒီက ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားတယ်၊ ဒါတွေက မင်း ဘယ်လိုလူလဲ ဆိုတာကို ပုံဖော်ပေးမှာ ဖြစ်တယ်။

စာမေးပွဲအမှတ်ထွက်သလိုပါပဲ။ ညာလို့ မရဘူး။ အစားလည်း သိပ်မစားဘဲနဲ့ ဝနေတယ် ဆိုတာ မရှိသလို ဦးနှောက်ထဲကို သုတ၊ နှလုံးသားထဲကို ရသတွေ အရင်ထည့်မထားဘဲလည်း ဘာမှ ပြန်ထွက်လာမှာ မဟုတ်ဘူး။ သုတထည့်ထားမှ စဉ်းစားတွေးခေါ်မှု ပြန်ထွက်လာမယ်။ ရသထည့်ထားမှ မေတ္တာ၊ ကရုဏာနဲ့ ကိုယ်ချင်းစာတရားတွေ ထွက်လာမယ်။ အင်မတန် ရိုးရှင်းပါတယ်။

အဲဒီမှာ Repeatedly ဆိုတာလေးကို သတိပြုစေလိုတယ်။ ထပ်ကာ ထပ်ကာ လုပ်မှ ဖြစ်တာပါ။ တစ်ရက်လောက် အစားများလို့ ဝမလာဘူး။ စားပါများလာမှ ဝလာတာ။ တစ်ရက်လောက်လေး ၁၅ မိနစ် တရားထိုင်လိုက်လို့ အဲဒီ ၁၅ မိနစ်ပဲ အေးချမ်းသွားသလို ခံစားရမယ်။ ဒါကြောင့် Habit လို့ ခေါ်တဲ့ အလေ့အကျင့်ထိ ဖြစ်လာဖို့ လိုအပ်တယ်။

◾️နောက်ဆုံးတစ်ခု မျှဝေလိုတာကတော့ You are what you do, not what you say you’ll do.

နာမည်ကျော် စိတ်ရောဂါကုဆရာဝန် Carl Jung ရဲ့ စကား။

မင်း ပြောနေတာတွေထက် မင်းလုပ်ပြနေတာတွေကသာ မင်းဘယ်လိုလူလဲဆိုတာကို ပြသနေတာတဲ့။ အပြောသမား မဖြစ်စေနဲ့။ အလုပ်သမား ဖြစ်ပါစေပေါ့။ ကျွန်တော်က ကြိုးစားတယ်၊ ရိုးသားတယ်၊ စေတနာထားတယ်၊ ကြိုက်သလောက် ပြော၊ အလုပ်မှာ မထင်ဟပ်သရွေ့ ဘယ်သူကမှ ကိုယ့်ကို အဲဒီလို မြင်မှာ မဟုတ်ဘူး။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတာမျိုး မဖြစ်စေနဲ့ပေါ့။

သားသမီး၊ မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်၊ နောက်ဆုံး အများပြည်သူတွေအပေါ် လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ဖို့အတွက် ဘာတွေ လုပ်ရမလဲ ပြောပါဆို “အပြောနဲ့အလုပ်ညီခြင်း” ဆိုတာကို ထိပ်ပိုင်းနားလောက်မှာ ထည့်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၂၈ ဖေဖော်ဝါရီ ၂၀၂၃

Photo credit

ဒီတခါ Bossy Collection မှ ချစ်ကာကာလေးတွေအတွက် စတိုင်အမိုက်စားလေးနဲ့ ဖက်ရှင်ကျကျလေး Men short pants ရောင်းပေးချင်ပါတယ်ရှင...
20/01/2023

ဒီတခါ Bossy Collection မှ ချစ်ကာကာလေးတွေအတွက် စတိုင်အမိုက်စားလေးနဲ့ ဖက်ရှင်ကျကျလေး
Men short pants ရောင်းပေးချင်ပါတယ်ရှင့် 🥰
export အစစ်ဖြစ်လို့ အသားအရမ်းကောင်ပါတယ်။ ဈေးကိုလည်း ၂၀ % လျှော့ထားတာမလို့ နောက်ကျမှဆို 😔 original price ပေးဝယ်ရမယ်ဆို အဆင်ပြေမနေလူးမလားရှင့် 🥴
#ဒါဆိုခုပဲ_cb_က‌ဝယ်လိုက်တော့နော်
Original Price_ 21000ks
17900ks
Kpay percent 🆓🆓
Ygn - Cod ok ☑️☑️
နယ်မြို့များအတွက် ninjavan ရတဲ့မြို့များ Codရပြီး ကျန်မြို့များအတွက် ငွေဝင်တာနဲ့ နှစ်ရက်အတွင်း ဂိတ်တင်ပေးပါတယ်ရှင့်💖💙

သားသားမီးမီးတွေ အတွက် အစင်တွေလှမှလှလေးတွေပါနော်။ အသက်၂နှစ်ကနေ ၆နှစ်ဝန်းကျင်ထိ ဝတ်လို့ရတဲ့ ချည်သားပါးပါးအေးအေးလေး။ M, L, ...
09/01/2023

သားသားမီးမီးတွေ အတွက် အစင်တွေလှမှလှလေးတွေပါနော်။ အသက်၂နှစ်ကနေ ၆နှစ်ဝန်းကျင်ထိ ဝတ်လို့ရတဲ့ ချည်သားပါးပါးအေးအေးလေး။ M, L, XL သုံးဆိုဒ်ရပါမယ်နော်။ made in Bangladesh ဖြစ်လို့ချုပ်ရိုးချုပ်သားစိတ်တိုင်းကျလေးမို့ အရောင်စုံလေး ခုပဲမှာလိုက်တော့နော်။
Size - M တစ်စုံ ၄၀၀၀
M 3 စုံ ၁၁၀၀၀
Size - L တစ်စုံ ၄၅၀၀
L 3စုံ ၁၂၅၀၀
Size - XL တစ်စုံ ၅၀၀၀
XL 3 စုံ ၁၄၀၀၀

  အထည် ၁ထောင်စျေး ၈၅၀ကျပ်ထဲနဲ့ရပါမယ်ရှင့်။အထည် ၂၀၀မှ စယူလို့ရပါတယ်။အရေအတွက်နည်းရင်စျေးပိုပါမယ်။ သောင်းချီလိုချင်တဲ့မိတ်ဆ...
13/12/2022


အထည် ၁ထောင်စျေး ၈၅၀ကျပ်ထဲနဲ့ရပါမယ်ရှင့်။
အထည် ၂၀၀မှ စယူလို့ရပါတယ်။အရေအတွက်နည်းရင်စျေးပိုပါမယ်။ သောင်းချီလိုချင်တဲ့မိတ်ဆွေများ စျေးအရမ်းသက်သာပါမယ်ရှင့်🥰😍😘
for more detail Cb please!!

Mickey Mouse ကလေး၀မ်းဆက်လေးတွေရောက်ပါတယ်ဗျ။ Made in Bangladesh မို့ အသားနဲ့ Cutting ပိုင်းမှာတော့ ပြောစရာမလိုအောင် ကောင်...
12/12/2022

Mickey Mouse ကလေး၀မ်းဆက်လေးတွေရောက်ပါတယ်ဗျ။ Made in Bangladesh မို့ အသားနဲ့ Cutting ပိုင်းမှာတော့ ပြောစရာမလိုအောင် ကောင်းလွန်းပါတယ်။

ရွေးချယ်စရာ Design 4မျိုးရှိပြီး၊အရောင်လိုင်းအနေနဲ့လည်းတော်တော်စုံပါတယ်ဗျ။

Size Chart (2 years to 6 Years)
Medim
Large
XL
လက်လီ ဝမ်းဆက်တစ်စုံ (7000mmk)
လက်ကားဈေး CB please
Phone 📱09942124774

Mickey Mouse ကလေး၀မ်းဆက်လေးတွေရောက်ပါတယ်ဗျ။ Made in Bangladesh မို့ အသားနဲ့ Cutting ပိုင်းမှာတော့ ပြောစရာမလိုအောင် ကောင်...
11/12/2022

Mickey Mouse ကလေး၀မ်းဆက်လေးတွေရောက်ပါတယ်ဗျ။ Made in Bangladesh မို့ အသားနဲ့ Cutting ပိုင်းမှာတော့ ပြောစရာမလိုအောင် ကောင်းလွန်းပါတယ်။

ရွေးချယ်စရာ Design 4မျိုးရှိပြီး၊အရောင်လိုင်းအနေနဲ့လည်းတော်တော်စုံပါတယ်ဗျ။

Size Chart (2 years to 6 Years)
Medim
Large
XL

Address

Lower Pazontaung Street
Yangon
11221

Telephone

+959942294650

Website

Alerts

Be the first to know and let us send you an email when Bossy Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share