Baby BoBo Baby Products

Baby BoBo Baby Products “မြန်မာ့ရိုးရာချည်သားအနှီး ဘေဘီဘိုဘို”

ကလေး ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာများကို အုပ်စုပိုင်းခြား စုပေးထားပါတယ်။Child Health Myanmar Page မှ ရေးပြီးသော posts များ...
26/08/2026

ကလေး ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာများကို အုပ်စုပိုင်းခြား စုပေးထားပါတယ်။

Child Health Myanmar Page မှ ရေးပြီးသော posts များကို စုစည်းပေးထားခြင်းပါ။ အဖြစ်များတာ အမေးများတာတွေ အဓိက ပါပါတယ်။

ဤ post ကို save လုပ်ထားခြင်းဖြင့် မိဘများ ဖတ်လိုချိန် ဖတ်လို့ရပါတယ်။ သင့်ကလေး ခေါင်းအစ ခြေ အဆုံး ဖြစ်သမျှ ပြဿနာများနဲ့ ပတ်သက်လို့ ထပ်ရေးမယ့် အကြောင်းများကို ဤ post မှာ ထပ်မံ ဖြည့်ပေးပါမယ်။

ဖတ်မရသော မိဘများက ဖတ်ခွင့်ရသော မိဘများကို အကူအညီတောင်းပါ။ ဖတ်ခွင့်ကြုံတဲ့ မိဘများက အခြားမိဘများကို ကူညီပြီး အသိပညာဖြန့်ဝေပေးကြပါ။

#နေနေမိုးဆွေ (Child Health Myanmar)

(၁) ဦးခေါင်း နှင့် ဦးနှောက်

မွေးကင်းစကလေး ခေါင်းမှာ ဂျွတ်တတ်ခြင်း

https://www.facebook.com/childhealthmyanmar/posts/1312189218839509:0

မကုလျှင် သေနိုင်သောပိုး
(ဦးနှောက်အမြှေးရောင်ခြင်း)

https://www.facebook.com/childhealthmyanmar/posts/1311479718910459:0

ငယ်ထိပ်အကြောင်း သိကောင်းစရာ

https://www.facebook.com/childhealthmyanmar/posts/1312790365446061:0

မွေးစကလေး ခေါင်းရိတ်မလား

https://www.facebook.com/childhealthmyanmar/posts/1313770132014751:0

ခေါင်းချွေး နှင့် ခေါင်းပူကျောပူ

https://www.facebook.com/childhealthmyanmar/posts/1330490017009429:0

မိဘဒေါသတစ်ချက် ကလေးဦးနှောက်ပျက်

https://www.facebook.com/childhealthmyanmar/posts/1276896629035435:0

အဖျားကြောင့် တက်ခြင်း
(Febrile Convulsions)

https://www.facebook.com/childhealthmyanmar/posts/1271303626261402:0

CP တိုင်း ဉာဏ်ရည် မနိမ့်ပါ

https://www.facebook.com/childhealthmyanmar/posts/1307802179278213:0

(၂) မျက်စိ

ကလေးမျက်လုံးနှင့် laser pointer

https://www.facebook.com/childhealthmyanmar/posts/1261860907205674

မွေးစကလေး မျက်စိမြင်လား

https://www.facebook.com/childhealthmyanmar/posts/1307887995936298:0

ကျွန်မကလေး မျက်ရည်တစ်ဖက် ကျနေလို

https://www.facebook.com/childhealthmyanmar/photos/a.1150150511710048.1073741828.1147173735341059/1314225465302551/?type=3

(၃) နား နှာခေါင်း လည်ချောင်း

ကျွန်မကလေး နားပြည်ယိုတာကြာပြီ

https://www.facebook.com/childhealthmyanmar/posts/1278167542241677:0

ကလေးနှင့် နှာစီးနှာပိတ် အကြောင်းရင်းများ

https://www.facebook.com/childhealthmyanmar/posts/1265534973504934

ကလေးနှာစေးနှာပိတ်လျှင်

https://www.facebook.com/childhealthmyanmar/photos/a.1150150511710048.1073741828.1147173735341059/1314554938602937/?type=3

ကလေးငယ်နှင့် ချောင်းဆိုးပျောက်ဆေး

https://www.facebook.com/childhealthmyanmar/posts/1294842157240882:0

ကလေးချွဲပိတ်နေလို့ ဘာလုပ်ရမလဲ

https://www.facebook.com/childhealthmyanmar/posts/1296936717031426:0

(၄) ခံတွင်း- လျှာ နဲ့ သွား

ကလေး သွားရည်ယိုခြင်း

https://www.facebook.com/childhealthmyanmar/posts/1303882939670137:0

ကလေးလျှာဝါးခြင်း

https://www.facebook.com/childhealthmyanmar/posts/1270742699650828

မက်ခရုအကြောင်း မှတ်စု

https://www.facebook.com/childhealthmyanmar/posts/1306683339390097:0

လွတ်လပ်ရေးမရှိသောလျှာကလေး

https://www.facebook.com/childhealthmyanmar/posts/1324687504256347:0

ကလေးငယ်သွားပေါက်ချိန် သွားဖုံးရောင်

https://www.facebook.com/childhealthmyanmar/posts/1264544450270653

ကလေး သွားပေါက်နောက်ကျခြင်း

https://www.facebook.com/childhealthmyanmar/posts/1321963027862128:0

ကျွန်မကလေး သွားအရမ်းကြိတ်လို့

https://www.facebook.com/childhealthmyanmar/photos/a.1150150511710048.1073741828.1147173735341059/1315420691849695/?type=3

ချိုလိမ်၏ ကောင်းကျိုးဆိုးကျိုး

https://www.facebook.com/childhealthmyanmar/posts/1290223871036044:0

ကလေး လက်မစုပ်ခြင်း (၁)&(၂)

https://www.facebook.com/childhealthmyanmar/posts/1310453445679753:0

https://www.facebook.com/childhealthmyanmar/posts/1322050867853344

*နို့စို့ ခြင်းနှင့် သွားပိုးစားခြင်း

https://www.facebook.com/childhealthmyanmar/posts/1344340912291006:0

(၅) ရင်ပိုင်း

ပန်းနာရင်ကြပ် အမြစ်ပြတ်သလား

https://www.facebook.com/childhealthmyanmar/posts/1299976966727401:0

ကလေးငယ်နှင့် ချောင်းဆိုးပျောက်ဆေး

https://www.facebook.com/childhealthmyanmar/posts/1294842157240882:0

ကလေးချွဲပိတ်နေလို့ ဘာလုပ်ရမလဲ

https://www.facebook.com/childhealthmyanmar/posts/1296936717031426:0

(၆) ဝမ်းဗိုက်

ကျွန်မ ကလေး ကျို့ထိုးနေလို့

https://www.facebook.com/childhealthmyanmar/posts/1311199385605159:0

ဝမ်းလျှော ဝမ်းပျက်သောကလေး

https://www.facebook.com/childhealthmyanmar/posts/1306754512716313:0

ဝမ်းသွားတဲ့ ပိုး ဘယ်ကလာ

https://www.facebook.com/childhealthmyanmar/posts/1306919162699848:0

အီအီးဘာကြောင့် စိမ်းရတယ်

https://www.facebook.com/childhealthmyanmar/posts/1308487612543003:0

သင့်ကလေး သန်ကောင် ကင်းဝေးစေရန်

https://www.facebook.com/childhealthmyanmar/posts/1266251366766628

ကလေးနှင့် သန်ချခြင်း

https://www.facebook.com/childhealthmyanmar/posts/1265642370160861

ကလေး ဝမ်းချုပ်သော အကြောင်းများ

https://www.facebook.com/childhealthmyanmar/posts/1270679729657125

ကလေးဝမ်းချုပ်တယ် ဘယ်အခါပြောမလဲ

https://www.facebook.com/childhealthmyanmar/posts/1268787319846366:0

ကလေးဝမ်းချုပ်သော ပြဿနာနှင့် အဖြေများ

https://www.facebook.com/childhealthmyanmar/posts/1323602521031512:0

ကလေး အီးအီး ပုံသဏ္ဌန်များ

https://www.facebook.com/childhealthmyanmar/posts/1270672492991182:0

ဝမ်းနှုတ်ဆေးမပေးရသော အခြေအနေ

https://www.facebook.com/childhealthmyanmar/posts/1162622197129546

ကလေး လေထိုးလေအောင့်

https://www.facebook.com/childhealthmyanmar/posts/1319927988065632:0

ကလေး ချက်စူခြင်း

https://www.facebook.com/childhealthmyanmar/posts/1495205730537856

ငုံးဥလေးတွေ စုံစုံလင်လင်ရှိရဲ့လား ?

https://www.facebook.com/childhealthmyanmar/posts/1322223437836087:0

အကြီးတစ်လုံး အသေးတစ်လုံး

https://www.facebook.com/childhealthmyanmar/posts/1326480554077042:0

အစားအသောက်မှ ကူးစက်သော အသည်းရောင်အသားဝါရောဂါ

https://m.facebook.com/story.php?story_fbid=1340480879343676&substory_index=0&id=1147173735341059

(၇) အရေပြား

ကလေးနဲ့ နို့ပွေး

https://www.facebook.com/childhealthmyanmar/posts/1308381852553579:0

အသားဝါတိုင်း ရောဂါမဟုတ်

https://www.facebook.com/childhealthmyanmar/posts/1309499922441772:0

ဝဲယားနာ

https://www.facebook.com/childhealthmyanmar/posts/1152671031457996:0

မွေးရာပါ အမှတ်ကလေးများ မှတ်စုတို (၁)

https://www.facebook.com/childhealthmyanmar/posts/1319913934733704:0

မွေးရာပါ အမှတ်ကလေးများ မှတ်စုတို (၂)

https://www.facebook.com/childhealthmyanmar/posts/1325154844209613:0

ပူလို့ ထွက်တဲ့ မိတ် စိတ်မပူကြနှင့်

https://www.facebook.com/childhealthmyanmar/posts/1333599680031796:0

ကျီးကန်းပါးစပ်

https://www.facebook.com/childhealthmyanmar/posts/1338485219543242:0

(၈) သွေး

G6PD ချို့တဲ့ခြင်း
https://www.facebook.com/childhealthmyanmar/posts/1316411295083968:0

G6PD ချို့တဲ့ခြင်းနှင့် အမေးများသောမေးခွန်းများ
https://www.facebook.com/childhealthmyanmar/posts/1346096015448829:0

PICA
https://www.facebook.com/childhealthmyanmar/posts/1325148090876955:0

ကျမကလေး A*O များနေလို့

https://m.facebook.com/story.php?story_fbid=1337745752950522&substory_index=0&id=1147173735341059

(၉) ကူးစက်ရောဂါများ
ဝက်သက်
https://www.facebook.com/childhealthmyanmar/posts/1304223899636041:0

သွေးလွန်တုပ်ကွေး
https://www.facebook.com/childhealthmyanmar/posts/1336832059708558:0

Post ရေးသူ ဆရာဝန်များရဲ့ အမည်များကို Post အသီးသီးမှာ တွေ့နိုင်ပါတယ်။


#ကလေးအနှီး
#ခါးတောင်းကျိုက်
#ကိုယ်ဝန်ဆောင်

ကလေးမေမေတွေအတွက် ကိုယ်ပိုင်အချိန်လေးရဖို့ ဘယ်လိုဖန်တီးမလဲ 💖💖💖အိမ်ထောင်ရှင်မိခင်တစ်ယောက်အနေနဲ့ ကိုယ်ပိုင်အချိန် (Me Time)...
24/08/2026

ကလေးမေမေတွေအတွက် ကိုယ်ပိုင်အချိန်လေးရဖို့ ဘယ်လိုဖန်တီးမလဲ 💖💖💖

အိမ်ထောင်ရှင်မိခင်တစ်ယောက်အနေနဲ့ ကိုယ်ပိုင်အချိန် (Me Time) ရဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်အချိန်ပေးတာဟာ စိတ်ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ Me Time က မိခင်တွေအတွက် စိတ်ဖိစီးမှုတွေ လျှော့ချပေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားဖြည့်ဖို့ ကူညီပေးပါတယ်။ 💪

ဒါဆိုရင် ကလေးမေမေတွေအတွက် Me Time ဘယ်လိုဖန်တီးမလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ အစီအစဉ်ဆွဲပြီး အကောင်အထည်ဖော်ပါ 🗓️
Me Time အတွက် သီးသန့်အချိန်ပေးဖို့ အစီအစဉ်ဆွဲတာက အကောင်းဆုံးပါပဲ။
ဥပမာ -

💟အချိန်သတ်မှတ်ပါ💟
နေ့တိုင်း (သို့မဟုတ်) တစ်ပတ်ကို အနည်းဆုံး ၁၅ မိနစ်၊ နာရီဝက် စသဖြင့် အချိန်သတ်မှတ်ပါ။ ⏰ ကလေးတွေ အိပ်နေတဲ့အချိန် ဒါမှမဟုတ် ခင်ပွန်း (သို့မဟုတ်) တခြားမိသားစုဝင်တစ်ယောက်ယောက်က ကလေးတွေကို ခဏကြည့်ပေးနိုင်တဲ့အချိန်ကို ရွေးချယ်နိုင်ပါတယ်။

💟လုပ်စရာစာရင်းလုပ်ပါ💟
ဒီအချိန်လေးမှာ ဘာလုပ်ချင်လဲဆိုတာ စာရင်းလုပ်ပါ။ 📝 စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ ယောဂကျင့်တာ ဒါမှမဟုတ် ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 🧘‍♀️

၂။ အကူအညီရယူပါ 🤝
Me Time ရဖို့ဆိုတာ တစ်ယောက်တည်း ရုန်းကန်နေလို့ မရပါဘူး။

💟ခင်ပွန်းကို အကူအညီတောင်းပါ💟
ခင်ပွန်းနဲ့ တိုင်ပင်ပြီး ကလေးတွေကို ခဏလောက် ထိန်းပေးဖို့ ဒါမှမဟုတ် အိမ်မှုကိစ္စတွေ ခဏလောက် ကူညီပေးဖို့ ပြောပါ။

💟မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းပါ💟
အဘိုးအဘွားတွေ၊ အဒေါ်တွေ၊ အစ်မတွေ ဒါမှမဟုတ် ယုံကြည်ရတဲ့သူငယ်ချင်းတွေကို ကလေးတွေကို ခဏလောက် ထိန်းပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။ 🧑‍🤝‍🧑

💟မိတ်ဆွေအချင်းချင်း ကူညီကြပါ💟
တခြားကလေးအမေသူငယ်ချင်းတွေနဲ့ Me Time လဲလှယ်ယူလို့ရပါတယ်။ ဥပမာ - ဒီနေ့ မင်းကလေးတွေကို ငါကြည့်ပေးမယ်၊ နောက်နေ့ ငါ့ကလေးတွေကို မင်းကြည့်ပေး စသဖြင့်ပေါ့။

၃။ အချိန်တိုလေးတွေကို အသုံးချပါ ⏱️
အချိန်အများကြီး မရဘူးဆိုရင်လည်း အချိန်တိုလေးတွေကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။

💟နံနက်ခင်းစောစောထပါ💟
ကလေးတွေ မထခင် နာရီဝက်လောက် စောစောထပြီး တိတ်ဆိတ်တဲ့အချိန်လေးမှာ ကော်ဖီသောက်တာ၊ စာဖတ်တာမျိုး လုပ်နိုင်ပါတယ်။ ☕📖

💟ကလေးအိပ်တဲ့အချိန်💟
ကလေးတွေ နေ့ခင်းဘက် (သို့မဟုတ်) ညဘက် အိပ်ပျော်သွားတဲ့အချိန်မှာ ကိုယ်ပိုင်အချိန်လေး ဖန်တီးပါ။ အိပ်ရေးဝအောင် အိပ်တာမျိုးလည်း Me Time တစ်ခုပါပဲ။ 😴

💟သွားရင်းလာရင်း အချိန်လေးတွေ💟
ကားစီးနေရင်း ဒါမှမဟုတ် ဘတ်စ်ကားစီးနေရင်း သီချင်းနားထောင်တာ၊ ပေါ့တ်ကတ်တွေ နားထောင်တာမျိုးလည်း လုပ်နိုင်ပါတယ်။ 🎧

၄။ ကိုယ်ပိုင်ပျော်ရွှင်မှုကို ဦးစားပေးပါ ✨
Me Time ဆိုတာ တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ဖို့ အားပြန်ဖြည့်တာပါ။ ဒါကြောင့် -

💟အားမနာပါနဲ့💟
ကိုယ့်အတွက်အချိန်ပေးတာကို အတ္တကြီးတယ်လို့ မတွေးပါနဲ့။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်မှ ကလေးတွေကိုလည်း ပိုပြီး ဂရုစိုက်နိုင်မှာပါ။ 😊

💟ပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့💟
အိမ်မှုကိစ္စတွေ အားလုံး ပြီးပြည့်စုံနေဖို့ မလိုပါဘူး။ တချို့အရာတွေကို လျှော့ချပြီး ကိုယ့်အတွက်အချိန်ပေးပါ။

💟ကိုယ့်စိတ်ကြိုက်လုပ်ပါ💟
တခြားသူတွေ ဘာလုပ်တယ်ဆိုတာ လိုက်မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်ရင် ပျော်ရွှင်လဲဆိုတာကို ရှာဖွေပြီး လုပ်ပါ။ 💖

ကလေးမေမေတိုင်း Me Time လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ တာဝန်တစ်ခုပါပဲ။ ကိုယ့်အတွက် အချိန်ပေးပြီး စိတ်ခွန်အားတွေ ပြန်ဖြည့်တင်းခြင်းအားဖြင့် မိသားစုကိုလည်း ပိုမိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်လေးတွေက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ 😊

💕Baby BoBoမှ အနှီးလေးတွေ လက်လီလက်ကား ဆက်သွယ်ဝယ်ယူနိုင်ပါပြီနော်။ ပြန်လည်ရောင်းချချင်သောဆိုင်များအနေနဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ( သို့ ) 𝐒𝐚𝐥𝐞𝐬 - 09 983 588 942 မှတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

Price- 27,000MMK (ချည်သားအနှီးStandard size: 42" x 42", 5ထည်ပါ)
Price- 53,500MMK (ချည်သားအနှီးStandard size: 42" x 42", 10ထည်ပါ)
Price- 22,200MMK (ချည်သားအနှီးNormal size: 42" x 36", 5ထည်ပါ)
Price- 8500MMK (နှစ်လွှာခါးတောင်းကျိုက် 6ထည်ပါ)



#ကလေးအနှီး
#ခါးတောင်းကျိုက်

မေမေဗိုက်တွေ မီးဖွားခါနီး ဘယ်အနှီးလေးတွေ ရွေးချယ်ရမလဲ ရွေးရခက်နေရင် ဘေဘီဘိုဘိုအနှီးလေးတွေကိုသာ ရွေးချယ်လိုက်နော်💟💟💟ဘေဘီဘ...
21/08/2026

မေမေဗိုက်တွေ မီးဖွားခါနီး ဘယ်အနှီးလေးတွေ ရွေးချယ်ရမလဲ ရွေးရခက်နေရင် ဘေဘီဘိုဘိုအနှီးလေးတွေကိုသာ ရွေးချယ်လိုက်နော်💟💟💟

ဘေဘီဘိုဘိုအနှီးအသားလေးဟာဆိုရင်…

✅သပ်ရပ်ခိုင်ခံ့တဲ့ ချုပ်ရိုးချုပ်သား
✅အမြင့်ဆုံး Qualityနဲ့ အနှီးအသား နူးနူးညံ့ညံ့လေး
✅အသင့်အသုံးပြုနိုင်အောင် ပိုးသတ်ပေါင်းတင်ထားတဲ့အတွက် မေမေတို့ အလုပ်ရှုပ်သက်သာတာပေါ့🥰
✅ရေလျှော်ဒဏ်ခံနိုင်အားကလဲ အံ့မခန်းပဲနော် ဘယ်လိုပဲလျှော်လျှော် ကျုံ့သွားတာမျိုး လုံးဝ မဖြစ်နိုင်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ရှင့်
✅အနံကြီး အနှီးလေးဖြစ်တာကြောင့် ဘေဘီလေးကို မလုံမှာတွေ စိတ်မပူရပါဘူး။

ဘေဘီဘိုဘိုအနှီးလေးဟာ အခုလက်ရှိ Sizeနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Price- 27,000MMK (ချည်သားအနှီးStandard size: 42" x 42", 5ထည်ပါ)
Price- 53,500MMK (ချည်သားအနှီးStandard size: 42" x 42", 10ထည်ပါ)
Price- 22,200MMK (ချည်သားအနှီးNormal size: 42" x 36", 5ထည်ပါ)
Price- 8500MMK (နှစ်လွှာခါးတောင်းကျိုက် 6ထည်ပါ)

💕Baby BoBoမှ အနှီးလေးတွေ လက်လီလက်ကား ဆက်သွယ်ဝယ်ယူနိုင်ပါပြီနော်။ ပြန်လည်ရောင်းချချင်သောဆိုင်များအနေနဲ့ page messenger or phoneမှတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

☎ 09983588942



#ကလေးအနှီး

👉 မွေးကင်းစကလေးတွေနဲ့ပတ်သက်တဲ့ အစဉ်အလာအယူအဆအလွဲ ၅ ခု 👈မွေးကင်းစကလေးလေးတွေနဲ့ပတ်သက်ပြီး ဘိုးဘိုးဘွားဘွား၊ ဖေဖေမေမေတို့တွေ...
20/08/2026

👉 မွေးကင်းစကလေးတွေနဲ့ပတ်သက်တဲ့ အစဉ်အလာအယူအဆအလွဲ ၅ ခု 👈

မွေးကင်းစကလေးလေးတွေနဲ့ပတ်သက်ပြီး ဘိုးဘိုးဘွားဘွား၊ ဖေဖေမေမေတို့တွေ အများဆုံး ပြုလုပ်တတ်တဲ့ အစဉ်အလာယုံကြည်မှုအလွဲလေးတွေကို တွေ့ဖူးကြားဖူးကြမှာပါ။ ဒီအကြောင်းအရာတွေနဲ့အတူ သားသားမီးမီးလေးတို့ကို မှန်ကန်စွာပြုစုပျိုးထောင်ရမယ့် နည်းလမ်းလေးတွေ တစ်ခါတည်း ယှဥ်တွဲဖော်ပြပေး သွားပါမယ်။ 🥰

၁။ ရေနဲ့ ဖြည့်စွက်စာ တိုက်ကျွေးခြင်း

ဒီခေါင်းစဥ်လေးကိုတော့ ကလေးဆရာဝန်တွေ သားဖွားမီးယပ်ဆရာဝန်တွေ အမြဲတမ်း ထပ်ခါထပ်ခါ မေမဖေဖေေ တို့ကိုမှာကြားနေကျဖြစ်မှာပါ။ မှာသလောက်လည်း အမှားတွေ အမြဲ လုပ်ဖြစ်တဲ့မွေးကင်းစကလေးလေးကိုမိခင်နို့ တစ်မျိုးတည်း မတိုက်ဘဲ ရေတိုက်တာတွေ၊ တခြားသောအစားအစာတွေ ကျွေးတာတွေ၊ ဘိုးဘိုးဘွားဘွားတို့က ရိုးရာဆေးတွေ၊ နနွင်းတွေ တိုက်တာတို့လုပ်ခြင်းဟာ အရမ်းကို အန္တာရယ်ရှိတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

မိခင်နို့ရည်ဟာ ရေအပါအဝင် အာဟာရမျိုးစုံရယ် ရောဂါတွေကို ခုခံကာကွယ်ပေးတဲ့ အာနိသင်တွေရယ် အများကြီးပါဝင်ပါတယ်။မွေးစကနေ အနည်းဆုံး အသက် ၆ လအထိကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါတယ်နော်။

ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ လိုအပ်သောဆေးဝါးများမှအပ မိမိတို့သားသားမီးမီးလေးတွေကို အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသင့်ပါတယ်။

၂။ ဆံပင်သန်ဖို့ ခေါင်းရိတ်မယ်

မိမိတို့ကလေးလေးတွေကို ဆံပင်ပိုမို သန်စေချင်တာကြောင့်ရယ် မွေးဆံပင်ကိုရိတ်ရမယ်ဆိုတဲ့အယူအဆလွဲတွေရယ်ကြောင့် မွေးပြီးမကြာခင်မှာ ခေါင်းရိတ်ပေးတတ်ကြပါတယ်။ အဲဒီလိုရိတ်တဲ့အခါ အသုံးပြုတဲ့ဓားမသန့်ရှင်းတာကြောင့် ပိုးဝင်တတ်ခြင်း ၊ ငယ်ထိပ်မပိတ်သေးတဲ့အရွယ်ဖြစ်တဲ့အတွက်ဆံပင်အကာကွယ်မရှိတာကြောင့် နှာစေးတာ နာခေါင်းပိတ်တာ အအေးမိလွယ်တာ မျိုးတွေ ဖြစ်တတ်ပါတယ် ဒါကြောင့် ခေါင်းရိတ်တာမျိုးတွေ မလုပ်သင့်ဘဲ ဆံပင်လေးတွေ အရမ်းရှည်လာတာမျိုးဆို ညှပ်ပေးတာမျိုးတော့လုပ်ပေးလို့ရပါတယ်။

၃။ ချက်အတွင်းသို့ နနွင်းကဲ့သို့သော အမှုန့်မျိုးစုံထည့်ခြင်း

ဒီအကြောင်းရာလေးကလည်း ကလေးတွေမှာ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတဲ့ အရေးကြီးတဲ့အကြောင်းရာလေးဖြစ်ပါတယ်နော်။ ထုံတမ်းအယူတွေအရ ဘိုးဘိုးဘွားဘွားတွေက နနွင်းတွေ တခြားသော ရိုးရာအမှုန့်မျိုးစုံကို ချက်မြန်မြန်ကြွေစေချင်တာရယ်ကျန်းမာရေးကောင်းစေချင်တဲ့ အယူအဆတွေရယ်ကြောင့် ချက်ထဲ ထည့်လေ့ရှိကြတယ်။

အရမ်းအန္တရာယ်များတဲ့သော အယူဆတွေပါနော်။ လုံးဝလုံးဝမလုပ်သင့်ပါဘူ။း အဲဒီလိုအမှုန့်တွေ ထည့်မိရင် ပိုးဝင်သွေးဆိပ်တက်တာ၊ အသားတွေဝါလာတာ မေးခိုင်ပိုးဝင်တာမျိုးတွေဖြစ်တတ်ပြီး စောစော သတိမထားမိဘဲ ဆရာဝန်နဲ့ သေသေချာချာကုသမှုကို အချိန်မီ မယူမိရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်နော်။

၄။ မိခင်တွေ အစားအလွန်အကျွံရှောင်ခြင်း

ဆရာဝန်တွေ ခေါင်းအကိုက်ရဆုံး Topic တစ်ခုဖြစ်ပါတယ်။ ဘိုးဘိုးဘွားဘွားတို့အများစုက မေမေတို့ကို အစားအလွန်ရှောင်ခိုင်းကြတဲ့အယူအဆအလွဲတွေ အများကြီးတွေ့နေရပါတယ်။

နို့တိုက်မိခင်တွေ အစားစုံစားခြင်းက ကလေးဗိုက်နာတယ်၊ လေပွတယ်၊ နေမကောင်းဖြစ်စေတယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆတွေက အခုလို ခေတ်ကာလတွေအထိ မရှိသင့်တော့အယူအဆတွေပါ။ ကလေးလေးတွေရဲ့ ဦးနှောက်ဥာဏ်ရည်ဖွံ့ခြင်းတွေ၊ ရောဂါပိုးတွေ ကာကွယ်ပေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့က မိခင်အစားမရှောင်ဘဲ စုံလင်စွာ စားသုံးခြင်းက အရမ်းအရေးကြီးတဲ့အချက်ပါ။

ဒါကြောင့် မေမေတို့အနေနဲ့ မသန့်ရှင်းတဲ့အစားအစာတွေရယ် အဆိပ်အတောက်ပါတဲ့ ပင်လယ်ငါးအဆန်းတချို့ရယ်ကလွဲလို့ ပုံမှန်မိမိစားနေကြအတိုင်း အကုန်အစုံ စားပေးကြပါလို့ဒီဆောင်းပါးလေးကနေ ဝေမျှချင်ပါတယ်။

၅။ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အယူအဆအလွဲများ

တချို့မိဘတွေက ကာကွယ်ဆေးထိုးပေးရင် ကလေးတွေ ဖျားတတ်တယ်၊ ကာကွယ်ဆေးကြောင့်နေမကောင်းဖြစ်နိုင်တယ် စတဲ့အယူအဆ အလွဲအမှားတွေ ရှိနေတတ်ကြပါတယ်။
ကာကွယ်ဆေးထိုးနှံခြင်းဟာ သားသားမီးမီးလေး တွေပျော်ရွှင်ကျန်းမာစွာကြီးပြင်းလာဖို့အတွက်ဆိုရင် အင်မတန်အရေးပါပါတယ်။ကာကွယ်ဆေးထိုးနှံခြင်းမှာလည်း သားသားမီးမီးတို့ သူ့အချိန်သူ့အသက်နဲ့ လိုက်လျောညီထွေတဲ့ ကာကွယ်ဆေးတွေရရှိဖို့ကအရေးကြီးပါတယ်။ ဒါကြောင့် ထိုးရမယ့် ရက်လနှစ်တွေကို သေချာမမေ့မလျော့ထိုးသင့်ပါတယ်။

အပေါ်ကအချက်တွေအပြင် မွေးကင်းစကလေးငယ်လေးတွေကိုနမ်းရှုတ်ခြင်း လှုပ်ရမ်းချီကစားခြင်း စတာတွေ ၊ လက်သေချာမဆေးကြောဘဲ ကိုင်တွယ်တာတွေ ၊ ကလေးပတ်ချာလည်မှာ ဆေးလိပ်၊ ခြင်ဆေးစတာတွေသုံးစွဲခြင်းတွေကို ရှောင်ကြဥ်သင့်ပါတယ်နော်။

အခုပြောပြပေးသွားတဲ့ အချက်လေးတွေကို သေချာလေး လေ့လာမှတ်သားပေးထားပြီး ဖေဖေမေမေ ဘိုးဘိုးဘွားဘွားတို့ရဲ့မွေးကင်းစ သားသားမီးမီးတို့ကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ကြပါစေ။

ဒေါက်တာဖြူ

မေမေတို့အတွက် ဗဟုသုတလေးကို ပြန်လည်ကူးယူမျှဝေလိုက်ပါတယ်ရှင့်💟💟💟



#လက်ဆောင်
#ကလေးအနှီး
#မီးဖွားခါနီး
#မွေးကင်းစ

မင်တို့အနှီးလေးကို comment လေး ရေးပေးထားတဲ့မေမေ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😍💟ဘေဘီဘိုဘိုမှ မြန်မာ့ရိုးရာချည်သားစစ်စစ် အ...
17/08/2026

မင်တို့အနှီးလေးကို comment လေး ရေးပေးထားတဲ့မေမေ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😍💟

ဘေဘီဘိုဘိုမှ မြန်မာ့ရိုးရာချည်သားစစ်စစ် အနှီးလေးတွေကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။Reviewကောင်းလေးတွေ ရထားတာလည်း မေမေတို့အသိပါပဲရှင့်။💖💖💖

မေမေတို့ မီးဖွားပြီး ခွဲခန်းထဲကထွက်လာတာနဲ့ မရှိမဖြစ် အရာလေးတွေဟာ အနှီးလေးတွေပါ။ချစ်ရတဲ့မေမေတွေ အနှီးလေးတွေကို ဝယ်တော့မယ်ဆိုရင် ဘေဘီဘိုဘိုလေးကိုသာ သတိရလိုက်ပါနော်❤️

💕Baby BoBoမှ အနှီးလေးတွေ လက်လီလက်ကား ဆက်သွယ်ဝယ်ယူနိုင်ပါပြီနော်။ ပြန်လည်ရောင်းချချင်သောဆိုင်များအနေနဲ့ page messenger or phoneမှတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

Price- 27,000MMK (ချည်သားအနှီးStandard size: 42" x 42", 5ထည်ပါ)
Price- 53,500MMK (ချည်သားအနှီးStandard size: 42" x 42", 10ထည်ပါ)
Price- 22,200MMK (ချည်သားအနှီးNormal size: 42" x 36", 5ထည်ပါ)
Price- 8500MMK (နှစ်လွှာခါးတောင်းကျိုက် 6ထည်ပါ)



#ကလေးအနှီး
#ခါးတောင်းကျိုက်

မိုးရာသီမှာ ကလေးငယ်တွေကို အနှီးထုပ်ပေးခြင်းရဲ့ ကောင်းကျိုးများ 🌧️👶မိုးရာသီဟာ အေးမြပြီး စိုစွတ်တတ်တာကြောင့် ကလေးငယ်တွေအတွ...
16/08/2026

မိုးရာသီမှာ ကလေးငယ်တွေကို အနှီးထုပ်ပေးခြင်းရဲ့ ကောင်းကျိုးများ 🌧️👶

မိုးရာသီဟာ အေးမြပြီး စိုစွတ်တတ်တာကြောင့် ကလေးငယ်တွေအတွက် အအေးမိလွယ်တဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကလေးငယ်တွေကို နွေးထွေးလုံခြုံမှုပေးနိုင်ဖို့ အနှီးထုပ်ပေးခြင်းဟာ အလွန်ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။ မိုးရာသီမှာ ကလေးတွေကို အနှီးထုပ်ပေးခြင်းရဲ့ အဓိကကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။💟💟💟

၁။ နွေးထွေးမှုနှင့် အအေးဒဏ်ကာကွယ်ခြင်း 🌡️

မိုးရာသီမှာ အပူချိန်ကျဆင်းပြီး လေထုစိုထိုင်းဆ မြင့်တက်လာပါတယ်။ မွေးကင်းစကလေးငယ်တွေဟာ သူတို့ရဲ့ ကိုယ်အပူချိန်ကို ထိန်းညှိဖို့ ခက်ခဲပါသေးတယ်။ အနှီးထုပ်ပေးခြင်းဖြင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို နွေးထွေးအောင် ထားရှိနိုင်ပြီး အအေးမိခြင်း၊ ဖျားနာခြင်းစတဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အနှီးရဲ့နွေးထွေးမှုက ကလေးကို သက်သောင့်သက်သာ ခံစားရစေပါတယ်။

၂။ လုံခြုံစိတ်ချရမှုနှင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်း 😴💤

ကလေးငယ်တွေဟာ မိခင်ရဲ့သားအိမ်ထဲမှာ လုံခြုံစွာ နေခဲ့ရတာပါ။ အနှီးထုပ်ပေးခြင်းက ဒီခံစားချက်ကို ပြန်လည်ပေးပါတယ်။ တင်းတင်းရင်းရင်းလေး ထုပ်ထားတာက ကလေးငယ်ကို လုံခြုံတယ်လို့ ခံစားရစေပြီး ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် လန့်နိုးတာမျိုးကိုလည်း လျှော့ချပေးပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေဟာ ပိုပြီး နှစ်ခြိုက်စွာ အိပ်စက်နိုင်ပါတယ်။ မိုးတွင်းညတွေမှာ ကလေးအိပ်ရေးဝတာက မိဘတွေအတွက်လည်း စိတ်အေးရပါတယ်။

၃။ အရေပြားကို ကာကွယ်ပေးခြင်း ✨🛡️

မိုးရာသီမှာ လေထုစိုထိုင်းဆများပြီး အအေးဓာတ်ရှိတာကြောင့် ကလေးငယ်ရဲ့ နူးညံ့တဲ့အရေပြားဟာ ပိုပြီး ခြောက်သွေ့လွယ်ပါတယ်။ အနှီးထုပ်ပေးခြင်းက ကလေးရဲ့အရေပြားကို အပြင်လေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းရာမှာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ခြင်၊ မှက် စတဲ့ အင်းဆက်ပိုးမွှားတွေရဲ့ အန္တရာယ်ကနေလည်း အနှီးက တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ ငိုခြင်းကို လျှော့ချပေးခြင်း 😇

အနှီးထုပ်ပေးခြင်းက ကလေးငယ်တွေကို လုံခြုံနွေးထွေးမှုပေးတဲ့အတွက် စိတ်ပူပန်မှုနဲ့ မသက်မသာဖြစ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေဟာ အနှီးထုပ်ထဲမှာ ပိုပြီး စိတ်တည်ငြိမ်ပြီး ငိုကြွေးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် မိုးရာသီမှာ ကလေးငယ်တွေဟာ အပြင်ရာသီဥတုကြောင့် စိတ်တိုလွယ်တတ်တာမျိုး ရှိနိုင်ပါတယ်။

အနှီးထုပ်တဲ့အခါ သတိပြုရမယ့်အချက်များ ⚠️
* အလွန်အကျွံ မပူစေပါနဲ့။ အနှီးထုပ်ပေမယ့် ကလေးအရမ်းပူပြီး ချွေးထွက်လွန်တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။
* ခြေထောက်များကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးပါ။ ကလေးရဲ့ ခြေထောက်တွေကို တင်းကျပ်လွန်းအောင် မထုပ်မိပါစေနဲ့။ တင်ပါးဆစ် ဖွံ့ဖြိုးမှုအတွက် လွတ်လပ်မှုပေးဖို့ လိုပါတယ်။
* မျက်နှာကို ဖုံးအုပ်မထားပါနဲ့။ ကလေးရဲ့ မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို အနှီးနဲ့ မဖုံးမိအောင် သတိထားပါ။ အသက်ရှူလမ်းကြောင်းပွင့်လင်းနေဖို့ အရေးကြီးပါတယ်။
* ကလေးရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ပါ။ ကလေးက အနှီးထဲမှာ မသက်မသာဖြစ်နေရင် ဒါမှမဟုတ် ရုန်းကန်နေရင် အနှီးဖြေပေးဖို့ လိုပါတယ်။

မိုးရာသီမှာ သင့်ကလေးငယ်လေး နွေးထွေးလုံခြုံပြီး ကျန်းမာပျော်ရွှင်ဖို့အတွက် အနှီးထုပ်ပေးခြင်းဟာ ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။

💕Baby BoBoမှ အနှီးလေးတွေ လက်လီလက်ကား ဆက်သွယ်ဝယ်ယူနိုင်ပါပြီနော်။ ပြန်လည်ရောင်းချချင်သောဆိုင်များအနေနဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ( သို့ ) 𝐒𝐚𝐥𝐞𝐬 - 09 983 588 942 မှတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

Price- 27,000MMK (ချည်သားအနှီးStandard size: 42" x 42", 5ထည်ပါ)
Price- 53,500MMK (ချည်သားအနှီးStandard size: 42" x 42", 10ထည်ပါ)
Price- 22,200MMK (ချည်သားအနှီးNormal size: 42" x 36", 5ထည်ပါ)
Price- 8500MMK (နှစ်လွှာခါးတောင်းကျိုက် 6ထည်ပါ)



#ကလေးအနှီး
#ခါးတောင်းကျိုက်
#အနှီးထုပ်ခြင်း

Baby BoBoရဲ့best seller item ချည်သားအနှီးလေး🥰အနှီးဆို ဒီလို 42”ပတ်လည် (၃ပေခွဲ)ရှိတဲ့ sizeအကြီးကြီးကိုသာ ရွေးချယ်ပါနော်။ ...
09/05/2026

Baby BoBoရဲ့best seller item ချည်သားအနှီးလေး
🥰

အနှီးဆို ဒီလို 42”ပတ်လည် (၃ပေခွဲ)ရှိတဲ့ sizeအကြီးကြီးကိုသာ ရွေးချယ်ပါနော်။ ဘေဘီလေးကို လုံလုံခြုံခြုံရှိစေမှာပါ 😍😍😍

ဘေဘီလေးကို အနှီးလေးနဲ့ ပတ်မလား? ခြုံထားမလား? ခင်းသိပ်မလား? အမျိုးစုံကို အသုံးတည့်စေမှာပါ♥️♥️

ဘေဘီဘိုဘိုအနှီးလေးဟာ
💟ချည်သားစစ်စစ်ကို အသုံးပြုထားတဲ့အတွက် လေဝင်လေထွက် ကောင်းမွန်တာကြောင့် ဘေဘီလေးတွေဟာ ဒီလိုပူအိုက်တဲ့ရာသီဥတုမှာ အနှီးလေးပတ်ပြီး နေနိုင်တာပေါ့။
💟အနှီးအသားလေးဟာ ရေလျှော်တဲ့အခါ လုံးဝ (လုံးဝ) မကျုံ့နိုင်ပါဘူး။ အာမခံပါတယ်ရှင့်။
💟အနံကြီးဖြစ်တာကြောင့် ဘေဘီလေးကို လိုသလိုထုပ်ပိုးနိုင်ပါတယ်။
💟မထူမပါးအနှီးအသားလေးဟာ မြန်မာနိုင်ငံရာသီဥတုနဲ့ အထူးသင့်လျော်ခြင်း။
💟ချုပ်ရိုးချုပ်သား သေသပ်ခိုင်ခံ့စွာ ချုပ်လုပ်ထားတာကြောင့် ဘေးအနားများ ဖွာထွက်ခြင်း၊ ချုပ်ရိုးများ ပြုတ်ထွက်တာတွေ လုံးဝမဖြစ်နိုင်ပါဘူးနော်။
💟ချည်ပေါင်းသားအနှီးအသားလေးဟာ နူးညံ့တာကြောင့် ဘေဘီလေးတွေရဲ့ အသားအရည်ကို ထိခိုက်ပွန်းရှခြင်း မဖြစ်စေနိုင်ပါဘူး။

💕Baby BoBoမှ အနှီးလေးတွေ လက်လီလက်ကား ဆက်သွယ်ဝယ်ယူနိုင်ပါပြီနော်။ ပြန်လည်ရောင်းချချင်သောဆိုင်များအနေနဲ့ page messenger or phoneမှတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

price- 27000(ချည်သားအနှီးstandard size 42"*42") (5 pcs)


#ချည်သားအနှီး
#ခါးတောင်းကျိုက်

ဘေဘီဘိုဘိုမှ အသစ်ထုတ်လုပ်ထားတဲ့ ၁၀ထည်ပါ အနှီးချည်သားအိတ်ရှုံ့လေးကို မိတ်ဆက်ပေးပါရစေ🥰😍😍✅ချည်သားစစ်စစ်✅ဘေဘီဘိုဘို အနှီးလေး...
16/02/2026

ဘေဘီဘိုဘိုမှ အသစ်ထုတ်လုပ်ထားတဲ့ ၁၀ထည်ပါ အနှီးချည်သားအိတ်ရှုံ့လေးကို မိတ်ဆက်ပေးပါရစေ🥰😍😍

✅ချည်သားစစ်စစ်✅

ဘေဘီဘိုဘို အနှီးလေးတွေကို အရည်အသွေးမြင့် ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားတာကြောင့် ကလေးငယ်လေးတွေရဲ့ နူးညံ့တဲ့အရေပြားကို ထိခိုက်မှုမရှိဘဲ အေးမြသက်တောင့်သက်သာရှိစေပါတယ်။

✅ချွေးစုပ်အားကောင်းခြင်း✅

နွေရာသီမှာ ကလေးငယ်လေးတွေ ချွေးထွက်များတာကြောင့် ချွေးစုပ်အားကောင်းတဲ့ အနှီးလေးတွေ လိုအပ်ပါတယ်။ ဘေဘီဘိုဘို အနှီးလေးတွေဟာ ချွေးစုပ်အားကောင်းလို့ ကလေးငယ်လေးတွေရဲ့ အရေပြားကို ခြောက်သွေ့နေစေပြီး အရေပြားယားယံခြင်းနဲ့ အဖုအပိမ့်ထွက်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

✅လေဝင်လေထွက်ကောင်းခြင်း✅

ချည်သားဟာ လေဝင်လေထွက်ကောင်းတာကြောင့် ကလေးငယ်လေးတွေရဲ့ အရေပြားကို အေးမြစေပြီး လေဝင်လေထွက်ကောင်းစေပါတယ်။

✅နူးညံ့ပျော့ပျောင်းခြင်း✅

ဘေဘီဘိုဘို အနှီးလေးတွေဟာ နူးညံ့ပျော့ပျောင်းတာကြောင့် ကလေးငယ်လေးတွေရဲ့ နူးညံ့တဲ့အရေပြားကို ထိခိုက်မှုမရှိဘဲ သက်တောင့်သက်သာရှိစေပါတယ်။

✅အရွယ်အစားကြီးခြင်း✅

ဘေဘီဘိုဘို အနှီးလေးတွေဟာ 42လက်မပတ်လည် standard sizeထုတ်လုပ်ထားတာကြောင့် မေမေတို့အနေနှင့် ဘေဘီလေးကို ထုပ်ပိုးရာမှာ အနှီးsizeသေးနေမှာတွေ မဆံ့မှာတွေ မစိုးရိမ်ရတော့ဘူးပေါ့။

✅New Packaging✅

ပိုမိုသေသပ်လှပတဲ့ ဒီဇိုင်းနဲ့ ထုပ်ပိုးထားတာကြောင့် လက်ဆောင်ပေးဖို့အတွက်လည်း သင့်တော်ပါတယ်။
ပြန်သုံးလို့ရတဲ့အိတ်လေးကို သုံးပေးထားတော့ အနှီးဝယ်ရင်း အိတ်လေးပါရတော့ အရမ်းတန်တာပေါ့။

🤱🏻 သားသားမီးမီးလေးကို အကောင်းဆုံးနဲ့ အနူးညံ့ဆုံးအရာတွေပဲ ပေးချင်တဲ့ မေမေတို့အတွက် ဘေဘီဘိုဘို ချည်သားအနှီးဟာ အကောင်းဆုံးရွေးချယ်မှုပါပဲ။

💕Baby BoBoမှ အနှီးလေးတွေ လက်လီလက်ကား ဆက်သွယ်ဝယ်ယူနိုင်ပါပြီနော်။ ပြန်လည်ရောင်းချချင်သောဆိုင်များအနေနဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ( သို့ ) 𝐒𝐚𝐥𝐞𝐬 - 09 983 588 942 မှတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

Price- 53,500MMK (ချည်သားအနှီးStandard size:
42" x 42", 10ထည်ပါ)



#ကလေးအနှီး
#ခါးတောင်းကျိုက်

💜💜💜Happy New Year 💜💜💜နှစ်သစ်မှာ ကောင်းမွန်ဆုံးအရာတွေပဲ ရရှိနိုင်ကြပါစေ။ 2026 တစ်နှစ်ပတ်လုံးမှာ ချစ်ရတဲ့မိသားစုလေးနဲ့အတူ ...
31/12/2025

💜💜💜Happy New Year 💜💜💜

နှစ်သစ်မှာ ကောင်းမွန်ဆုံးအရာတွေပဲ ရရှိနိုင်ကြပါစေ။ 2026 တစ်နှစ်ပတ်လုံးမှာ ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်စရာနေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဘေဘီဘိုဘိုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🎆 ✨️


#ကလေးအနှီး
#ခါးတောင်းကျိုက်

ကလေးငယ်ရဲ့ လူမှုရေး တိုးတက်လာပုံ အဆင့်ဆင့်^^^^^^^^^^^^^^^^^^^^^^^^^^^^^^^၁ လခွဲ  ဖေဖေ မေမေပြုံးပြရင် ပြန်ပြုံးပြတတ်ပြီ၄ ...
28/12/2025

ကလေးငယ်ရဲ့ လူမှုရေး တိုးတက်လာပုံ အဆင့်ဆင့်
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၁ လခွဲ
ဖေဖေ မေမေပြုံးပြရင် ပြန်ပြုံးပြတတ်ပြီ

၄ လ
ကလိထိုးရင် အသံထွက်ပြီး ရယ်တတ်ပြီ

၇ လ
လူစိမ်းစကြောက်နိုင်သည်

၉ လ
တူတူရေဝါး ဆော့နိုင်ပြီ
တာ့တာ လုပ်တတ်ပြီ

၁၅ လ
ထမင်းဝိုင်းထဲ ခွက်ကိုင်သောက်တတ်ပြီ

၁ နှစ်ခွဲ
ထမင်းဝိုင်းထဲ ဇွန်းကိုင်ပြီး မန်းမန်းစားမယ်

၂ နှစ်ခွဲ
နေ့ဖက်ဆို ရှူးပေါက်မချတော့ဘူး
အီအီးပါချင်ရင် မေမေ့ကို အချက်ပေးမယ်

၃ နှစ်
အကျီင်္ိ ဘောင်းဘီ ချွတ်တတ်ပြီ

၄ နှစ်
ကြယ်သီးတပ်တတ်မယ်

၅ နှစ်
အင်္ကျီကောင်းကောင်းဝတ်တတ်ပြီ
ကျောင်းရောက်ရင် သူငယ်ချင်းရှာတတ်ပြီ

မှတ်ချက်- ရှူးပေါက် အီးပါဖို့ အိမ်သာစသွားတတ်ခြင်းသည် ကလေးတစ်ဦးနှင့် တစ်ဦး အသက်အလွန်ကွာနိုင်ပါသည်။

Credit to နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures- credits to Textbook of Paediatrics & Child Health by Mary Rudolf, Malcolm Levene

💕Baby BoBoမှ အနှီးလေးတွေ လက်လီလက်ကား ဆက်သွယ်ဝယ်ယူနိုင်ပါပြီနော်။ ပြန်လည်ရောင်းချချင်သောဆိုင်များအနေနဲ့ page messenger or phoneမှတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

☎ 09983588942



#ကလေးအနှီး

Address

Yangon

Telephone

+959983588942

Website

Alerts

Be the first to know and let us send you an email when Baby BoBo Baby Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Baby BoBo Baby Products:

Shortcuts

Share