The Hijab Gallery

The Hijab Gallery shop with confidence

Ramadan Mubarak to all....🤲🏻🤍
11/03/2024

Ramadan Mubarak to all....🤲🏻🤍

12/01/2024
အစ္စလာမ်တစ်ယောက်သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်မေးခွန်း(1)ဂျန္နသ်က ဘယ်မှာရှိ...
25/12/2023

အစ္စလာမ်တစ်ယောက်သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??
မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်

မေးခွန်း(1)
ဂျန္နသ်က ဘယ်မှာရှိလဲ?

အဖြေ။
ဂျန္နသ်က မိုးကောင်း၇ထပ်ရဲ့အပေါ်မှာရှိပါတယ်။။
ဘာကြောင့်လဲဆိုရင် မိုးကောင်းကင်
၇ထပ်ဟာ ကေယာမသ်နေ့ကျရင်
ပျက်ဆီးသွားမှာပါ အဲ့အချိန်ဂျန္နသ်က
မပျက်ဆီးသွားမှာမဟုတ်ပါဘူးအမြဲတမ်း ရှိနေမှာပါ ဂျန္နသ်ရဲ့အမိုးဟာ အလ္လာဟ်ရဲ့ အရ်ရ်ှပုလ္လင်တော်ဖြစ်ပါတယ်။

မေးခွန်း(2)
ဂျဟန္နမ်က ဘယ်မှာလဲ?

အဖြေ။
ဂျဟန္နမ်ဟာ မြေ၇ထပ်အောက် "စဂျီးန်"
ဆိုတဲ့နေရာမှာ ရှိပါတယ် တချို့လူတွေ
ပြောကြတယ် ဂျဟန္နမ်ဟာ ဂျန္နသ်ရဲ့
ဘေးမှာ ရှိတယ်ဆိုပြီး

မေးခွန်း(3)
စဒ်ရသွလ်မွန်သဟာဆိုတာ ဘာလဲ?

အဖြေ။ စဒ်ရသွန် အာရဘီစကားမှာ
ဇီးပင်ကို ခေါ်ပါတယ်။
မြန်သဟာဆိုတာ
ဂိတ်ဆုံးကို ခေါ်ပါတယ်။
ဒီဇီးပင်ရဲ့
အရှေ့ကို ဘယ်ဖန်ဆင်းခံမှာ သွားလို့
မရပါဘူး ဒီနေရာ မခ်လူးသ်တွေရဲ့ ဂိတ်
ဆုံးနေရာဖြစ်ပါတယ် ။
ဒီနေရာကိုကျော်
ပြီ ဂျိဗ်ရာအိးလ်တောင်သွားလို့ မရပါဘူး
စဒ်ရသွသ်မွန်သဟာဆိုတာ အလွန်ကြီးမားတဲ့ အပင်တပင်ပါ
သူရဲ့အမြစ်တွေဟာ မိုးကောင်းကင်
၆လွာမှာရှိတယ်

အပင်ထိပ်ဖြားကတော့
မိုးကောင်းကင် ၇လွှာထက် မြင့်ပါတယ်
ဒီအပင်ရဲ့အရွက်ဟာ ဆင်နာရွက်လောက် ရှိတယ် အသီးတွေက စဉ့်အိုးကြီးလောက်ရှိမယ်
အဲ့အပင်မှာရွှေရောင် လိပ်ပြာလေးတွေ
ပျံဝယ်နေမယ် ဒီအပင်က ဂျန္နသ်ရဲ့
အပြင်မှာ ရှိပါတယ် ဒီအပင်နားမှာဘဲ
ကိုယ်တော်မြတ်(ဆွ)က ဂျီဗ်ရာအီးလ်ရဲ့
ရုပ်အစစ်မှန်ကို ဒုတိယအကြိမ်မြောက်
တွေ့ခဲ့ပါတယ် ပထမအကြိမ်က မက္ကာဟ်မြို့ အဂ်ျယားဒ်ဆိုတဲ့နေရာမှာ
တွေ့ခဲ့တာပါ။

မေးခွန်း(4)
ဟူးရေအီးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
ဟူးရ်ဆိုတာ ဂျန္နသ်မှာ မို့အ်မင်တွေရဲ့
ကြင်ယာတော်တွေပါ သူတို့က လူလဲ
မဟုတ် ဂျင်န်လဲမဟုတ် ဖရိရ်ှသာလဲ မဟုတ်ပါဘူး ဂျန္နသီတွေအတွက် သီးသန့် ဖန်ဆင်ထားတဲ့ ဖန်ဆင်းခံတွေပါ သူရဲ့လှပမှု့ကို
ပြောရမယ်ဆိုရင် ဒွန်ယာမှာသူရဲ့ လက်သန်းထိပ်ဖြားလေးဘဲ ထုတ်ပြ
လိုက်ရင်တောင် တလောကလုံး လင်းဝင်းသွားမှာပါ ဟူးရ်ဆိုတာ
အာရဘီစကားမှာ ဒီလို မျက်လုံးပိုင်ရှင်ကို ခေါ်တာပါ
သူရဲမျက်စံဟာ နက်မှောင်နေပြီး
မျက်စံဘေးက ဖြူးဖွေးနေတဲ့ မျက်လုံးကို
ခေါ်တာပါ အိင်န်ရဲ့အဓိပ္ပာယ်က မျက်လုံး ကြီးကြီးဝိုင်းဝိုင်းပိုင်ရှင်ကို
ခေါ်တာပါ။

မေးခွန်း(5)
ကုရ်အာန်မှာ တင်ပြထားတဲ့ ဝီလ်ဒါနိ မိုခလ်လိဒူးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
သူတို့ဟာ ဂျန္နသီတွေရဲ့အခိုင်းအစေတွေပါ သူလဲဘဲ လူသား ဂျင်န် ဖရိရ်ှသာ
မဟုတ်ပါဘူး တချိုအဆိုတွေက ကာဖိရ်ခလေးဘဝနဲ့ သေဆုံးသွားတဲ့
ခလေးတွေလို့ ပြောဆိုကြပါတယ်
အနိမ့်ဆုံးဂျန္နသီတယောက်အတွက် တသောင်းချီးမြင့်ပေးမှာပါ။

မေးခွန်း(6)
ကုရ်အာန်မှာ တင်ပြထားတဲ့ အအ်ရားဖ်
ဆိုတာ ဘာလဲ?

အဖြေ။
ဂျန္နသ်ရဲ့အလွန်ကျယ်ဝန်တဲ့ တံတိုင်းကို
ခေါ် အအ်ရားဖ်လို့ ခေါ်ပါတယ်
အဲ့တံတိုင်းအပေါ်မှာ ထိုလူတွေ ရှိ
လိမ့်မယ် သူတို့ရဲ့ကောင်းမှု့နဲ့
မကောင်းမှု့ဟာ တန်းတူ ဖြစ်နေလိမ့်
မယ် အချိန်တော်တော်ကြာကြာထိ
အဲ့တံတိုင်းပေါ်မှာ နေရလိမ့်မယ်
သူတို့ကိုတေန႔ဂ်ႏၷသ္ကို ပို့လိမ္လို့
မျော်လင့်ကြလိမ်မယ် ပြီးရင် အလ္လာဟ်
သူတို့ကို ဂျန္နသ်သို့ ပို့ပေးလိမ့်မယ်

မေးခွန်း(7)
ကေယာမသ်နေ့ရဲ့ကြာချိန် အတိုင်တာက ဘယ်လောက်ရှိမလဲ?

အဖြေ။
နှစ်ပေါင်း ၅၀ဆယ်ကြာမြင့်လိမ့်မယ်

ဟဇရသ်အိဗ်နေအဘ္ဘားဆ်ရဲ့ ဆင့်ပြန်ချက်တခုမ လာရှိတယ်
ကေယာမသ်နေ့ရဲ့ မှတ်တိုင် ၅၀ရှိတယ်
မှတ်တိုင်တခုတိုင်းမှာ နှစ်ပေါင်း တထောင်ကြာလိမ့်မယ်
*ဆိုတဲ့အာယသ်ကျလာတဲ့အချိန် ဟဇရသ်အာအေရှာဟ်က ကိုယ်တော်မြတ်ကို မေးတယ် အိုတမန်တော်မိုးကောင်းကင်ရဲ့မြေပြင်ပြောင်းလဲလိုက်တဲ့အချိန် ကျမတို့ဘယ်မှာရှိနေမလဲ?ကိုယ်တော်မြတ်ကပြောတယ်အဲ့အချိန်ငါတို့ပွလ်ဆွေရာသ်မှာ ရှိမယ်အဲ့တံတားကနေဖြတ်ကျော်နေတဲ့အချိန်မှာနေရာ၃နေရာဘဲရှိမယ်*
*(1)ဂျဟန္နမ် (2)ဂျန္နသ်(3)ပွလ်ဆွေရာသ်*

*ကိုယ်တော်မြတ်ကဆက်မိန့်တယ်အရင်ဆုံး ငါကိုယ်တော်နဲ့ ငါအွမ္မသ်သားတွေ အဲ့တံတားက ဖြတ်ကျော်လိမ်မယ်*

*ပွလ်ဆွေရာသ်ရဲ့အကျယ်တဝင့်*

*ကေယာမသ်နေ့မှာယခုတည်မြဲနေတဲ့မိုးကောင်းကင်နဲ့ မြေကြီး ဖြောင်းပြန်လှန်ခံရမယ် ပြီးတော့ ဆွလ်ဆွေရာသ်ကနေဖြတ်ကျော်ရမယ်အဲ့တံတားမှာ နေရာနှစ်ခုဘဲ ရှိတယ် ဂျန္နသ်ရယ် ဂျဟန္နမ်ရယ်*

*ဂျန္နသ်ကို ရောက်ချင်ရင် မဖြစ်မနေ ဂျဟန္နမ်အပေါ်ကနေ ဖြတ်ကျော်ရမယ်*

*ဂျဟန္နမ်ရဲ့အပေါ်မှာတံတားတခုရှိတယ်တံတားနာမည်ကဆွေရာသ်လို့ခေါ်တယ် တံတားကနေ ကျောဖြတ်မှာ ဂျန္နသ်ရဲ့တံခါးဝကို ရောက်ရှိမှာပါ အဲ့နေရာမှာ ကိုယ်တော်မြတ်ရှိနေမယ် ဂျန္နသီတွေကို ကြိုဆိုနေလိမ့်မယ်*

*ပွလ်ဆွေရာသ်မှာ ရှိနေမဲ့အရည်အချင်း*
*(1) ဆံပင်မွေးထက် ပါးလွှာမယ်*
*(2)ဓါးထက် ပိုထက်မယ်*
*(3)အရမ်မှောင်မိုက်နေမယ်တံတားအောက်ဂျဟန္နမ်ရဲ့အနက်ကလဲ မှောင်မဲနေမယ်*
*(4)ဂိုနာဟ်လုပ်ထားတဲ့လူရဲ့ ဂိုနာဟ်ကသူ့ကျောပေါ် တတ်ခွစီးနေလိမ့်မယ်ဂိုနာဟ်က များမယ်ဆိုရင် ဂိုနာဟ်ရဲ့အလေးချိန်ကြောင့်တံတားပေါ်ကဖြတ်နှုန်းဟာနှေးကွေးနေမဟ်အလ္လာဟ်ကျတော်တို့အားလုံးကိုဒီပုံစံကနေ ထိန်းသိမ်းတော်မူပါအာမိန်း*

*ဘယ်သူရဲ့ဂိုနာဟ်က နည်းမလဲ အဲ့လောက် သူရဲ့သွားနှုန်းက မြန်ဆန်လိမ့်မယ်*
*(5)အဲ့တံတားအပေါ်မှာ သံချိတ်တွေရှိမယ် အောက်မှာ ဆူးညောက်တွေရှိမယ်ခြေထောက်မှာဒဏ်ရာရအောင်လုပ်ပြီး ဒဏ်ခံရမယ်သူရဲ့မကောင်းမှု့ကြောင့်ဒဏ်ရာကဒဏ်ခံရမယ်*
*(6)မကောင်းမှုလုပ်တဲ့သူတွေရဲ့ မကောင်းမှု့ကြောင့်ခြေချော်ပြီး ဂျဟန္နမ်ရဲ့ချောက်ထဲကိုကျသွားလိမ့်မယ်ကျသွားလို့အော်တဲ့ဒဏ်ကြောင့်တံတားပေါ်မှာကြောက်လန့်မှု့တွေ ဖြစ်ပေါ်လိမ့်မယ်*

*ကိုယ်တော်မြတ်ကတံတားရဲ့တဖက်ကမ်း ဂျန္နသ်ရဲ့တံခါးဝမှာ ရပ်နေလိမ့်မယ်အွမ္မသ်သားတယောက် တံတားပေါ်ခြေစတင်တာနဲ့ အဲ့လူအတွက် ဒိုအာလုပ်နေရင် ပြောလိမ့်မယ် ယာရဗ်ဘီ စလ်လင်မ် ယာ ရဗ်ဘီ စလ်လင်မ် ဆိုပြီး*
*ကျမတို့ချစ်တမန်တော်ကြီးအတွက်ဒရှုးဒ်တခေါက်လောက် ဖတ်လိုက်ပါ
*လူတွေသူတို့မျက်စိရှေ့မှာ ပွလ်ဆွေရာသ်ကနေ ကျနေတာ တွေ့လိမ့်မယ် ဒီတံတားကနေ လွတ်မြှောက်သွားတာလဲ တွေ့လိမ့်မယ်*

*ကိုယ့်မိဘတံတားပေါ်ကဖြတ်နေတာတွေ့လိမ့်မယ်သို့သော်သူတို့အတွက်ပူဆွေးပေးနေမှာ မဟုတ်ပါဘူးဘာကြောင့်လဲဆိုရင် အဲ့မှာ ကိုယ်လွတ်မြှောက်ရေးတခုဘဲ တွေးနေလိမ့်မယ်*

*ဆင့်ပြန်ချက်တခုမှာ ဟဇရသ်အာအေရှာဟ်ဟာ ကေယာမသ်နေ့ကို သတိရပြီး ငိုနေလိမ့်မယ် ကိုယ်တော်မြတ်ကြီး မေးတယ် ဘာဖြစ်တာလဲ အာအေရှာဟ်?*

*ကျမကေယာမသ်ကိုသတိရနေလို့ပါကိုယ်တော်မြတ်အဲ့အချိန်ကျမမိဘတွေသောကဖြစ်နေမလား?အဲ့နေရာမှာကိုယ်ချစ်တဲ့လူကို သတိရမလား?*

*ကိုယ်တော်မြတ်ကပြောတယ်သတိရနေလိမ့်သို့သော် ဒီလိုနေရာ၃နေရာရှိတယ်အဲ့နေရာမှာဘယ်သူမှသတိရနေမှာမဟုတ်ပါဘူး*
*(1)မိမိရဲ့ အအ်မားလ်တွေ ချိန်တွယ်နေတဲ့အချိန်*
*(2)မိမိရဲ့နာမာအေအအ်မားလ်ပေးတဲ့အချိန်*
*(3)ပွလ်ဆွေရာသ်မှာရှိနေမယ်အချိန်ဒီအချိန်တွေ ကိုယ်သောက ကိုယ်ဖြစ်နေမှာပါ ဘယ်သူကိုမှ သတိရကြမှာ မဟုတ်ပါဘူး*

အိုအရှင်မြတ် ကျမတို့အာလုံးကို ကေယာမသ်ရဲ့ ပြင်ထန်မှု့ ပွလ်ဆွေရာသ်ရဲ့ ကြောက်မက်ဖွယ်ရာတွေကနေ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်တဲ့သောင်ဝ်ဖီး ချီးမြှင့်တော်မူပါ
Aameen Aameen Summah Aameen

.. နေမင်း

ချည်ဖောင်းကြွသားလေး ကိုမှ စတေကာလေးတွေ ချစ်ဖို့အလွန်ကောင်းသော ရှေ့ကွဲ ကုတ်ကော်လံလေးနဲ့ ခါးကြိုးချည် အရှင်လေးပါ👯‍♀️👯‍♀️ရင်...
25/11/2023

ချည်ဖောင်းကြွသားလေး ကိုမှ စတေကာလေးတွေ ချစ်ဖို့အလွန်ကောင်းသော

ရှေ့ကွဲ ကုတ်ကော်လံလေးနဲ့ ခါးကြိုးချည် အရှင်လေးပါ

👯‍♀️👯‍♀️ရင် 50, တင် 60
ပေါင်ချိန် 160 မှ 200 ကျော်ထိရ

💸💸19500 Ks

ချည်စပန့် လက်ရှည် ဘာရလဲဆိုသော အကိတ်တို့အတွက် လက်ရှည်လေး မှာပေးထားတယ်နော်👯‍♀️👯‍♀️ရင် 50, တင် 60ပေါင်ချိန် 160 မှ 200 ကျော...
25/11/2023

ချည်စပန့် လက်ရှည် ဘာရလဲဆိုသော အကိတ်တို့အတွက်

လက်ရှည်လေး မှာပေးထားတယ်နော်

👯‍♀️👯‍♀️ရင် 50, တင် 60
ပေါင်ချိန် 160 မှ 200 ကျော်ထိရ

💸💸17000 Ks

27/06/2023

Address

No. 530, Anawmar 12 Street, 1 Quarter, Tharkayta Township
Yangon
11231

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959750393448

Website

Alerts

Be the first to know and let us send you an email when The Hijab Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Hijab Gallery:

Share