သဒ္ဓါပိုပို သင်္ကန်းတိုက်

  • Home
  • Myanmar
  • Yangon
  • သဒ္ဓါပိုပို သင်္ကန်းတိုက်

သဒ္ဓါပိုပို သင်္ကန်းတိုက် ဝိနည်းတော်နှင့်အညီချုပ်ရိုးအားလုံးကိုဓားခွဲဓားဖြတ်စီမံချုပ်လုပ်ထားပါသည်

ဝါးပိုးချည်သား သင်္ကန်းကို  ဗုဒ္ဓဂါယာ “မဟာဗောဓိဘုရား”မှာ လှူခွင့်ရတဲ့တွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ် 🙏🏻🤍 ဘုရားမွေးဖွ...
29/01/2026

ဝါးပိုးချည်သား သင်္ကန်းကို ဗုဒ္ဓဂါယာ
“မဟာဗောဓိဘုရား”မှာ လှူခွင့်ရတဲ့တွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ် 🙏🏻🤍 ဘုရားမွေးဖွားရာ အရပ်ကို ရောက်ခဲ့တဲ့အတွက်
ရင်ထဲမှာ အလွန်ကိုမှ ကြည်ညိုရတယ် ၊ ပီတိဖြစ်တယ်၊ စိတ်နှလုံးလည်းအေးချမ်းတယ် ဒါကြောင့် ပရိတ်သတ်တွေကိုလဲ သာဓု ခေါ်ဖို့ မျှဝေပေးလိုက်ပါတယ် ရှင့် 🙏🏻🤍
#သဒ္ဓါပိုပိုသင်္ကန်းတိုက် #ဗုဒ္ဓဂါယာ #မဟာဗောဓိဘုရား

မဂ်လာနံနက်ခင်းပါရှင်မဂ်လာရှိသောနေ့ရက်လေးမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပီးစီးပွားတွေဒီရေအလားတိုးတက်ကြပ...
31/10/2025

မဂ်လာနံနက်ခင်းပါရှင်
မဂ်လာရှိသောနေ့ရက်လေးမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပီးစီးပွားတွေဒီရေအလားတိုးတက်ကြပါစေကြောင်း သဒ္ဓါပိုပို သင်္ကန်းတိုက် မှဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏🙏🙏

ကထိန်ကာလအတွင်း တစ်ချို့သောသက်န်းလေးတွေ stock ပြတ်သွားပေမယ့် တခြား သောရရှိနိုင်သေးတဲ့ သက်န်းများဖြစ်ကြတဲ့...

ဆွမ်းအုပ်ချည်
ဆွစ်ဇလန်ချည်
ရွှေကြာချည်
ချည်သားရွှေ
၈၈၈ဘိုမမာတင်
ငွေသားချည်
ဝါးပိုးချည် သက်န်းများကိုဝယ်ယူအားပေးနိုင်ပါတယ်ရှင်၊

ညတ်သက်န်း(ဒုကုဠ်)အနေဖြင့်လည်း
ဆွမ်းအုပ်ချည် -၉ခဏ်း
ဂျပန်မာတင်-၉ခဏ်း
ဆွမ်းအုပ်ချည်-၉ခဏ်း
ရွှေကြာချည်-၄၅ခဏ်း
ဆွမ်းအုပ်ချည်-၄၅ခဏ်း ဆိုပီး ညတ်သက်န်းလေးတွေဝယ်ယူရရှိနိုင်ပါတယ်ရှင်

ကိုယ်ရင်သက်န်းများဖြစ်ကြသော
ရှင်ကြီး
ရှင်လတ်
ရှင်ငယ် သက်န်းများကိုလည်းဝယ်ယူရရှိနိုင်ပါပီရှင်၊

စတီးသပိတ်(china/Thai)များလည်းရှိပါတယ်ရှင်
ထီးတို/ထီးရှည်/ရွှေချည်ယပ်တောင်/ထန်းယပ်တောင်/ခါးပန်းကြိုး/ကိုယ်ပတ်/အနေကထိုင်[ကတ္တီပါ၊ချည်၊သာရေနွယ်]/ဖိနပ်/စောင်/သပိတ်အိတ်/လွယ်အိတ် စသည်ဖြင့်သက်န်းပရိက္ခရာအစုံလဲဝယ်ယူရရှိနိုင်ပါသည်ရှင်၊

ကထိန်ကာလအတွင်း အလှူအနေနဲ့ကျွန်မတို့သက်န်းတိုက်မှတစ်ချို့သက်န်းများကို တစ်စုံဝယ် ၁၀၀၀၀ လျော့ဈေးဖြင့်ကုသိုလ်ယူနေပီဖြစ်ကြောင်းလည်းသတင်းကောင်းပါးအပ်ပါသည်ရှင်🙏✅
#သက်န်းဝယ်မယ်ဆိုသဒ္ဓါပိုပိုသက်န်းတိုက်ကိုသတိရလိုက်ပါရှင်
#မှာယူလိုပါကviberph09953184880 ☎️
#သဒ္ဓါပိုပိုသင်္ကန်းတိုက်

သဒ္ဓါပိုပို သင်္ကန်းတိုက် ပိုင်ရှင် အဆိုတော် မပိုပိုမှ ငလျင်ပြန်လည်ထူထောင်ရေးနှင့် ဆွမ်းဦးပုညရှင်ဘုရားအတွက်ပြန်လည်ထူ‌ေထာ...
31/10/2025

သဒ္ဓါပိုပို သင်္ကန်းတိုက် ပိုင်ရှင် အဆိုတော် မပိုပိုမှ ငလျင်ပြန်လည်ထူထောင်ရေးနှင့် ဆွမ်းဦးပုညရှင်ဘုရားအတွက်ပြန်လည်ထူ‌ေထာင်‌ေရးအလှူ ၇ရက်သားသမီးအလှူ လေးဖြစ်ပါတယ်ရှင်
ပြုသမျှကုသိုလ်ထပ်တူရကြပါစေရှင်🙏
#သဒ္ဓါပိုပိုသင်္ကန်းတိုက်

တစ်ကယ်တမ်း ရေစက်ရှိလို့ ဆုံတာထက်...တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်တာပါမတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင် ဝမ်း...
30/10/2025

တစ်ကယ်တမ်း ရေစက်ရှိလို့ ဆုံတာထက်...တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်တာပါ

မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင် ဝမ်းနည်းစရာ...မလိုသလို ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့

ရေစက်ရှိလို့ ဆုံခဲ့ကြပြီး ကံကုန်ရင် လမ်းခွဲကြရမယ်... ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်

ဘဝရဲ့ လှည့်ကွက်တွေအောက်မှာ တစ်ယောက်နဲ့...တစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး

မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း ဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွား
ကြရတာပါပဲ...၊

တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့
ဆုံဖြစ်ခဲ့ကြတာပါ၊

အနားမှာ ထွက်ခွာသွားသူကို ကျေးဇူးတင်လိုက်ပါ .....
သူ့ကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ၊

ဘဝဆိုတာ …ကိုယ်က ချစ်နေပြန်တော့လည်း ...တစ်ဖက်သားက မုန်းနေပြန်တတ်တယ် ကိုယ်က မုန်းနေပြန်တော့လည်း တစ်ဖက်သားကချစ်နေတတ်
ပြန်တယ်

ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ သိပ်ပြီးတော့လည်း ...လိုက်ခံစားမနေပါနဲ့ တွေ့ကြဆုံကြ ခဏလေးပါ၊

နေရတဲ့ အချိန်လေးမှာ ကိုယ့်ကြောင့်လည်း ...သူတစ်ပါး စိတ်မဆင်းရဲစေနဲ့ သူတစ်ပါးကြောင့်လည်း ...
ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့၊

ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း ဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး စာနာတတ်တဲ့ နှလုံးသား ကူညီတတ်တဲ့ လက်တစ်စုံနဲ့ လျှောက်လှမ်းကြပါ။

#အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
#သက်န်းဝယ်မယ်ဆိုသဒ္ဓါပိုပိုသက်န်းတိုက်ကိုသတိရလိုက်ပါရှင်
#မှာယူလိုပါကviberph09953184880 ☎️
#သဒ္ဓါပိုပိုသင်္ကန်းတိုက်

ဘ၀င်မမြင့်ပါနဲ့....ဘဝမြှင့်ပါ'ပညာမတတ်ပဲ ပညာရှိအယောင်မဆောင်ပါနဲ့တကယ်ပညာတတ်နဲ့ တွေ့တဲ့အခါမိမိဆွံ့အသွားတတ်တယ်။ပိုက်ဆံမချမ်း...
28/10/2025

ဘ၀င်မမြင့်ပါနဲ့....ဘဝမြှင့်ပါ

'ပညာမတတ်ပဲ ပညာရှိအယောင်မဆောင်ပါနဲ့
တကယ်ပညာတတ်နဲ့ တွေ့တဲ့အခါ
မိမိဆွံ့အသွားတတ်တယ်။

ပိုက်ဆံမချမ်းသာပဲ သူဌေးအယောင်မဆောင်ပါနဲ့
တကယ်ပြည့်စုံကြွယ်၀သူနဲ့ တွေ့တဲ့အခါ
မိမိမျက်နှာငယ်ရတတ်တယ်။

ဘာမှ လေ့လာမှုမရှိပဲ လူတတ်ကြီးမလုပ်ပါနဲ့
ထိထိမိမိချပြနိုင်တဲ့လူနဲ့တွေ့ရင်
မိမိလူပေါကြီး ဖြစ်သွားတတ်လို့ပါ။

မကျွမ်းကျင်သေးတဲ့ ပညာရပ်တစ်ခုကို
တတ်ရောင်ကန်းမလုပ်ပါနဲ့
တကယ်ကျွမ်းကျင်တတ်မြောက်တဲ့လူနဲ့တွေ့ရင်
မိမိအလကားလူဆိုတာ ဖော်ပြသလိုဖြစ်သွားတတ်တယ်။

မစူးဆန်းမဆင်ခြင်ပဲ စကားကို ပြီးစလွယ်မပြောပါနဲ့။
စကားပြောအတတ်ပညာရှင်နဲ့တွေ့တဲ့အခါ
မိမိစကားနဲ့ မိမိပြန်အရိုက်ခံရတတ်လို့ပါ။

ဘ၀င်မမြင့်ပါနဲ့ ဘ၀မြှင့်ပါ
ဘ၀င့်မမြင့်တဲ့လူက အခြေမခိုင်လို့ ယိုင်နဲ့မယ်
ဘဝမြင့်တဲ့လူက အောက်ခြေခိုင်လို့ ခိုင်မြဲမယ်။

ဘ၀င်မမြင့်ပါနဲ့
ဘ၀င်မြင့်ပြီး အောက်ခြေလွတ်နေသူတွေဟာ
အမြဲတမ်း အရှုံးနဲ့ရင်ဆိုင်နေရတတ်ပါတယ်။
ကိုယ့်ဘ၀အခြေနေကို ပြန်မမြင်နိုင်တဲ့အတွတ်ကြောင့်လည်း
ဘယ်တော့မှ ဘဝမြင့်လာမှာမဟုတ်ပါဘူး။

မိမိမှာ သင်ယူမှတ်သားစရာတွေ ဘယ်တော့မှ
မကုန်နိုင်ဘူးဆိုတာ သိထားရင်
အလိုလို ဘ၀င်မြင့်တဲ့စိတ်ပျောက်ပြီး
ဘဝ​မြင့် လိုစိတ်တွေဖြစ်လာပါလိမ့်မယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်
#သဒ္ဓါပိုပိုသက်န်းတိုက်

ကထိန်အတွက် အသားကောင်းပီးပေါ့ပါးအေးမြသော ဝါးပိုးချည်သက်န်း‌ ကိုလည် ဝယ်ယူရရှိနိုင်ပါသေးတယ်ရှင်
28/10/2025

ကထိန်အတွက် အသားကောင်းပီးပေါ့ပါးအေးမြသော ဝါးပိုးချည်သက်န်း‌ ကိုလည် ဝယ်ယူရရှိနိုင်ပါသေးတယ်ရှင်

မဂ်လာပါရှင်၈၈၈ဘိုမမာတင်သက်န်းလေးကထိန်လျော့ဈေးရသေးတယ်ရှင် #သက်န်းဝယ်မယ်ဆိုသဒ္ဓါပိုပိုသက်န်းတိုက်ကိုသတိရလိုက်ပါရှင်  #မှာယ...
28/10/2025

မဂ်လာပါရှင်
၈၈၈ဘိုမမာတင်သက်န်းလေး
ကထိန်လျော့ဈေးရသေးတယ်ရှင်
#သက်န်းဝယ်မယ်ဆိုသဒ္ဓါပိုပိုသက်န်းတိုက်ကိုသတိရလိုက်ပါရှင်
#မှာယူလိုပါကviberph09953184880
#သဒ္ဓါပိုပိုသင်္ကန်းတိုက်

❝  ရမ်းသမ်း အပြစ်မပြောပါနဲ့  ❞🔹 လူတစ်ယောက်ကို အတိတ်က     မကောင်းကွက်တစ်ခု အသေကိုင်     ထားပြီး အပြစ်ပြောတတ်တာဟာ     စိတ်...
22/10/2025

❝ ရမ်းသမ်း အပြစ်မပြောပါနဲ့ ❞

🔹 လူတစ်ယောက်ကို အတိတ်က
မကောင်းကွက်တစ်ခု အသေကိုင်
ထားပြီး အပြစ်ပြောတတ်တာဟာ
စိတ်ထားညံ့တဲ့
လူတော်တော်များများရဲ့ အကျင့်
စရိုက်တစ်ခုပါ။

🔹 အတိတ်က မှားခဲ့တာကိုကြည့်ပြီး
အခုလည်းမှားနေတုန်းပဲလို့
အပြစ်ပြောရင် မှားသွားမှာပေါ့။

🔹 အခု သူဘာဖြစ်နေလဲ
အခု သူဘာလုပ်နေလဲဆိုတာကိုပဲ
ကြည့်ပါ။

🔹 အခုလက်ရှိ အခြေအနေကို
သေချာမသိဘဲနဲ့ အတိတ်က
ကိုယ်သိသလောက်လေးနဲ့ ရမ်းသမ်း
အပြစ်မပြောပါနဲ့။

🔹 အခုလက်ရှိမှာ ကိုယ်အပြစ်ပြော
သလိုမျိုး
သူ့ဘက်က မဟုတ်ဘူးဆိုရင်
ကိုယ်ပဲ အပြစ်ဖြစ်ပါလိမ့်မယ်။

🔹 သူ့ဘက်က ကောင်းရင်
ကောင်းနေသလောက် ကိုယ့်ဘက်က
အကုသိုလ်အပြစ် ပိုကြီးမှာပါ။

#အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ )
#သက်န်းဝယ်မယ်ဆိုသဒ္ဓါပိုပိုသက်န်းတိုက်ကိုသတိရလိုက်ပါရှင်
#မှာယူလိုပါကviberph09953184880 ☎️
#သဒ္ဓါပိုပိုသင်္ကန်းတိုက်

မဂ်လာနေ့လယ်ခင်းလေးပါရှင်မဂ်လာရှိသောနေ့ရက်လေးပိုင်ဆိုင်ကြပါစေရှင်...😊သဒ္ဓါပိုပို သင်္ကန်းတိုက် မှ ကထိန်အတွက် သက်န်းတိုက်မ...
19/10/2025

မဂ်လာနေ့လယ်ခင်းလေးပါရှင်
မဂ်လာရှိသောနေ့ရက်လေးပိုင်ဆိုင်ကြပါစေရှင်...😊
သဒ္ဓါပိုပို သင်္ကန်းတိုက် မှ ကထိန်အတွက် သက်န်းတိုက်မှဝယ်ယူမယ့် customer များအတွက်
၈၈၈ဘိုမမာတင်ဟာ မာတင်သားဖြစ်သည့်အလျောက်ရေလျှော်ခြောက်မြန်ပီးအသားကောင်းပီကာ ဘုန်းဘုန်းတွေရုံရတာ‌ေပါ့ပါးသက်‌ေတာင့်သက်သာရှိလှသော ...
၈၈၈ဘိုမမာတင် သက်န်း(ပိန္ဒဲရောင်/ရွှေတောင်ကုန်းရောင်/သီတဂူရောင်)ကို မူရင်းဈေး -၁၅၀၀၀၀ မှသည် တစ်စုံဝယ် ၁၄၀၀၀၀ နှင့် တစ်သောင်းကျပ်မျှလျော့ပီး ကုသိုလ် ယူပါရစေရှင်၊

သဒ္ဓါပိုပိုသက်န်းတိုက်မှာအမြတ်အများကြီးတင်မရောင်းပဲ သက်န်းအသား quality ကိုသာအဓိကထားဦးစားပေးပီး ဝိနည်းနဲ့အညီ ဓားခွဲဓားဖြတ်မှန်ကန်စွာ ဆိုဒ် ကိုက်အပြည့်ချုပ်လုပ်ရောင်းချတဲ့သက်န်းမို့ ...မည်သည့်အမျိုးအစားသက်န်းဝယ်ဝယ်ယုံကြည်စိတ်ချစွာအားပေးနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်ရှင်🙏🥰

#သက်န်းဝယ်မယ်ဆိုသဒ္ဓါပိုပိုသက်န်းတိုက်ကိုသတိရလိုက်ပါရှင်
#မှာယူလိုပါကviberph09953184880 ☎️
#သဒ္ဓါပိုပိုသင်္ကန်းတိုက်
#ကထိန်discount✅

“မှားယွင်းတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်နားမှာ  သူပြောမယ့် မှားယွင်းတဲ့စကားတွေ မကြားမိအောင်  သူ့စကားကို နားမထောင်မိဖို့  သူ့ကို...
19/10/2025

“မှားယွင်းတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်နားမှာ
သူပြောမယ့် မှားယွင်းတဲ့စကားတွေ မကြားမိအောင်
သူ့စကားကို နားမထောင်မိဖို့
သူ့ကို ဝေးဝေးက ရှောင်ရမယ်။"

”မှားယွင်းတဲ့ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
သူက ယုတ္တိဆင်ပြီးတော့ ပြောလို့
ကိုယ်က နည်းနည်း သဘောကျသွားမိမယ်၊
မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို
ကိုယ့်သန္တာန်မှာ လက်ခံသွားမိမယ်ဆိုရင်
အလွန်အန္တရာယ်များတယ်ပေါ့။"

ဒါကြောင့်မို့
ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စကားကိုလည်း
နားမထောင်မိစေနဲ့လို့ ပြောတာ။
နားထောင်မိရင် အယူအဆတစ်ရပ်ဟာ
မှားယွင်းသွားနိုင်တယ်။
ဒါမျိုးက ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ အဋ္ဌကထာဆရာကြီးတွေက
ဒီဂါထာလေးနဲ့ သတိပေးထားတာ ရှိတယ်

‘‘တသ္မာ အကလျာဏဇနံ, အာသီဝိသမိဝေါရဂံ၊
အာရကာ ပရိဝဇ္ဇေယျ, ဘူတိကာမော ဝိစက္ခဏော’’တဲ့။

#ပါမောက္ခချုပ်ဆရာတော်ကြီး
#သက်န်းဝယ်မယ်ဆိုသဒ္ဓါပိုပိုသက်န်းတိုက်ကိုသတိရလိုက်ပါရှင်
#မှာယူလိုပါကviberph09953184880 ☎️
#သဒ္ဓါပိုပိုသင်္ကန်းတိုက်

Address

South Okkalapa
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when သဒ္ဓါပိုပို သင်္ကန်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share