Pyo May

Pyo May Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyo May, Design & Fashion, Tarmwe Township, Yangon.

Face Shield ဆိုတာ ဘာလဲ? ဘယ်လိုကာကွယ်ပေးနိုင်မလဲ? စနစ်တကျ ဘယ်လိုတပ်ရမလဲ ဆိုတာအားလုံးသိအောင် မျှဝေလိုက်ပါတယ်နော်။Face Shie...
18/09/2020

Face Shield ဆိုတာ ဘာလဲ? ဘယ်လိုကာကွယ်ပေးနိုင်မလဲ? စနစ်တကျ ဘယ်လိုတပ်ရမလဲ ဆိုတာအားလုံးသိအောင် မျှဝေလိုက်ပါတယ်နော်။

Face Shield ဆိုတာ...

Mask အပြင် ရောဂါပိုးတွေကို ထပ်ပြီးအပိုကာကွယ်ပေးနိုင်ဖို့အတွက် တပ်ဆင်ပေးရတဲ့ ကိရိယာပါ။ အရှေ့ဘက်မှာ ပလတ်စတစ် အခုံးတစ်ခုပါရှိပြီး ဒီအခုံးဟာ တပ်ဆင်ထား သူရဲ့ အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားများကို အပြင်ဘက် မရောက်ဘဲ ပလတ်စတစ်အပြားပေါ်မှာ ကပ်သွားစေပါတယ်။ Face Shield ဟာ နားရွက်နှစ်ဖက်အထိ ခုံးနေတာဖြစ်လို့ အရှေ့ဘက်က တည့်တည့်ဝင်လာတဲ့ ရောဂါပိုးများကို အပြင်ဘက်ခြမ်းမှာ ကပ်သွားစေပါတယ်။

Face Shield ကို ဘယ်သူတွေ အများဆုံးတပ်ဆင်နေကြလဲ။

ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်း ဘိုးဘွားအရွယ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိသူ၊ ကျန်းမာရေးစောင့်ရှောက်သူတွေ ပိုပြီး တပ်ဆင်တာများပါတယ်။ N95 Mask သို့မဟုတ် Surgical Mask တွေကို မတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေ၊ Cloth Mask ကိုပဲ တပ်ဆင်ပြီး စျေးဝယ်ထွက်နေသူတွေဆိုရင် Face Shield ပါ တွဲပြီးတပ်ဆင်ခြင်းဖြင့် ကိုယ့်ရဲ့ ရောဂါပိုးကာကွယ်နိုင်ခြေကို မြှင့်တင်ပေးလို့ရပါတယ်။

Face Shield ရဲ့ ပြဿနာက ဘာလဲ။

သူက တပ်ဆင်ထားသူမှာ ရောဂါပိုးရှိနေရင် တခြားသူတွေကို ပြန်ကူးစက်နိုင်ခြေ နည်းစေဖို့ ထိန်းချုပ်ပေးပါတယ်။ ဒါပေမယ့် ၃၆၀ ဒီဂရီ ပတ်လည်ထားတာမဟုတ်ဘဲ အရှေ့ဘက်နဲ့ ဘေးဘက်အနည်းငယ်ကိုသာ ကာကွယ်ပေးနိုင်တာ ဖြစ်တဲ့အတွက် Face Shield တစ်မျိုးတည်းတပ်ဆင်ပြီး Mask မတပ်ရင်တော့ လွတ်နေတဲ့ အနောက်ဘက်ကနေ ရောဂါပိုးတွေ ဝင်လာပြီး ကူးနိုင်ခြေ ရှိပါတယ်။

နောက်ထပ်တစ်ခုက Face Shield မှာ ရောဂါပိုးမွှားတွေကို ကပ်ငြိစေတဲ့ Filter အလွှာ မပါဝင်ပါဘူး။ ဒီတော့ ရောဂါပိုးမွှားတွေ Face Shield မှာ ကပ်နေရင် တခြားနေရာတွေဆီကို ပျံ့သွားနိုင်သလို Mask မတပ်ထားရင် ကပ်နေတဲ့ ရောဂါပိုးတွေကို အလွယ်တကူ ရှူမိသွားနိုင်ပါတယ်။

Face Shield ကို ပိုးသန့်စင်ဖို့ လိုအပ်လား။

ဟုတ်ကဲ့ မဖြစ်မနေ ပိုးသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Face Shield က ဖုန်နဲ့ တခြားအမှုန်အမွှား၊ ရောဂါပိုးတွေ ကပ်ငြိစေတာဖြစ်လို့ ဒီပစ္စည်းကို အိမ်ပြန်ရောက်တာနဲ့ အမြန်ပိုးသန့်စင်မှ Face Shield ကနေ တခြားအိမ်မှာရှိနေတဲ့ ပစ္စည်းတွေ၊ မိသားစုဝင်တွေကို ပြန်ပြီးကူးစက်စေနိုင်ပါတယ်။

ပိုးသန့်စင်ဖို့အတွက် Face Shield ကို ခေါင်းမှာစွပ်တဲ့ အပေါ်စွပ်ကနေ ကိုင်ချွတ်ပါ။ ပြီးသွားရင် အဝတ်လျှော်ဆပ်ပြာနဲ့ ဘရပ်ရှ်တစ်ခုယူပြီး Face Shield ကို နေရာလပ်မချန် တိုက်ချွတ်ပေးပါ။ ပြီးသွားမှ ရေနဲ့ ပြောင်စင်အောင်လောင်းချပြီး နေပြန်လှန်းပါ သို့မဟုတ် အခြောက်ခံပါ။

Face Shield ကို ထိရောက်စွာ အသုံးပြုနည်း

၁။ Mask တပ်ဆင်ခြင်းသည်သာ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းပါ။ ဒါကို လုံးဝမမေ့ပါနဲ့။

၂။ Mask ကို အရင်တပ်ပြီးမှ Face Shield ကို ခေါင်းမှာ စွပ်ပါ။

၃။ အပြင်သွားနေရင် မလိုအပ်ဘဲ Face Shield ကို မကိုင်ပါနဲ့၊ မထိပါနဲ့။

၄။ Mask တပ်နေရင်း အသက်ရှူကျပ်လာရင် လူနည်းတဲ့ သို့မဟုတ် လူမရှိတဲ့ နေရာရောက်မှ လက်ကို ရေမလိုလက်သန့်စင်ဆေးရည်နဲ့ အရင်ဆေးပြီး Mask ကို ဟ၍ အသက်ဝအောင်ရှူပါ။ ပြီးတာနဲ့ Mask ပြန်တပ်ပြီး လက်ပြန်ဆေးပါ။ လိုရာခရီးကို အမြန်သွား၍ အိမ်ပြန်ပါ။

Face Shield သည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့် ကာကွယ်နိုင်တာ မဟုတ်သလို သူ့တစ်မျိုးတည်း အသုံးပြုလို့လည်း မရပါဘူး။ ဒီအတွက် အမြဲတမ်း လက်ကို စနစ်တကျဆေးပါ၊ Mask ကိုလည်း စနစ်တကျ တပ်ဆင်ပါ။ တတ်နိုင်သလောက် အကြောင်းမရှိဘဲ အပြင်မထွက်ပါနဲ့လို့ ထပ်ပြီး သတိပေးတိုက်တွန်းလိုက်ပါတယ်။

Credit; http://www.mdn.gov.mm/my/asunmttttrng-kiuykiu-pnpii-bhephccemy-face-shield

မဖြစ်မနေ အပြင်ထွက်ရတဲ့သူတွေအတွက်... မဖြစ်မနေ Mask တပ်ရမှာမို့... အခုပဲ Pyo May ဆီမှာ  #အကြိမ်ကြိမ်လျှော်ပြီးပြန်သုံးလို့...
13/09/2020

မဖြစ်မနေ အပြင်ထွက်ရတဲ့သူတွေအတွက်...
မဖြစ်မနေ Mask တပ်ရမှာမို့... အခုပဲ Pyo May ဆီမှာ #အကြိမ်ကြိမ်လျှော်ပြီးပြန်သုံးလို့ရတဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ချည်သားအဝတ် Mask များကို မှာယူလိုက်တော့နော်။



🔔 တစ်ခုမှ ၃၀၀ ကျပ်!!!📣 အလှူအတန်းပြုလိုသူများအတွက် အထူးနှုန်း📣မှာယူလိုပါက cb please 😊
12/09/2020

🔔 တစ်ခုမှ ၃၀၀ ကျပ်!!!
📣 အလှူအတန်းပြုလိုသူများအတွက် အထူးနှုန်း📣

မှာယူလိုပါက cb please 😊




"ရောဂါကင်းဝေးကျန်းမာဖို့ စနစ်တကျ Mask တပ်စို့။" 🤜🤛 Pyo May ရဲ့အဝတ် Mask ကိုတပ်တဲ့အခါ ဒီလိုလေးစနစ်တကျ တပ်ကြပါနော်။ ပြီးတေ...
09/09/2020

"ရောဂါကင်းဝေးကျန်းမာဖို့ စနစ်တကျ Mask တပ်စို့။" 🤜🤛 Pyo May ရဲ့အဝတ် Mask ကိုတပ်တဲ့အခါ ဒီလိုလေးစနစ်တကျ တပ်ကြပါနော်။ ပြီးတော့ အပြင်သွားပြီးပြန်လာတိုင်း ပိုးမွှားသန့်စင်ပေးတဲ့ဆပ်ပြာနဲ့ #လျှော်ဖွပ်၊ #ခြောက်အောင်လှမ်း၊ #မီးပူပြန်တိုက်ပြီးမှ နောက်တကြိမ် ထပ်သုံးပါနော်။

အားလုံးပဲ ရောဂါကင်းဝေး ကျန်းမာကြပါစေ။ 🙏

22/08/2020

Mask တပ်ဖို့ မမေ့ကြနဲ့နော်!
မိမိကိုယ်ကို ကာကွယ်ပါ
မိသားစုကို ကာကွယ်ပါ
ကမ္ဘာကြီးကို ကာကွယ်ပါ

အရွယ်စုံ နေရာစုံ လှလှလေးနဲ့ လုံလုံခြုံခြုံဝတ်ဖို့ အဆင်ပြေအောင် ဆိုဒ်စုံ ဒီဇိုင်းစုံ ချုပ်ပေးလျက်ရှိပါတယ်နော် 😍Like & sha...
29/07/2020

အရွယ်စုံ နေရာစုံ လှလှလေးနဲ့ လုံလုံခြုံခြုံဝတ်ဖို့ အဆင်ပြေအောင် ဆိုဒ်စုံ ဒီဇိုင်းစုံ ချုပ်ပေးလျက်ရှိပါတယ်နော် 😍
Like & share & order လေးနဲ့အားပေးသွားဦးနော် 🤗🤗🤗




ကျောင်းတွေ စဖွင့်နေပြီနော် !!သားသားမီးမီးတို့လုံခြုံစိတ်ချရဖို့ ပြင်ဆင်ပြီးပြီလား ဖေဖေမေမေတို့ရေ....ခုလို ကမ္ဘာနဲ့ချီ ရေ...
27/07/2020

ကျောင်းတွေ စဖွင့်နေပြီနော် !!
သားသားမီးမီးတို့လုံခြုံစိတ်ချရဖို့ ပြင်ဆင်ပြီးပြီလား ဖေဖေမေမေတို့ရေ....
ခုလို ကမ္ဘာနဲ့ချီ ရောဂါပြန့်ပွားနေချိန်မှာ ဘက်တီးရီးယားများကို ကာကွယ်ဖို့ Pyo May ရဲ့လုံခြုံသပ်ရပ်တဲ့ အဝတ်နှာခေါင်းစည်းနဲ့ မိမိကလေးကျန်းမာရေးကို ကာကွယ်ပေးပြီး သူတို့ရဲ့အနာဂတ်ရည်မှန်းချက်တွေအတွက် အတူရှေ့ဆက်ကြပါစို့ ✌️👨‍👩‍👦‍👦




မမများနဲ့ ညီမလေးတို့ အတွက် 💛💛💛🌺🌼🌸
26/07/2020

မမများနဲ့ ညီမလေးတို့ အတွက် 💛💛💛🌺🌼🌸


ကျောင်းဖွင့်ချိန် ဆရာ၊ဆရာမတွေရော သားသားမီးမီးတို့အတွက်ရော ဒီလိုမျိုးလေးတွေ အော်ဒါမှာလို့ရပါပြီနော်!! အောက်ခံ ချည်သားစစ်စ...
11/07/2020

ကျောင်းဖွင့်ချိန် ဆရာ၊ဆရာမတွေရော သားသားမီးမီးတို့အတွက်ရော ဒီလိုမျိုးလေးတွေ အော်ဒါမှာလို့ရပါပြီနော်!! အောက်ခံ ချည်သားစစ်စစ်၂လွှာနဲ့မို့ ချွေးထွက်များတဲ့သူတွေအတွက် ချွေးစုပ်ပေးလို့ မပူလှောင်တဲ့အပြင် သုံးပြီးတိုင်းပြန်လျှော်သုံးလို့ရတော့ နေ့တိုင်းကျောင်းသွားဖို့အတွက် ‌အဆင်ပြေသွားပြီပေါ့ ☺️☺️☺️ 👩‍🏫👩‍🎓👨‍🎓🏫🎒

ဖေဖေရယ် မေမေရယ် သားလေးရယ် မီးမီးရယ်ဆင်တူဝတ်ပြီး အပြင်ထွက်ရင် ချစ်ဖို့အရမ်းကောင်းတာနော့် 😍😍😍ရောဂါကာကွယ်ရင်း ဖက်ရှင်ထုတ်ကြ...
06/07/2020

ဖေဖေရယ် မေမေရယ် သားလေးရယ် မီးမီးရယ်
ဆင်တူဝတ်ပြီး အပြင်ထွက်ရင် ချစ်ဖို့အရမ်းကောင်းတာနော့် 😍😍😍
ရောဂါကာကွယ်ရင်း ဖက်ရှင်ထုတ်ကြရအောင်လား
မိသားစုဆင်တူ (၃ ခုပါ၊တစ်ထုပ်)ကိုမှ ၁၃၀၀ ကျပ် ပဲနော့် 🤗

အကွက် အဆင်း အလုံး ဘယ်ဟာကြိုက်လဲ ပြောခဲ့နော် 😃 ဒီဇိုင်းစုံ ဆိုဒ်စုံ ချုပ်ပေးနေပါပြီ။ဈေးနှုန်းကတော့ ၅၀၀ ကျပ်ပါ ဘယ်ဟာယူယူနေ...
02/07/2020

အကွက် အဆင်း အလုံး ဘယ်ဟာကြိုက်လဲ ပြောခဲ့နော် 😃 ဒီဇိုင်းစုံ ဆိုဒ်စုံ ချုပ်ပေးနေပါပြီ။
ဈေးနှုန်းကတော့ ၅၀၀ ကျပ်ပါ ဘယ်ဟာယူယူနော်!!
လက်ကားယူချင်တဲ့သူနဲ့ အလှူဒါနပြုချင်သူတွေအတွက် CB လာခဲ့နော် 🤗

Baby Mask တူ တူ တူ..... Baby Mask 🤩ဘေဘီလေးတွေနဲ့ အပြင်ထွက်ရင် Mask တပ်ပေးဖို့မမေ့နဲ့နော်။ ၂ နှစ်ခွဲအရွယ်မှစပြီး ဝတ်လို့ရ...
30/06/2020

Baby Mask တူ တူ တူ..... Baby Mask 🤩
ဘေဘီလေးတွေနဲ့ အပြင်ထွက်ရင် Mask တပ်ပေးဖို့မမေ့နဲ့နော်။ ၂ နှစ်ခွဲအရွယ်မှစပြီး ဝတ်လို့ရတဲ့ Baby Size ပါ။ ချည်သားအောက်ခံနဲ့ မို့ အသက်ရှူလည်း‌ချောင်၊ ချွေးထွက်ပူလောင်မှာလည်း မပူရပါဘူး။

ကြိုက်နှစ်သက်ရာ ပုံစံ၊ အရောင်၊ ဒီဇိုင်း အမျိုးမျိုးနဲ့ မှာယူနိုင်ပါပြီ။ 🤗

Address

Tarmwe Township
Yangon
95

Telephone

+959262630288

Website

Alerts

Be the first to know and let us send you an email when Pyo May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share