18/06/2026
✔️ကိုယ့် Product က တကယ်ကောင်းတယ်
✔️ဈေးကလည်း သင့်တော်တယ်
ဒါပေမဲ့ Customer က ချက်ချင်းမဝယ်ဘဲ "စဉ်းစားပါဦးမယ်" လို့ ပြောတာ၊
"ဒီလူတွေ ဝယ်ရောဝယ်မှာ ဟုတ်ရဲ့လား၊ ဂျီးများလိုက်တာကွာ" လို့ တွေးမိတယ်မလား?
တကယ်တော့ သူတို့က ဂျီးများနေတာ မဟုတ်ဘူး
စဉ်းစားကြည့်ကြည့်...
အရင်က Supplier တစ်ယောက်ကို ယုံပြီး ငွေလွှဲလိုက်တာ၊
Quality ညံ့တဲ့ ပစ္စည်းတွေ ရောက်လာလို့ အရှုံးပေါ်သွားဖူးမယ်
ဒါမှမဟုတ် ပစ္စည်းကောင်းတယ်ဆိုလို့ ဝယ်သုံးလိုက်ပေမဲ့ တကယ်တမ်း ဘာမှသုံးမရဖြစ်သွားဖူးမယ်
အဲ့ဒီလို အဖြစ်ဆိုးတွေ ကြုံဖူးကြတော့ Customer တွေမှာ "Trust Issue" (ယုံကြည်မှု ပြဿနာ) အကြီးကြီး ရှိနေပြီလေ
ဒါကြောင့် ကိုယ့်ဆီ ရောက်လာတဲ့အခါ သူတို့က ပိုက်ဆံမရှိလို့ တွန့်ဆုတ်နေတာ မဟုတ်ဘူး
"ငါ ထပ်ပြီး အရူးလုပ်ခံရဦးမလား" ဆိုတဲ့ အကြောက်တရားကြောင့် ကာကွယ်နေတာပါ
ဒီအချိန်မှာ ကိုယ်က "ကျွန်တော့် Product က အကောင်းဆုံးပါ၊ ယုံလိုက်ပါ" လို့ ပါးစပ်ကချည်း သွားပြောနေလို့ မရတော့ဘူး
အဲ့ဒီစကားကို အရင်လူတွေလည်း ပြောခဲ့တာပဲလေ
ကိုယ့်လူ လုပ်ရမှာက သူတို့ရဲ့ "Trust Issue" ကို ဖြိုခွင်းပေးဖို့ပဲ
လုပ်ငန်းရှင်ဆိုတာ ကိုယ့် Customer ရဲ့ ပြဿနာကို ရှင်းပေးရတဲ့သူပါ
Customer ရဲ့ အသည်းကွဲ ဒဏ်ရာကို ကုစားပေးနိုင်တဲ့ အဲ့ဒီ "ယုံကြည်မှု (Trust)" ကိုသာ ကိုယ်က ပိုင်ပိုင်နိုင်နိုင် တည်ဆောက်နိုင်ပြီ ဆိုရင်...
ပြိုင်ဘက်က ဈေးဘယ်လောက်လျှော့လျှော့၊ အဲ့ဒီ Customer က ကိုယ့်ဆီကနေ တစ်သက်လုံး ဘယ်တော့မှ ထွက်မသွားတော့ဘူး
ဆိုတော့...
Product ကို မရောင်းခင်...
ယုံကြည်မှုကို အရင်ရောင်းကြည့်ပါ
Crd : Original ✍️