11/02/2020
ဘာကြောင့် ဖလန်နယ်(ခ) ချည်ထည်တွေကို
၀တ်သင့်သလဲဆိုတဲ့ အချက် (၆) ချက်
========================================
သဘာ၀ကပေးတဲ့ လက်ဆောင်ဖြစ်ခြင်းဟာ ချည်ထည်ကို ၀တ်ဆင်သင့်တဲ့ အကျိုးအကြောင်းတွေရဲ့ အခြေခံပဲ ဖြစ်ပါတယ်။
စိုထှိုင်းမှု့ကို ထိန်းသိမ်းပေးနိုင်ခြင်း
-----------------------------
ချည်ထည်တွေဟာ စုပ်ယူမှု့အားကောင်းတာကြောင့် စိုထှိုင်းမှု့ကို ထိန်းချုပ်တဲ့ နေရာမှာ ကောင်းလှပါတယ်။ ချည်ထည်တွေဟာ ချွေးတွေကို သင့် ခန္ဓာကိုယ်ကနေ စုပ်ယူပေးပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ် နဲ့ အကျီင်္ အကြားမှာ ဖြစ်ပေါ်တဲ့ စိုထိုင်းမှု့ကို ဖယ်ရှားပေးတာမို့ ချွေးအအေးပတ်တာမျိုးကို မဖြစ်စေပဲ သင့်ကို အမြဲခြောက်သွေ့နေစေပါတယ်။ ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ချည်ထည်တွေဟာ သူ့အလေးချိန်ရဲ့ ၅ ပုံ ၁ ပုံ အထိ စိုထှိုင်းမှု့ကို စုပ်ယူနိုင်ပါတယ်။ အဲ့ဒီထက်ပိုရင်တော့ ချည်ထည်လေးပါ စိုထိုင်းသွားပါတယ်။
ရာသီတိုင်းနဲ့ ကိုက်ညီခြင်း
----------------------
ချည်ထည်တွေဟာ မတူညီတဲ့ အပူချိန်ရှိတဲ့ ရာသီဥတုအခြေအနေ (ဒါမှမဟုတ်) နွေမိုးဆောင်းရာသီတိုင်းမှာ ၀တ်ဆင်လို့ရပါတယ်။ နွေရာသီနဲ့ အသင့်တော်ဆုံး ဖြစ်ပေမယ့် အေးတဲ့အချိန်အခါတွေမှာလည်း လေအေးတွေ ခန္ဓာကိုယ်ကို မထိအောင် ကာပေးထားနိုင်ပါတယ်။ ဘာကြောင်လဲဆိုရင် လေအေးတွေကို ချည်ထည်ရဲ့ ချည်မျှင်လေးတွေကြားမှာ ထွက်မရအောင် ပိတ်မိနေစေလို့ပါ။ ဒါ့အပြင် ချည်ထည်တွေဟာ သင့် ခန္ဓာကိုယ်ပေါ်ကို ကပ်မနေတတ်တာကြောင့် သင့် ခန္ဓာကိုယ်ကို အပြင်က ရာသီဥတုနဲ့ သီးခြားဖြစ်နေစေပါတယ်။
ဓါတ်မတည့်မဖြစ်ခြင်း
------------------
ချည်ထည်တွေဟာ ဓါတ်မတည့်ခြင်းကို မဖြစ်စေပါဘူး။ ဓါတ်မတည့်ခြင်းကို ဖြစ်စေတယ်ဆိုတာ အလွန်ပဲ ရှားပါတယ်။ အဲ့ဒါကြောင့် အရေပြားအထူးကု ဆရာ၀န်ကြီးများဟာ ဓါတ်မတည့်ဖြစ်လေ့ရှိတဲ့ အရေပြားပိုင်ရှင်တွေကို ချည်ထည်၀တ်ဆင်ဖို့ အကြံပြုလေ့ရှိပါတယ်။ ချည်ထည်တွေဟာ အရေပြားကို စပ်ဖျဉ်းဖျဉ်းမဖြစ်စေတာကြောင့် ဆေး ပစ္စည်းများမှာ အသုံးပြုကြပါတယ်။ ဥပမာ၊ ပတ်တီး။ ဒါ့အပြင် ကလေး အ၀တ်အထည် အသုံးအဆောင်များကိုလည်း ဝါချည်နဲ့ ပြုလုပ်ကြပါတယ်။ အကြောင်းကတော့ ဝါချည်မျှင်ဟာ ထိခိုက်လွယ်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးမို့ပါ။
ကြာရှည်ခံခြင်း
-------------
ချည်ထည်တွေဟာ ကြာရှည်ခံတဲ့ အရာတွေထဲက တစ်ခုလို့ မှတ်ယူကြပါတယ်။ ချည်ထည်တွေက အကြိမ်များစွာ လျှော်ဖွတ်ရင်တောင် အလွယ်တကူမပြဲကြပါဘူး။ ဘယ်အရာတွေက ချည်ထည်ကို စံပြဖြစ်စေတာလည်းဆိုတော့ သူဟာ အနံဆိုးတွေကို စုပ်ယူမထားတတ်တာကြောင့် အလျင်အမြန်လျှော်လို့ရစေပါတယ်။ ချည်မျှင်လေးတွေဟာ တစ်ခုနဲ့ တစ်ခု တော်တော်လေးပူးကပ်နေတတ်တာမို့ ဓါတုနဲ့လုပ်ထားတဲ့ ပိတ်စတွေထက်စာရင် မပြဲလွယ်ပါဘူး။ အဲ့ဒီလိုကြာရှည်ခံတာကြောင့် ချည်ထည်တွေ ၀တ်ခြင်းဟာ သင့်အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု့ တစ်ခုပဲ ဖြစ်ပါတယ်။
အဆိပ်အတောက်မဖြစ်ခြင်း
-----------------------
သဘာ၀ထွက်ကုန်ဖြစ်တာမို့ တခြား ဓါတုအ၀တ်အထည်တွေနဲ့ ယှဉ်ရင် လူကို အဆိပ်အတောက်ဖြစ်စေမှု့ အလွန်မှ နည်းပါးပါတယ်။ လူ့အရေပြားဟာ ဓါတုနဲ့ ပြုလုပ်ထားတဲ့ အ၀တ်အထည်တွေဆီက ဓါတုဓာတ်တော်တော်များများကို ဆုပ်ယူနိုင်ပါတယ်။ အဲ့ဓာတ်တွေဟာ အရေပြားတင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အသုံးများတဲ့ ဓါတုပစ္စည်းတွေကတော့ ပိုလီအက်စတာ (polyester) မှာ terephthalic acid၊ အက်ခရီလစ် (acrylic) အထည်တွေမှာ ဆာလဖြူရစ် အက်စ်စစ် (sulfuric acid)၊ ရေယွန်ပိုးတု (rayon) တွေမှာ အမိုးနီးယားဓါတ်ငွေ့ (ammonia) နဲ့ နိုင်လွန်ချည်ထည် (nylon fabric) မှာတော့ ရေနံမှ ထုတ်ယူရရှိသော အရည်တမျိုး (petroleum) တို့ ပဲဖြစ်ပါတယ်။
သက်တောင့်သက်သာရှိခြင်း
------------------------
သက်တောင့်သက်သာရှိခြင်း ဆိုတာကတော့ ချည်ထည်တွေရဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နဲ့ အရေပြားကြားမှာ ရာသီဥတုဒဏ်ခံနိုင်အောင် လုပ်ပေးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ချည်ထည်တွေက သက်တောင့်သက်သာ ဖြစ်စေတာမို့ အတွင်းခံတွေ အောက်ခံအင်္ကျီတွေမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။
အဲ့ဒါကြောင် သင့့်အတွက် သက်တောင့်သက်သာရှိပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ ချည်ထည်တွေရှိနေလျှက်နဲ့ ဘာလို့များ သင့် ခန္ဓာကိုယ်ကို ဓါတုတွေကြောင့် အန္တရာယ်ဖြစ်စေ တော့မှာလဲ။
💖💖💖💖💖
ဒီအကျိုးရှိစေတဲ့ အချက်လေးတွေကို ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ကိုယ်ချစ်တဲ့ သူတွေသိဖို့လည်း ရှယ်ပေးသွားဖို့လည်း မမေ့နဲ့နော် 😍
to Original
ဘာကြောင့် ဖလန်နယ်(ခ) ချည်ထည်တွေကို
ဝတ်သင့်သလဲဆိုတဲ့ အချက် (၆) ချက်
========================================
သဘာဝကပေးတဲ့ လက်ဆောင်ဖြစ်ခြင်းဟာ ချည်ထည်ကို ဝတ်ဆင်သင့်တဲ့ အကျိုးအကြောင်းတွေရဲ့ အခြေခံပဲ ဖြစ်ပါတယ်။
စိုထှိုင်းမှု့ကို ထိန်းသိမ်းပေးနိုင်ခြင်း
-----------------------------
ချည်ထည်တွေဟာ စုပ်ယူမှု့အားကောင်းတာကြောင့် စိုထှိုင်းမှု့ကို ထိန်းချုပ်တဲ့ နေရာမှာ ကောင်းလှပါတယ်။ ချည်ထည်တွေဟာ ချွေးတွေကို သင့် ခန္ဓာကိုယ်ကနေ စုပ်ယူပေးပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ် နဲ့ အကျီင်္ အကြားမှာ ဖြစ်ပေါ်တဲ့ စိုထိုင်းမှု့ကို ဖယ်ရှားပေးတာမို့ ချွေးအအေးပတ်တာမျိုးကို မဖြစ်စေပဲ သင့်ကို အမြဲခြောက်သွေ့နေစေပါတယ်။ ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ချည်ထည်တွေဟာ သူ့အလေးချိန်ရဲ့ ၅ ပုံ ၁ ပုံ အထိ စိုထှိုင်းမှု့ကို စုပ်ယူနိုင်ပါတယ်။ အဲ့ဒီထက်ပိုရင်တော့ ချည်ထည်လေးပါ စိုထိုင်းသွားပါတယ်။
ရာသီတိုင်းနဲ့ ကိုက်ညီခြင်း
----------------------
ချည်ထည်တွေဟာ မတူညီတဲ့ အပူချိန်ရှိတဲ့ ရာသီဥတုအခြေအနေ (ဒါမှမဟုတ်) နွေမိုးဆောင်းရာသီတိုင်းမှာ ဝတ်ဆင်လို့ရပါတယ်။ နွေရာသီနဲ့ အသင့်တော်ဆုံး ဖြစ်ပေမယ့် အေးတဲ့အချိန်အခါတွေမှာလည်း လေအေးတွေ ခန္ဓာကိုယ်ကို မထိအောင် ကာပေးထားနိုင်ပါတယ်။ ဘာကြောင်လဲဆိုရင် လေအေးတွေကို ချည်ထည်ရဲ့ ချည်မျှင်လေးတွေကြားမှာ ထွက်မရအောင် ပိတ်မိနေစေလို့ပါ။ ဒါ့အပြင် ချည်ထည်တွေဟာ သင့် ခန္ဓာကိုယ်ပေါ်ကို ကပ်မနေတတ်တာကြောင့် သင့် ခန္ဓာကိုယ်ကို အပြင်က ရာသီဥတုနဲ့ သီးခြားဖြစ်နေစေပါတယ်။
ဓါတ်မတည့်မဖြစ်ခြင်း
------------------
ချည်ထည်တွေဟာ ဓါတ်မတည့်ခြင်းကို မဖြစ်စေပါဘူး။ ဓါတ်မတည့်ခြင်းကို ဖြစ်စေတယ်ဆိုတာ အလွန်ပဲ ရှားပါတယ်။ အဲ့ဒါကြောင့် အရေပြားအထူးကု ဆရာဝန်ကြီးများဟာ ဓါတ်မတည့်ဖြစ်လေ့ရှိတဲ့ အရေပြားပိုင်ရှင်တွေကို ချည်ထည်ဝတ်ဆင်ဖို့ အကြံပြုလေ့ရှိပါတယ်။ ချည်ထည်တွေဟာ အရေပြားကို စပ်ဖျဉ်းဖျဉ်းမဖြစ်စေတာကြောင့် ဆေး ပစ္စည်းများမှာ အသုံးပြုကြပါတယ်။ ဥပမာ၊ ပတ်တီး။ ဒါ့အပြင် ကလေး အဝတ်အထည် အသုံးအဆောင်များကိုလည်း ဝါချည်နဲ့ ပြုလုပ်ကြပါတယ်။ အကြောင်းကတော့ ဝါချည်မျှင်ဟာ ထိခိုက်လွယ်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးမို့ပါ။
ကြာရှည်ခံခြင်း
-------------
ချည်ထည်တွေဟာ ကြာရှည်ခံတဲ့ အရာတွေထဲက တစ်ခုလို့ မှတ်ယူကြပါတယ်။ ချည်ထည်တွေက အကြိမ်များစွာ လျှော်ဖွတ်ရင်တောင် အလွယ်တကူမပြဲကြပါဘူး။ ဘယ်အရာတွေက ချည်ထည်ကို စံပြဖြစ်စေတာလည်းဆိုတော့ သူဟာ အနံဆိုးတွေကို စုပ်ယူမထားတတ်တာကြောင့် အလျင်အမြန်လျှော်လို့ရစေပါတယ်။ ချည်မျှင်လေးတွေဟာ တစ်ခုနဲ့ တစ်ခု တော်တော်လေးပူးကပ်နေတတ်တာမို့ ဓါတုနဲ့လုပ်ထားတဲ့ ပိတ်စတွေထက်စာရင် မပြဲလွယ်ပါဘူး။ အဲ့ဒီလိုကြာရှည်ခံတာကြောင့် ချည်ထည်တွေ ဝတ်ခြင်းဟာ သင့်အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု့ တစ်ခုပဲ ဖြစ်ပါတယ်။
အဆိပ်အတောက်မဖြစ်ခြင်း
-----------------------
သဘာဝထွက်ကုန်ဖြစ်တာမို့ တခြား ဓါတုအဝတ်အထည်တွေနဲ့ ယှဉ်ရင် လူကို အဆိပ်အတောက်ဖြစ်စေမှု့ အလွန်မှ နည်းပါးပါတယ်။ လူ့အရေပြားဟာ ဓါတုနဲ့ ပြုလုပ်ထားတဲ့ အဝတ်အထည်တွေဆီက ဓါတုဓာတ်တော်တော်များများကို ဆုပ်ယူနိုင်ပါတယ်။ အဲ့ဓာတ်တွေဟာ အရေပြားတင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အသုံးများတဲ့ ဓါတုပစ္စည်းတွေကတော့ ပိုလီအက်စတာ (polyester) မှာ terephthalic acid၊ အက်ခရီလစ် (acrylic) အထည်တွေမှာ ဆာလဖြူရစ် အက်စ်စစ် (sulfuric acid)၊ ရေယွန်ပိုးတု (rayon) တွေမှာ အမိုးနီးယားဓါတ်ငွေ့ (ammonia) နဲ့ နိုင်လွန်ချည်ထည် (nylon fabric) မှာတော့ ရေနံမှ ထုတ်ယူရရှိသော အရည်တမျိုး (petroleum) တို့ ပဲဖြစ်ပါတယ်။
သက်တောင့်သက်သာရှိခြင်း
------------------------
သက်တောင့်သက်သာရှိခြင်း ဆိုတာကတော့ ချည်ထည်တွေရဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နဲ့ အရေပြားကြားမှာ ရာသီဥတုဒဏ်ခံနိုင်အောင် လုပ်ပေးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ချည်ထည်တွေက သက်တောင့်သက်သာ ဖြစ်စေတာမို့ အတွင်းခံတွေ အောက်ခံအင်္ကျီတွေမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။
အဲ့ဒါကြောင် သင့်အတွက် သက်တောင့်သက်သာရှိပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ ချည်ထည်တွေရှိနေလျှက်နဲ့ ဘာလို့များ သင့် ခန္ဓာကိုယ်ကို ဓါတုတွေကြောင့် အန္တရာယ်ဖြစ်စေ တော့မှာလဲ။
💖💖💖💖💖
ဒီအကျိုးရှိစေတဲ့ အချက်လေးတွေကို ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ကိုယ်ချစ်တဲ့ သူတွေသိဖို့လည်း ရှယ်ပေးသွားဖို့လည်း မမေ့နဲ့နော် 😍
to Original