TTKK Crochet

TTKK Crochet Cute, Beauty & Pretty.

ဒါမျိုးဆိုရင် နားလည်(ထိုးနိုင်)ကြမလား ခင်ဗျ။တကယ်လို့ အဲလောက်ဆိုရင် နားလည်(ထိုးနိုင်)ကြတယ်ဆို ကျနော့်အတွက် အလုပ်လုပ်ရတာ ပ...
18/02/2022

ဒါမျိုးဆိုရင် နားလည်(ထိုးနိုင်)ကြမလား ခင်ဗျ။
တကယ်လို့ အဲလောက်ဆိုရင် နားလည်(ထိုးနိုင်)ကြတယ်ဆို ကျနော့်အတွက် အလုပ်လုပ်ရတာ ပိုမြန်မှာ ဖြစ်ပြီး၊ ဘာသာပြန် pattern လေးတွေ ပိုတင်ပေးနိုင်မှာပါ ခင်ဗျ။ ဒီအရုပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ် ထင်လို့ ပိုင်ရှင်ဆီက ခွင့်တောင်းပြီး တင်ပေးလိုက်တာပါ ခင်ဗျာ။ ခွင့်ပြုပေးတဲ့ အမကိုလဲ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ် ခင်ဗျ။ အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆန္ဒပြုပါတယ်။
စစ်ဘေး၊ ရောဂါဘယဘေးကနေ အားလုံးပဲ လွတ်ကင်းချမ်းသာနေကြပါစေ ခင်ဗျာ။

20/01/2022

Share တာကတော့ ချစ်လို့ Share တာပါ။
ကျနော့် page ကို like လုပ်ထားတဲ့ သူတွေထဲမှာလဲ
Page တွေ၊ group တွေရဲ့ adminတွေ ပါတာမို့လို့ အလုပ်လာအပ်ရင် အရမ်းပျော်ပြီး တန်းလက်မခံကြနဲ့ဦး။😂😂😂 Gen Alpha တွေက online shop တွေကို order တင်တက်နေပြီ။ အဖေ၊ အမေ တွေကိုလဲ အတည်ပြုချက်ယူကြဦး ခင်ဗျ။

ကဲ လာပါပြီ ခင်ဗျာ။BTS ၇ရုပ်တွဲလေး (Paid Pattern) ပါ။အတွဲလိုက်ကို ၂၅၀၀ ကျပ် ပါ။Early Birds ၅ ယောက်က ၂၀၀၀ ကျပ် နဲ့ ရပါမယ်။...
14/01/2022

ကဲ လာပါပြီ ခင်ဗျာ။
BTS ၇ရုပ်တွဲလေး (Paid Pattern) ပါ။
အတွဲလိုက်ကို ၂၅၀၀ ကျပ် ပါ။
Early Birds ၅ ယောက်က ၂၀၀၀ ကျပ် နဲ့ ရပါမယ်။
ကျနော်က အတွဲလိုက် ရောင်းပေမယ်
တချို့က တရုပ်ချင်းပဲ လိုချင်တဲ့သူတွေ
ရှိပါတယ်။
တရုပ်ချင်း ဆိုရင် ဘယ်အရုပ်ယူယူ ၁၀၀၀ ကျပ်ပါ။
များပါတယ်။ ဒါကြောင့် အတွဲလိုက်ပဲ ယူပါ။ 😁😁😁
ပြောမရရင်တော့ ကာကာသဘော ပေါ့။
Early birds ဘယ်နှစ်ယောက်ဖြစ်သွားပြီဆိုတာ
Update သိရအောင်
တယောက်လာဝယ်တာနဲ့
တခါလာပြီး comment မှာ ပြောပေးပါမယ်။
ပြည့်သွားပြီးရင်တော့
နောက်လူတွေအတွက် sorry ပါလို့ ကြိုပြောပါရစေ။
Ok! Good luck.


မနက်ဖြန် ညနေ or ညပိုင်းမှာဒီကောင်လေးကို ၇ရုပ်တွဲရောင်းပေးပါမယ်။ထုံးစံအတိုင်းEarly bird အစီအစဉ် ရှိတဲ့အတွက်See first မလုပ...
13/01/2022

မနက်ဖြန် ညနေ or ညပိုင်းမှာ
ဒီကောင်လေးကို ၇ရုပ်တွဲ
ရောင်းပေးပါမယ်။
ထုံးစံအတိုင်း
Early bird အစီအစဉ် ရှိတဲ့အတွက်
See first မလုပ်ရသေးရင်
လုပ်ထားပေးပါ။
မနက်ဖြန် ညနေ Facebook ဖွင့်ဖို့
မမေ့ပါနဲ့။
Early bird က ၅ယောက်ပဲ ပေးတာမို့
နောက်ကျရင် Normal prize နဲ့ပဲ ရပါမယ်။
ဈေးကတော့ ထုံးစံအတိုင်း
တခြား page တွေထက်
သက်သာပါမယ်။
ုပ်တွဲ
စာမျက်နှာ ၄၄ မျက်နှာ

Hey! Long time no see.မတွေတာကြာတော့ မင်မင်ကိုများ မေ့သွားကြပြီလား။အကြောင်းကြောင်း အထွေထွေများကြောင့်စိတ်ရှိပေမယ့် လူမလာန...
13/01/2022

Hey! Long time no see.
မတွေတာကြာတော့ မင်မင်ကိုများ မေ့သွားကြပြီလား။
အကြောင်းကြောင်း အထွေထွေများကြောင့်
စိတ်ရှိပေမယ့် လူမလာနိုင်ခဲ့တာပါ။
အားလုံးကို တောင်းပန်တဲ့အနေနဲ့
ချစ်စရာ Doraemon နဲ့အတူ
မင်မင် ပြန်လာခဲ့ပါပြီ။
ဒီအရုပ်လေးကို အားလုံးနှစ်သက်မယ်လို့
မင်မင် ယုံကြည်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့
ဒီအရုပ်လေးက ချစ်စရာလဲ ကောင်းပါတယ်။
သို့သော် Original English Pattern က
အမှားကြီး ဖြစ်နေတဲ့အတွက်
English Pattern ဖတ်တက်ပါတယ်ဆိုတဲ့ သူတွေတောင်
ထိုးရင်းတန်းလန်း ရပ်ထားရတဲ့ အရုပ်လေးပါ။
ဒါကိုပဲ မင်မင်က
ချစ်ခြင်းများစွာဖြင့်
အမှန်ပြင် ဘာသာပြန်ပေးလိုက်သောအခါ
ဒန်... တန်...တန် 😍😍😍
ရှယ်တကာ့ ရှယ် ဂွတ်ရှယ် ဂွတ်ရှယ် ပေါ့။
အားလုံးပဲ ကိုယ်စိတ်နှဖြာ
ကျန်းမာချမ်းသာစွာဖြင့်
လှပသော ချစ်စရာအရုပ်လေးများကို
ဖန်တီးနိုင်ကြပါစေခင်ဗျာ။

တခြား gp တွေလဲ ရှိပါတယ်။ဒါမယ့် ဝင်ကြေးလေးနဲ့ပါ။ဒါက အဆိုပါ gp ကို တိုက်ခိုက်တာ မဟုတ်ပါဘူး။သူတို့ အနေနဲ့ ကြေးတခု သက်မှတ်တာ...
01/12/2021

တခြား gp တွေလဲ ရှိပါတယ်။
ဒါမယ့် ဝင်ကြေးလေးနဲ့ပါ။
ဒါက အဆိုပါ gp ကို တိုက်ခိုက်တာ မဟုတ်ပါဘူး။
သူတို့ အနေနဲ့ ကြေးတခု သက်မှတ်တာဟာ
သူတို့ရဲ့ အခွင့်အရေး
သူတို့ ရဲ့ လုပ်ပိုင်ခွင့်
သူတို့ရဲ့ လွတ်လပ်ခွင့်ပါ။
အပြစ်တခု မဟုတ်သလို
အပြစ်လဲ ပြောစရာမရှိပါဘူး။
ပြောချင်တာက
ကျနော်တို့ page လေးကို like လုပ်ထားသူတွေဟာ
Free ကို တန်ဖိုးထားပေးပါ။
တင်တဲ့ post လေးတွေကို
Like လေး တချက်နှိပ်ဖို့ မတွန့်တိုပါနဲ့။
အဲဒီ့ likeလေး တချက်က
ကျနော်တို့ ဆက်လက်ရပ်တည်ဖို့
ခွန်အားပါ။
Share ပေးပါ။
တခြား ဝါသနာတူတွေ မြင်ရဖို့
Page လေး like များလာဖို့
ကူညီပေးကြပါ။
အဲဒါလေး ပြောချင်တာပါ။
Free ကို တန်ဖိုးထားပေးကြပါဗျာ။

ကဲ ကာကာတို့ရေမင်မင်လဲအရမ်းမောပြီးအားတွေကုန်သွားတဲ့အထိချည်တွေရောင်းချင်ပါတယ်အားပေးကြပါဦး။Free တွေပဲ စောင့်မနေကြပါနဲ့ 😎😎😎T...
29/11/2021

ကဲ ကာကာတို့ရေ
မင်မင်လဲ
အရမ်းမောပြီး
အားတွေကုန်သွားတဲ့အထိ
ချည်တွေရောင်းချင်ပါတယ်
အားပေးကြပါဦး။
Free တွေပဲ စောင့်မနေကြပါနဲ့ 😎😎😎
TTKK Crochet မြန်မာချည် 100% cotton
50g - 1200 MMK
100g - 2300 MMK

မန်းရှင်း မခေါ်ချင်ဘူးနော်ကွကိုယ် သိကြဒါပဲ………………
29/11/2021

မန်းရှင်း မခေါ်ချင်ဘူးနော်
ကွကိုယ် သိကြ
ဒါပဲ
………………

နယ်က ချည်အော်ဒါတွေကြောက်တက်ရင် ပြောပါမင်မင် ရှိနေမယ်😁😁😁😁😁
26/11/2021

နယ်က ချည်အော်ဒါတွေ
ကြောက်တက်ရင် ပြောပါ
မင်မင် ရှိနေမယ်
😁😁😁😁😁

ကဲ ဒီတခါထိုးတက်သူတွေအတွက်ချစ်စရာကောင်းလွန်းလို့လိုက်ထိုးချင်စရာလေး ဖြစ်သလိုBeginners တွေအတွက်လဲလွယ်ကူးလွန်းလို့ လိုက်ထို...
22/11/2021

ကဲ ဒီတခါ
ထိုးတက်သူတွေအတွက်
ချစ်စရာကောင်းလွန်းလို့
လိုက်ထိုးချင်စရာလေး ဖြစ်သလို
Beginners တွေအတွက်လဲ
လွယ်ကူးလွန်းလို့ လိုက်ထိုးကြည့်သင့်တဲ့
အရုပ်ကလေး တင်ပေးပါတယ်။
Beginner တွေအတွက်
Dino ပြီးတဲ့နောက်
နောက်တဆင့်တက်တဲ့ အရုပ်ကလေးပါ။
တိုင်တိုများပြီး တိုင်ရှည် နဲနဲပါမယ်။
(BLO) ပါမယ်။ (FLO) တခုပါပါတယ်။
အင်မတန်ရိုးရှင်းစွာ ထိုးထားတဲ့ အဆင့်တွေပါ။
အောင်မြင်စွာထိုးပြီး
လှပသော အရုပ်လေးတခု ဖန်တီးနိုင်ကြပါစေ။

ရာသီခွင်အလိုက် သူတို့ခံစားရအောင် ဘယ်လိုလုပ်ကြမလဲ (For Entertainment only)မင်မင့် Leo အတွက် ဖတ်ကြည့်တာ မှန်လို့ ယူတို့အတွ...
19/11/2021

ရာသီခွင်အလိုက် သူတို့ခံစားရအောင် ဘယ်လိုလုပ်ကြမလဲ (For Entertainment only)
မင်မင့် Leo အတွက် ဖတ်ကြည့်တာ မှန်လို့ ယူတို့အတွက် တင်ပေးတာပါ။ ကိုယ့်ရာသီခွင်အတွက် ဖတ်ပြီးရင် အောက်ဆုံးက စာလေးကိုလဲ ကျေးဇူးပြုပြီး ဖတ်ပေးပါ။

Aries
Ariesတွေကို နာကျင်ခံစားချင်ရင်တော့ သူတို့လုပ်သမျှ၊ ပြောသမျှကို လျစ်လျူရှူပါ။ သူတို့ဘာပြောပြော မကြားချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင်၊ မသိချင်ယောင်ဆောင်ပါ။ သူတို့တွေ မတရားခံစားသွားရလိမ့်မယ်။ ဪ မေ့တော့မလို့ Ariesတွေ ဒေါသကြီးပြီး ထthetရင်တော့ တာဝန်မယူဘူးနော်။

Ta**us
အစားအသောက်နဲ့ပတ်သက်လာရင် နည်းနည်းတောင် အစမခံနိုင်တဲ့ Ta**usလေးတွေကိုတော့ နာကျင်ခံစားစေချင်ရင် ရေခဲသေတ္တာထဲ သူတို့ကြိုက်သမျှ အစားအသောက်တွေ ဝယ်ထည့်ပေးပြီး သော့ခတ်ထားလိုက်ပါ။ သော့ဖွင့်မရမချင်း Ta**usလေးတွေ နာကျင်ခံစားရမှာ အသေအချာပါပဲ။

Gemini
အမြဲစိတ်နှစ်ခွဖြစ်ပြီး တော်ရုံ မခံစားတတ်ဘူးလို့ ထင်ရတဲ့ Geminiလေးတွေက သူတို့လုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး ဟားတိုက်ရယ်မောပြီး လှောင်ရင် မတရားကို ဝမ်းနည်းပက်လက်ဖြစ်တတ်ပါတယ်။ တခုတော့ရှိတယ်နော် အဲ့လိုလှောင်တဲ့သူကိုလည်း တသက်လုံးအမြင်‌မကြည်ဖြစ်တတ်တယ်နော်။

Cancer
နဂိုကမှ အတွေးကများ၊ တခုခုဆိုသူများထက်ခံစားလွယ်တဲ့ Cancerတွေကိုတော့ နာကျင်ခံစားရအောင်လုပ်ရတာ အင်မတန်လွယ်ပါတယ်၊ သူတို့ကို အသံမာမာနဲ့အော်ရင်ကို မျက်ရည်တွေ ရင်ထဲမှာ လှိုက်ခနဲတက်လာတဲ့အထိကို ဝမ်းနည်းခံစားရမှာဖြစ်ပါတယ်။

Leo
အမြဲ ကွန်ဖီးဒန့်အပြည့်ရှိတဲ့ Leoလေးတွေကို နာကျင်ခံစားစေချင်ရင်တော့ သူတို့လုပ်နေဆဲ ကိစ္စတွေကို ဟား ဟား နင်မလုပ်နိုင်ပါဘူးဆိုပြီး သွားပြောကြည့်ပါ။ သူတို့ရင်ထဲမှာ ဒူးရင်းသီးတွေ ချက်ချင်းသီးသွားနိုင်ပါတယ်။

Virgo
အေးရာအေးကြောင်းနဲ့ သူ့အထာနဲ့သူနေတတ်တဲ့ Virgoလေးတွေကို နာကျင်ခံစားစေချင်ရင်တော့ သူတို့နဲ့စကားအရင်သွားပြောပါ၊ ပြီးရင် နှာခေါင်းရှုံ့ပြီး နင့်ခံတွင်းနံ့ကဆိုးလိုက်တာလို့ တခွန်းထဲပြောပြီးပြေး.... သူတို့စိတ်ထဲ တကယ်ကြီးများ အဲ့လိုဖြစ်နေလားမသိဆိုပြီး စကားမပြောချင်တော့တဲ့အထိ နာကျင်ခံစားသွားရနိုင်ပါတယ်။

Libra
မတရားစတိုင်ကျချင်တဲ့ ကိုLibra/မLibraတွေကိုတော့ သူတို့ဝတ်ပုံစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်ကြည့်ပါ၊ လူတွေရှေ့မှာ ပြုံးနေရင်တောင် ရင်ထဲမှာ ကမ္ဘပျက်နေမှာ အသေအချာပါပဲ။

Scorpio
အထန်ဆုံးရာသီခွင်ထဲက No.1ဖြစ်တဲ့ Scorpioလေးတွေကို နာကျင်ခံစားစေချင်ရင်တော့ အဲ့ကိစ္စက ပြောရမှာ ခက်တယ်၊ အိပ်ရာပေါ်ကျမှသာ သူတို့နာကျင်ခံစားရအောင် လုပ်လို့ရမယ့်ကိစ္စကြီးဖြစ်နေတယ်ဆိုတော့ကာ ကလေးတွေဝင်ဖတ်နေကြမှာစိုးလို့ မရေးတော့ပါ(Messengerကနေလည်း လာမမေးကြပါနဲ့‌နော်) Scorpioတွေကိုသာ တိုက်ရိုက်မေးကြပါ။

Sagittarius
လွတ်လပ်မှုကိုသဘောကျတဲ့ Sagiလေးတွေကိုတော့ အခန်းတံခါးသာ ပိတ်ထားလိုက်၊ လူးလိမ့်နေအောင်ကို နာကျင်ခံစားရလိမ့်မယ်။

Capricorn
တခုခုဆို ကျားကုပ်ကျားခဲ သေချာလေးကြိုးစားပြင်ဆင်တတ်တဲ့ Capricornလေးတွေကို နာကျင်ခံစားစေချင်ရင်တော့ မင်းလုပ်သမျှတွေ တခုမှ အသုံးဝင်တဲ့အရာတွေဖြစ်လာမှာမဟုတ်ဘူးလို့သာ ပြောလိုက်၊ စိတ်ထဲ တအုံ့နွေးနွေးဖြစ်နေလိမ့်မယ်။

Aquarius
Ideaအသစ်အဆန်းတွေကို အကောင်အထည်ဖော်ဖို့ အမြဲတွေးနေတတ်တဲ့ Aquariusတွေကိုတော့ နင်မလုပ်နိုင်ပါဘူး၊ မဖြစ်နိုင်ပါဘူးလို့သာ ပြောကြည့်၊ အပြင်မှာအေးဆေးပဲဆိုတဲ့ပုံစံနဲ့နေပြလိမ့်မယ်။ စိတ်ထဲတော့ ငါ့ကိုဘာလို့အဲ့လိုပြောတာလဲ၊ ငါ့ideasတွေက တကယ်ပဲ အဲ့လိုဖြစ်နေတာလားဆိုပြီး နာကျင်ခံစားနေလိမ့်မယ်။

Pisces
သူ့အတွေးလေးနဲ့သူ ကွန့်မြူးနေရတာကိုကြိုက်တဲ့ Piscesလေးတွေကိုတော့ ဟဲ့ နင်တော်တော်ရုပ်ဆိုးတယ်နော်လို့သာ သွားပြောလိုက်၊ ငါတကယ်ကြီးရုပ်ဆိုးနေတာလား၊ ငါ့ရုပ်ကဘယ်အချိန်ထဲကဆိုးတာလဲ၊ ငါဘာလို့များရုပ်ဆိုးရတာလဲဆိုတဲ့အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ မပျော်နိုင်ဖြစ်သွားပါလိမ့်မယ်။

Sun, Moon, Rising Signsတွေပေါ်မူတည်ပြီး ကွဲလွဲနိုင်ပါသည်။
Sun, Moon, Risingဆိုတာ ဘာတွေလဲ👇👇
https://m.facebook.com/story.php?story_fbid=211655941066840&id=128454779386957

ခွင့်ပြုချက်မတောင်းဘဲ ကူးယူဖော်ပြခွင့်မပြုပါရှင့် 🙏🙏
Photo from Pinterest
………………………
မင်မင်ဟာ ယနေ့ တိုင်းပြည်ရဲ့ တော်လှန်ရေးကြီးမှာ သဲတပွင်အဖြစ် ပါဝင်နေသူတယောက်ပါလို့ ပြောခဲ့ဖူးပါတယ်။ မနေ့က တက်လာတဲ့ သတင်းတွေကြောင့် မင်းမင်တို့ရဲ့ ပုံမှန်စိတ်အခြေအနေတွေ နာကျင်ခဲ့ရပါတယ်။ ဒါမယ့် ဘယ်လိုပဲ ဖြစ်နေနေ ကိုယ်လုပ်ထားတဲ့ page တခုအပေါ် like လုပ်ထားကြသူ ဝါသနာရှင်တွေအတွက် တာဝန်ရှိမှန်း မင်မင်သိပါတယ်။ ဒီတရက် နှစ်ရက် ပို့စ်အသစ်မတင်ပေးနိုင်သေးခင် အခုလို စိတ်ဖြေပို့စ်လေးတွေဖတ်ရင်း မင်မင်ကို နားလည်ခွင့်လွှတ်ပေးပါလို့ တောင်းပန်လိုက်ပါတယ်။ နောက်ဆုတ်သွားလို့ မဖြစ်တဲ့ တော်လှန်ရေးအတွက် မကြာခင် အားသစ်အင်သစ်တွေနဲ့ ပြန်လာခဲ့ပါ့မယ်။
See u soon!

မင်မင် မအားဘူးFree အတွက် ဘာသာပြန်ပေးနေတယ်။ရော......!နဲနဲ ဦးနှောက်စားထား
18/11/2021

မင်မင် မအားဘူး
Free အတွက် ဘာသာပြန်ပေးနေတယ်။
ရော......!
နဲနဲ ဦးနှောက်စားထား

Address

Tarmwe
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 12:00 - 17:00

Telephone

+959782726171

Website

Alerts

Be the first to know and let us send you an email when TTKK Crochet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share