Baby K Online Shop

Baby K Online Shop Mommy & Baby's Clothes and Accessories online shop from made in Thailand.

06/03/2026

✅Orderအမှာနဲ့တင်ကုန်သွားတဲ့ baby summerလက်ပြတ်ဝမ်းဆက်လေး
✅ခန့်မှန်းအသက်၃နှစ်ခွဲမှ၄နှစ်ခွဲထိရပါမယ်...
✅၃ထည်ကို ၁၈၀၀၀ကျပ်

✨အိမ်မှာနေရင်း ဝတ်မလား? အပြင်သွားရင် ဝတ်မလား? အကုန်အိုကေတဲ့ စပန့်ဂျာစီလက်တိုဘီရှည်​မေမေတို့ရေ... ကလေးတွေအတွက် ဝတ်ရတာပေါ့...
28/02/2026

✨အိမ်မှာနေရင်း ဝတ်မလား? အပြင်သွားရင် ဝတ်မလား? အကုန်အိုကေတဲ့ စပန့်ဂျာစီလက်တိုဘီရှည်​မေမေတို့ရေ... ကလေးတွေအတွက် ဝတ်ရတာပေါ့ပါးပြီး အသားလဲအေးဖက်ရှင်လဲကျတဲ့ စပန့်ဂျာစီလက်တိုဘီရှည်လေးတွေကို ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ပါတယ်ရှင်...

✅L size 4yrs to 5yrs - 8,500ks
✅XL size 5yrs to 6yrs - 9,000ks

မှာယူလိုပါက Messenger (သို့မဟုတ်) ဖုန်း ၀၉-၈၉၇၉၉၄၂၄၄ ကို ဆက်သွယ်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်💝

ဂရုစိုက်ကြပါ‌ရှင့်😷
24/02/2026

ဂရုစိုက်ကြပါ‌ရှင့်😷

📌လေထုညစ်ညမ်းခြင်းနှင့်ကလေးငယ်များ (Air Pollution)

ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်မှာ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေပါတယ်။ IQAir က real-time လေထုအရည်အသွေးကို ကြည့်မယ်ဆိုရင် Yangon ရဲ့ AQI က 171 လို့ ဖော်ပြထားပါတယ်။

💠AQI 171 ဆိုတာဘာလဲ?

US AQI စံနှုန်းအရ 151–200 အတွင်းဟာ ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ လေထုထဲမှာ ဖုန်မှုန့်သေးသေးလေးတွေ များလာတဲ့အဆင့်ပါ။ ဒီအနေအထားမှာ လူတိုင်းအတွက် အနည်းငယ် ကျန်းမာရေးသက်ရောက်မှု ဖြစ်နိုင်ပါတယ်။အထူးသဖြင့် High Risk Person(နာတာရှည်ရောဂါရှိသူ)တွေမှာ ပိုအန္တရာယ်ရှိပါတယ်။

💠ဖြစ်နိုင်တဲ့ လက္ခဏာများကတော့

▪️မျက်လုံး၊ လည်ချောင်း ယားယံခြင်း
▪️ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း
▪️အဆုတ်ရောဂါ နဲ့ Asthma (ပန်းနာရင်ကြပ်) ပိုမိုဆိုးရွားနိုင်ခြင်း
▪️ရောဂါအခံရှိသူများမှာ နှလုံးနဲ့ သွေးကြောဖိအားတိုးနိုင်ခြင်းတို့ဖြစ်ပါတယ်။

💠လေထုညစ်ညမ်းချိန်မှာ သတိထားသင့်သူများကတော့

▪️ကိုယ်ဝန်ဆောင်များ
▪️ကလေးငယ်များ
▪️အသက်အရွယ်ကြီးရင့်သူများ
▪️ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူများဖြစ်ပါတယ်။

ဒီလိုနေ့တွေမှာ အားလုံးက

▪️အပြင်လေထုနဲ့ထိတွေ့တာလျှော့သင့်ပါတယ်။ ပြင်ပမှာ အားကစား / လေ့ကျင့်ခန်း မလုပ်တာကောင်းပါတယ်။ အိမ်ပြတင်းပေါက် ပိတ်ထားပြီး အိမ်ထဲမှာ HEPA Air Purifier သုံးသင့်ပါတယ်။

▪️အပြင်ထွက်ရင် N95 / KN95 Mask တပ်ပါ။

▪️ရေများများ သောက်ပါ။

ရန်ကုန်မှာ လေထုညစ်ညမ်းမှုများရတဲ့ အကြောင်းရင်းကတော့ ယာဉ်အသွားအလာများခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဖုန်များထွက်ခြင်း၊အမှိုက်များမီးရှို့ခြင်းတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေထုညစ်ညမ်းတဲ့အချိန် ကလေးတွေကိုပိုဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက လူကြီးတွေထက် အသက်ရှူနှုန်းပိုမြန်တာကြောင့် ဖုန်မှုန့်တွေပိုဝင်နိုင်လို့ပါ။ ဒါ့အပြင် အဆုတ်ကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် နုနယ်နေပြီး ခံနိုင်ရည်ရော ကိုယ်ခံအားရောနည်းနေပါတယ်။

ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေဖြစ်တတ်ပါတယ်။ အသက်ရှူမြန်ခြင်း၊ မောခြင်း၊ မျက်လုံး၊နှာခေါင်းယားယံခြင်း၊ ပန်းနာရင်ကြပ်ပြန်ကြွခြင်းတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် ကလေးတွေနဲ့ Outdoor Play အပြင်ထွက်မှု လျှော့ပါ။ မဖြစ်မနေ အပြင်ထွက်ဖြစ်ရင် အသက် ၂နှစ်အထက်ဆိုရင် Mask အသုံးပြုလို့ရပါတယ်။(Child-size KN95 / N95)။ 2 နှစ်အောက်ကတော့ Mask မတပ်ရပါဘူး။ တတ်နိုင်သမျှ အပြင်မထွက်တာကောင်းပါတယ်။

ကလေးများအနေနဲ့ လေထုညစ်ညမ်းမှုကြောင့် ဆက်တိုက်ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ မောခြင်း၊ ပြာနှမ်းခြင်းများရှိလာရင်တော့ ချက်ချင်းဆေးရုံသွားရမှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

📍စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

နွေရာသီရဲ့ အပူဒဏ်ကို အေးအေးလူလူ ကျော်ဖြတ်နိုင်ဖို့ စပန့် လက်တို/ဘီတို ဝမ်းဆက် လှလှလေးတွေ ရောက်ရှိလို့လာပါပြီ။ ☀️🌿​🌸 ပေါ့...
20/02/2026

နွေရာသီရဲ့ အပူဒဏ်ကို အေးအေးလူလူ ကျော်ဖြတ်နိုင်ဖို့ စပန့် လက်တို/ဘီတို ဝမ်းဆက် လှလှလေးတွေ ရောက်ရှိလို့လာပါပြီ။ ☀️🌿
​🌸 ပေါ့ပါးလန်းဆန်း စပန့်ဝမ်းဆက်များ 🌸
​အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အပြင်ခဏသွားရင်းပဲဖြစ်ဖြစ် ဝတ်လိုက်တာနဲ့ အေးမြပြီး နေလို့ကောင်းစေမယ့် Quality အကောင်းစား စပန့်ဝမ်းဆက်လေးတွေက လျှော်ဖွတ်ရလွယ်ကူပြီး အကြိမ်ကြိမ်လျှော်လည်း အရောင်မကျပါဘူး။
💥အနဲဆုံး၂ထည်ကစယူပေးပါရှင်...
📌S size 6500 Ks (ခန့်မှန်း ၃နှစ်မှ၄နှစ်)
ရင် ၁၃ လက်မ / ဘောင်းဘီစက ၁၄ လက်မ/ဂွအကျယ် ၉လက်မ/ခါးရှည် ၁၅လက်မ

📌M size 7000 Ks (ခန့်မှန်း ၄နှစ်မှ၅နှစ်)
ရင် ၁၄ လက်မ / ဘောင်းဘီစက ၁၅.၅ လက်မ/ဂွအကျယ် ၁၀လက်မ / ခါးရှည် ၁၆လက်မ

📌L size 7500 Ks (ခန့်မှန်း ၅/၆နှစ်)
ရင် ၁၅.၅လက်မ / ဘောင်းဘီအရှည် ၁၈ လက်မ/ဂွအကျယ် ၁၁လက်မ/ခါးရှည် ၁၈လက်မ

📌Xl size 8000 Ks (ခန့်မှန်း ၇/၈/၉နှစ်)
ရင် ၁၆.၅လက်မ / ဘောင်းဘီစက ၁၉.၅ လက်မ/ဂွအကျယ် ၁၂လက်မ/ခါးရှည် ၂၀.၅လက်မ

📌2Xl size 8500 Ks (ခန့်မှန်း ၁၀/၁၁နှစ်)
ရင် ၁၇ လက်မ / ဘောင်းဘီစက ၂၀.၅လက်မ/ဂွအကျယ် ၁၃လက်မ/ခါးရှည် ၂၂လက်မ
​​မှာယူရန်: Messenger (သို့မဟုတ်) ဖုန်း [၀၉-၈၉၇၉၉၄၂၄၄]
​နေပူပူမှာ စတိုင်လ်လည်းကျ၊ အေးလည်းအေးစေဖို့ စပန့်ဝမ်းဆက်လေးတွေကို အခုပဲ ရွေးချယ်လိုက်တော့နော်! 💃✨

ဝန်ထမ်းလုပ်တုန်းကမှ လကုန်ရင် ပိုက်ဆံမြင်ရသေးတယ် ဈေးရောင်းလိုက်မှ ကို ပိုက်ဆံက လကုန်လဲမမြင် လအစလဲမတွေ့နဲ့ စိုက်တာ စိုက်တာ...
10/02/2026

ဝန်ထမ်းလုပ်တုန်းကမှ လကုန်ရင် ပိုက်ဆံမြင်ရသေးတယ် ဈေးရောင်းလိုက်မှ ကို ပိုက်ဆံက
လကုန်လဲမမြင် လအစလဲမတွေ့နဲ့ စိုက်တာ စိုက်တာ ဆိုတာ ကောက်စိုက်သမတောင် ငါ့လောက်မစိုက်ရဘူး တောင်ကဝင်တာ မြောက်ကိုလွှဲ မြောက်ကဝင်တာ အရှေ့ကိုလွှဲ အရပ်၈မျက်နှာက ဝင်သမျှပြန်ရင်းရတာ တခါတလေများ တနေကုန်ရောင်းပြီး လက်ထဲငွေမရှိဘူး😮‍💨တနေ့တနေ့ လှည့်ရတာ အိမ်မှာပန်ကာမလိုဘူး ငါလည်နေတာနဲ့ကို 🫠

မေမေတို့အတွက် ကလေးအဝတ်အထည် အဝယ်နိုင်ဆုံး ဆု ဘယ်သူတွေရသွားကြလဲရှင့်😁....  #အကယ်ဒမီ  #အဝယ်နိုင်ဆုံးဆု
09/02/2026

မေမေတို့အတွက် ကလေးအဝတ်အထည် အဝယ်နိုင်ဆုံး ဆု ဘယ်သူတွေရသွားကြလဲရှင့်😁....

#အကယ်ဒမီ
#အဝယ်နိုင်ဆုံးဆု

08/02/2026

#မိဘတိုင်း ရှောင်သင့်တဲ့ ကလေး စိတ်ထိခိုက်စေနိုင်သော စကားများ

မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့ စိတ်ခံစားချက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဘဝအနာဂတ်ကို သက်ရောက်မှုရှိတဲ့ စကားလုံးတွေကို သေချာရွေးချယ်ဖို့ အရေးကြီးပါတယ်။ အချို့သော စကားများဟာ ကလေးရဲ့ စိတ်ကို နာကျင်စေပြီး ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မိဘတိုင်း ရှောင်သင့်တဲ့ စကားများ (ကလေး စိတ်ထိခိုက်စေနိုင်သော စကားများ) ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ "မင်းက တခြားကလေးတွေလို မတော်ဘူး"
ဒီလိုပြောခြင်းက ကလေးရဲ့ ယုံကြည်မှုကို ချိုးဖျက်ပစ်သလို ဖြစ်စေပါတယ်။ သူတို့ကို "မင်းရဲ့ အစွမ်းအစကို ငါယုံကြည်တယ်" ဆိုတဲ့ အားပေးစကားမျိုး ပြောပါ။

၂။ "ငါ့အတွက် မင်းကို ပြုစုရတာ ပင်ပန်းတယ်"
ဒီစကားက ကလေးကို အပြစ်ရှိသလို ခံစားရစေပြီး မိဘနဲ့ ကလေးကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေနိုင်တယ်။ အဲဒီအစား "မင်းနဲ့အတူရှိနေရတာ ငါပျော်တယ်" လို့ ခံစားချက်ကို ဖော်ပြပါ။

၃။ "ငါပြောတဲ့အတိုင်း လုပ်ပါ၊ ပြန်မေးမနေနဲ့"
ဒီလိုပြောခြင်းက ကလေးရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်နိုင်စွမ်းကို ဖိနှိပ်သလို ဖြစ်စေတယ်။ "ဘာကြောင့် ဒီလိုလုပ်သင့်တယ်ထင်လဲ?" ဆိုပြီး သူတို့ရဲ့ အမြင်ကို မေးပါ။

၄။ "အရမ်းညံ့တယ်၊ ဘာမှမလုပ်တတ်ဘူး"
ဒီစကားက ကလေးကို အားငယ်စိတ်ဝင်စေပြီး စိတ်ဓာတ်ကျစေတယ်။ "မင်းကြိုးစားတာကို ငါမြင်တယ်၊ နည်းနည်းချင်းတိုးတက်မယ်" ဆိုတဲ့ အားပေးစကားကို ရွေးချယ်ပါ။

၅။ "ကြီးလာရင် ဘာကြီးဖြစ်အောင် ကြိုးစား"
ဒီလိုစကားမျိုးက ကလေးကို စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေ များစေတယ်။ "မင်းဘာဖြစ်ချင်လဲ? ငါကူညီအားပေးမယ်" လို့ မေးပါ။

ကလေးတစ်ယောက်ရဲ့ စိတ်ဟာ အလွန်နုနယ်ပါတယ်။ မိဘတွေရဲ့ စကားလုံးတစ်ခွန်းက သူတို့ရဲ့ အနာဂတ်ကို ပုံဖော်နိုင်ပါတယ်။

အားပေးစကားများ ပြောပါ။

သူတို့ရဲ့ ခံစားချက်ကို နားထောင်ပါ။

အပြစ်တင်တာထက် နားလည်ပေးပါ။

"ကလေးတစ်ယောက်ရဲ့ စိတ်ကို ပျိုးထောင်ခြင်းဟာ သစ်ပင်ကို ရေလောင်းသလိုပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုက အကောင်းဆုံး အသီးတွေကို သီးစေပါတယ်။"

မိဘတိုင်း ဒီစကားတွေကို ရှောင်ပြီး ကလေးတွေရဲ့ စိတ်ကို အားဖြည့်ပေးနိုင်ပါစေ

&Cing



 ်အခုပြထားတဲ့အ‌ရောင်ထဲကရပါဦးမယ်ရှင်.... #ကြိုက်နှစ်သက်လို့မှာယူလိုပါကviber_no.09897994244နဲ့  ေလဲမှာယူနိုင်ပါတယ်နော် #ကျ...
03/02/2026

်အခုပြထားတဲ့အ‌ရောင်ထဲကရပါဦးမယ်ရှင်....
#ကြိုက်နှစ်သက်လို့မှာယူလိုပါကviber_no.09897994244နဲ့ ေလဲမှာယူနိုင်ပါတယ်နော်
#ကျေးဇူးတင်ပါတယ်ရှင်

📣📣 #‌ဖေဖေမေမေတို့ဘေဘီလေးတို့ကိုဝယ်ကျွေးဖူးတယ်ဆိုမဝယ်ကျွေးနဲ့တော့နော်... မနက်အတန်းဝင်တော့ ကလေးက ဆရာမကို မုန့်လာကျွေးတယ်။ ...
03/02/2026

📣📣 #‌ဖေဖေမေမေတို့ဘေဘီလေးတို့ကိုဝယ်ကျွေးဖူးတယ်ဆိုမဝယ်ကျွေးနဲ့တော့နော်...

မနက်အတန်းဝင်တော့ ကလေးက ဆရာမကို မုန့်လာကျွေးတယ်။ တကိုက်ကိုက်ပြီး မြိုချလိုက်တာ
ချိုရဲနေတာဘဲ။ ဉီးနှောက်ထဲထိအောင် ရောက်သွားသလို ခံစားချက်ကြီး ။ ချိုပြီးနောက် ခါးသက်သက်နဲ့ ပြန်ဖြစ်လာတယ်။

အဲ့ဒါနဲ့ ချက်ခြင်း လန့်ဖျန့်ပြီး ပြန်ထွေးထုတ်လိုက်ရတယ်။ စိတ်ထဲ မသက်မသာလို့
ပါဝင်ပစ္စည်းတွေ ဖတ်ကြည့်တော့
ပမာဏ တိတိကျကျ မရေမရာ မရေးထား။ သကြားပါရက်သားနဲ့တောင် မရေးထားဘူး။
ပိုတက်ဆီယမ် ဆာယာနိုက်ဆိုလား (မသေချာ)တွေ့တော့ မျက်စိပါပြူး။ အဲ့ဒါက ဓာတ်များရင် လူပါသေစေနိုင်လို့ ဖတ်ဖူးတယ်

လာကျွေးတဲ့ကလေးက ငွေကြေးအဆင်ပြေတဲ့မိသားစုကဘဲ။ ဘယ်သူ မုန့်ပေးတာလဲဆိုတော့ မေမေတဲ့။ မေမေ့ကို ဒီမုန့်ထပ်မဝယ်ခိုင်းနဲ့နော် လို့ မှာလိုက်ရတယ်။

မိဘများရှင့်
မိမိသားသမီး စောစောစီးစီးရောဂါနဲ့ ဘဝမဆုံးစေချင်ရင် မိမိသားသမီးစားတဲ့ မုန့်တွေကို ဂရုတစိုက် စောင့်ကြည့် ကျွေးစေချင််တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို သွေးတိုး မရစေချင်ဘူး။ မိဘတွေက မုန့်ဆိုပြီးရော ထည့်ပေးနေတာ မြင်တော့ ရင်လေးမိတယ်။ အပေါစားတွေ ၊ တရုတ်လုပ်မုန့်တွေ ကျွေးမယ့်အစား မြန်မာမုန့်တွေ အသီးအနှံတွေ ထည့်ပေးကြပါနော်။

ပြီးတော့ မိဘတွေက နေ့တိုင်း မုန့်တွေဝယ်ထည့်ပေးနေတော့ ကလေးတွေက မုန့်ဆိုတာ မဖြစ်မနေစားကိုစားရမယ့် အမျိူးလို့ ထင်နေကြပုံဘဲ။ အဲ့လိုမုန့်တွေ ရက်ချီ နှစ်ချီ စားမှတော့ ဒီမျိုးဆက်တွေ ကျောက်ကပ်တွေထိ အူတွေ၊ အသည်းတွေ ပျက်စီးတာပေါ့ရှင်

🌕 တပို့တွဲလပြည့်ဩဝါဒပါတိမောက်အခါတော်နေ့နှင့် ထမနဲပွဲတော် 🥣🙏တပို့တွဲလပြည့်နေ့သည် မြတ်စွာဘုရားရှင်က သံဃာတော်ပေါင်း (၁၂၅၀) ...
01/02/2026

🌕 တပို့တွဲလပြည့်

ဩဝါဒပါတိမောက်အခါတော်နေ့နှင့် ထမနဲပွဲတော် 🥣🙏
တပို့တွဲလပြည့်နေ့သည် မြတ်စွာဘုရားရှင်က သံဃာတော်ပေါင်း (၁၂၅၀) အား သာသနာတော်၏ အနှစ်ချုပ်ဖြစ်သော "ဩဝါဒပါတိမောက်" ဒေသနာတော်ကို စတင်ဟောကြားတော်မူခဲ့သည့် ထူးမြတ်သော ဩဝါဒပါတိမောက်အခါတော်နေ့ ဖြစ်ပါသည်

ထို့ပြင် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် တစ်မျိုးတစ်ဘာသာ ထူးခြားသည့် စည်းလုံးခြင်းသင်္ကေတ "ထမနဲထိုးပွဲ" များ ကျင်းပကာ နှီးနှောဖလှယ်ကြသည့် ပျော်ရွှင်စရာကောင်းသော လရာသီလည်း ဖြစ်ပါတယ်
ရှင်...

ဤကဲ့သို့ နေ့ထူးနေ့မြတ်လေးမှာ မိတ်ဆွေအပေါင်း 🙏🏻 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့ကို ပွားများအားထုတ်နိုင်ကြပါစေလို့ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🎁🙏🙏🙏

#တပို့တွဲလပြည့်
#ဩဝါဒပါတိမောက်အခါတော်နေ့
#ထမနဲပွဲတော်

အိပ်မက်လှလှမက်ပါစေရှင်❤️😴
31/01/2026

အိပ်မက်လှလှမက်ပါစေရှင်❤️😴

31/01/2026

M size ကုန်ပြီနော်

Address

48qt Northdagon
Yangon
11421

Telephone

+959897994244

Website

Alerts

Be the first to know and let us send you an email when Baby K Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share