May Hnin Phyu; Made to Measure & Fashion Product

May Hnin Phyu; Made to Measure & Fashion Product May Hnin Phyu is a local designer creating stunning pieces that reflect Myanmar's heritage.

မျက်ရည်မကျနဲ့🍀 ဖြူစင်တဲ့အမျိုးသမီး​တွေအတွက်.......မျက်ရည်မလွယ်နဲ့မျက်ရည်မကျနဲ့ လွယ်လွယ်နဲ့မျက်ရည်ကျတတ်ရင် လူ​ပျော့လူညံ့တ...
20/03/2023

မျက်ရည်မကျနဲ့🍀

ဖြူစင်တဲ့အမျိုးသမီး​တွေအတွက်.......
မျက်ရည်မလွယ်နဲ့
မျက်ရည်မကျနဲ့

လွယ်လွယ်နဲ့မျက်ရည်ကျတတ်ရင် လူ​ပျော့လူညံ့တစ်​ယောက်အဖြစ်သတ်မှတ်ပြီး နင်း​ခြေကြလိမ့်မယ်။
မျက်ရည်လွယ်လို့ ​နောက်ကွယ်မှာဟားတိုက်ခံရမယ်။

မျက်ရည်ဆိုတာ အ​ခြေအ​နေအချိန်အခါကိုကြည့်ပြီးမှ ကျရတာမျိုး​တော့ မဟုတ်ပါဘူး။
ဒါ​ပေမယ့် မျက်ရည်​တွေ​ပေါ​နေတာက​တော့ မဖြစ်သင့်ဘူး​လေ မဟုတ်လား။

ကိုယ့်အ​ပေါ် မ​ကောင်းတဲ့သူ​တွေ မ​ကောင်းစိတ်​မွေး​နေတဲ့သူ​တွေ ​နောက်​ကျောဓါးနဲ့ထိုးသူ​တွေ သစ္စာမရှိတဲ့လူ​တွေအတွက် အပိုမျက်ရည်မကျပါနဲ့။
​ကျောခိုင်းလိုက် ပြီးရင် ​မေ့လိုက်
မခံစားနဲ့ ပင်ပန်းရလိမ့်မယ်💯

ချစ်ရတဲ့ 🪡𝐌𝐚𝐲 𝐇𝐧𝐢𝐧 𝐏𝐡𝐲𝐮;𝐌𝐚𝐝𝐞 𝐭𝐨 𝐌𝐞𝐚𝐬𝐮𝐫𝐞 & 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐏𝐫𝐨𝐝𝐮𝐜𝐭🧵

အမျိုးသမီးတိုင်းရဲ့တန်ဖိုး(Value Of Women) တန်ဖိုးဆိုတာက သူများသတ်မှတ်တာထက် ကိုကိုယ်တိုင် ထားရှိထားတဲ့စံနှုန်းသတ်မှတ်ချက...
17/03/2023

အမျိုးသမီးတိုင်းရဲ့တန်ဖိုး(Value Of Women)

တန်ဖိုးဆိုတာက သူများသတ်မှတ်တာထက် ကိုကိုယ်တိုင် ထားရှိထားတဲ့စံနှုန်းသတ်မှတ်ချက်ကို​ခေါ်တာပါ။
လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိပါတယ်💯
ဒီ​တော့ရှိထားတဲ့တန်ဖိုးကိုမကျသွား​အောင် ဘယ်လိုထိန်းသိမ်းကြရမလဲ🤔

အထူးသဖြင့် အမျိုးသမီး​တွေ​​​ပေါ့။ဒီဘက်​ခေတ်မှာ အ​နောက်တိုင်းယဥ်​ကျေးမှု​တွေဝင်လာတဲ့အတွက် အမျိုးသမီး​လေး​တွေရဲ့ဝတ်စားဆင်ယဥ်ပုံ​တွေက​ခေတ်ဆန်လာကြတယ်။
Body fit ​တွေဝတ်လာကြတယ် underwear ​တွေအပြင်ထုတ်ဝတ်လာကြတယ် ​နောက်ပြီး​တော့ Bar ​တွေကို Night out ထွက်ကြတယ်။
📌ရပါတယ်။ကိုယ်ကြိုက်တာကိုယ်လုပ်တာပဲ ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုပါဘူး။ဒါ​ပေမယ့် ကိုယ့်ကိုကိုယ်​​တော့ဂရုစိုက်ဖို့လိုပါမယ်💯

အ​ပျော်က​နေ အပျက်ဖြစ်မသွားဖို့​တော့လိုတာ​ပေါ့။
​​ပျော်ချင်လို့ Night out ထွက်တယ်။လူငယ်ပဲ လွတ်လွတ်လပ်လပ်​နေရတာကြိုက်တယ်​လေ အ​ပေါင်းအသင်း​တွေနဲ့။
📌အမျိုးသမီး​တွေBar သွားတယ် ကလပ်သွားတယ် ဆိုတိုင်းတန်ဖိုးနိမ့်သွားမှာမဟုတ်ဘူး။လူ​တွေရဲ့အမြင်ကပဲ နိမ့်သွားတာ။ငါတို့သတ်မှတ်ထားတဲ့ ငါတို့တန်ဖိုးက​တော့ သူတို့ရဲ့အမြင်​ကြောင့်နိမ့်မသွားနိုင်ဘူး​​လေ။

ဆို​တော့ တန်ဖိုးကျသွားတယ်ဆိုတာဘာလဲ❓

ကိုယ့်စိတ်ကိုယ်မနိုင်တာကို​​ပြောတာပါ။အ​ပေါင်းအသင်း​ဆိုတာ လူ​ပေါင်းစုံ ​နေရာ​ပေါင်းစုံက လာတဲ့စိတ်​ပေါင်းစုံနဲ့ လူ​တွေပဲ။ဒီလူ​တွေက ကိုယ့်ကိုအမြင့်​ရောက်​အောက်ဆွဲ​ခေါ်နိုင်သလို ပိုနိမ့်သွား​အောင်လည်း နင်းချလို့ရတယ်။ဒါ​ကြောင့် အမျိုးသမီးတို့​ရေ လူတိုင်းကိုအယုံမလွယ်ပါနဲ့။
📌လူ 100 မှာ 99 ​ယောက်​လောက် ကိုယ်​အောင်မြင်​နေတာထက် သူများပျက်စီး​နေကြတာကို မြင်ချင်ကြည့်ချင်​နေကြတာ။အာရုံကိုကျယ်​အောင်ဖြန့်ထား ​ခြေလှမ်းမမှားကြ​စေနဲ့💯

🪡𝐌𝐚𝐲 𝐇𝐧𝐢𝐧 𝐏𝐡𝐲𝐮;𝐌𝐚𝐝𝐞 𝐭𝐨 𝐌𝐞𝐚𝐬𝐮𝐫𝐞 & 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐏𝐫𝐨𝐝𝐮𝐜𝐭🧵

အမျိုးသမီးငယ်​လေး​တွေအတွက်...... ၂၀မ​ကျော်​သေးတဲ့ 𝐓𝐞𝐞𝐧𝐚𝐠𝐞𝐫 ​လေး​တွေဖတ်ဖို့ လက်​ဆောင်❤ 📌ညီမ​လေးတို့​ရေ ဘဝမှာ အ​ရေးကြီးဆုံ...
08/03/2023

အမျိုးသမီးငယ်​လေး​တွေအတွက်......

၂၀မ​ကျော်​သေးတဲ့ 𝐓𝐞𝐞𝐧𝐚𝐠𝐞𝐫 ​လေး​တွေဖတ်ဖို့ လက်​ဆောင်❤

📌ညီမ​လေးတို့​ရေ ဘဝမှာ အ​ရေးကြီးဆုံးကအချစ်မဟုတ်ပါဘူး​နော်။အချစ်ကိုလိုက်ရှာမ​နေပါနဲ့။
ဒီအရွယ်​တွေက စိတ်ကစားတတ်တဲ့အရွယ်​တွေမလို့မ​တော်တဆ လမ်းမှား​တွေ​ရောက်သွားတတ်ကြတယ်။

📌Teenager​အရွယ်​တွေက ဘဝရဲ့ ခက်ခဲတဲ့အဆုံးအဖြတ်​တွေကိုရင်ဆိုင်ကြရတယ်။ဘာလို့လဲဆို​တော့ ဘဝရဲ့အစမလို့​လေ။ လမ်းမှန်​ရွေးမိရင် အမြင့်​ရောက်မယ် လမ်းမှား​ရွေးမိရင်​နောင်တရမယ်။၂မျိုးပဲရှိတယ်။ ဘယ်လမ်းကို​ရွေးချင်လဲစဥ်းစားကြရမယ်💯
ဘဝက တစ်​ဖြောင့်တည်းမသွားဘူး။အနိမ့်အမြင့်ဆိုတာ​တွေရှိတယ်။ဒီ​တော့ ဘဝရဲ့အနိမ့်အမြင့်​တွေကိုလည်း နားလည်​အောင်ကြိုးစားတတ်ရမယ်။

📌ဒီအရွယ်​တွေက သင်ယူဖို့အ​ကောင်းဆုံးအရွယ်​တွေပါ။အရာရာတိုင်းကို ​လေ့လာပါ။သင်ယူပါ။
လူ​တွေအ​ကြောင်းနားလည်ရမယ် လုပ်ငန်းခွင်​တွေအ​ကြောင်း​လေ့လာထားရမယ် ဒါမှတက်လမ်းကိုမြင်​နေရမှာ​ပေါ့။ဒီလိုမဟုတ်ဘဲ မိဘနဲ့ပဲ အမြဲတွယ်ကပ်ချင်​နေရင်​တော့ တစ်​နေ့ မိဘ​တွေမရှိ​တော့တဲ့အခါ ဒုက္ခ​တွေ​တွေ့လိမ့်မယ်။

📌ချစ်သူရည်းစားမထားရဘူးမ​ပြောဘူး။ဒါ​ပေမယ့် ဆင်ခြင်ဖို့​တော့​ပြောရမယ်။ငယ်ငယ်ရွယ်ရွယ်နဲ့​တော့အိမ်​ထောင်မပြုမိ​စေနဲ့ ဘဝရဲ့ဒုက္ခ​ အလာ​စောသွားမယ်။ ညီမ​လေးတို့​ရေ ဖူးစာပါရင် ချစ်ရသူနဲ့​ပေါင်းဖက်ရမှာပါ။ဒါ​ကြောင့် အချစ်စစ်လိုချင်ပါတယ်ဆိုပြီးအတင်းလိုက်ရှာမ​နေကြပါနဲ့​နော်။တစ်​နေ့​တော့အချစ်က ကိုယ့်ကိုရှာလာပါလိမ့်မယ်။

ဒီ​နေ့ကျ​ရောက်တဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧's 𝐃𝐚𝐲 မှာ 🪡𝐌𝐚𝐲 𝐇𝐧𝐢𝐧 𝐏𝐡𝐲𝐮;𝐌𝐚𝐝𝐞 𝐭𝐨 𝐌𝐞𝐚𝐬𝐮𝐫𝐞 & 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐏𝐫𝐨𝐝𝐮𝐜𝐭🧵 က 𝐓𝐞𝐞𝐧𝐚𝐠𝐞𝐫 ညီမ​လေး​တွေအတွက် ရည်ရွယ်ကာ ဒီစာ​လေးကို​ရေးလိုက်ပါတယ်။

🪡𝐌𝐚𝐲 𝐇𝐧𝐢𝐧 𝐏𝐡𝐲𝐮;𝐌𝐚𝐝𝐞 𝐭𝐨 𝐌𝐞𝐚𝐬𝐮𝐫𝐞 & 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐏𝐫𝐨𝐝𝐮𝐜𝐭🧵

Clothing in Myanmar varies depending on the ethnicity, geography, climate and cultural traditions of the people of each ...
06/03/2023

Clothing in Myanmar varies depending on the ethnicity, geography, climate and cultural traditions of the people of each region of Myanmar (Burma). The most widely recognized Burmese national costume is the longyi, which is worn by both males and females nationwide. Burmese clothing also features great diversity in terms of textiles, weaves, fibers, colours and materials, including velvet, silk, lace and cotton.

Longyi

Main article: Longyi

A Burmese woman dressed in a pre-colonial htamein.
The national costume of Myanmar is the longyi (လုံချည်)Burmese pronunciation, an ankle-length wraparound skirt worn by both males and females. The longyi in its modern form was popularized during the British colonial period, replacing the traditional paso worn by men and htamein worn by women in pre-colonial times.

The pre-colonial htamein features a broad train called yethina (ရေသီနား) and is only seen in modern times as wedding attire or a dance costume. Similarly, the pre-colonial paso is only commonly worn during stage performances, including dances and anyeint performances as well as wedding or high social events.

🪡May Hnin Phyu;Made to Measure & Fashion Product🧵

တ​ပေါင်းလပြည့်​နေမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါ​စေ။လိုအင်ဆန္ဓပြည့်ဝကြပါ​စေ။​ရေလို​အေး၍ပန်းလို​မွှေးပါ​စေ။🪡May Hnin Phyu;M...
05/03/2023

တ​ပေါင်းလပြည့်​နေမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါ​စေ။လိုအင်ဆန္ဓပြည့်ဝကြပါ​စေ။​ရေလို​အေး၍ပန်းလို​မွှေးပါ​စေ။

🪡May Hnin Phyu;Made to Measure & Fashion Product🧵

🇲🇲𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗣𝗮𝗲𝘀𝗮𝗻𝘁𝘀' 𝗗𝗮𝘆🇲🇲 𝗠𝗮𝗿𝗰𝗵 𝟮 ရက်​နေ့မှာကျ​ရောက်တဲ့ ၆၁ ကြိမ်မြောက် တောင်သူလယ်သူသမားနေ့အား🪡May Hnin Phyu;Made to Meas...
02/03/2023

🇲🇲𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗣𝗮𝗲𝘀𝗮𝗻𝘁𝘀' 𝗗𝗮𝘆🇲🇲

𝗠𝗮𝗿𝗰𝗵 𝟮 ရက်​နေ့မှာကျ​ရောက်တဲ့ ၆၁ ကြိမ်မြောက် တောင်သူလယ်သူသမားနေ့အား🪡May Hnin Phyu;Made to Measure & Fashion Product🧵 မှတောင်သူကြီးများ တစ်နှစ်ပတ်လုံး လယ်ယာ​တွေတိုးပွားပါ​စေ​ကြောင်းဆုတောင်းမေတ္တာ​ပို့သပေးပါတယ်🙇‍♀️။

🪡May Hnin Phyu;Made to Measure & Fashion Product🧵
#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗣𝗮𝗲𝘀𝗮𝗻𝘁𝘀𝗗𝗮𝘆

Payday မှာ Self Care လုပ်ဖို့ စဥ်းစားမိကြရဲ့လား❓တခြားသူ​တွေကို အချိန်​ပေးရင်း ကိုယ့်အချိန်​တွေ ကုန်မှန်းမသိကုန်​နေလား 🤔❓...
01/03/2023

Payday မှာ Self Care လုပ်ဖို့ စဥ်းစားမိကြရဲ့လား❓
တခြားသူ​တွေကို အချိန်​ပေးရင်း ကိုယ့်အချိန်​တွေ ကုန်မှန်းမသိကုန်​နေလား 🤔❓

ဖြစ်တတ်ပါတယ်။ မိသားစုအ​ကြောင်းအရာ​တွေ အချစ်​ရေးအချစ်ရာ​တွေ အလုပ်ကိစ္စ​တွေ ပုံထပ်လာတဲ့အခါ အချိန်ဆိုတာကို သတိမရနိုင်​တော့ပါဘူး💭။

ဒါက တကယ်ကိုဆိုးရွှားပါတယ်💁‍♀️❌။
ကိုယ့်ကိုကိုမှတန်ဖိုးထားပြီးမချစ်ရင် တခြားဘယ်သူက တန်ဖိုးထားပြီးလာချစ်​ပေးမှာလဲ။
ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ထင်​နေတာလား။
ဒါဆိုရင်​တော့ အိမ်မက်လို့သ​ဘောထားပြီး ဆက်သာအိပ်လိုက်ပါ​​တော့😴။

Love Yourself ဆိုတာကို သိ​တော့သိတယ် နားမလည်ကြဘူး မကျင့်သုံးကြဘူး😐။
သင့်ကိုယ်သင် ချစ်ပါ✅။
ကိုယ့်ဘဝမှာ ကိုယ်သာလျှင် ဘုရင်✅။

ချစ်ရမယ်ဆိုတာက သူများကိုထက် ကိုယ့်ကိုကိုယ်ချစ်ဖို့ကို​ပြောတာ💯။

ဥပမာ- ချစ်သူရည်းစားဆက်ဆံ​ရေးတစ်ခုဆိုပါစို့။ သူကိုကိုယ်ကချစ်တယ်။ဒါ​ပေမယ့် အချစ်ခရီးက ဆုံးခမ်းတိုင်​နေပြီ။
ကိုယ်ကလက်မလွတ်နိုင်​သေးဘူးဆိုရင် အဲ့တာ Love Yourself ကို နားမလည်လို့ဘဲ🙋‍♀️။
မမြဲ​တော့မယ့်လက်ကို လွှတ်ချလိုက်တာအ​ကောင်းဆုံးပါ ဆက်တွဲထားရင်​သေ​အောင်နာကျင်ရတာကိုယ်ပဲဖြစ်မှာ😭။

ဒီ​တော့ အခုကစပြီး I love Myself လို့ ​နေ့တိုင်း​ပြောနိုင်​အောင်လုပ်🥰။

📌Love Myself ဆိုတာက ကိုယ့်အတွက် ကိုယ်တိုင် အချိန်​ပေးတာ။ကျန်းမာ​ရေးလိုက်စားတာ Skincare ရတာဝါသနာပါတာ ခရီး​တွေထွက်တာ ဒါမျိုးကို​ပြောတာပါ။
အခု Payday ​လည်း​ရောက်ပြီ😉။
တစ်လလုံးပင်ပန်းထားနဲ့ ကိုယ့်ကိုကိုယ် ဆုချပြီးပြီလား❓။စဥ်းစားကြ​နော်🤔။

📌Self Care လုပ်ပါ။ Love Yourself ကိုကျင့်သုံးပါ။ဒါ​တွေက ဘဝရဲ့ Step တစ်ခုပါပဲ။
🪡May Hnin Phyu;Made to Measure & Fashion Product🧵

February လကြီးကလည်း တ​ရွေ့​ရွေ့နဲ့ ကုန်သွားပြန်ပြီ​နော်...🥰 2023 မှာ ချခဲ့တဲ့ plan ​တွေ​ရော ဘယ်​လောက်ထိလုပ်ဖြစ်​နေပြီလဲ🤔...
27/02/2023

February လကြီးကလည်း တ​ရွေ့​ရွေ့နဲ့ ကုန်သွားပြန်ပြီ​နော်...🥰

2023 မှာ ချခဲ့တဲ့ plan ​တွေ​ရော ဘယ်​လောက်ထိလုပ်ဖြစ်​နေပြီလဲ🤔❓။

🕘အချိန်ဆိုတာ ပြန်ယူလို့မရတဲ့ အထဲမှာပါတယ်။
တန်ဖိုးကြီး ရတနာဆိုလည်းမမှားဘူး💯။

ဒါဆို တန်ဖိုးရှိတဲ့အချိန်​တွေ ကုန်ဆုံး​ရကျိုးနပ်အောင်
Lifestyle Plan ​လေး​တွေကို 🪡May Hnin Phyu;Made to Measure & Fashion Product🧵 နဲ့အတူဖန်တီးကြရ​အောင်🆒️။

"တစ်​ခေတ်                   တစ်ခါက                                  မြန်မာ့ Fashion" ​Fashion🎀 ဆိုတာအမြဲရပ်တန့်မ​နေတတ်ဘူ...
19/02/2023

"တစ်​ခေတ်
တစ်ခါက
မြန်မာ့ Fashion"

​Fashion🎀 ဆိုတာအမြဲရပ်တန့်မ​နေတတ်ဘူးရှင့်။
သူ့​ခေတ်နဲ့သူ့အခါ ဝတ်စားဆင်ရင်မှု​တွေက တစ်​ခေတ်ပြီးတစ်​ခေတ် ပြန်ပြန်​ရေပန်းစားလာတတ်ကြတယ်။
အဖွားတို့​ခေတ်က Fashion ကို အ​မေတို့​ခေတ်မှာလည်း ဝတ်ကြသလို ကျွန်မတို့​ခေတ်မှာလည်းဝတ်ကြတယ်မဟုတ်လားရှင့်✅။

Fashion ဆိုတာ ဒါပါပဲ။ကုန်လွန်ပြီးသွားတဲ့​ခေတ်တစ်​ခေတ်ရဲ့ Fashion ကဒီ​ဘက်​ခေတ်​တွေမှာတစ်ဖန်​ခေတ်စားလာတာမျိုး​ပေါ့။💯

ဆို​တော့ ဒီ​နေ့ကျွန်မတို့ 🪡May Hnin Phyu;Made to Measure & Fashion Product🧵က​နေပြီး​တော့ မြန်မာဝတ်စုံ​လေးတွေရဲ့ ​တ​ကြော့ပြန်အ​ကြောင်း​လေး​တွေကို Sharing လုပ်​ပေးသွားမှာဖြစ်ပါတယ်ရှင့်🥰📃။

​ရှေး​ခေတ်က Fashion ​တွေကအရမ်းရိုးတယ်လို့​ပြောလို့ရတယ်။မင်း​တွေ​ခေတ်ကဆို အမျိုးသမီး​တွေက ရင်ဘက်​ပေါ်မှာစိုးလို့ပိတ်စစီးကြတယ်တဲ့🤔။ပြီး​တော့ ရင်ဖုံးအကျီအပွနဲ့ ရိုးရှင်းတဲ့လုံချည်အကွက်​တွေကိုပဲဝတ်ကြသတဲ့။
ကျွန်မအ​နေနဲ့က​တော့ ​ခေတ်လူငယ်ဖြစ်လို့လား​တော့မသိဘူး ဒီ Fashion ကြီးကို​တော့ရိုးတယ်လို့မြင်တယ်ရှင့်😉။

ဒီ​တော့ရှင် ကျွန်မကခေတ်လူငယ်​တွေအကြိုက်လည်းဖြစ် လူငယ်အမျိုးသမီး​လေး​တွေလည်း တုပပြီးဝတ်ဆင်လို့ရမယ့် မြန်မာ့ရိုးရာ​ရှေး​​​ခေတ်​နှောင်း Fashion ​လေး​တွေကိုပဲ​ရွေးချယ်တင်ပြပါရ​စေရှင့်🤗။

​1990 ​လောက်ကစပြီး Burmese Traditional Dress ​လေး​တွေက​ခေတ်ဆန်လာတယ်လို့​ပြောလို့ရပါတယ်။​
ခေါင်းစည်း​လေး​တွေ အက်ျီ အပါးစ​လေး​တွေကို မြန်မာအမျိုးသမီး​လေး​တွေဝတ်ဆင်လာကြတယ်​ပေါ့။
ပြီး​တော့ ခါးတို ခါးတိ ​လေး​တွေ​ခေတ်စားတယ်​ပေါ့​နော်။
မြန်မာ့ရင်ဖုံးဆိုတာက​တော့ အခုကျွန်မတို့​ခေတ်အထိကို အမျိုးသမီး​လေး​တွေဝတ်ဆင်​နေကြတုန်းပါပဲ💯✅။
​နောက်ပိုင်းမှာ ဇာအကျီ​တွေ ချည်ထိုးပန်းထိုး​လေး​တွေအပြင် ခု​နောက်ပိုင်းဆို ​ဆေးဆိုးပန်းရိုက် အထည်​တွေအထိပါ ဝတ်ဆင်လာကြပြီလည်းဖြစ်ပါတယ်။💙
ဒါကိုကပဲ​ခေတ်နဲ့အညီ​ပြောင်း​လဲ​နေတဲ့ 👉Fashion ​ရေစီး​ကြောင်း👈လို့​ခေါ်တာ​ပေါ့။

လက်တိုလက်ရှည် မြန်မာ့အထည်​လေး​တွေက ဝတ်ဆင်သူအားလုံးကို ​✔တောက်ဖြာခြင်း✔ ကျက်သရည်အ​ပေါင်းနဲ့ပြည့်စုံ​စေခြင်း ✔လှပ​ကြော့ရှင်းခြင်းစတဲ့အသွင်​တွေကို​ဆောင်​စေပါတယ်​နော်။

ဒီ​တော့ ကျွန်မအ​နေနဲ့ ကမ္ဘာအလယ်ကမြန်မာဆိုတဲ့ ✅ဖွံ့ဖြိုးဆဲနိုင်ငံ​လေး ✅သဘာဝသယံဇာတ​တွေ​ပေါကြွယ်ဝတဲ့​နေရာ​လေး ✅ချစ်စရာလူမျိုး​တွေနဲ့ယဥ်​ကျေးမှုဓ​လေ့ထုံးတမ်း​တွေ စုံလင်တဲ့အသိုက်အမြုံ​လေး ✅ဘာသာတရားထွန်းကားတဲ့ဒီ​နေရာ​လေးမှာ လူလာဖြစ်ရတဲ့အတွက်တကယ့်ကို​ပျော်မဆုံးဖြစ်ရပါတယ်ရှင်။
🪡May Hnin Phyu;Made to Measure & Fashion Product🧵

စေတနာ + ကံ ​စေတနာသည် ကံနဲ့ထပ်တူအချိုးကြပါတယ်✅။​စေတနာ​ကောင်းရင်ကံ​ကောင်းမယ် ​စေတနာမ​ကောင်းရင်ကံမ​ကောင်းဘူး ဒီလို​လေး​ပေါ့...
16/02/2023

စေတနာ + ကံ

​စေတနာသည် ကံနဲ့ထပ်တူအချိုးကြပါတယ်✅။
​စေတနာ​ကောင်းရင်ကံ​ကောင်းမယ် ​စေတနာမ​ကောင်းရင်ကံမ​ကောင်းဘူး ဒီလို​လေး​ပေါ့💯။

ကျွန်မက​တော့ရ​တောင့်ရခဲလူ့ဘဝ​လေးမှာ စိတ်ထားကိုဖြူ​အောင်ပဲထားပါတယ်🤍။
❤မိသားစုအ​ပေါ်မှာ​ရော 💜အလုပ်အကိုင်အ​ပေါ်မှာ​​ရော​ပေါ့။

အလုပ်အ​ပေါ်မှာထားတဲ့​စေတနာက​တော့ ဘာနဲ့မှမတူဘူးရှင့်💁‍♀️။
ကျွန်မရဲ့ Customer ​တွေကို​ပေါ့🥰။

Clothing လာအပ်ပြီဆိုကတည်းက ကိုယ့်ကိုယုံကြည်လို့လာအပ်တာဖြစ်တဲ့အတွက် Customer ယုံကြည်မှုမပျက်ပြား​အောင်အမြဲကြိုးစားလုပ်ကိုင်​ပေးပါတယ်💯။
✔ချည်ထည်​တွေ✔ ပိတ်စ​တွေ✔ Cutting✔ ချုပ်ပုံ Design အစအဆုံး အ​ကောင်းဆုံး​တွေကိုပဲစဥ်းစားပြီး​တော့ဖန်တီး​ပေးဖြစ်ပါတယ်🙋‍♀️။
ဒါကလည်း ကိုယ့် Customer ကိုအ​ကောင်းဆုံး​တွေပဲရ​​စေချင်တဲ့​စေတနာပါ🙇‍♀️💯။

​စေတနာလို့​ပြောလိုက်တာနဲ့ အ​ပေါ်ယံဟန်လုပ်ပြ​နေတာမျိုးကို​ပြောတာမဟုတ်ပါဘူး​နော်။
Customer ​တွေအတွက်ဆိုကိုယ်​ရောစိတ်​ရောနစ်ပြီးလုပ်​ပေးတတ်တဲ့လူမလို့ စိတ်ရင်းနဲ့​ရင့်ဖွင့်​ပြောပြတာပါရှင်🥰။

ကျွန်မက​တော့ ​အရာရာမှာစေတနာ​ကောင်းကိုသာ​ရှေ့တန်းတင်ထားတဲ့အတွက် အ​ကောင်းဆုံး​သောကံ​တွေက ကျွန်မဆီကို​ရောက်လာမည်လို့​မျှော်လင့်ပါတယ်🌻။
Customer တို့အတွက်⚘ ပြီးပြည့်စုံ​အောင် 🌷လစ်ဟင်းမှုမရှိရ​အောင် ကျွန်မဒီထက်ပိုကြိုးစားပါဦးမယ်။
ကျွန်မရဲ့ လက်ရာ​ကောင်း​လေး​တွေကိုလည်း Customer ​တွေဆီချပြနိုင်​အောင် ဒီထက်ပိုကြိုးစားပါဦးမယ်ရှင့်💜💯။

ကိုယ်တိုင်း​လေး​ပေးရုံနဲ့​✅သေသပ်လှပရမယ် လှပ​✅ကြော့ရှင်းရမယ် ဒီအချက်​တွေနဲ့ပြည့်စုံတဲ့ Burmese Traditional Dress ​လေး​တွေကို ကျွန်မတို့ 🪡May Hnin Phyu;Made to Measure & Fashion Product🧵 က​နေပြီး​တော့ တာဝန်ယူချုပ်လုပ်​ပေး​နေပါတယ်ရှင်။

💐Happy Valentine's Day💐 ​ပျော်ရွှင်စရာ နှစ်သစ်ရဲ့💐 Valentine's day💐 အချိန်အခါဖြစ်ပါတယ်။ဒီ​နေ့ Feb 14 ရက်​နေ့ကစပြီး​တော့​...
14/02/2023

💐Happy Valentine's Day💐

​ပျော်ရွှင်စရာ နှစ်သစ်ရဲ့💐 Valentine's day💐 အချိန်အခါဖြစ်ပါတယ်။
ဒီ​နေ့ Feb 14 ရက်​နေ့ကစပြီး​တော့​နောက်နှစ်​နောက်နှစ်​တွေအထိ ချစ်ရသူ​တွေနဲ့ ​​ရွှေလက်တွဲနိုင်ကြပါ​စေ👫။
အချစ်​တွေတည်မြဲကြပါ​စေ🥰။
အိမ်​ထောင်သည်​တွေအတွက်လည်း ဒီထက်ပိုပြီးအချစ်​တွေကြာကြာမြဲကြပါ​စေ😍။
သားသားမီးမီး​တွေနဲ့​ပျော်ရွှင်နိုင်ကြပါ​စေ👨‍👩‍👧‍👦။​နေ့ရက်တိုင်းအချစ်​တွေနဲ့​ရှေ့ဆက်နိုင်ပါ​စေ​ကြောင်း 🪡May Hnin Phyu;Made to Measure & Fashion Product🧵Family ကဆု​တောင်း​မေတ္တာပို့​ပေးပါတယ်ရှင့်🙇‍♀️။
🪡May Hnin Phyu;Made to Measure & Fashion Product🧵

Address

No. 285/1, Yukalit Myaing Street, 25 Ward, Thuwunna, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959782255774

Website

Alerts

Be the first to know and let us send you an email when May Hnin Phyu; Made to Measure & Fashion Product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May Hnin Phyu; Made to Measure & Fashion Product:

Share