07/02/2025
ဟဲလို 👋 အသဲတို့ရေ
မတွေ့ဖြစ်ကြတာကြာပြီနော် မင်မင်သတိရလို့ စကားလာပြောတာပါ
မင်မင် ရှေ့နှစ် May လကတည်းက page မှာလည်းဈေးရောင်းရင်းနဲ့ fashion design ကျောင်းတက်နေခဲ့တာ တဖြည်းဖြည်းစာတွေများလာတော့ page မှာလည်းအရမ်းရောင်းရတော့ အရမ်းပင်ပန်းပြီး အချိန်မလောက်တာနဲ့ မင်မင်pageကိုခဏနားထားလိုက်တာ လတိုင်းဝယ်နေကျသူတွေကိုပဲရောင်းပေးဖြစ်တော့တယ် ငွေဈေးတွေလည်းထိုးတက်သွားလို့ အချိန်ခဏစောင့်ကြည့်မယ်ဆိုပြီး စဉ်းစားမိတာလည်းပါတယ် အဲ့တုန်းက အလုပ်အရမ်းများတော့ admin ခန့်ပြီးpageဆက်ranထားဖို့ မစီစဉ်ဖြစ်ခဲ့ဘူး
မင်မင်က collectionလေးတွေလုပ်ပြီးတင်ရင်လည်း review တွေဖတ် apps နဲ့ photo edit တွေလုပ် excel နဲ့စာရင်းသွင်း စတာတွေလုပ်ပြီးမှပိုစ့်တင် ပြီးရင်replyတွေပြန် ပုံပြပြီးဝယ်ခိုင်းတာတွေရှာပြီးရှင်းပြ ပြီးရင် orderရတာတွေစာရင်းလုပ်ပြီး ပစ္စည်းတွေဝယ် cargo နဲ့အပ် ဟောပစ္စည်းတွေရောက်လာတော့လည်း ပစ္စည်းတွေerror ပါမပါထုတ်စစ် ဖရိုဖရဲတွေပြန်ခေါက် တခါတလေအချိန်ရရင် photo ရိုက် deli အတွက်အထုပ်တွေထုပ်ပြီး ကာကာကိုစာတွေလိုက်ပို့။ ပစ္စည်းရှာreviewဖတ်တဲ့အစကနေ deli အပ်ပြီးတဲ့အဆုံးထိ မင်မင်ကအကုန်လုပ်ရတော့လေ အိမ်ကသူကူပေးတာတောင် page အတွက် မင်မင့်အလုပ်ချိန်က တစ်နေ့တစ်နေ့ကို 12နာရီကျော်တယ်။ ကာကာတွေကိုအလိုလိုက်တော့ တခါတလေမနက်3/4နာရီထိ cbမှာဈေးရောင်းပေးမိတာတွေလည်းရှိတယ် ပစ္စည်းတွေရောက်ရင် နောက်နေ့deliမြန်မြန်အပ်ချင်တော့ မနက်5/6နာရီထိ မအိပ်ပဲပစ္စည်းထုပ်မိတာတွေလည်းရှိတော့ ကြာတော့ကျန်းမာရေးလည်းထိတယ်ပေါ့နော် ဒီတစ်ခါ page ပြန်ranရင်တော့ လူအင်အား၃ယောက်လောက်နဲ့လုပ်ဖြစ်မယ်လို့စဉ်းစားထားတယ်
ကဲဒါကတော့ မင်မင့်လက်ရှိအကြောင်းလေးလာပြောပြတာပါ ကာကာတို့ရော နေကောင်းကြတယ်မဟုတ်လား? page ပြန်မစသေးပေမဲ့ ဒီကြားထဲမှာ give away လေးလည်းလာလုပ်ပေးဦးမယ်နော် ဒီအတိုင်းသတိရလို့ပါ ❤️