17/02/2024
Why 3ခွဲ???
ကိုယ်နဲ့သိနေတဲ့သူတွေတင်တာမို့လို့ သတင်းမှားလည်း မဟုတ်ပါဘူး။
ကလေးတွေက ခိုးရာလိုက်တာပဲလိုလို၊ ပစ္စည်းလုခံရပြိး တစ်ခုခုဖြစ်သလိုလို၊ ပတ ပဲ အဆွဲခံရသလိုလို။ ကျန်ခဲ့တဲ့မိသားစုဝင်တွေက ဘယ်လိုက်ရမှန်းမသိပါဘူး။ ဆယ်ကျော်သက်တွေမို့လို့ စိတ်ရှုပ်မခံဘူး စိတ်နောက်လိုက်ပြီး သွားချင်ရာသွားတယ်တို့၊ ---ထဲဝင်လိုက်မယ် တို့က အိမ်ကို အရင်ပြောပြီးမှလုပ်ကြပါရှင်။
ကိုယ်ကျင်လည်နေတဲ့နေရာမို့လို့ ဘယ်သူမှဘာမှမလုပ်ဘူးဆိုပြီး အေးအေးဆေးဆေး အပြင်ထွက်တာတွေလည်း ရှောင်ကြပါဦး။ အနည်းဆုံးအဖော် နှစ်ယောက်လောက်တော့ပါသင့်တာ။ လူယုတ်မာမှာ ဂျိုမပါဘူးလေ။
ဆယ်ကျော်သက်တွေ ထိန်းရသိမ်းရခက်တဲ့အရွယ်တွေမို့လို့ အိမ်က အပြင်တွေလျှောက်မသွားနဲ့နော် လို့ပြောရင် - ဟုတ်ကဲ့ဆိုပြီး ဒီနားလေးပဲ ဘာမှမဖြစ်ပါဘူး လို့တွေးကြတာပဲ။ အဲ့ ဒီနားလေးမှာပဲ တစ်ခုခုဖြစ်သွားခဲ့ရင်ရော?
အိမ်ထဲမှာ/အခန်းထဲမှာထိုင်နေပြီး ဘယ်တော့ စစ်ထဲဝင်ရမှာလဲ? ဘယ်အချိန်လာခေါ်မှာလဲ တွေးကြောက်နေဖို့မလို့ဘူး။ အပြင်ထွက်လိုက်ရင်သာ ဘာတွေဖြစ်လာမလဲ တွေးကြောက်ရမှာ။
ငါစိတ်ညစ်တယ်။ လျှောက်သာရေးနေတာ ငါ့ညီမလည်း ငါထိန်းလို့ မရပါဘူး။ 🥴
တစ်ခုခုသာ ဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ပဲ အိပ်ယာထနေရတယ်။ မိသားစုတိုင်း အဲ့လိုတွေးပြီး ရင်လေးနေကြလောက်မှာမို့လို့ လူငယ်တွေ အိမ်ထဲပြ ငြိမ်ငြိမ်နေကြပါဟယ်။ မြင်ရတွေ့ရတာတွေ စိတ်လေးရတယ်။
ပုံထဲက လူတွေကို တွေ့ရင်လည်း ပြောပေးကြပါဦး 🙆🏻♀️