04/02/2026
The Powerpuff Girls 👩🏻👩🏻👩🏻
The Powerpuff Girls မှာ အဓိကဇာတ်ဆောင် သုံးယောက်ပါဝင်ပါတယ် ☝✌ Blossom(ပန်းရောင်)၊ Bubbles(အပြာရောင်)၊ Buttercup(အစိမ်းရောင်) တို့ပဲဖြစ်ပါတယ် ။ သူတို့ရဲ့ထူးခြားချက်က မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ စွမ်းအားရှင်မိန်းကလေးပုံစံ ပုံဖော်ထားတယ် 🤪
ဒီမိန်းခလေးသုံးယောက်ဘယ်လိုပေါ်ထွက်ခဲ့သလဲ❓
ဇာတ်လမ်းအရ သိပ္ပံပညာရှင် Professor တစ်ယောက်က Sugar ,Spice & အခြားကောင်းမွန်တဲ့ ဓာတ်တွေကိုရောစပ်ပြီး ပြီးပြည့်စုံတဲ့မိန်းခလေးငယ်တွေကို ဖန်တီးဖို့ကြိုးစားခဲ့တယ် 💃 ဒါပင်မယ့် မတော်တဆ chemical X ဆိုတဲ့ ဓာတ်ပစ္စည်းတစ်ခု ရောနှောသွားရာကနေ ထူးခြားတဲ့စွမ်းအားတွေနဲ့ မိန်းခလေးသုံးယောက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ် ⚡ သူတို့တစ်ဦးချင်းစီမှာ မတူညီတဲ့ စရိုက်နဲ့အရောင်တွေ ကိုယ်စီရှိကြတယ် 👸
ပန်းရောင် (Blossom)- သူကအဖွဲ့ရဲ့ခေါင်းဆောင်၊ အမြော်အမြင်ရှိတယ်၊စာတော်တယ် ၊စည်းကမ်းကြီးတယ် သူရဲ့ထူးခြားတဲ့စွမ်းအားက ရေခဲမှုတ်ထုတ်နိုင်ခြင်းလို့ခေါ်တဲ့ Ice Breath ဖြစ်တယ် 💨
Bubbles(အပြာရောင်)- အဖွဲ့ထဲမှာတော့ ချစ်စရာအကောင်းဆုံးနဲ့အနူးညံဆုံး ။ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးပြီး ဘာသာစကားမျိုးစုံ ပြောနိုင်တဲ့အပြင် စပိန်ဘာသာစကားနဲ့ ရှဥ့်ကလေးတွေရဲ့ စကားကိုပါ နားလည်ပါတယ် 🐿
Buttercup (အစိမ်းရောင်): အဖွဲ့ထဲမှာ အကြမ်းဆုံးနဲ့ အတိုက်ခိုက်အတော်ဆုံး "Tomboy" ပုံစံ။ သူကတော့ တခြားနှစ်ယောက်လို ထူးခြားတဲ့ စွမ်းအားသီးသန့် မရှိပေမဲ့ ခွန်အားအကြီးဆုံး တိုက်ခိုက်ရေးသမား ဖြစ်ပါတယ် 💪
သူတို့ဟာ Townsville ဆိုတဲ့မြို့လေးကို ရန်သူတော်
• Mojo Jojo: ပါရမီရှင် မျောက်ဝံဆိုး 🐵 (Professor ရဲ့ အရင်က အိမ်မွေးမျောက်ဖြစ်ပါတယ်)။
• HIM: ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ စွမ်းအားတွေရှိတဲ့ မိစ္ဆာကောင် 👹
• Princess Morbucks: စွမ်းအားမရှိပေမဲ့ ချမ်းသာလွန်းလို့ စွမ်းအားရှင်ဖြစ်ချင်နေတဲ့ သူဌေးသမီးလေး 👰 ဆိုတဲ့သူတွေရဲ့ရန်ကနေ ကာကွယ်ရတယ် ✊
ဒီကာတွန်းဟာ မိန်းကလေးငယ်လေးတွေ ဖြစ်ပေမဲ့ "ကျား/မ ခွဲခြားမှုမရှိဘဲ သတ္တိရှိရှိ တိုက်ခိုက်နိုင်တယ်" ဆိုတဲ့ Female Empowerment ကို ဖော်ပြခဲ့လို့ လူကြိုက်များတယ် 🥰 ပြီးတော့ သူတို့မှာ လက်ချောင်းလေးတွေ မပါဘဲ အရာရာကို ကိုင်တွယ်နိုင်တာဟာလည်း ပရိသတ်တွေကြားမှာ အမြဲပြောစမှတ်ပြုရတဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။
ဒီလိုအဓိပ္ပါယ်ရှိတဲ့ ကာတွန်းဇာတ်ကောင်တွေပါဝင်တဲ့ ဂျေဂျေဘောင်းဘီတွေလိုချင်တယ်ဆိုရင် Nyo Mar Win(ချုပ်ထည်ပင်ရင်း)ကို အခုပဲ လှမ်းလာခဲ့လိုက်ပါ 🚴 ကိုက်ဖြတ်/ အလိပ်တွဲများလည်း လိုသလောက်ရနိုင်ပါတယ်ရှင့် 🥳
ညိုမာဝင်း ဂျေဂျေဘောင်းဘီ
ချုပ်ထည်ပင်ရင်း နှင့် လက်ကားဖြန့်ချိရေး
ရန်ကုန် သဃန်းကျွန်း
09 420 771 721
#ဂျေဂျေဘောင်းဘီ #အထည်လက်ကား #ကာတွန်းဘောင်းဘီ #ဂျေဂျေ #ခလေးဝတ် #ချုပ်ထည်ပင်ရင်း