30/10/2022
mini travell bag (25,000 MMK)
အိတ်မျက်နှာစာအကျယ် 11"
ဘေးအကျယ် 4.4"
အမြင့် 8.4"
-ပျော့တာကြိုက်လား မာတာကြိုက်လား (ပိတ်အိတ်လေးတွေပြောပါတယ်😁)
-သဘာဝအရတော့ ပိတ်နဲ့ချုပ်တဲ့အိတ်လေးတွေကို လက်နဲ့ပဲချုပ်ချုပ် စက်နဲ့ပဲချုပ်ချုပ် အရမ်းနူးညံတဲ့ ပိတ်စလေးတစကိုင်လိုက်ရသလို ချစ်သူ့ပါးလေးကိုထိလိုက်ရသလို နူးညံ့ပျော့အိနေတဲ့ခံစားချက်မျိုးလေးရတာကိုပိုသဘောကျပါတယ်။
-နောက်တချက်က ပိတ်နဲ့ချုပ်ထားတဲ့အတွက် ပေါ့ပါးတယ် မသုံးတဲ့အချိန်အလွယ်တကူခေါက်သိမ်းထားလို့ရလို့ နေရာလည်းမယူဘူး။
အဲ့ဒါကြောင့်
-မေမေတို့ ကလေးအသုံးအဆောင်တွေဖြစ်တဲ့ အနှီး၊Diaper၊နို့ဘူး၊အဝတ်အစား တွေကို တစုတစည်းထဲ ထည့်ပီးပဲသယ်သွားမလား
-ပျိုပျိုတို့ ဝတ်စုံ 3/4 စုံနဲ့ လှလှပြင်ဖို့ cosmetic တွေ မျိုးစုံထည့်ပီးပဲ ကိုင်မလား
-Gym သွားမလား
-ရေကူးကန်သွားမလား
-ကြိုက်သလိုသုံးလို့ရမယ့် travell bag အသေးစားလေးပါလို့။
-ဂျင်းချည်သားနဲ့ ခိုင်ခံသပ်ရပ်စွာ ချုပ်လုပ်ထားလို့စိတ်ကျေနပ်စေမှာပါ။
-စျေးနှုန်းကတော့ သုံးတဲ့ပစ္စည်းပေါ်မူတည်ပြီး 25,000 နှင့် အထက်ပါရှင့်။
-လိုအပ်ခဲ့ရင်အားပေးနိုင်ပါတယ်ရှင့်။
-နှစ်သက်ရာပိတ်စနှင့် design ပေးပြီးလည်း အပ်နှံနိုင်ပါတယ်။
-ဒီdesign အတိုင်းလိုချင်သေးရင် တလုံး ရပါမယ်ရှင့်။
-မာတာတောင့်တာမှလိုချင်တယ်ဆိုခဲ့ရင်လည်း လိုချင်တဲ့ပုံစံကိုပြောပီး orderလို့ရပါတယ်။
-ချစ်ခင်အားပေးမှူတွေအတွက် အများကြီးကျေးဇူးတင်ပါတယ်။😍😍😘