28/01/2024
ခဏတာ အတွေး(သို့) ဘဝရဲ့သင်ခန်းစာ💐
ခိုလေးတွေကိုအစာကျွေးနေရင် 🕊️
စိတ်ထဲအတွေးလေးတစ်ခု ဖျတ်ခနဲဝင်လာတယ်
အော်... ငါကလဲပျော်ရွှင်မှုကိုလိုအပ်တဲ့
လူတစ်ယောက်ပါလား
Bar, Club မှာပျော်ပါးမနေတတ်ခဲ့ပါလား... 💃🕺
နောက်လှည့်မကြည့်ဘဲ ကိုယ်လုပ်ချင်ရာလုပ်လိုက်မယ်ဆိုတဲ့စိတ် တစ်ခါဖူးမှမတွေးခဲ့ဖူးပါလား... 💫
သူတစ်ပါးနာကျင်ရင် နာကျင်ပါစေ
ငါပျော်ရင်ပြီးရောဆိုပြီး သူတပါးခံစားချက်၊😌😌
သူတပါးဘဝကို မဖျတ်ဆီးခဲ့ဘူးပါလား ☺️☺️
(ခောတ်စကား - ပလေးခြင်း)
သူတစ်ပါး မျက်နှာလေးကိုယ့်ကြောင့်နဲ့ ညှိုးသွားမှာတောင် စိုးရိမ်တတ်ခဲ့တဲ့ငါ၊ ပတ်သတ်မိတဲ့လူတိုင်းအပေါ် စိတ်ရင်းနဲ့ ရိုးသားစွာဆက်ဆံခဲ့တဲ့ငါ၊
လူတိုင်းအပေါ် ယုံကြည်မှုအပြည့်ပေးပြီး ကိုယ့်ထက်သာရင်သာပါစေ ဝမ်းသာပေးတတ်ခဲ့တဲ့ငါ၊
အမျိုးမျိုးသောထိုးနှက်မှုတွေ ...
အမျိုးမျိုးသောလှည့်စားခံရမှုတွေ ...
အမျိုးမျိုးသောစိတ်ပျတ်ဖွယ်လုပ်ရက်တွေ...
ငါ့အပေါ်လုပ်ရက်ကြတာ သိမြင်လာရတဲ့အခါ😌
အခုချိန်မှာ မထင်မှတ်လောက်အောင်
ငါ့ရဲ့ နှလုံးသားက နာကျင်လွန်းလို့ ထုံကျင်နေပြီ
ငါ့ရဲ့ ဦးနှောက်က ဘယ်သူ့ကိုမှ မယုံတော့ဘူး
ငါ့ရဲ့ ခန္ဓာကိုယ်က စက်ရုပ်လို အသက်မဲ့စွာလှုပ်ရှားလာနေပြီ
ငါ့ရဲ့ အပြုံးတွေက အသက်မဲ့နေသလို
ငါ့မျက်လုံးတွေက သံသယတွေများလာနေပြီ
အခုလိုဖြစ်တည်လာတဲ့ ငါ့ကိုယ်ငါပြန်ကြည့်ပြီး
မယုံနိုင်လောက်အောင်ဖြစ်ခဲ့တယ်
ငါ့စိတ်ရင်းအမှန် ငါ့ပုံစံအမှန်က
ခိုလေးတွေလို အပူအပင်မရှိအရိုးသားဆုံး
လွတ်လပ်စွာ ပြန်သန်းချင်ခဲ့တာ
နောက်ဆုံးတိုးတိုးလေးရေရွတ်မိတယ်
ခိုလေးတွေရေ မင်းတို့ရဲ့ရိုးရှင်တဲ့ဘဝလေးကို
ငါအားကျလိုက်တာ....🕊️🕊️