ရွှေချိန်ခွင် - Online Shop

ရွှေချိန်ခွင် - Online Shop Online Shop

ကျေးဇူးပါ...ဖေဖေ 👴တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကြိုးစားရင်း သားသမီးတွေအားလုံးအတွက် အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်...
18/06/2023

ကျေးဇူးပါ...ဖေဖေ 👴

တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကြိုးစားရင်း သားသမီးတွေအားလုံးအတွက် အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အလျှံ ပေးခဲ့လို့...🥰

ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အဖေများနေ့မှာ ကမ္ဘာပေါ်က ဖခင်တိုင်း နဲ့ တကွ မိသားစုတိုင်း ချစ်ခြင်းမေတ္တာတွေ နဲ့ ပျော်ရွှင်မှုတွေကို အပြည့်အဝ ခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်...


လမ်းပျောက်နေပြီ 😌
17/06/2023

လမ်းပျောက်နေပြီ 😌

💙💙💙
11/06/2023

💙💙💙

11/06/2023

☢☢ ပန်ကာ အသစ်လေးတွေပါရှင့် ☢☢
ပေါ့ပေါ့ပါးပါးနဲ့ လေအားကောင်းကောင်းလေးတွေ ရွေးတင်ပေးထားပါတယ် 😍

👉ကြိုက်တာလေးတွေ့ရင် စျေးလေးမေးပြီးအားပေးနိုင်ပါတယ်ရှင့် 🤗

✅Electronics ပစ္စည်းများလက်လီလက်ကား ဝယ်ယူရရှိနိုင်ပါတယ်...

✅မြို့နယ်အသီးသီးငွေကြိုလွှဲစရာမလိုပဲအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါပြီ...

မော်ကျွန်းမြို့ကဆိုရင် 👇👇

🟡အမှတ်(၄၂)၊၁၄လမ်း၊(၆)ရပ်ကွက်

💛 သန်းနိုင် - လျှပ်စစ် ဆိုင်တွင် 💛

လာရောက်ဝယ်ယူရရှိနိုင်ပါတယ်ရှင် 🙏🏻

🟡 လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါတယ်

အသေးစိတ်သိရှိလိုပါက ☎️09971797602 or cb💬မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်🙏





#သန်းနိုင်လျှပ်စစ်

🙏 အားလုံး ဘေးရန်ကင်းပါစေ 🙏🌹ကိုယ်လည်း ကျန်းမာပါစေ၊🌹စိတ်လည်း ချမ်းသာပါစေ၊🌹ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊🌹ဒေါသခပ်သိမ်း ငြိမ်း...
14/05/2023

🙏 အားလုံး ဘေးရန်ကင်းပါစေ 🙏

🌹ကိုယ်လည်း ကျန်းမာပါစေ၊
🌹စိတ်လည်း ချမ်းသာပါစေ၊
🌹ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
🌹ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
🌹ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
🌹နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

💥 သတိထားဖို့လိုပါပြီ 💥မြန်မာနိုင်ငံကိုဖြတ်ကျော်၀င်ရောက်တော့မည့်ဆိုင်ကလုန်းMOCHAယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၅၉ နာရီ...
11/05/2023

💥 သတိထားဖို့လိုပါပြီ 💥

မြန်မာနိုင်ငံကိုဖြတ်ကျော်၀င်ရောက်တော့မည့်

ဆိုင်ကလုန်းMOCHAယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၅၉ နာရီတွင်ရောက်ရှိနေသည့်အနေအထား။

မုန်တိုင်း

လမ်းကြောင်းရောက်ရှိနေရာပြပုံLive ကိုအောက်ပါ linkတွင်ကြည့်ရှုနိုင်ပါသည်။

https://zoom.earth/maps/wind-speed/ =11.7,93.9,4.94z/model=gfs

😒 သရုပ်ဆောင် အကောင်းဆုံးဆု 😒
09/05/2023

😒 သရုပ်ဆောင် အကောင်းဆုံးဆု 😒

မိဘတွေကိုထောက်ပံ့ချင်တယ် ချစ်ရတဲ့သူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တယ်။ကိုယ့်ပိုင်တဲ့အရာတွေနဲ့ပဲ စိတ်ချမ်းချမ်းသာသာလေးနေထို...
08/05/2023

မိဘတွေကိုထောက်ပံ့ချင်တယ်
ချစ်ရတဲ့သူတွေရဲ့ဆန္ဒကို
ဖြည့်ဆည်းပေးချင်တယ်။

ကိုယ့်ပိုင်တဲ့အရာတွေနဲ့ပဲ
စိတ်ချမ်းချမ်းသာသာလေး
နေထိုင်ချင်တယ်။

ဘယ်သူ့ကိုမှ စိတ်ပင်ပန်းမူမပေးသလို
ကိုယ့်ကိုစိတ်ပင်ပန်းမူပေးတဲ့သူတွေကို
တတ်နိုင်သမျှ ရှောင်ပါတယ် ။

အကောင်းဆုံးကြိုးစားနေတဲ့အတွက်ကြောင့်
မိဘတွေကို လိုလေးသေးမရှိ
ထားနိုင်တဲ့ အခြေအနေအထိ
ကျွန်တော် ချမ်းသာချင်ပါသေးတယ်။

  #လက်ကိုင်ပန်ကာ #ခေါက်ပန်ကာ  #12လက်မsolarပန်ကာ🟡လက်ကိုင်ပန်ကာများ၊ခေါက်ပန်ကာများ၊ Portable ပန်ကာများ ၊ ၁၂ လက်မ Solar ပန်...
05/05/2023


#လက်ကိုင်ပန်ကာ
#ခေါက်ပန်ကာ

#12လက်မsolarပန်ကာ

🟡လက်ကိုင်ပန်ကာများ၊ခေါက်ပန်ကာများ၊ Portable ပန်ကာများ ၊ ၁၂ လက်မ Solar ပန်ကာ တံဆိပ်အမျိုးမျိုး ဝယ်ယူလို့ရပါပြီရှင်

🟡 လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါတယ်...
🟡 မြို့နယ်အသီးသီးငွေကြိုလွှဲစရာမလိုပဲအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါပြီ။

အသေးစိတ်သိရှိလိုပါက ☎️09971797602 or cb💬မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်🙏




📖"အိုဇာတာ ကောင်းလိုလျှင်"📖 မာနများကို ခဝါချ ပြီးနူးညံ့မှုများနဲ့ အစားထိုးပါ။📖 ဆုပ်သောလက်များလွှတ်ချ ပြီးဖြန့်သောလက်ဖြင့်...
04/05/2023

📖"အိုဇာတာ ကောင်းလိုလျှင်"

📖 မာနများကို ခဝါချ ပြီး
နူးညံ့မှုများနဲ့ အစားထိုးပါ။

📖 ဆုပ်သောလက်များလွှတ်ချ ပြီး
ဖြန့်သောလက်ဖြင့်ကြိုဆိုပါ။

📖 အပိုကိစ္စ‌လျှော့ချ ပြီး
ဘာသာရေးကို အလေးပေးဆောင်ရ္ဂက်ပါ။

📖 တကိုယ်ကောင်းဆန်မှုကိုကျောခိုင်းပြီး
မျှတစိတ်ဖြင့် တည့်မတ်ပါ။

📖 စွက်ဖက်မှုများ လစ်လျူ ရှုပြီး
စကားနည်း၍ တရားမြဲပေးပါ။

📖 မျက်မှန်စိမ်းများခွါချ ပြီး
အကောင်းမြင်ရှုထောင့်မှ သုံးသပ်ပါ။

📖 စိတ်ပင်ပန်းစေမယ့် အရာအားလုံးကို
ရဲဝံ့ခိုင်မာစွာ စွန့်လွှတ်ပါ။

📖 ဟန်ဆောင်ခြင်းတွေ ဝေးကွာစေပြီး
လွတ်လပ်စွာ ပြုံးရွှင်ပါ။

📖 တွန့်တိုမှုများ ချေဖျက်ပြီး
သဒ္ဓါတရားများစွာနဲ့ အသက်ရှင်ပါ။

📖 အတိတ်ဟောင်းများ မေ့ပစ်ပြီး
အနာဂတ်ကောင်းကို မျက်နှာမူပါ။

📖 ကုသိုလ်များနဲ့ခြုံလွှမ်းထားသော
ဘဝကို ကျေနပ်ပီတိဖြစ်ပေးပါ။

📖 အကောင်းဆုံးကုသိုလ်ကို ပြန်တွေး၍
ကုသိုလ်သွေး နွေးပါစေ။

📖 သို့မှ သာ
အိုပယ်ဘဝ မကျရောက်စေပဲ
အို ကြွယ် အလှများဖြင့်
ဘဝဆည်းဆာချိန်ကို ကျက်သရေရှိစ္ဂာ
တင့်တယ်လှပစေတော့မှာပါ။

* #အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
🙏🙏🙏

အဆိပ်ကို ပိုက်ဆံပေးကာသောက်နေကြရတဲ့ဘဝများဘာအသီးအနှံမှမဝယ်ဘဲ အချိုရည်ထုတ်နေကြတဲ့ မြန်မာပြည်က စက်ရုံများနောက်ကွယ်တစ်ခါက ကျန...
04/05/2023

အဆိပ်ကို ပိုက်ဆံပေးကာသောက်နေကြရတဲ့ဘဝများ

ဘာအသီးအနှံမှမဝယ်ဘဲ အချိုရည်ထုတ်နေကြတဲ့ မြန်မာပြည်က စက်ရုံများနောက်ကွယ်

တစ်ခါက ကျနော့်မိတ်ဆွေတဦး လာတိုင်ပင်ပါတယ် အချိုရည်ထုတ်ရောင်းဖို့ အရင်းနီးနဲနဲနဲ့ အမြတ်များများကျန်တဲ့လုပ်ငန်းတဲ့၊ သူပြောပြတာက ရေကို ဓာတုဗေဒအချိုခဲ၊ အချဉ်ခဲတွေနဲ့ ဖျော်မယ်၊ ပြီးရင် အရောင်ထည့်မယ်၊ နောက်အနံ့ထည့်မယ်၊ ပါကင်ဘူးလှလှလေးနဲ့ဈေးကွက်မှာ ဖြန့်လိုက်ရင် ခဏလေးနဲ့ ချမ်းသာသွားနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြပြီး ကျွန်တော့်ကို အကျိုးတူလုပ်ဖို့ စည်းရုံးခဲ့တယ်။

နမူနာလည်း လုပ်ပြခဲ့ပါတယ်၊ ဆေးသကြားနဲ့ အချဉ်ခဲနဲ့ဖျော်တယ် ပြီးရင် အဝါမှုန့်နဲ့ရောဖျော်တယ်၊ ပြီးရင်ဆေးပုလင်းလေးနဲ့ လိမ္မော်နံထည့်ပြီး ရောမွှေလိုက်တယ်၊ ထူးခြားတဲ့ လိမ္မော်ရနံနဲ့အရသာရှိတဲ့ လိမ္မော်ရည်ပေါ့ဗျာ၊ သူက သောက်ကြည့်ခိုင်းတယ်၊ ကျွန်တော်က သောက်ကြည့်တာ တကယ့်လိမ္မော်ရည်အစစ်အတိုင်းပါဘဲ။

ပြီးတော့ ဒီလိမ္မော်ရည်ကို ကြာရှည်ခံအောင် ဖော်မလင်ထည့် ပုလင်းလှလှ ပါကင်လှလှပိတ်ပြီးရောင်းလိုက်ရင် ရှယ်ဘဲတဲ့၊ တော်လိုက်တာဗျာ၊ သူက ဘယ်လိုလဲ သူနဲ့အကျိုးတူလုပ်မလားလို့ ကျွန်တော့်ကို မေးပါတယ်၊ ကျွန်တော် စဉ်းစားပါတယ် ဒီလိုလိမ္မော်ရည်အတု၊ အခြားအချိုရည်အတုတွေကို ထုတ်လုပ်ပြီးရောင်းရင် သောက်သုံးသူတွေ အန္တရာယ်ဖြစ်နိုင်တယ်၊ ကိုယ်တွေတော့ စီပွားဖြစ်နိုင်တယ်။

လုပ်သင့် မလုပ်သင့် စဉ်းစားရင်း မလုပ်သင့်တဲ့ဘက်ကို ဆုံးဖြတ်မိပါတယ်၊ သူက ကျွန်တော့်ကို သူတတ်ထားတဲ့ chemical ပညာနဲ့ ချမ်းသာစေချင်တာပေါ့၊ ကျွန်တော်ကတော့ ကိုယ်ချမ်းသာပြီး သူများဒုက္ခရောက်မည့် အတွေး၊ အကြံ၊ အပြော၊ အလုပ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အကျိုးတူမလုပ်နိုင်ကြောင်း ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ သူ့ရဲ့နည်းပညာများပြန့်ပွားပြီး ဈေးကွက်ထဲမှာ အချိုရည်ပေါင်းစုံကတော့ တောင်ပုံယာပုံပါဘဲ၊ အချိုရည်စက်ရုံတွေသွားစောင့်ကြည့် ဘာလိမ္မော်၊ ဘာသံပုရာ၊ ဘာအသီးမှ အထဲကိုသွင်းတာ မတွေ့ရသလို၊ ဘယ်နေရာမှာမှ စက်ရုံတွေက အသီးအနှံဝယ်တာ မတွေ့ရပါဘူး၊ အဲအချိုရည်စက်ရုံ တွေမှာ အလုပ်ဆင်းဘူးသူတိုင်း သိပါတယ်။

အဲဒါတွေသောက်ပြီး ခလေးတွေမှာ အသဲ၊ ကျောက်ကပ်တွေ ပျက်ဆီး၊ ဆီးချို၊ သွေးတိုးတွေ ဖြစ်နေကြတာလည်း အမြင်ပါဘဲ၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်နော် အချို့ကလေးတွေ အဲဒီအချိုရည်တွေ မသောက်ကြဘူး၊ သူတို့ မိဘတွေကလည်း ဝယ်မတိုက်ကြဘူး၊ အဲဒါကြောင့် ဘယ်ကလေးတွေက ပိုကျန်းမာနေလည်း ပတ်ဝန်းကျင်ကို လေ့လာရင်သိနိုင်ပါတယ်။

Credit (ကိုကိုမောင်)
source အလင်းရောင်

December 24, 2022 by ShweKhit
Credit.
ပြန်လည်မျှဝေသည်။

🙏🏻 ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ 🙏🏻_____________________________၁။  ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်န...
03/05/2023

🙏🏻 ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ 🙏🏻
_____________________________

၁။ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် စပ်လျဉ်း၍
(၁) ဗျာဒိတ် ခံယူတော်မူသောနေ့
(၂) ဖွားမြင် တော်မူသောနေ့
(၃) ဘုရားဖြစ် တော်မူသောနေ့
(၄) ပရိနိဗ္ဗာန်စံ တော်မူသောနေ့
ဤထူးခြားချက် လေးမျိုးနှင့် ပြည့်စုံနေပါသည်။
ထို့ကြောင့် ဤနေ့ကို 'ကဆုန်လပြည့် ဗုဒ္ဓနေ့' ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ကို 'ကဆုန်လပြည့် မာရ်အောင်နေ့' အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍ နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ 'ဝိဆခ်ဒေ' ဟုခေါ်ဆိုကြပါသည်။ ဝ်သာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း၊ ဖွားဘက်တော် ခုနှစ်ပါးတွင် စားရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤသို့ မြတ်စွာဘုရားနှငိ့ တိုက်ရိုက်ဆက်စပ်နေသည့် ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသောအကျိုးကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်း အကျိုးများကို ခံစားရကြောင်း (ထေရပါဒါန်) ကျမ်းဂန်၌ ဟောကြားထားကာသည်။

၈။ အထက်ပါအကြောင်းအရာကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿဿ စေတီတော်များကို
အနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းပ၍ ကုသိုလ်ထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန၊သီလ၊ ဘာဝနာအမှုကိုပြုလုပ်၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အထူးဆင်နွှဲကြပါသည်။

မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို
(၁) ပွင့်ရာဗောဓိပင်အားရည်မှန်းခြင်း
(၂) ရေပြတ်ချိန်မှာ မညှိုးနွမ်းစေလိုခြင်းဟူသော အကြောင်းနှစ်မျိုးဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

🙏🙏🙏

Address

Lanmadaw 12 Street
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 17:00

Telephone

+959785659499

Website

Alerts

Be the first to know and let us send you an email when ရွှေချိန်ခွင် - Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေချိန်ခွင် - Online Shop:

Shortcuts

Share

Category