Lone Lone - လုံးလုံး

Lone Lone - လုံးလုံး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lone Lone - လုံးလုံး, Yangon.

25/12/2025
လောကမှာ ဘယ်အရာမှ အလကား မရကြောင်းဆီပေးလို့ ဆန်ရကြောင်း အမကြီးဟုန်မှ တကွက်ပြ 🤣
11/07/2025

လောကမှာ ဘယ်အရာမှ အလကား မရကြောင်း
ဆီပေးလို့ ဆန်ရကြောင်း
အမကြီးဟုန်မှ တကွက်ပြ 🤣

ယောင်္ကျားတွေ ကောင်းတယ်၊ မကောင်းဘူးနဲ့ အပြန်အလှန် ပို့စ်တွေတင်နေကြတာငါ့ယောင်္ကျားကတော့ ငါ့အပေါ်ကောင်းတယ်နင်တို့ယူမယ့်ယော...
09/07/2025

ယောင်္ကျားတွေ ကောင်းတယ်၊ မကောင်းဘူးနဲ့ အပြန်အလှန် ပို့စ်တွေတင်နေကြတာ

ငါ့ယောင်္ကျားကတော့ ငါ့အပေါ်ကောင်းတယ်
နင်တို့ယူမယ့်ယောင်္ကျားက ကောင်းကောင်း ဆိုးဆိုး ယူချင်ယူ မယူချင်နေ

မိန်းမတွေ ကောင်းလားဆိုတော့
ငါတော့ 100% မကောင်းဘူး ဆိုးတယ်
နွဲ့ဆိုး ကိုကို့အပေါ်မှာ 🤣

 #မုန့်ပေါင်းမုန့်ပေါင်းဆိုရင် ကိုယ့်အဒေါ်အပျိုကြီးတွေ လုပ်တဲ့ မုန့်ပေါင်းထက် စားကောင်းတဲ့ မုန့်ပေါင်းမျိုး မစားဖူးသေးဘူ...
07/07/2025

#မုန့်ပေါင်း

မုန့်ပေါင်းဆိုရင် ကိုယ့်အဒေါ်အပျိုကြီးတွေ လုပ်တဲ့ မုန့်ပေါင်းထက် စားကောင်းတဲ့ မုန့်ပေါင်းမျိုး မစားဖူးသေးဘူး

ပြောရရင် အဒေါ်တွေက မုန့်ပေါင်းလုပ်ရောင်းတယ် ၁၂လရာသီ မရောင်းဘူးနော်၊ လေတိုက်ရင် မုန့်သားကြမ်းတတ်လို့ မုန့်ပေါင်းရာသီမှာပဲ လုပ်ရောင်းတယ်၊ အဲ အိမ်လယ်ကထွက်တဲ့ ဆန်ကုန်သွားရင်လဲ မရောင်းဘူး၊ သူတို့က အိမ်ကဆန်ကို ကိုယ်တိုင် မောင်းဆုံ‌နဲ့ထောင်း ရလာတဲ့မုန့်သားလေးကို အင်တုံကြီးထဲထည့်သိပ်၊ မုန့်လုပ်ပြီဆိုမှ မုန့်သားနုနုလေးကို ပါးပါးလေး ခြစ်ပြီး ပေါင်းတာ၊ အထဲကတော့ အညာဒေသအကြိုက် ထန်းလျက်ခဲကို ထု ထည့်တာပေါ့

ပူပူနွေးနွေး နုနုအိအိလေးနဲ့ စားလို့ကောင်းချက်
ကိုယ့်အဒေါ်အပျိုကြီးတွေ လက်ရာ လွမ်းသပါ့

တစ်နှစ်တစ်ခါ အိမ်ပြန်ရင်တောင် မုန့်ပေါင်းရာသီနဲ့ကြုံမှ စားရတာဗျို့
လွမ်းလို့ ကြုံရာ ဝယ်စားရင်လဲ မုန့်သားကြမ်းပြီး စားရတာ နင်လို့ မစားရတာလဲ ကြာပေါ့
ထပ်ဆောင်းပြောရရင် ဈေးကလဲ ချိုသဗျ တစ်ခုမှ ၂၀၀/၃၀၀/၄၀၀ ရှိတာ အတိအကျတော့မမှတ်မိတော့ဘူး ဈေးတတ်ရောင်းဖို့ပြောတာတောင် ကလေးတွေမုန့်ဖိုးနဲ့ ဝယ်စားနိုင်အောင်မို့တဲ့လေ

တစ်ရွာတစ်ပုဒ်ဆန်းအညာမှာ ဈေးဝယ်ရင် တပိဿဈေးပြောကြတယ်အနည်းဆုံး အစိတ်သားကနေ စ,ရောင်းကြတာအချို့ဒေသမှာ တစ်ဆယ်သားဈေး ပြောကြတယ်တ...
13/06/2025

တစ်ရွာတစ်ပုဒ်ဆန်း

အညာမှာ ဈေးဝယ်ရင် တပိဿဈေးပြောကြတယ်
အနည်းဆုံး အစိတ်သားကနေ စ,ရောင်းကြတာ
အချို့ဒေသမှာ တစ်ဆယ်သားဈေး ပြောကြတယ်
တစ်ဆယ်သားကနေ စ,ရောင်းကြတယ်
{အညာမှာ စားအိုးကြီးတယ်လေ မိသားစုနည်းရင်တောင် မိန်ရာဟင်းကောင်းဆိုသလိုပဲ အိမ်နီးချင်း ရပ်ဆွေရပ်မျိုးက ထမင်းပန်းကန်ကိုင်လာရင် အုပ်ဆောင်းအောက်မှာ ဘာဟင်းရှိတယ် စားသွားပြောကြတာ အသားဟင်းဆို အနဲဆုံး 50သားလောက်ချက်ကြတယ်)

အညာမှာ ပဲ ဝယ်ရင် တစ်ပြည်၊ တစ်ဗူး ပြောတယ်
အချို့ဒေသမှာ တစ်ပိဿ၊ တစ်ဆယ်သား အချိန်နဲ့ ရောင်းတယ်
{အချို့နေရာတွေ နို့ဆီဗူး ၁ဗူး၊ ၂ဗူးကို ၁ပုံး၊ ၂ပုံး ခေါ်ကြသေး}

အညာမှာ အစုံသုပ် ဆို သင်္ဘောသီး၊ ခါကြက်ဥ၊ အရွက်စုံ ကို အာလူးစီးစီး ဆီချက်လေးနဲ့ သုပ်ပြီး ကုလားပဲခြမ်းကြော်လေး အပေါ်ကဖြူး {မစားရတာကြာလို့ လွမ်းတောင်လာပြီ}

အညာမှာ မုန့်တီကို အချို့ဒေသမှာ နန်းကြီးသုပ် ခေါ်ကြသလို
ဂျုံလုံးကို နာနာရိုက် ပါးနေအောင်ပြားပြီး လေးထောင့်ဖြစ်အောင် ဘေးအနားတွေခေါက်ပြီးကြော်တာကို ပလာတာလို့ ခေါ်ပြီး
ဂျုံလုံးကို နာနာရိုက် ခွေပြီး ပြန်ပြားပြီးကြော် {မုန့်သားအထပ်ထပ်လေးဖြစ်နေတာကို} ထပ်တရာလို့ ခေါ်ကြတယ်
ဒီနှစ်မျိုးကတော့ အခုထိ ငြင်းလို့ ကောင်းကြတုန်းပေါ့

ကိုယ်တွေကတော့ ဘယ်အရပ်ဘယ်ဒေသရောက်ရောက် သူ့ဇာတ်နဲ့သူ့အရပ် အဆင်ပြေသလို နေတတ်နေ‌ပါပြီ

သို့ပေသိ ရံဖန်ရံခါတော့ အညာကို လွမ်းမိတာပေါ့လေ

ပေးပါတယ်

မြင်ပါများပြီး ရိုးသွားတဲ့ထဲမှာပိုက်ဆံတော့ မပါခဲ့ဘူးငွေစက္ကူအနေနဲ့ပဲ မြင်ရ မြင်ရကိန်းဂဏန်းတွေနဲ့ပဲ မြင်ရ မြင်ရတစိမ့်စိမ့...
11/06/2025

မြင်ပါများပြီး ရိုးသွားတဲ့ထဲမှာ
ပိုက်ဆံတော့ မပါခဲ့ဘူး

ငွေစက္ကူအနေနဲ့ပဲ မြင်ရ မြင်ရ
ကိန်းဂဏန်းတွေနဲ့ပဲ မြင်ရ မြင်ရ

တစိမ့်စိမ့်ကြည့်ပြီးကို စိတ်ချမ်းသာနေရော 😁


လောလောဆယ်တော့ ဓာတ်ပုံတောင် သူများဟာ 🤣

Social ပေါ် ခဏတိုင်း တတ်လာလို့ ဝေဖန်လေကန်လိုက်ဦးမယ် #သီဟဦး မိဘပေါ်လဲ မလိမ္မာအိမ်ထောင်ဦးစီးကောင်းလဲ မဖြစ်ပေမယ့်မိန်းမတော့...
03/06/2025

Social ပေါ် ခဏတိုင်း တတ်လာလို့ ဝေဖန်လေကန်လိုက်ဦးမယ်

#သီဟဦး
မိဘပေါ်လဲ မလိမ္မာ
အိမ်ထောင်ဦးစီးကောင်းလဲ မဖြစ်ပေမယ့်
မိန်းမတော့ ချစ်ရှာသားဆိုပြီး ချီးကျူးနေတာ
အခုတော့ အလကားကောင်ကြီးဖြစ်

#သီဟဦးအမေ
ငါတကော ကောနေပြီး အမှားအမှန် ဖြစ်သင့်မဖြစ်သင့် ဘာမှဝေဖန်မပိုင်းခြား အတ္တကြီးတဲ့သူ

#ခက်ခက်မာ
ချိတ်ချိတ်ချင်းမို့ ချိတ်ကြတာ
ဆယ်ကျော်သက်လူငယ် ဂျွတ်ဆတ်ဆတ်လေးက မပါးနပ်တဲ့အပြင် မဟုတ်မခံပြန်ပြော
"ငါ့ လာလုံးကြီးတင်လို့ကတော့ ဆံခက်ပစ်လိုက်မယ်" ဆိုတဲ့ မိန်းမ၊ မချစ်သော်လည်း အောင့်မနမ်းတတ်၊ သူလဲဘာထူး မာနတွေ အတ္တတွေနဲ့

နောက်ဆုံးတော့ စိတ်အပန်းဖြေဖို့ကြည့်တဲ့ ပရိတ်သတ်တွေကို ဒေါသ မောဟ ဖြစ်စရာတွေပဲ ပေးတဲ့ ဇာတ်လမ်းတွေပဲ များလာတယ်

#အမုန်းမြစ်

30/05/2025

အေးလေ ဒူးရင်းသီးဆို တော်သေး

25/05/2025

ဒီနေ့ ရာသီဥတုနဲ့ အလိုက်ဖက်ဆုံး 🤤

#ကြာဇံဟင်းခါး #စားကြပါဦး #ဟင်းချက်နည်း

Address

Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959256406405

Website

Alerts

Be the first to know and let us send you an email when Lone Lone - လုံးလုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lone Lone - လုံးလုံး:

Shortcuts

Share