ဖက်တီးရဲ့တစ်နေ့တာ

ဖက်တီးရဲ့တစ်နေ့တာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဖက်တီးရဲ့တစ်နေ့တာ, Yangon.

ဒီကောင်ကြီးရဲ့ နာမည်က ဖက်တီးတဲ့။ကံကြုံလို့မွေးဖြစ်တဲ့ကလေးလို့ ပြောရမှာပေါ့....Admin မူးမူးနဲ့ ငါ့အိမ်ပို့လိုက်ဆိုပြီး မွ...
03/09/2025

ဒီကောင်ကြီးရဲ့ နာမည်က ဖက်တီးတဲ့။

ကံကြုံလို့မွေးဖြစ်တဲ့ကလေးလို့ ပြောရမှာပေါ့....
Admin မူးမူးနဲ့ ငါ့အိမ်ပို့လိုက်ဆိုပြီး မွေးစားလိုက်တာဆိုလည်း ဟုတ်တယ် 😆

သူ့အရင်နာမည်ကတော့ ဝတုတ်လို့ သူ့အရင်မွေးမိခင်ကတော့ ပြောရှာပါတယ်။

ကိုယ်ကတော့ ဖက်တီးလို့ခေါ်ရတာကြိုက်လို့ ဖက်တီးလို့ကိုခေါ်တာ....

ဒီပုံက အိမ်ကို စရောက်လာတဲ့ပုံနော် 🙄
အခု အဲ့ပုံ မဟုတ်တော့ဘူး။

ဒီကောင်ကြီး အိမ်ကို စရောက်လာတုန်းက ဘယ်လိုမှ အနားမကပ်ဘူး။ လူနဲ့ ဝေးအောင်ကိုနေတာ၊ ဝေးဝေးနေတာမှ ကိုယ်က အိမ်ရှေ့မှာဆို သူက အိမ်နောက်က မီးဖိုချောင်ခုံအောက်မှာ သွားနေတာ။

တစ်ခါတလေဆိုရင် အမှိုက်ပုံးနားသွားခွေနေတာ။

မသိရင် သူ့ကိုယ်သူ အမှိုက်ကလေးလို့ ထင်ပြီး သွားနေနေသလိုလို၊ ကိုယ်ကပဲ မခေါ်လို့ မလာရဲသလိုလိုနဲ့ Drama တွေ ချိုးတာ 🙄

အစကတော့ ကိုယ်လည်းနားမလည်ပါဘူး။ ကလေးက လူကြောက်တတ်ရှာတယ်ပေါ့....

အစားစားရင်လည်း ကိုယ်ကြည့်နေရင် မစားဘူး။ ကိုယ်လစ်မှ စားတာ။ စိတ်ထဲ သြော် ကလေးက ငါ့ကို ကြောက်ရှာတာပဲပေါ့ မဆိုးဘူး ဒီကလေး Respect ရှိတယ်လို့တောင် ကြောင်တောင်တောင်နဲ့ တွေးမိသေးတာ။

ကဲ တစ်ပတ်ကြာတဲ့အခါ ဘယ်လိုဖြစ်လာလဲ နောက် post မှာ ပြောပြမယ်။

တကယ်ပါ ပြောမဆုံးပေါင် တောသုံးထောင်ဆိုတာ သူမှ အစစ်။

ဒီ Page ဖွင့်တာကလည်း သူ့အတင်းတွေကို လူသိရှင်ကြား တုပ်ချင်လို့ 😼

ဒါပဲ။

#ဖက်တီး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဖက်တီးရဲ့တစ်နေ့တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share