Scott & Co.

Scott & Co. Established in 2016, Scott & Co. is the bridge towards the new era of the Modern Men of Myanmar.

မင်္ဂလာရှိသော သီတင်းကျွတ်အချိန် အခါသမယမှာစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒများပြည့်ဝပါစေ...
17/10/2024

မင်္ဂလာရှိသော သီတင်းကျွတ်အချိန် အခါသမယမှာစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း Scott & Co. team မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

▪️ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪️ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

ဝါကျွတ်အချိန်ကာလ နီးပြီဆိုတော့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့ လူကြီးမင်းတို့ အနေနဲ့ Wedding Suit ဝယ်ယူတော့မယ်ဆိုရင်  Read...
08/10/2024

ဝါကျွတ်အချိန်ကာလ နီးပြီဆိုတော့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့ လူကြီးမင်းတို့ အနေနဲ့ Wedding Suit ဝယ်ယူတော့မယ်ဆိုရင် Ready to wear, Made to measure နှင့် Bespoke ဆိုပြီး ရွေးချယ်စရာ သုံးမျိုးရှိပါတယ်။

Ready to wear ကို ဆိုင်မှာ ဒါမှမဟုတ် online ကနေ ချက်ခြင်းဝယ်၊ ချက်ခြင်းဝတ်ဆင်နိုင်တာကြောင့် Suit ချုပ်ဖို့ အချိန်မပေးနိုင်တဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။
ခန္ဓာကိုယ်နဲ့ Fit မဖြစ်တာ၊ ကိုယ်လိုချင်တဲ့ ပိတ်စ quality နဲ့ pattern design ကို စိတ်ကြိုက် မရနိုင်တာ စတဲ့ အားနည်းချက်တွေတော့ရှိပါတယ်။

Made to measure အနေနဲ့ ဝယ်ယူတော့မယ်ဆိုရင် Suit အတွက် ပိတ်စအသား၊ အရောင်၊ ကြယ်သီး၊ Lapel style နဲ့ Pattern design တွေကို ဆိုင်မှာ ရရှိနိုင်တဲ့ Catalogue အတိုင်း မိမိလိုချင်တဲ့ ပုံစံကို ရွေးချယ်လို့ရပါတယ်။
ခန္ဓာကိုယ် အတိုင်းကို ယူပြီး ချုပ်ထားတာဖြစ်လို့ Fit ဖြစ်နေတဲ့ခံစားမှုမျိုးကို ရရှိစေပါတယ်။
အားနည်းချက်အနေနဲ့ Suit ချုပ်ဖို့အတွက် အချိန်ပေးရတာ၊ Readymade suit တွေထပ်စျေးပိုပေးရတာတွေ ရှိပါတယ်။

Bespoke ဆိုတာ “speak for something” ဆိုတဲ့ ဝေါဟာရကနေ လာတာပြီး Unique ဖြစ်တာမှ လိုချင်တဲ့ လူကြီးမင်းတို့အတွက်တော့ အကောင်းဆုံး ရွေးချယ်စရာပါပဲ။
ခန္ဓာကိုယ်တိုင်း အသေးစိပ်ကိုယူပြီး Suit မှာပါဝင်တဲ့ အစိတ်အပိုင်းအကုန်လုံးကို အသေးစိတ် customize လုပ်လို့ရမယ်။
နောက်ပြီး ကန့်သက်ချက်တွေ မရှိပဲ မိမိပုံဖော်ချင်တဲ့ Suit design ကို Tailor နဲ့တိုင်ပင်ပြီးဖန်တီးလို့ရပါတယ်။
Made to measure process ထပ် အချိန်ပိုပေးရပြီး စျေးအကြီးဆုံးပေးရတဲ့ Suit လို့ ပြောမယ်ဆိုရင်မမှားပါဘူး။

Made to measure ကိုမှ World Class Exclusivity လိုချင်တဲ့လူကြီးမင်းတို့အတွက် ကျွန်တော်တို့ Scott & Co. မှာ Cutting ပိုင်းကို British နဲ့ Italian ပေါင်းစပ်ထားတဲ့ ပုံစံပြုလုပ်ထားတာကြောင့် Unique ဖြစ်တဲ့ခံစားမှုမျိုးရရှိစေတဲ့အပြင် Quality မြင့် Materials တွေကို ရွေးချယ် အသုံးပြုထားတာဖြစ်လို့ Luxury တစ်ခုအနေနဲ့ ဘယ်နေရာသွားသွား ယုံကြည်မှုအပြည့်ရှိစေမှာပါ။

▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

သာမန် ဖက်ရှင် accessory တစ်ခုထပ်ပိုတဲ့ အရာတစ်ခု ဟုတ်မဟုတ်ဆိုတာnecktie ဝတ်ထားတဲ့ပုံနဲ့ မဝတ်ထားတဲ့ပုံ ကို ယှဥ်ကြည့်တဲ့အခါ ...
23/08/2024

သာမန် ဖက်ရှင် accessory တစ်ခုထပ်ပိုတဲ့ အရာတစ်ခု ဟုတ်မဟုတ်ဆိုတာ
necktie ဝတ်ထားတဲ့ပုံနဲ့ မဝတ်ထားတဲ့ပုံ ကို ယှဥ်ကြည့်တဲ့အခါ သိသာတဲ့ ပြောင်းလဲမှုကို သတိထားမိမှာပါ။
ပိုပြီးလေးနက်တဲ့ ဟန်ပန်ကိုပြချင်တဲ့ အခါ၊
ဝတ်ထားတဲ့ suit ကိုပိုပြီးထင်ပေါ်အောင် လုပ်စေချင်တဲ့အချိန်၊
professional တစ်ယောက်ပီသစွာပြုမူဖို့အတွက် စွမ်းအားတစ်ခု၊ ဒါတွေအားလုံးအတွက် အဖြေဟာ necktie တစ်ခုမှာရှိနေပါတယ်။

အရည်အသွေးမြင့်တဲ့ Necktie တွေရှာဖွေနေတဲ့ လူကြီးမင်းတို့အတွက် အကောင်းဆုံးရွေးချယ်လို့ရမယ့် နေရာဖြစ်တဲ့ Scott & Co.’s flagship showroom မှာ ဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။

▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်းမှာ လိုက်ပါဝတ်ဆင်တတ်တဲ့ Modern men တွေရဲ့ wardrobeထဲမှာ Black Tuxedo တစ်စုံကတော့အမြဲရှိနေပါတယ...
20/08/2024

ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်းမှာ လိုက်ပါဝတ်ဆင်တတ်တဲ့ Modern men တွေရဲ့ wardrobeထဲမှာ Black Tuxedo တစ်စုံကတော့အမြဲရှိနေပါတယ်။ Timeless ဖက်ရှင်တစ်ခုအနေနဲ့ရှိနေဆဲဖြစ်တဲ့ Black Tuxedos ကို Black Tie event၊ Evening Cocktail Party တွေမှာဝတ်ဆင်ကြတာကို အများဆုံးတွေ့ရမှာပါ။ Suits TV series မှာ Harvey Specter ဇာတ်ကောင်ရဲ့ လေးလေးနက်နက်နဲ့တည်တည်ငြိမ်ငြိမ် စဥ်းစားဆုံးဖြတ်လေ့ရှိတဲ့ Personality ကိုပေါ်လွင်​အောင် Black Tuxedo ကိုဝတ်ဆင်ခဲ့တာကိုတွေ့မြင်ရမှာပါ။
“People respond to how we’re dressed, so like it or not this is what you have to do” ဆိုပြီး Harvey Specter ပြောခဲ့တဲ့စကားအတိုင်း သူ့နေရာနဲ့သူရွေးချယ်ဝတ်စားတတ်ဖို့လည်းအရေးကြီးပါတယ်။
▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

တည်ငြိမ်မှုရှိတဲ့ အသက်အရွယ်တစ်ခုကို ရောက်လာတဲ့ gentleman တိုင်းအတွက် classy look ကိုအကောင်းဆုံးဖော်ဆောင်ပေးတဲ့ pinstripe...
20/06/2024

တည်ငြိမ်မှုရှိတဲ့ အသက်အရွယ်တစ်ခုကို ရောက်လာတဲ့ gentleman တိုင်းအတွက် classy look ကိုအကောင်းဆုံးဖော်ဆောင်ပေးတဲ့ pinstripe suit ဟာလုပ်ငန်းခွင်မှာဝတ်ဆင်ဖို့အတွက် ရွေးချယ်စရာ suit အမျိုးအစားတစ်ခုဖြစ်ပါတယ်။ နောက်ပြီး pinstripe blazers အနေနဲ့ jeans တို့၊ waistcoat တို့ နဲ့တွဲဖက်ဝတ်ဆင်ပြီးတော့လည်း ခေတ်စားနေတဲ့ modern fashion စတိုင်တစ်ခုအနေနဲ့ပါ ပြောင်းလဲဝတ်ဆင်လို့ရပါသေးတယ်။ ဒါကြောင့်မလို့ pinstripe suit တစ်စုံရှိထားရုံနဲ့ လုပ်ငန်းခွင်မှာသာမက wedding သွားမလား၊ special occasions တွေမှာပွဲတက်အနေနဲ့သွားမလား formal အတွက်ကော semi-formal အနေနဲ့ပါ လိုက်ဖက်တဲ့ဖက်ရှင်ကို စိတ်တိုင်းကျပုံဖော်နိုင်မှာဖြစ်ပါတယ်။

▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

Happy Father’s Day to the world’s greatest father, husband, guardian, and companion.
16/06/2024

Happy Father’s Day to the world’s greatest father, husband, guardian, and companion.

မိုးရာသီနဲ့အကိုက်ညီဆုံး ရေစိုခံတဲ့ Wool Fabric အသုံးပြုထားတဲ့ Blazer ကို Pattern နဲ့ပေါင်းစပ်လိုက်တဲ့အခါ ထွက်လာတဲ့ရလဒ်ဟာ...
11/06/2024

မိုးရာသီနဲ့အကိုက်ညီဆုံး ရေစိုခံတဲ့ Wool Fabric အသုံးပြုထားတဲ့ Blazer ကို Pattern နဲ့ပေါင်းစပ်လိုက်တဲ့အခါ ထွက်လာတဲ့ရလဒ်ဟာ လူငယ်ဆန်တဲ့ပုံရိပ်ကို ထင်ပေါ်စေပါတယ်။

အခုလို မိုးလေးတဖွဲဖွဲနဲ့ အေးမြတဲ့ရာသီဥတုရဲ့ Party,Dinner နဲ့ Business Casual ပွဲတွေမှာ ဝတ်ဆင်ဖို့အတွက် အလိုက်ဖက်ဆုံးဖြစ်တဲ့ Blazer တွေကို လူကြီးမင်းတို့စိတ်တိုင်းကျ Pattern နဲ့အတူပုံဖော်ဖို့ဆိုရင် Scott & Co. မှာလာရောက်ပြီး ရွေးချယ်ဖန်တီးလိုက်ပါ။

▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

Suit ဝတ်ဆင်တဲ့အခါမှာ သတိထားသင့်တဲ့ အရေးပါတဲ့အချက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းရေး လို့ခေါ်တဲ့ Personal Grooming ကိုပြုလုပ်ပေ...
01/06/2024

Suit ဝတ်ဆင်တဲ့အခါမှာ သတိထားသင့်တဲ့ အရေးပါတဲ့အချက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းရေး လို့ခေါ်တဲ့ Personal Grooming ကိုပြုလုပ်ပေးဖို့ပါ။
ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ရှိခြင်းဟာ သင့်ရဲ့ လူနေမှုပတ်ဝန်းကျင်မှာသာမက အလုပ်အကိုင်မှာပါ အထောက်အပံ့ပေးပါတယ်။
ဆံပင်ကို သပ်ရပ်နေအောင် စတိုင်ကျကျ ဖြီးလိမ်းထားတာ၊ လက်သည်းတွေ ဂရုတစိုက်ညှပ်ပေးတာ၊ မျက်နှာမှာရှိတဲ့ အမွေးအမျှင်တွေသပ်ရပ်အောင် ရိတ်တာညှိတာ တွေကိုပြုလုပ်ပေးခြင်းဟာ Suit ဝတ်ဆင်တဲ့အခါ ပိုပြီးပေါ်လွင်စေသလို ပိုပြီးလည်းခန့်ညားစေပါတယ်။ ဒါ့အပြင် ခံတွင်းသန့်ရှင်းရေးပြုလုပ်ပေးတာမျိုးတွေ၊ ခန္ဓာကိုယ်အနံ့အသက်ကို မွှေးနေအောင် ရေမွှေးသုံးတာမျိုးတွေ ဂရုတစိုက်ပြုလုပ်ပေးခြင်းဟာလည်း မိမိပရော်ဖက်ရှင်နယ် နယ်ပယ်မှာ ကောင်းမွန်တဲ့အထောက်အပံ့ကောင်းတစ်ခုဖြစ်စေပါတယ်။ ဒီလို Personal Grooming လုပ်ထားတာကြောင့် ကိုယ်ဝတ်ထားတဲ့ Suit ကိုထင်ပေါ်စေရုံသာမက ကျန်းမာရေးအရလည်းကောင်းကျိုးပြုသလို မိမိ ဘေးပတ်ဝန်းကျင်ကိုလည်း သက်တောင့်သက်သာဖြစ်စေပါတယ်။
ဒါကြောင့် ဘယ်အရာတွေက သင့်ရဲ့ Personal ပုံရိပ်ကို လျော့ကျအောင်လုပ်နေလဲဆိုတာ ကိုသတိထားပြီး ပြုပြင်လိုက်မယ်ဆိုရင် ဘယ်လို suit ပုံစံမျိုးပဲဝတ်ဝတ် ပြီးပြည့်စုံတဲ့ကိုယ်ပိုင်ပုံရိပ်တစ်ခုကိုရရှိစေမှာပါ။

▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩


Photo credit

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)အခါသမယတွင်ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်း သုခတို့နှင့် ပြည့်စုံပြီးဘေးရန်အပေါင်း ကင်...
22/05/2024

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)အခါသမယတွင်
ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်း သုခတို့နှင့် ပြည့်စုံပြီး
ဘေးရန်အပေါင်း ကင်းကွာကြပါစေကြောင်း Scott&Co. Team မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Waistcoat တွေကို Three-piece suit မှာပဲတွဲဖက်ဝတ်ဆင်ရမယ်ဆိုတာဟာ Formal အရမ်းဆန်တဲ့အခမ်းအနားတွေအတွက်ပဲဖြစ်ပါတယ်။ပုံမှန် ပေ...
20/05/2024

Waistcoat တွေကို Three-piece suit မှာပဲတွဲဖက်ဝတ်ဆင်ရမယ်ဆိုတာဟာ Formal အရမ်းဆန်တဲ့အခမ်းအနားတွေအတွက်ပဲဖြစ်ပါတယ်။
ပုံမှန် ပေါ့ပေါ့ပါးပါး casual event တွေမှာ waistcoat နဲ့ dress-shirt ရဲ့လိုက်ဖက်တဲ့ အတွဲအဖက်ကို ဖက်ရှင်ကျကျ ဝတ်ဆင်လို့ရတယ်ဆိုတာလည်း မေ့မထားသင့်ပါဘူး။
မြင်တွေ့နေကျ standard waistcoat တွေကနေကွဲထွက်ပြီး Lapel ပါတဲ့ Waistcoat တွေကို အရောင်နုနု dress-shirt နဲ့အတူ chinos ဒါမှမဟုတ် jeans ဘောင်းဘီနဲ့ပေါင်းစပ်ပြီး ခေတ်ဆန်တဲ့ကိုယ်ပိုင်ဟန်ကိုလည်း ဖော်ထုတ်ပြသလို့ရပါတယ်။

ဘယ်လို waistcoat အမျိုးအစားကိုရွေးချယ်ရမလဲဆိုတာအတွက်အောက်မှာပါတဲ့ link မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။
https://www.facebook.com/photo/?fbid=1454483631269210&set=a.1111160795601497

▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

Met Gala မှာတွေ့ခဲ့ရတဲ့ Nicholas Galitzine ရဲ့ Suit ဒီဇိုင်းဖက်ရှင်ဟာ ကိုယ်ပိုင်ဟန်ကိုပေါ်ထွက်စေပြီး အလွန်ဆွဲဆောင်မှုရှိတ...
09/05/2024

Met Gala မှာတွေ့ခဲ့ရတဲ့ Nicholas Galitzine ရဲ့ Suit ဒီဇိုင်းဖက်ရှင်ဟာ ကိုယ်ပိုင်ဟန်ကိုပေါ်ထွက်စေပြီး အလွန်ဆွဲဆောင်မှုရှိတယ်လို့ လူပြောများခဲ့ပါတယ်။
ထူးခြားပေါ်လွင်စေခဲ့တဲ့အချက်တွေထဲမှာ Met Gala ရဲ့ Dress Code ဖြစ်တဲ့ “The Garden of Time” theme နဲ့မတူပဲ အနက်ရောင်ပန်းထိုးတွေကို Classic အဆန်ဆုံး Black Tuxedo မှာထည့်ချုပ်ထားတာကိုတွေ့ခဲ့ရပါတယ်။
နောက်ပြီး Black Tuxedo မှာ customize လုပ်ထားတဲ့ Lapel အကြီးကို Silk အပြောင်သား သုံးထားတာဟာလည်း သူ့ရဲ့ ယောက်ျားဆန်တဲ့မျက်နှာကို ပိုပြီးပေါ်လွင်တောက်ပြောင်စေခဲ့တဲ့အချက်ပါ။

▪+959 967069151


Photo credit

04/05/2024

"Putting on formal clothes makes us feel powerful, and that changes the basic way we see the world," ဆိုတဲ့စကားကို Psychology Professor တစ်ယောက်ဖြစ်တဲ့ Abraham Rutchick ကပြောခဲ့ပါတယ်။
လူတစ်ယောက်ရဲ့အသွင်အပြင်ကို ပြောင်းလဲစေတဲ့ထဲမှာ အဝတ်အစားက အဓိကပါဝင်ပါတယ်။ ကိုယ်ဝတ်လိုက်တဲ့အဝတ်အစားပေါ်လိုက်ပြီး လူကြီးလူကောင်းဆန်စေတာ၊ အရေးပါတဲ့လူတစ်ယောက်အဖြစ် ခံစားရရှိစေတာ၊ လူတွေရဲ့ လေးစားမှု ကိုရရှိစေတာ၊ ပိုပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာတာ အစရှိသဖြင့် အသွင်အပြင်နဲ့အတူ စိတ်အတွက်အင်အားတစ်ခုပါ ရရှိလာတယ်လို့ နိုင်ငံတကာ research တွေမှာလဲဖော်ပြထားပါတယ်။
ဒါကြောင့် မိမိရဲ့အသွင်အပြင်ကို မြှင့်တင်ဖို့နဲ့ပြောင်းလဲလိုတဲ့လူတိုင်းအတွက် Suit တစ်စုံဟာမရှိမဖြစ်လိုအပ်ပါတယ်။ Well-fit ဖြစ်နေတဲ့ Suit တစ်စုံက သင့်ကိုဘယ်လောက်ပြောင်းလဲစေလဲဆိုတာ သိချင်ရင်တော့ အောက်မှာပါတဲ့ link မှာဝင်ပြီးစမ်းသပ်ကြည့်လိုက်ပါ။
https://www.capcut.com/t/Zs8MMTroJ/
https://vt.tiktok.com/ZSFTkvs2r/

လူကြီးမင်းတို့အနေနဲ့ Suit နဲ့ပတ်သက်ပြီး မေးမြန်းလိုတာပဲဖြစ်ဖြစ်၊ Styling အတွက် အကြံအဥာဏ် ရယူလိုတာပဲဖြစ်ဖြစ် Scott & Co. မှနိုင်ငံတကာအတွေ့အကြုံရှိ Tailor များနှင့် Appointment လုပ်ပြီး အခမဲ့လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။

▪ +𝟗𝟓𝟗 𝟗𝟔𝟕𝟎𝟔𝟗𝟏𝟓𝟏
▪ 𝟒𝟓𝟗-𝐁𝟏, 𝐍𝐞𝐰 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐯𝐞𝐧𝐮𝐞 𝐑𝐨𝐚𝐝, 𝐁𝐚𝐡𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩

Address

459-B1 New University Avenue Road, Bahan Township
Yangon
11201

Opening Hours

Tuesday 14:00 - 19:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959 9670 69 151

Website

Alerts

Be the first to know and let us send you an email when Scott & Co. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Scott & Co.:

Share