Mindlog

Mindlog Quotes တွေ , ပေါ့ပေါ့ပါးပါး Thoughts,
Knowledgeable contents တွေ , Tech articles တွေ Daily တင်ပေးပါမယ် 😎😎😎

🚗🌧️ ကားတစ်စီး ရေဝပ်တဲ့နေရာမှာ အကြာကြီး ရပ်ထားမိရင် ဘာလုပ်သင့်လဲ ?မိုးသည်းကြီးမဲကြီးရွာပြီး လမ်းရေကြီးတဲ့အခါ…ရပ်ထားတဲ့ကား...
06/06/2026

🚗🌧️ ကားတစ်စီး ရေဝပ်တဲ့နေရာမှာ အကြာကြီး ရပ်ထားမိရင် ဘာလုပ်သင့်လဲ ?

မိုးသည်းကြီးမဲကြီးရွာပြီး လမ်းရေကြီးတဲ့အခါ…
ရပ်ထားတဲ့ကားတစ်စီးဟာ ရေထဲမှာ နာရီပေါင်းများစွာ ရှိနေနိုင်ပါတယ်။

ရေပြန်ကျသွားပြီဆိုပြီး ချက်ချင်း စက်နှိုးမောင်းထွက်တာက အန္တရာယ်ရှိနိုင်ပါတယ်။

ဘာတွေ စစ်သင့်လဲ ?

1. ချက်ချင်း စက်မနှိုးပါနဲ့ ❌

အရေးကြီးဆုံးအချက်ပါ။

Engine ထဲကို ရေဝင်နေခဲ့ရင် စက်နှိုးလိုက်တဲ့အချိန်မှာ Hydrolock ဖြစ်ပြီး Engine ပျက်စီးနိုင်ပါတယ်။

အရင်ဆုံး စစ်ဆေးပြီးမှ စက်နှိုးသင့်ပါတယ်။

2. Air Filter ကိုစစ်ပါ 🌬️

Air Intake ကနေ ရေဝင်ခဲ့လား သိနိုင်တဲ့နေရာပါ။

Air Filter စိုနေတယ်၊ ရေရှိနေတယ်ဆိုရင် Engine ထဲရေဝင်နိုင်တဲ့ အခြေအနေရှိပါတယ်။

3. Engine Oil စစ်ပါ 🛢️

Engine Oil အရောင်ကို စစ်ပါ။

ဆီအရောင်က နို့ရောင်၊ ခရင်မ်ရောင် ဖြစ်နေတယ်ဆိုရင် ရေနဲ့ရောနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

4. Gear Oil / Transmission စစ်ပါ ⚙️

ရေမြင့်ခဲ့ရင် Gearbox ထဲပါ ရေဝင်နိုင်ပါတယ်။

Transmission Oil ကိုလည်း စစ်ဆေးသင့်ပါတယ်။

5. Brake System စစ်ပါ 🛞

ရေထဲကြာကြာနေရင်…

• Brake Disc သံချေးတက်ခြင်း
• Brake Performance ကျခြင်း

ဖြစ်နိုင်ပါတယ်။

6. Electrical System စစ်ပါ ⚡

Modern Car တွေမှာ Sensor, ECU, Wiring တွေများပါတယ်။

Error Code များ၊ Electrical Fault များ ဖြစ်လာနိုင်ပါတယ်။

7. အတွင်းခန်း ခြောက်အောင်လုပ်ပါ 💺

Carpet အောက်မှာ ရေကျန်နေရင်…

• အနံ့ဆိုးထွက်ခြင်း
• မှိုတက်ခြင်း
• Wiring ပျက်ခြင်း

ဖြစ်နိုင်ပါတယ်။

ကားရေမြုပ်ပြီးနောက် အကြီးဆုံးအမှားက…

“ရေကျသွားပြီ စမ်းနှိုးကြည့်မယ်”

ဆိုတဲ့ အတွေးပါ။

တစ်ခါစက်နှိုးလိုက်တာက ပြင်လို့ရမယ့်အရာကို Engine အကြီးစားပြင်ရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ရေကျပြီးနောက် စစ်ဆေးပါ။
ပြီးမှ ပြန်အသုံးပြုပါ။




🌿 အိမ်တွင်းမှာ ဂမုန်းပင် ဘာလို့ထားကြတာလဲ ?မြန်မာအိမ်အများစုမှာ ဂမုန်းပင်တွေကို အလှစိုက်ပင်အနေနဲ့သာမက အဓိပ္ပါယ်တစ်ခုနဲ့ ထ...
05/06/2026

🌿 အိမ်တွင်းမှာ ဂမုန်းပင် ဘာလို့ထားကြတာလဲ ?

မြန်မာအိမ်အများစုမှာ ဂမုန်းပင်တွေကို အလှစိုက်ပင်အနေနဲ့သာမက အဓိပ္ပါယ်တစ်ခုနဲ့ ထားကြတာကို တွေ့ရပါတယ်။

ဂမုန်းပင်ထားရတဲ့ အကြောင်းရင်းတွေကတော့…

၁။ အိမ်အလှဆင်ခြင်း 🌱

ဂမုန်းပင်ရဲ့ အရွက်ပုံစံ၊ အရောင်တွေကြောင့် အိမ်ထဲမှာ သဘာဝဆန်ပြီး အေးချမ်းတဲ့ feeling ကို ပေးနိုင်ပါတယ်။

၂။ စိတ်အေးချမ်းမှုရရှိခြင်း

အပင်လေးတွေကို ကြည့်ရှုစောင့်ရှောက်ခြင်းက စိတ်ဖိစီးမှု လျော့စေပြီး သဘာဝနဲ့ ပိုနီးစပ်တဲ့ ခံစားမှုကို ရစေနိုင်ပါတယ်။

၃။ လေထုအရည်အသွေးအပေါ် အကျိုးရှိနိုင်ခြင်း

အိမ်တွင်းအပင်တွေဟာ ပတ်ဝန်းကျင်ကို စိမ်းလန်းစေပြီး နေရာတစ်ခုကို ပိုပြီး သက်တောင့်သက်သာ ခံစားရစေနိုင်ပါတယ်။

၄။ ယုံကြည်မှုနဲ့ ရိုးရာအမြင်

အချို့သူတွေက ဂမုန်းပင်ကို ကံကောင်းခြင်း၊အိမ်တွင်းအေးချမ်းခြင်းရဲ့ သင်္ကေတအဖြစ် ယုံကြည်ပြီး စိုက်ကြပါတယ်။

သို့ပေမဲ့ အဲ့ဒီအရာတွေဟာ ရိုးရာယုံကြည်မှုတွေဖြစ်ပြီး သိပ္ပံနည်းကျ သက်သေပြထားတဲ့ အချက်တွေတော့ မဟုတ်ပါဘူး။

တကယ်ရရှိနိုင်တဲ့ အကျိုးကျေးဇူးကတော့…
အိမ်ထဲမှာ သဘာဝတစ်စိတ်တစ်ပိုင်း ရှိလာခြင်း၊ စိတ်ကို အေးချမ်းစေခြင်းနဲ့ နေရာကို ပိုပြီး နေချင်စရာကောင်းစေခြင်း ဖြစ်ပါတယ်။

အပင်တစ်ပင်ဟာ အိမ်ကိုသာမက
စိတ်ခံစားမှုကိုပါ ပြောင်းလဲပေးနိုင်ပါတယ် 🌿


ကား Brake ပေါက်ခြင်းဆိုတာ ဘာကြောင့်ဖြစ်တာလဲ ?ကားမောင်းသူတိုင်း သိထားသင့်တဲ့ အန္တရာယ်များတဲ့ ပြဿနာတစ်ခုက Brake Failure (B...
03/06/2026

ကား Brake ပေါက်ခြင်းဆိုတာ ဘာကြောင့်ဖြစ်တာလဲ ?

ကားမောင်းသူတိုင်း သိထားသင့်တဲ့ အန္တရာယ်များတဲ့ ပြဿနာတစ်ခုက Brake Failure (Brake ပေါက်ခြင်း) ဖြစ်ပါတယ်။

Brake ပေါက်ခြင်းဟာ အများအားဖြင့် အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

1. Brake Fluid (ဘရိတ်ဆီ) ပြဿနာ

ကား Brake System အများစုဟာ Hydraulic System ကို အသုံးပြုပါတယ်။
Brake Fluid နည်းသွားခြင်း၊ ယိုစိမ့်ခြင်း ဖြစ်လာရင် Brake Pedal ကို နင်းပေမဲ့ ဖိအားကို ကောင်းကောင်းမပို့နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာ Brake မမိခြင်း ဖြစ်နိုင်ပါတယ်။

2. Brake Pad / Brake Shoe ကုန်ခြင်း
Brake Pad တွေဟာ အသုံးပြုတိုင်း တဖြည်းဖြည်း ပါးလာပါတယ်။အချိန်မီ မလဲဘဲ ဆက်သုံးနေရင် Brake ဖမ်းအား လျော့ကျလာပြီး အန္တရာယ်ရှိနိုင်ပါတယ်။

3. Brake System အပူလွန်ခြင်း (Brake Fade)

တောင်ဆင်းလမ်းတွေမှာ Brake ကို အကြာ
ကြီး ဆက်တိုက်နင်းထားခြင်းကြောင့် အပူလွန်ပြီး Brake Performance ကျနိုင်ပါတယ်။

4. Brake Line ပေါက်ခြင်း / လေဝင်ခြင်း

Brake ပိုက်လိုင်း ပျက်စီးခြင်း၊ လေဝင်ခြင်း ဖြစ်လာရင် Hydra Pressure မတည်ငြိမ်တော့ဘဲ Brake မမိနိုင်ပါ။

5. Maintenance မလုပ်ခြင်း

ကားမှာ ပြဿနာကြီးတွေဟာ သေးငယ်တဲ့ လက္ခဏာတွေကနေ စတတ်ပါတယ်။

Brake အသံထွက်လာခြင်း၊ Brake နင်းရတာ ပျော့လာခြင်း၊ Brake ဆီလျော့နေခြင်းတွေကို မလျစ်လျူရှုသင့်ပါ။

ကားတစ်စီးရဲ့ အရေးကြီးဆုံး Safety System က Brake ပါ။

25/05/2026
စာလုံးပေါင်း မှားနေတုန်းFirst time still learning 👍
25/05/2026

စာလုံးပေါင်း မှားနေတုန်း

First time still learning 👍

Title : The culture or art showing the standardized.(Burmese culture ပုံလေးတွေတုတ်ချင်ရင် cb မှာပို့ခဲ့ပေးပါ free လုပ်ပေ...
24/05/2026

Title : The culture or art showing the standardized.

(Burmese culture ပုံလေးတွေတုတ်ချင်ရင် cb မှာပို့ခဲ့ပေးပါ free လုပ်ပေးပါမယိ) 👍👍

Myopia ဆိုတာ ဘာလဲ ??🤔 🔹  power မျက်မှန် တက်ထားရတဲ့ သူ ( အနီး/  အဝေးမှုန်) များ အတွက် outdoor athletic (cycling ,running)...
16/01/2026

Myopia ဆိုတာ ဘာလဲ ??🤔

🔹 power မျက်မှန် တက်ထားရတဲ့ သူ ( အနီး/ အဝေးမှုန်) များ အတွက် outdoor athletic (cycling ,running) လုပ်တဲ့အခါမှာ အဆင်ပြေ အောင် design လုပ်ပေးထားတဲ့ ပလပ်စတစ်ကိုင်းအကြည်လေးပါ…

ဘယ်လို အသုံးပြုရမှာ လဲ ??🤔
🔹 ရိုးရှင်းပါတယ် အဲ့ ပလပ်စတတ် ကိုင်း အကြည်လေးကို မျက်မှန်ဆိုင်ကိုယူသွားပြီး မိမိ power level ကိုပြော၍ မှန် လုပ်ခိုင်း လိုက်ရုံပါပဲ…..

✅ ကျနော် လို sunglasses တအားတက်ချင် တယ်
သိုပေမဲ့ ကိုယ်တိုင်ကလဲ အဝေးမှုန့်ကိုမှ power က500…

✅မူရင်း power ကိုင်းကို မှ အပေါ်ကနေ Sunglasses တထပ် မတက်ချင် သူများ / အဲ့လိုတက်ရင်လဲမျက်မှန် နှစ်ထပ် weight ဖစ်သွားမယ် ရေရှည်လဲအဆင်မပြေ……

အဲ့လို မျိုး အချကိ အတွက် ဒါလေးက အဖြေတခုပါ💯

❇️ product review Video လေး ထပ်တင်ပေးပါမယိ..

Like & share လေးအားပေးပါဦး🥰🥰🥰


Address

Yangon
11071

Website

Alerts

Be the first to know and let us send you an email when Mindlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share