လဝန်းနိုင် Online Shop

လဝန်းနိုင် Online Shop အထည်လှလှလေးတွေကို ချိုသာသောစျေးနှုန်းဖြင့် ရောင်းချပေးပါသည်💛

နွေရာသီရောက်တိုင်းမှာ မိဘနှစ်ပါးဟာ သူတို့သားကို သူ့အဖွားရဲ့အိမ်အထိ ကားနဲ့လိုက်ပို့လေ့ရှိကြတယ်။ ဒါပေမယ့် အသက်နည်းနည်းကြီး...
03/01/2026

နွေရာသီရောက်တိုင်းမှာ မိဘနှစ်ပါးဟာ သူတို့သားကို သူ့အဖွားရဲ့အိမ်အထိ ကားနဲ့လိုက်ပို့လေ့ရှိကြတယ်။ ဒါပေမယ့် အသက်နည်းနည်းကြီးလာတဲ့ သားဖြစ်သူက နောက်ဆုံးမှာ မိဘတွေကို ကန့်ကွက်တယ်။

"သား ကလေးမဟုတ်တော့ဘူး... အမေတို့က ဘာဖြစ်လို့ သားကို ခုချိန်ထိ ကလေးလိုဆက်ဆံနေတာလဲ... သား အဲဒီကို ကိုယ့်ဖာသာသွားနိုင်ပါတယ်..."

အကြိမ်ပေါင်းများစွာ မပြီးနိုင်မစီးနိုင် ငြင်းကြခုန်ကြပြီးတဲ့နောက်မှာတော့ မိဘတွေက သားအတွက် စိတ်တွေအကြီးအကျယ်ပူကြပေမယ့် သဘောတူလိုက်ကြတယ်။

သွားမယ့်နေ့မှာ မိဘတွေဟာ သားဖြစ်သူကို လိုက်ပို့ရင်း ရထားစင်္ကြန်လမ်းပေါ်မှာ မှာစရာရှိတာတွေကို နောက်ဆုံးမှာကြတယ်။ သားဖြစ်သူက စိတ်ရှုပ်ရှုပ်နဲ့ သူတို့ကို လက်ရမ်းပြလိုက်တယ်။

"ရပြီ... သား အကုန်မှတ်မိတယ်... အမေတို့ သားကို အဲဒီအကြောင်းတွေ ပြောပြထားတာ အကြိမ်တစ်ရာမကတော့ဘူး..."

အဖေဖြစ်သူက ခန္ဓာကိုယ်ကို သားဖြစ်သူဘက်ကိုင်းပြီး ခပ်တိုးတိုးလေးပြောတယ်။

"သား လမ်းမှာအထီးကျန်ဖြစ်ပြီး ကြောက်လာရင် ဒါကိုသတိရလိုက်... အဆင်ပြေသွားလိမ့်မယ်..."

သူက သားဖြစ်သူရဲ့အိပ်ကပ်ထဲကို စာရွက်ခေါက်ကလေးတစ်ခု အသာအယာထည့်ပေးလိုက်တယ်။

ဒီလိုနဲ့ပဲ ရထားထွက်လာခဲ့တယ်။

အစပိုင်းမှာ ချာတိတ်ကလေးဟာ ပြတင်းပေါက်ဘေးမှာထိုင်ပြီး လယ်ကွင်းတွေ သစ်ပင်တွေ တရိပ်ရိပ်နဲ့နောက်မှာကျန်ရစ်ခဲ့တာကိုကြည့်တယ်။ မြင်ကွင်းတွေက စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ရထားတွဲထဲမှာ လူစိမ်းတွေပြည့်လာတယ်။ လူတစ်ယောက်က ကျယ်ကျယ်လောင်လောင်အော်ပြီး တစ်ခုခုကို ငြင်းလိုက်တယ်။ လူတစ်ယောက်က သူ့ကို ဝင်တိုက်သွားတယ်။ လက်မှတ်စစ်က သူ့ကို လက်မှတ်မြန်မြန်ထုတ်ပြဖို့ပြောတယ်။

စိတ်လှုပ်ရှားတာတွေ အငွေ့ပျံသွားပြီ။ စိုးရိမ်စိတ်တွေဝင်လာပြီ။ ချာတိတ်လေးရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ်ကြီးဖြစ်လာတယ်။ သူ့လက်တွေ တုန်လာတယ်။

အဲဒီမှာပဲ သူ့အဖေထည့်ပေးလိုက်တဲ့ စာရွက်ကလေးကို သူသတိရသွားတယ်။

စာရွက်ကို ဆွဲထုတ်ယူလိုက်တယ် တုန်ယင်နေတဲ့လက်ချောင်းတွေနဲ့ ထုတ်ယူလိုက်တယ်။ စာရွက်ခေါက်ကိုဖြန့်ပြီးဖတ်ကြည့်လိုက်တယ်။

"သား... နောက်တွဲထဲမှာ အဖေလိုက်လာတယ်..."

စာကိုဖတ်ပြီးတော့ ချာတိတ်ကလေး စိတ်အေးသွားတယ်။ အကြောက်တရားတွေလည်း အငွေ့ပျံသွားတယ်။ သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့် ပေါ်လာတယ်။

ဒါဟာ ဘဝရဲ့အလုပ်လုပ်ပုံပါပဲ???

ကျွန်တော်တို့ဟာ ကျွန်တော်တို့သားသမီးတွေ သူတို့ရဲ့ကိုယ်ပိုင်ခရီးလမ်းအတိုင်း သွားခွင့်ပေးရမှာပါပဲ။ သူတို့ကို လွတ်လပ်ခွင့်ပေးရမှာပဲ၊ သူတို့ရဲ့ခွန်အားကို ယုံကြည်ပေးကြရမှာပါပဲ။
ဒါပေမယ့် သူတို့နဲ့အနီးဆုံးရထားတွဲမှာ ကိုယ်ရှိနေဖို့ဟာလည်း အဲဒီလောက်နီးနီးအရေးကြီးပါတယ်။

သားသမီးတွေကို အကူအညီပေးလို့ရနိုင်တဲ့ အကွာအဝေးမှာနေပါ။
သူတို့ကို အနှောင့်အယှက်မဖြစ်နိုင်လောက်အောင် တိတ်တိတ်ဆိတ်ဆိတ်နေပါ။
သူတို့ဘာပဲဖြစ်ဖြစ် သူတို့တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သူတို့သိနေရုံလောက်အကွာအဝေးမှာ အမြဲရှိနေပေးပါ။

ကျွန်တော်တို့ တတ်နိုင်သမျှကာလပတ်လုံး သူတို့အနားမှာနေပေးပါ။
ကိုယ်ဟာ သူတို့အတွက် လုံခြုံတဲ့အရပ်တစ်ခုဖြစ်ပါစေ။
သူတို့အတွက်အနွေးဓာတ်ဖြစ်ပါစေ... ။

(Translated by )

Every summer, the parents used to drive their son to his grandmother’s house.
But as he got older, he finally protested:

“I’m not a little kid anymore. Why do you treat me like one? I can get there by myself.”

After several long conversations—and plenty of worry—the parents agreed.

They stood together on the train platform, offering last-minute advice. The boy waved them off, clearly annoyed.

“I get it already. You’ve said this a hundred times.”

His father leaned down and spoke quietly:

“If you ever feel scared or lonely, remember this—this will help.”

He slipped a small folded note into his son’s pocket.

The train pulled away.

At first, the boy sat by the window, watching fields and trees rush past. It felt exciting. But soon the car filled with strangers. Someone argued loudly. Someone bumped into him. The conductor snapped at him about his ticket.

The excitement faded. Anxiety crept in. His chest tightened. His hands clenched.

Then he remembered the note.

With shaking fingers, he pulled it out, unfolded it, and read:

“Son, I’m in the next car.”

Just like that, his heart relaxed. The fear dissolved. A quiet smile spread across his face.

And that’s how life works.

We have to let our children take their own journeys. We have to give them freedom—and trust in their strength.
But it matters just as much to stay “in the next car.”

Close enough to help.
Quiet enough not to interfere.
Present enough that they know: whatever happens, they’re not alone.

Stay nearby while we can.
Be their safe place.
Be their warmth. ❤️

02/11/2025

💙💙💙

💦 ရေများများသောက်ပါ .. ဒါဟာ ဈေးအသက်သာဆုံး အလှပရေးရာ လျှို့ဝှက်ချက်ဖြစ်တယ်။နေ့တိုင်း ရေ ၁ လီတာကျော် ၂ လီတာလောက် သောက်ပါ။ ...
30/10/2025

💦 ရေများများသောက်ပါ ..
ဒါဟာ ဈေးအသက်သာဆုံး အလှပရေးရာ လျှို့ဝှက်ချက်ဖြစ်တယ်။

နေ့တိုင်း ရေ ၁ လီတာကျော် ၂ လီတာလောက် သောက်ပါ။ နိုးစက်လုပ်ပြီး သောက်ဖို့ သတိပေးပါ။

အသားအရေ ညက်လာမယ်၊
ခန္ဓာကိုယ် ပေါ့လာမယ်၊
ဇီဝဖြစ်စဉ် ချောမွေ့လာမယ်၊
တစ်ကိုယ်လုံး ကြည်နေမယ်။

ရေသောက်တယ်လို့ ထင်ရပေမယ့်
တကယ်တမ်းက ခန္ဓာကိုယ်ကို နိုးနေတာပါ။

-- မနက်ထလာရင် ရေသောက်ကျင့်ရှိလား..
ရေသောက်ဖို့ မမေ့နဲ့နော်..


💌
#နိုင်းနိုင်းစနေ

30/10/2024

🧡🍁🍂

မင်မင်တို့ Bee Xprss နဲ့ပို့မှာဖြစ်လို့ ပို့ခ နှုန်းထားလေးတွေ ချစ် customer များကို အသိပေးတာပါရှင့် 🫶
05/09/2024

မင်မင်တို့ Bee Xprss နဲ့ပို့မှာဖြစ်လို့ ပို့ခ နှုန်းထားလေးတွေ ချစ် customer များကို အသိပေးတာပါရှင့် 🫶

Hello သဲလေးတို့ရေ💙🩷 🔹Chubby လေးတွေအတွက် Shoulder off ဂါဝန်လေး မင်မင်တို့ ထုတ်ပေးထားတယ်နော် 🔹Shein dress design လေးကိုမှ ...
05/09/2024

Hello သဲလေးတို့ရေ💙🩷

🔹Chubby လေးတွေအတွက် Shoulder off ဂါဝန်လေး မင်မင်တို့ ထုတ်ပေးထားတယ်နော်

🔹Shein dress design လေးကိုမှ designer cutting နဲ့ ဂါဝန်အလှလေးကို စျေးနှုန်းချိုသာစွာရောင်းပေးမှာပါရှင့်

🔹ဂါဝန်ကိုသုံးပေးထားတဲ့ Fabric က factory outlet အသားပါ......

🔹ရင် 38 မှ 46 ( 44 ထိဝတ်ရင် ပိုလှ )

🔹အရှည် 45

🔹Lb 135 to 180 ထိဝတ်လို့လှ

🔹Color ( 2 ) ရောင်
အပြာ 💙
ပန်းမိတ်ကပ် 🩷

Sale price ( 25000 )💵

Model အရပ် 5'6" ဝတ်ပြထားတာပါ👩‍🦰

#မှာယူပြီးသောအထည်များcancelခြင်းသည်းခံပါ

ရန်ကုန်မြို့နှင့်အခြားမြို့ပေါင်းများစွာ အ်ိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင် ......

မှာယူချင်ပါက အမည်/လိပ်စာ/ဖုံးအပြည့်စုံ chat box မှာပေး၍ မှာယူပေးပါနော် 🥰

ဝမ်းပျက်ဝမ်းလျှောရောဂါ အထူးသတိပြုကြပါဆေးရုံကြီးမှာ ဝမ်းရောဂါလူနာတွေ ရှိနေပြီဖြစ်တဲ့အတွက် အထူးဂရုပြုနေထိုင်ကြပါ🙏Yangonမြိ...
06/07/2024

ဝမ်းပျက်ဝမ်းလျှောရောဂါ အထူးသတိပြုကြပါ

ဆေးရုံကြီးမှာ ဝမ်းရောဂါလူနာတွေ ရှိနေပြီဖြစ်တဲ့အတွက် အထူးဂရုပြုနေထိုင်ကြပါ🙏

Yangonမြို့ရှိ ရပ်ကွက်တချို့မှာလဲ Streetfood စျေးဆိုင် တချို့ ပိတ်ရမည်လို့ ကြားပါတယ်။

တကိိုယ်ရေ သန့်ရှင်းမှုကို အထူးဂရုပြုပါ

အစာမစားခင်၊ စားပြီးနှင့် မကြာခဏလက်ကို ဆေးကြောပါ

အိမ်သာမှထွက်သောအခါ ဆပ်ပြာဖြင့်လက်ကိုသေချာဆေးကြောပါ

ရေအခက်ခဲရှိတဲ့နေရာများ လက်သန့်ဆေးအသုံးပြုပါ

မသန့်ရှင်းတဲ့ အပြင်စာများ မစားပါနဲ့

ရေကို ကျိုချက်ပြီးသောက်ပါ

လူကြီးနှင့်ကလေးငယ်များ အထူးသတိပြုကာကွယ်နိုင်ကြပါစေ

ဘေးကင်းကျန်းမာကြပါစေ 🙏

Photo credit 🙏

04/06/2024
မြန်မာနှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူ/သားများအားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပြီး အန္တရယ်ခပ်သိမ်းကင်းဝေးကြပ...
17/04/2024

မြန်မာနှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူ/သားများ

အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပြီး အန္တရယ်

ခပ်သိမ်းကင်းဝေးကြပါစေလို့ မင်မင်တို့ " လဝန်းနိုင်

Online Shop "မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်..... 🙏🙏🙏

21/07/2023

သဲလေးတို့ရေ...👩‍🦳👩‍🦰👩

မင်မင်ခရီးကပြန်မရောက်သေးလို့အထည်အသစ် design လှလှဂါဝန်လေး တွေပြန်ရောက်တဲ့အခါထပ်ထုတ်ပေးပါမယ်နော်.... 🩵🩵🩵

အသစ်လေးတွေအား​ပေးဖို့ စောင့်မျှော်နေတဲ့ ချစ် Cus လေးတွေစိတ်မဆိုးပါနဲ့နော်...🥰🥰🥰

ဝယ်ယူအားပေးတဲ့ Customer များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်🫶🫶🫶

Address

Bo Min Yaung Road, Mingalar Taung Nyunt Township. . .
Yangon
11221

Telephone

+9595093616

Website

Alerts

Be the first to know and let us send you an email when လဝန်းနိုင် Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category