23/07/2023
#ပေးဆပ်ရတဲ့လျော်ကြေး
မြေခိုးသူရဲ့ နောင်တ
ကျွန်မတို့မြိတ်မြိုရဲ့ အနောက်ဖက်..ကျွန်းစုအနီး.....ဖြစ်တဲ့...
ထိန်ချောင်းဆိုတဲ့ရွာလေးတစ်ရွာမှာပေါ့....
ဒီရွာရဲ့..ပင်မစီးပွားရေးကတော့
ဥယျာဥ်ခြံမြေတွေများပီး....ဒူးရင်း.ရော်ဘာကွမ်းသီးမင်းဂွတ်..သစ်သီးဝလံတွေ..အများဆုံးစိုက်ကြတဲ့..ရွာလေးပေါ့နော်....
အဲဒီရွာလေးမှာနေတဲ့...မောင်နှမ..နှစ်ယောက်အကြောင်းကို...ပြောပြချင်တာပါ။
အဲဒီ..မောင်နှမ နှစ်ယောက်ဟာ..အိမ်ခြံမြေတွေအများကြီးပိုင်ဆိုင်နေကြပေမဲ့.....
ညီမဖြစ်သူက...လောဘပိုကြီးတဲ့သူ...
တစ်နေ့တော့....အိမ်ချင်းကပ်နေတဲ့..အစ်ကိုဖြစ်သူရဲ့...မြေထဲကို..ညီမဖြစ်သူက..တစ်နှစ်ပီးတစ်နှစ်....ရွေ့ရွေ့ပီး...တစ်ဖြေးဖြေးချင်း..ချဲ့ချဲ့ပီးခိုးဝင်လာတယ်...
(တစ်နေ့တစ်လံ..ပုဂံဘယ်ပြေးမလဲ..ဆိုသလို)
နယ်ဘက်မှာက....ကျမတို့မြို့ပေါ်မှာလို.အိမ်မြေက..40´×60´အကွက်တွေမဟုတ်ဘူးလေ.....
ကျယ်ကျယ်ဝန်းဝန်း...နေကြတာကိုး...
အဲဒီလိုနဲ့.....တစ်ဖြေးဖြေးချဲ့ဝင်လာတော့...
အစ်ကိုဖြစ်သူက....ပြောလာတော့....တာပေါ့။
ဒီလိုနဲ့...မောင်နှမ..နှစ်ယောက်အသေးဖွဲ့ကနေ..အကြီးအကျယ်ရန်တွေဖြစ်ကြပီး....တစ်ယောက်နဲ့တစ်ယောက်...မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြတာနှစ်ပေါင်းများစွာ.ဘဲ့ပေါ့.....
တစ်နေ့တော့.....ညီမဖြစ်သူမှာ..
ကံကုန်နေ့စေ့များဖြစ်နေသလားမသိ.....
နေမကောင်းဖြစ်ပီး...ဆုံးပါးသွားတော့.....
(သူလုပ်ခဲ့တဲ့....သူ့ပြစ်မှုကို...သူသာအသိဆုံးဖြစ်မှာပေါ့နော်)
သေခါနီးမှာ..အဲဒီစိတ်ကပြန်ပေါ်လာတာလားမသိဘူးနော်။
သေပီးနောက်..နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ....ကျန်ခဲ့တဲ့သူ့သမီးကို..အိမ်မက်ပေးတယ်လေ...
""နင့်ဘကြီးမြေကို...အမေခိုးမိပါတယ်.....အမေ..အခုဒီမြေကြီးကိုခေါင်းပေါ်မှာရွက်ထားရတာလဲ..ပင်ပန်းလှပါပြီ....နင့်ဘကြီးမြေကို....ပြန်ပေးလိုက်ပါတော့....အမေ့ကိုလည်း..ခွင့်လွတ်ပေးဖို့....ပြောပေးပါ"....လို့.... အိမ်မက်ထဲလာပြောတာ.....တဲ့
ဒီတော့......သမီးဖြစ်သူမှာ..
တမလွန်ဘဝမှာ...မလွတ်မကျွတ်နိုင် ဖြစ်နေတဲ့မိခင်အစား....စိတ်မကောင်းဖြစ်ရ ဝမ်းနည်းပူဆွေးစွာနဲ့ပဲ...သူ့ဘကြီးအိမ်သွားပီး.....
သူ့အမေဖြစ်သူရဲ့....ဒုက္ခကိုခွင့်လွတ်ပေးဖို့......မြေကိုလည်းပြန်ယူပါဆိုပြီး....ဘကြီးဖြစ်သူရဲ့အိမ်ကိုသွား......တောင်းပန်ပေးတာပေါ့နော်။
အဲဒီဘိုးတော်က.......
သူ့ကိုအရှက်ရအောင်ကြမ်းကြမ်းတမ်းတမ်းယုတ်ယုတ်မာမာတွေပြောခဲ့တဲ့..ညီမလုပ်ရပ်ကို...အငြိုးကြီးစွာနဲ့...တစ်ခွန်းဘဲ့....တူမ...ဖြစ်သူကိုပြောလိုက်တယ်...တဲ့..
"....ခွင့်လည်းမလွှတ်ဘူး...မြေလည်းပြန်မယူဘူး.....နင့်အမေ..တစ်သက်လုံးထမ်းထားလိုက်စမ်း".....တဲ့.....
တစ်ဖက်သူခွင့်မလွတ်တာကို အပြစ်ပြောလို့မရပါဘူး....ဒါသူ့စိတ်ပဲလေ...
မြေခိုးသူကိုဘဲ့ပြောချင်တာပါ...
ခိုးတဲ့သူက....နောက် တမလွန်ထိခံစားရ.....ပေးဆပ်ရ...တာေနာ်ခိုးပေးထားတဲ့မြေပေါ်မှာနေတဲ့....
သားသမီးတွေက....ဘာမှမဖြစ်ဘူးနော်...
ကိုယ်လုပ်တာ...ကိုယ်ခံရမှာဘဲ့
ကျွန်မတို့ဖိုးဖွားမိဘတွေ...အမြဲဆိုဆုံးမဖူးတယ်....
သူများမြေကိုတစ်လက်မတောင်....သွားခိုးမယ်မကြံနဲ့...တဲ့
အပေါ်ကကြည့်ရင်သာ....တစ်လက်မနော်...မြေအောက်မဟာပထဝီမြေကြီးက.....မဆုံးခမ်းနိုင်ဘူး....ထမ်းထားရလိမ့်မယ်လို့....အမြဲဆုံးမတယ်...
စားတော့တစ်မိသားစုလုံး....ခံရမှာကိုယ့်တစ်ယောက်ထဲနော်.......ဒါကတစ်ကယ့်အပြင်မှာ
ြဖစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ပါ။
သံဝေဂယူကြဖို့....
သတိထားဆင်ခြင်စေဖို့....ပြောပြတာပါနော်.....
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Credit #
ကိုစော
အောက်ပါလင့်ထဲတွင်လဲ
မန္တလေးပုသိမ်ကြီးမြို့နယ် အစိုးရတရားဝင်ချထားပေးသောမြေကွက်များ နှင့် မြေနှင့်ပက်သက်၍ ရောင်းမှား ဝယ်မှားမဖြစ်အောင် ဗဟုသုတများစွာကို ုပ်ပြီးဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/Ko-Saw-Seasar-အိမ်ခြံမြေ-364949957547346/
ရောင်းမှားဝယ်မှားမဖြစ်အောင် အကျိုးဆောင်ပေးနေပါတယ်။