13/04/2025
ကျနော်က ပါဝါ 400 ကျော်ရှိပါတယ်.....။
ပါဝါကျနိုင်မယ်လို့ ထင်ရတဲ့ သဘာဝနည်းလမ်းတခု တွေ့ထားပါတယ်။ ကျနော်လဲ စမ်းလုပ်နေဆဲပါ လူအများကို ပြန်လည်မျှဝေပေးခြင်လို့ပါ။
ကျနော့် အိမ်ရှေ့က အဒေါ်တယောက်က
မျက်စိတစ်ဖက် မ၊မြင်ရပါ ဘူးတဲ့...။
သူကလဲ ရှက်တော့ ဘယ်သူမှ မပြောပြဘူး။
ခွဲစိတ်ပြီးလဲ ကောင်းမလာလို့ လှိုင်းပေါ် စူးစမ်းကြည့်တော့.....
ဆရာဝန်တယောက်ရေးထားတဲ့ နည်းလမ်းကိုတွေ့ပြီး
စမ်းလုပ်ကြည့်တာ ( ၃လ) လောက်ကြာတော့
ကောင်းကောင်းပြန်မြင်ရလာတယ်တဲ့။
အဝေးက သစ်ပင်သစ်ရွက်တွေလဲ မြင်လာရတယ်တဲ့။
သူလဲ ကျနော့်အမေကို နည်းလမ်းမျှဝေပါတယ်။
နည်းလမ်းက ဒီလိုပါ...........
ရေကျက်အေး လိုပါတယ်။
ရေကျက်အေးဆိုတာက ပွက်ပွက်ဆူအောင် တည်ထားတဲ့ရေနွေးကို အအေးခံထားတဲ့ ရေပါ။
- ရေကျက်အေးရလာတဲ့ခါ
- ရုံးပတီသီးကို သေချာဆေးကြောပြီး
- အရှည်လိုက် လေးစိတ်လောက် ခွဲခြမ်းလိုက်ပါ
(တယောက်စာကို ရုံးပတီသီး သုံးလေးလုံး ဆို လုံလောက်ပါပြီး)
- ခွက်တခုထဲ ကို ရေကျက်အေးနဲ့ ရုံးပတီသီးကို
(ညကနေမနက်အထိ စိမ်ထားရပါတယ်)
ကျနော်တို့က မိသားစုလေးယောက်လုံးသောက်တာမို့
ရေလေးခွက် လေးယောက်စာ စလုံတခုထဲ စိမ်ထားလိုက်ပါတယ်။ တစ်ယောက်တည်းသမားဆို ရေတစ်ခွက်စာပေါ့။
စိမ်တဲ့အခါမှာ အဖုံးတခုခုအုပ်ထားပေးဖို့ လိုပါတယ်။
မနက်ရောက်တဲ့အခါ အရည်ချွဲချွဲလေးရပါမယ်။
ပုံစံကြည့်ရတာနဲ့ အရသာခပ်ဆိုးဆိုးနဲ့
သောက်ရခက်မယ်လို့ထင်ထားခဲ့တာ.......
တကယ်တမ်းကျ ရေနဲ့မခြားနားပါဘူး။
အရသာလဲ မရှိပါဘူး သောက်ရလွယ်ပါတယ်။
(အဖတ်တွေကိုတော့ရေစစ်နဲ့စစ်ပြီး အရည်ကိုယူရပါမယ်)
အစားမစားခင်သောက်ရပါတယ် ရေတဖန်ခွက်စာပါ။
မျက်စိ မှုန်သူများအတွက် အကူအညီဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။
ကျနော်လဲ စသောက်နေဆဲပါ။
သဘာဝနည်းလမ်းမို့ စမ်းကြည့်သင့်ပါတယ်။
(ဘာအန္တရယ်မှ မရှိပါဘူး)
ကျနော်တို့ လေးယောက်စာမို့လို့ နည်းနည်းများပါတယ်
ဓာတ်ပုံထဲက အတိုင်းပါ
ကျနော်တို့ကတော့ တနေ့တကြိမ်သောက်ပါတယ်။
#ဗဟုသုတစာပေ