Roal - 7

Roal - 7 food

အာလူးကိုကြွပ်ရွနေအောင်ကြော်နည်းရောင်းဖို့ဘဲဖြစ်ဖြစ် အိမ်မှာကြော်စားဖို့ဘဲဖြစ်ဖြစ်တကယ်အဆင်ပြေစေမဲ့နည်းလေးပါလိုအပ်တာတွေကတေ...
05/08/2022

အာလူးကိုကြွပ်ရွနေအောင်ကြော်နည်း
ရောင်းဖို့ဘဲဖြစ်ဖြစ် အိမ်မှာကြော်စားဖို့ဘဲဖြစ်ဖြစ်
တကယ်အဆင်ပြေစေမဲ့နည်းလေးပါ
လိုအပ်တာတွေကတော့
စားထုံးကိုရေနဲ့ဖျော်ထားသောအရည် အနည်းဆုံး
4နာရီလောက်စိမ်ထားရပါမယ်
အာလူး အကြီး - 5လုံးကိုအခွံခွာ အထူအပါးညီ
အောင်ဂျစ်နဲ့ခြစ်ပေးရပါမယ် ပါးလေကောင်းလေ
ဖစ်ပါတယ်ရှင်
လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ
ပြုလုပ်နည်း

-ထုံးရည်ကြည်ကို အောက်ကအနည်တွေမပါစေဘဲ
အာလူးလွတ်လွတ်လပ်လပ်စိမ်လို့ရမဲ့ပမာဏထိ
ခပ်ယူထားပါ
-ပြီးလျှင်ထိုထုံးရေကြည်ထဲကိုဆားထည့်ပြီးဖျော်
ပေးရပါမယ်နော်
-ပြီးရင်တော့ ပါးပါးလှီးထားသောအာလူးများကိုထ
ည့်စိမ်ပေးရပါမယ်
-အာလူးများကို ထုံးရည်ထဲမှ ယူ၍ ရေလုံးဝစင်
အောင်စစ်ထားပေးရပါမယ် ရေလည်းထပ်ဆေးပေး
ရပါသေးတယ်ထုံးရည်တွေစင်အောင်ပါ
-ဆီကိုကျတ်အောင်ထားပြီး ပထမဆုံးထည့်သော
အာလူးဖတ်ကိုမထပ်အောင်ဖြန့်ပေးပါ
-ပြီးလျှင်ထပ်မမွှေတော့ဘဲအာလူးများ ရွှေဝါရောင်
သန်းလာမှ အနည်းငယ် မွှေကြော်၍ ဆီအိုးထဲမှ
ဆယ် ဆီစစ်ထားပါ
-အာလူးများ ကို ဆယ်ပြီး ဆီစစ်ထားတုံးပူပူလေး
မှာ ကြိုက်နှစ်သက်ရာ အချိုမှုန် ငရုတ်သီးအကြမ်း
မှုန်တို့ ဖြင့်သမအောင်ဖွဖွနယ်ပေးပါ
-အေးသွားသည်အထိ ထားပြီးမှ ပလက်စတစ်
အပါးဖြင့်လေလုံအောင်ထည့်ချည်ပြီး
ကြိုက်နှစ်သက်ရာ စက္ကူဘုံ ခြင်း အစရှိသည်တို့
တွင်သိမ်းဆည်းနိုင်ပါပြီ
Edit # #ထုံးစိမ်ထားတဲ့အာလူးဖတ်တွေကိုရေနဲ့စင်နေ
အောင်ပြန်ဆေးရပါမယ်နော်
-ထုံးစိမ်တဲ့အင်တုံဘေးမှာ ရေအင်တုံလုံးထပ်ထား
ထားပြီး ထုံး ရေ ရေ အဲ့လိုဆေးပါတယ် ရေလည်း
လုံးဝခြောက်အောင်စစ်ရမယ်နော်.
Crd. 😋

ဆိတ်သားဟင်း😋😋😋ချက်နည်းလေးပြန်ရေးပေးလိုက်ပါတယ်ပထမဆုံးဇီယာစေ့၊နာနတ်ပွင့်၊ဖာလာစေ့တို့ကိုလှော်ပြီးညက်အောင်ထောင်းထားပါဆိတ်သား...
24/07/2022

ဆိတ်သားဟင်း
😋😋😋
ချက်နည်းလေးပြန်ရေးပေးလိုက်ပါတယ်

ပထမဆုံး
ဇီယာစေ့၊နာနတ်ပွင့်၊ဖာလာစေ့တို့ကိုလှော်ပြီး
ညက်အောင်ထောင်းထားပါ
ဆိတ်သားတွေကို
ဆား၊နနွင်း၊အရသာမှုန့်၊ညက်ညက်ထောင်းထားတဲ့ဂျင်း၊
လှော်ထောင်းထားတဲ့အမှုန့်၊ဒိန်ချဉ်အနည်းငယ်တို့နဲ့နယ်ပြီး
တစ်နာရီခန့်နှပ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုထောင်းပြီးဆီသပ်ပါ
ကြက်သွန်တွေကြွပ်ခါနီးမှာ
ငရုတ်သီးအရောင်တင်မှုန့် ၊ မဆလာ၊ ကရဝေးရွက်၊သစ်ဂျပိုးခေါက်တို့
ထည့်ပြီးမွှေးလာအောင်ခဏကြော်ပါ
ပြီးရင်ဆိတ်သားတွေထည့်ပြီးချက်ပါ
အသားကထွက်တဲ့အရည်တွေခမ်းခြောက်တဲ့ထိချက်ပါ
မီးသွေးမီးနည်းနည်းနဲ့သာချက်ပါ
အရည်တွေခမ်းပြီဆိုမှ
အသားတွေမြုပ်အောင်ရေထည့်ချက်ပါ
အိုးကိုအဖုံးအုပ်ချက်ပါ
မီးနည်းနည်းနဲ့ကြာကြာချက်မှ
အသားတွေနူးအိတဲ့အရသာကိုစားရပါမယ်
ချက်စားကြည့်ကြပါ

Credit : ခန့်ခန့်ကြီး

ဝက်စတူး နှင့် မုန့်ညှင်း 😋😋ဝက်စတူးနှင့် မုန့်ညှင်းဟင်းသည် ချက်ရတာလွယ်ကူပါတယ်။ ဝက်စတူး နဲ့ မုန့်ညှင်းကို အရသာကလည်း ကောင်း...
13/07/2022

ဝက်စတူး နှင့် မုန့်ညှင်း 😋😋

ဝက်စတူးနှင့် မုန့်ညှင်းဟင်းသည် ချက်ရတာလွယ်ကူပါတယ်။

ဝက်စတူး နဲ့ မုန့်ညှင်းကို အရသာကလည်း ကောင်းမွန်တာမို့ လုပ်စားကြည့်နော် ……

ပါဝင်သောပစ္စည်းများ
———————————-

၁။ ဝက်သား၃ထပ်သား – ၄၀ကျပ်သား
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၄။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ နတ်နတ်ပွင့် – ၂ခု
၇။ မှိုခြောက်ပွင့်အမဲ – ၇ခု (အတုံးလေးများ တုံးပေးပါ) (ရေနွေးဖြင့် ပြုတ်ပေးပါ)
၈။ ကော်မှုန့်
၉။ မုန်ညှင်း – ၂စည်း (ရေနွေးဖြင့် ဖျော်ပေးပါ)

ချက်ပြုတ်နည်း
————————-

၁။ ဝက်သုံးထပ်သား များကို အတုံးကြီးကြီး တုံးပါ။
ဝက်သားကို ဆူးဖြင့်ထိုးပေးပါ။

၂။ ပြီးလျှင် ဝက်သုံးထပ်သားအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။

၄။ ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် နုယ်ထားသော ဝက်သုံးထပ်သားကို ထည့်မွှေပေးပါ။

၄။ ဆီပြန်လျှင် ရေကို ဝက်သုံးထပ်သားမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် မှိုခြောက်ပွင့်အမဲများ ထည့်မွှေပေးပါ။ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။

၅။ ဝက်သုံးထပ်သားနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
၆။ ဝက်သုံးထပ်သားကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးလျှင် မှိုခြောက်များကို အပေါ်မှ စီထည့်ပါ။

၇။ ပြီးလျှင် ဆော့ရည်ကို ပြွက်ပြွက်ဆူအောင်တည်ပြီး ကော်ရည်၁ဇွန်းကို ရေဖြင့်ဖျော်၍ ဒယ်ထဲထည့်ပေးပြီး မွှေပေးပါ။

၈။ ဝက်သုံးထပ်သားထည့်ထားသော ပန်းကန်ပြားထဲသို့ မှိုခြောက်တုံးများထည့်လိုက်ပါ။

၉။ ပြီးနောက် ဆော့ရည်များကို လောင်းချလိုက်ပါ။

၁၀။ ပြီးလျှင် မုန့်ညှင်းများကို ပန်းကန်ဘေးတွင် စီထားလိုက်ပါ။

၁၁။ စားချင်စဖွယ်ကောင်းပြီး အရသာရှိသော ဝက်စတူး နှင့် မုန့်ညှင်းကို ရရှိပါပြီနော်….

ဆိတ်သားဟင်း😋😋😋ချက်နည်းလေးပြန်ရေးပေးလိုက်ပါတယ်ပထမဆုံးဇီယာစေ့၊နာနတ်ပွင့်၊ဖာလာစေ့တို့ကိုလှော်ပြီးညက်အောင်ထောင်းထားပါဆိတ်သား...
12/07/2022

ဆိတ်သားဟင်း
😋😋😋
ချက်နည်းလေးပြန်ရေးပေးလိုက်ပါတယ်

ပထမဆုံး
ဇီယာစေ့၊နာနတ်ပွင့်၊ဖာလာစေ့တို့ကိုလှော်ပြီး
ညက်အောင်ထောင်းထားပါ
ဆိတ်သားတွေကို
ဆား၊နနွင်း၊အရသာမှုန့်၊ညက်ညက်ထောင်းထားတဲ့ဂျင်း၊
လှော်ထောင်းထားတဲ့အမှုန့်၊ဒိန်ချဉ်အနည်းငယ်တို့နဲ့နယ်ပြီး
တစ်နာရီခန့်နှပ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုထောင်းပြီးဆီသပ်ပါ
ကြက်သွန်တွေကြွပ်ခါနီးမှာ
ငရုတ်သီးအရောင်တင်မှုန့် ၊ မဆလာ၊ ကရဝေးရွက်၊သစ်ဂျပိုးခေါက်တို့
ထည့်ပြီးမွှေးလာအောင်ခဏကြော်ပါ
ပြီးရင်ဆိတ်သားတွေထည့်ပြီးချက်ပါ
အသားကထွက်တဲ့အရည်တွေခမ်းခြောက်တဲ့ထိချက်ပါ
မီးသွေးမီးနည်းနည်းနဲ့သာချက်ပါ
အရည်တွေခမ်းပြီဆိုမှ
အသားတွေမြုပ်အောင်ရေထည့်ချက်ပါ
အိုးကိုအဖုံးအုပ်ချက်ပါ
မီးနည်းနည်းနဲ့ကြာကြာချက်မှ
အသားတွေနူးအိတဲ့အရသာကိုစားရပါမယ်
ချက်စားကြည့်ကြပါ

Credit : ခန့်ခန့်ကြီး

Birthday cake တွေရဲ့ cake base ဖြစ်တဲ့ Sponge cake သား လုပ်ချင်နေလား??အခုပြောတဲ့နည်းလေးနဲ့စမ်းကျိစေချင်တယ်နော်🥰ဒီဈေးသည်ခ...
11/07/2022

Birthday cake တွေရဲ့ cake base ဖြစ်တဲ့ Sponge cake သား လုပ်ချင်နေလား??

အခုပြောတဲ့နည်းလေးနဲ့စမ်းကျိစေချင်တယ်နော်🥰

ဒီဈေးသည်ချောချောလေးလဲ တွေ့ရမြင်ရတာလေးတွေကိုမှီငြမ်းပီးလုပ်ထားတာမို့ အဆင်ပြေလို့ လက်တို့တာ ငါ့သဲလေးတွေကို 🙏🙏

8" cake ကိုမှ တခါလုပ် 7လုံးရမဲ့ Receipt လေးနော်

အဆင့် (၁)
Egg yolk - 30လုံး
Sugar- 125 ဂရမ်
Water - 350 ဂရမ်
Oil - 350 ဂရမ်
Corn Flour - 30 ဂရမ်
Cake flour - 500 ဂရမ်
Salt - 5 ဂရမ်

ဆီကတော့ အလွယ်တကူ ရနိုင်တဲ့ အမေဟင်းချက်ဖို့ဝယ်ထားတဲ့ နေကြာဆီဘဲ သုံးတယ် 😁

ဂျုံဈေးတွေ တက်နေတော့ အကောင်းစားဂျုံ မသုံးနိုင်ပေမဲ့ အကောင်းစားဂျုံကိုမှီတဲ့ ဒုံးပျံလေးနဲ့ဘဲ နှစ်ပါးသွားရတာပေါ့🥰

အဆင့် (၂)
ကွကျဥအကာ - 30လုံး
သကြား - 500 ဂရမ်
Tar Tar - 12 ဂရမ်

ပီးရင် အဆင့် (1) နဲ့ (2) ကိုရောရင် perfect ဖြစ်တဲ့ ကိတ်ရည်ရပီ ❤️

ကိတ်မိုလ် 8" ၇ခွက်လုံးထဲကို ကိတ်ရည်အညီအမျှ ထည့်ပါ.. ကိတ်ရည်ထည့်ရင် သတိထားရမှာက မိုလ် ကို အပြည့်မထည့်ရဖူး လက် ၃လုံးစာလောက် ချန်ထားရမယ် ....

စုံမီး 160° နှင့် 30min ပါ...

Bake လုပ်နေတဲ့ချိန် Oven ကို ခဏခဏ ဖွင့်ကျိတာမျိုး မလုပ်ဖို့ သတိထားရပါတယ်

မုန့်ကျက်လို့ Oven ထဲက ထုတ်ထုတ်ချင်း မုန့်ခွက်ကို ​cooling tray ပေါ် မှောက်လျက်အနေထားဖြင့် ခွက်ပါရော၍ 15min ခန့် အအေးခံပါ ..

အေးသွားချိန်မှ Mould ထဲက ထုတ်ပီး လိုသလို အလွှာလုပ်ရင်းစားကောင်းလှတဲ့ ကိတ်သားနူးနူးအိအိလေးကို ရရှိမှာ ဖြစ်ပါတယ်ရှင့် 🙆

#ဈေးသည်ချောချောလေး🥰

 #ထောပတ်ဘိန်းမုန့်ကြိုက်ကြတယ်ဟုတ် ? 😍ထောပတ်ဘိန်းမုန့် လုပ်ရဘယ်လောက်လွယ်လဲဆိုတာဖတ်ကြည့်လိုက်တော့ အိမ်ရှင်မတို့ရေ 💙ထန်းလျက...
11/07/2022

#ထောပတ်ဘိန်းမုန့်ကြိုက်ကြတယ်ဟုတ် ? 😍
ထောပတ်ဘိန်းမုန့် လုပ်ရဘယ်လောက်လွယ်လဲဆိုတာ
ဖတ်ကြည့်လိုက်တော့ အိမ်ရှင်မတို့ရေ 💙

ထန်းလျက်၅၀သါးကိုရေနို့ဆီတစ်ဗူးခွဲထည့်ပြီးပျစ်ပျစ်လေးကြို ဆန်မှုန့်အထုပ်၅ထုပ် ဆားနည်းနည်း ထောပတ်၁၀ကျပ်သား ကြက်ဥ၆လုံး ဆော်ဒါထမင်းစားဇွန်းဝက်ထည့်မွှေပြီးနှံအောင်မွှေပါ မုန့်ဖုတ်အိုးကိုဆီအနည်းငယ်ထည့်ပြီး တစ်ချပ်စာမုန့်ရည်ထည့် မြေပဲစိမ်း အုန်းသီး ဘိန်းစေ့ဖြူးပြီး မီးအေးအေးဖြင့် အဖုံးအုပ်၂မိနစ်ခန့်ထားပါ ရွှေဝါရောင်သန်းမှတစ်ဖက်ကိုလှန်လိုက်ရင်ရပါပြီ

Credit Thin Phyu Soe
Credit All photos
#ထောပတ်ဘိန်းမုန့်

KFC ကြက်ကြော် ကြော်နည်း***********************************Credit:ကောင်းထက်ကျော်- မြန်မာဒံပေါက်**************************...
22/06/2022

KFC ကြက်ကြော် ကြော်နည်း
***********************************
Credit:ကောင်းထက်ကျော်- မြန်မာဒံပေါက်
************************************************

ခုတလော နံမည်ကြီးနေတဲ့ KFC ကြက်ကြော် လုပ်နည်းပါ။ ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။ ချက်နည်းကို ကြည့်ရအောင်…
------------------------------------
ကြက်သားကို နုပ်ထားရန် ပါ၀င်ပစ္စည်းများ

ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု
ဟင်းခတ်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ကြက်ပြုတ်ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
------------------------------------
ကြက်ကြော်အတွက် ပါ၀င်ပစ္စည်းများ

နုပ်ထားသော ကြက်ပေါင်နဲ့ရင်ဗုံ
ကြက်ဥ – တစ်လုံး
နွားနို့ – ၂၀၀ မီလီလီတာ
ဂျုံ – ၁၀၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ (ကြက်သွန်ဖြူ ညက်အောင် ထောင်းထည့်လျှင်လည်း ရသည်)
ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သားကို နုပ်ရန် ပါ၀င်ပစ္စည်းများဖြစ်သော ( ဟင်းခတ်မှုန့်၊ ဆား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ပြုတ်ရည်) တို့ဖြင့် သမအောင် နုယ်ပြီ အနည်းဆုံး ၂၄နာရီ တစ်ညသိပ် (ရေခဲသေတ္တာအောက်ထပ်)တွင် ထားပေးပါ။

၂။ ကြက်သားများကို တညသိပ်ပြီ နှပ်ပြီမှ ကြက်ဥနှင့် နွားနို့များကို ခွက်တစ်ခုထဲတွင် သမအောင် ခလောက်ပေးထားပါ။

၃။ ပြီမှ ဂျုံမှုန့်နှင့် ( ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆိုဒါ) တို့အားလုံး ဇလုံတစ်ခုထဲ သမအောင် ရောမွှေလိုက်ပါ။

၄။ ပြီလျှင် ကြက်ပေါင်ကို ခလောက်ထားသော ကြက်ဥခွက်ထဲနှစ်ပြီ ဂျုံမှုန့်များဖြင့် လိပ်လိုက်ပါ။

၅။ ထို့နည်းအတိုင်း ကျန် ကြက်ရင်ဗုံ၊ ပေါင်ကို ကြက်ဥနှစ်ပြီ ဂျုံကပ်ပေးပါ။

၆။ ကြက်ကြော်တဲ့အခါ ပိုကြွပ်ရွစေရန် ဂျုံကပ်ပြီသား ကြက်ပေါင်၊ ရင်ဗုံများ ကြက်ဥခွက်ထဲ ပြန်နှစ်ပြီ ဂျုံနောက်တစ်ကြိမ် ထပ်မန် ကပ်ပေးပါ။

ရ။ ဒယ်ထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ဂျုံကပ်ထားသော ကြက်ပေါင်၊ ရင်ဗုံများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
Crd

 #အမဲသားကြော်အမဲသားကို အချိုမှုန့် ဆား နနွင်းများများ သံပုရာရည် ဂျင်းရည်တို့နဲ့ နယ်ပြီး နာရီဝက်လောက်နှပ်ထားပါ။ပြီးရင် ပရ...
21/06/2022

#အမဲသားကြော်

အမဲသားကို အချိုမှုန့် ဆား နနွင်းများများ သံပုရာရည် ဂျင်းရည်တို့နဲ့ နယ်ပြီး နာရီဝက်လောက်နှပ်ထားပါ။

ပြီးရင် ပရက်ရှာကွက်ကာထဲ အမဲသားမြုပ်အောင်ရေထည့်ပြီး ၄၅ မိနစ်ပြုတ်ပါတယ် ၄၅ မိနစ်ပြည့်ရင် အတော်နူးပါပြီရေလဲခမ်းသလောက်ပါဘဲ။

အဲဒီခါ အမဲသားကို အပေါ်ယံနီရုံ မီးပြင်းပြင်းနဲ့ဆီမြုပ်အောင်ကြော်ပါတယ်။

အမဲကြော်ကိုကြော်ထားတဲ့ဆီထဲ မြုပ်အောင်ပြန်စိမ်ထားတဲ့အခါ နှစ်ရက်သုံးရက်လောက်အထားခံပြီး စားရတာလဲ မမာသွားပါဘူး။

အမဲသား ၁ပိဿာကို သံပုရာသီး ၄/၅လုံးခန့်နဲ့
ဂျင်းရည်အတွက် ဂျင်း ၃ကျပ်သားခန့် သုံးပါတယ်။

နနွင်း လဘက်စားဇွန်း သုံးပုံးနှစ်ပုံခန့်ထည့်ပါတယ်။

အချိုမှုန့် ဆားကိုတော့ နှစ်သက်သလိုချိန်ဆထည့်ပါ။

Credit : ရွှေမြိုင်သူရဲ့ ရွှေလက်ရာ

အိမ်မှာ ဝက်သားတုတ်ထိုးကိုယ်တိုင်လုပ်စားနိုင်စေဖို့လုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်နော် 😍ဝက်သားတုတ်ထိုး လုပ်နည်း/ အချဉ်ရည်လု...
20/06/2022

အိမ်မှာ ဝက်သားတုတ်ထိုးကိုယ်တိုင်လုပ်စားနိုင်စေဖို့
လုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်နော် 😍

ဝက်သားတုတ်ထိုး လုပ်နည်း/ အချဉ်ရည်လုပ်နည်း

ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။ အသားများကိုဆေးကြောသန့်စင်ပြီး ဆား.. သကြားတို့ဖြင့်ရောနယ်ထားပါ.

အူများကိုပထမ ပဲမှူန့်နဲနယ်ဆေးပါ။ ဒုတိယအနေနဲ့ ရှာလကာရှည်ဖြင့်ပွတ်ဆေးပြီးရေသန့်နဲ့၃ကြိမ်ခန့်ဆေးကြောပြီးပြောင်းပြန်လုပ်ကာ တူဖြင့်အူချောင်များကို ထိုးသွင့်၍ ၃ချောင်းခန့််ထပ်ပါ။ပြုတ်တဲ့ခါ. ၂အိုးခွဲပြုတ်ရမှာဖြစ်ပါတယ်. အနီရောင်ရှိတဲ့ အသဲ၊ အဆုပ်၊နားရွက်၊ကျောက်ကပ်နဲ့ အသားတို့ကို သီးသန့်တစ်အိုးပြုတ်ပြီး.. အူသတ်သတ် တစ်အိုးပြုတ်ပါ။ရောပြုတ်လိုက်ရင် အရောင်မလှတတ်လို့ပါ။

အူပြုတ်နည်း

အိုးကိုပူအောင်တည်ပြီသကြားထမင်းစါးတစ်ဇွန်းခန့်ထည့်လှော်ပါ။ငြုပ်ကောင်းမှူန့်အနည်းငယ်နဲ့လေးညှင်း၂ပွင့် နာနတ်၁ပွင့်တို့ ပဲငံပြာပြာရည်..လက်ဖက်ဇွန်း၂ဇွန်းခန့်ထည့်ပါအရောင်အတွက်ထည့်တာဖြစ်ပါတယ်။ရေခန်းအောင်းလုံးထားပြီးမှရေအမြုပ်ထည့်ပြီးပြုတ်ပါနံနံပင်အမျှစ်၃ပင်ခန့်ဓားပြားရိုက်ထည့်ကာ.နူးပြီးရေခန်းသည်ထိမီးဖြည်းဖြည်းဖြင့်ပြုတ်ပါ။

အသဲ၊အဆုပ်၊ကျောက်ကပ်၊သာ၊နားရွက်ပြုတ်နည်း

ရေနွေးဆူအောင်တည်ပြီးဆား...သကြားထမင်းစားဇွန်းဝက်..နာနတ်၁ပွင့့်..ပဲငံပြာရည်..ငြုပ်ကောင်းမှူန့်တို့ထည့်ပြီးအသားထည့်ကာမီးဖြည်းဖြည်းနဲ့နူးသည်ထိပြုတ်ပြီးဗန်းထဲဆည်ထည့်ကာအအေးခံပြီးအချဉ်ရည်ဖြင့်တွဲဖက်စားနိုင်ပါပြီးရှင့်။ကြက်ဥပြုတ်ကြိုက်ပါက ၅လုံးခန့်ပြုတ်ပြီ..ထည့်ပြုတ်နိုင်ပါတယ်ရှင့်။

အချဉ်ရည်ပြုလုပ်နည်း

မန်ကျည်းသီး လက်တဆုပ်ခန့်နဲ့ထန်းလျှက်ခဲ၃ခဲခန့်ကိုရည်နဲ့အနှစ်ရအောင်ပြုတ်ပါ။အနှစ်ရအောင်ဇကာနဲ့တိုက်ထားပါ။ကြက်သွန်ဖြူ.ငရုပ်သီးစိမ်းရောထောင်းပြီးကြိုထားတဲ့မန်ကျည်းအနှစ်နဲ့ရောပြီးယိုးဒယားပဲငံပြာရည်နဲ့သကြားအနည်းငယ်ထည့်ဖျော်ပြီးသုံးဆောင်နိုင်ပါပြီးရှင့်
င😁😍😍
ငရုတ်သီးအဖက်ချိုချိုလေး
ဒီငရုတ်ဆီကိုကြက်ဆီထမင်းဖြစ်ဖြစ်၊ကြက်ကြော်နဲ့ဖြစ်ဖြစ်တတွဲစားရင်အရမ်းမိုက်ပါတယ်

ပြုလုပ်ပုံကတော့အရမ်းလွယ်ကူပါတယ်

ရှာလကာရည် ၁ cup
(၁ cup = တရုတ်ထမင်းစားခွက်တစ်ခွက်)

သကြား ၁/၂ cup

ငရုတ်သီးအနီတောင့် ၅တောင့်

သူ့ငရုတ်ဆီပုံစံကိုကချိုချိုလေးဖြစ်တဲ့အတွက်ကြောင့်ငရုတ်သီးအများကြီးထည့်ရင်တေ့ာစပ်သွားပါလိမ့်မယ

ဆား ၁ဇွန်း

ကြိတ်စက်ထဲမှာငရုတ်သီးအနီတောင့်ရယ်ရှာလကာရည်ရယ်ရောကြိတ်ပါ

အကယ်၍ကြိတ်စက်မရှိရင်ငရုတ်သီးကိုအဖက်ဖြစ်အောင်ထောင်းပေးရပါမယ်ပြီးရင်ရှာလကာရည်နဲ့ရောပါ

အိုးထဲတွင်ကြိတ်ထားတဲ့ငရုတ်သီးထည့်ပြီး၁မိနစ်ခန့်တည်ပေးပါ
ပြီးရင်သကြားထည့်ကျိုပေးပါ

အရသာလေးလေးဖြစ်စေချင်ရင်တော့ဆားထည့်ပါ
Credit KMA

" တစ်မျိုးထဲနဲ့ထမင်းမြိန်စေမယ့် ပုစွန်ခြောက်ငြုပ်သီးချက်နည်း "​ကြက်သွန်ဖြူ နီ ငြုတ်သီးအခြောက်တောင့် ရောထောင်းခရမ်းချဥ်သီ...
19/06/2022

" တစ်မျိုးထဲနဲ့ထမင်းမြိန်စေမယ့် ပုစွန်ခြောက်ငြုပ်သီးချက်နည်း "

​ကြက်သွန်ဖြူ နီ ငြုတ်သီးအခြောက်တောင့် ရောထောင်း
ခရမ်းချဥ်သီး ဆား ဆနွင်း ဆီ ရသာမှုန့် ငပိ ရေအနည်းငယ်
အားလုံးထည့်ပါ ရေကုန်သွားရင် မီးအေးအေးဖြင့် အနှစ်ကျအောင်ချေပြီး ရေစိမ်ထားတဲ့ပုစွန်ခြောက် ငြုတ်သီးစိမ်း နံနံပင်ထည့်ပါ
ရေထည့်ပါ ဟင်းပွက်ပြီးတအောင့်ထားပါ

Credit Win Win

ငါးသလောက်ပေါင်းနည်းလေး..😍၁။ ငါးသလောက်ကြီးကြီးတစ်ကောင်ကို ၃ ပိုင်း (သို့မဟုတ်) ၄ ပိုင်း ပိုင်း၍ သန့်စင်အောင် ဆေးကြောပါ။ ပ...
16/06/2022

ငါးသလောက်ပေါင်းနည်းလေး..😍
၁။ ငါးသလောက်ကြီးကြီးတစ်ကောင်ကို ၃ ပိုင်း (သို့မဟုတ်) ၄ ပိုင်း ပိုင်း၍ သန့်စင်အောင် ဆေးကြောပါ။ ပြီးလျှင် ဆား အချိုမှုန့် နနွင်းမှုန့် ငါးငံပြာရည် ၃ ဇွန်း
ရှလကာရည် ၃ ဇွန်း တို့ဖြင့် သမအောင်နယ်၍
နာရီဝက်ခန့် နှပ်ထားပါ။
၂။ ကြက်သွန်နီ ဖြူ ဂျင်း စပါးလင်တို့ကို ငရုတ်သီးအရောင်တင်မှုန့်ဖြင့် ရောထောင်း၍ ဆီသတ်ပါ။ ခရမ်းချဉ်သီး ၄/၅ လုံးခန့်ကိုလည်း ပါးပါးလှီး၍
အနှစ်ရတဲ့အထိ ရော၍ လုံးချက်ချက်ပါ။
၃။ ချက်မည့် ဟင်းပေါင်းအိုးအောက်ခြေကို ကြံချောင်း (သို့မဟုတ်) စပါးလင် ၅ ချောင်း ထု၍ ဖြန့်ခင်းပါ။
၎င်း အပေါ်ကမှ ငါးအတုံးများကို စီ ထည့်ပါ။ ထို့နောက် ခုနက ဆီသတ်ထားသည်များ လောင်းထည့်ပါ။
ကြက်သွန်နီဥ အရွယ်တော် ၅/၆ လုံးခန့် အပေါ်မှ ထပ်ထည့်ပါ။ ပြီးလျှင် ငါးတွေမြုတ်တဲ့အထိ ရေထည့်ပါ။
၄။ ၄၅ မိနစ်ခန့်ကြာလျှင် မီးပိတ်ပြီး ခဏနှပ်ထားပါ။ ၁၀ မိနစ်လောက်ကြာလျှင် အဖုံးဖွင့်ပြီး နံနံပင် နှင့် မဆလာ
အနည်းငယ်စီ အုပ်ပြီး ၃ မိနစ်လောက် ထပ်ချက်လိုက်လျှင် ရပါပြီရှင်။
အရသာရှိသောငါးသလောက်ပေါင်းဟင်းတစ်ပွဲမိမိကိုယ်တိုင်_လက်စွမ်းပြချက်စားကြည့်လိုက်ပါနော်
လေးစားလျှက်..crd. Credit. .
ခင်ခင်ကြီး(ခ) သက်ထားစံ

ဝက်လက်စွပ်ပြုတ်ဝက်လက်            ၁ချောင်း (၅၀သားခန့်)ဆား                   အနည်းငယ်သကြား               ၁ဇွန်း(သေး)နာနတ်ပ...
16/06/2022

ဝက်လက်စွပ်ပြုတ်

ဝက်လက် ၁ချောင်း (၅၀သားခန့်)
ဆား အနည်းငယ်
သကြား ၁ဇွန်း(သေး)
နာနတ်ပွင့် ၁ပွင့်
ခရုဆီ ၁ဇွန်း(သေး)
ပဲငံပြာရည်အနောက် ။
ငရုတ်ကောင်း အနည်းငယ်
နှမ်းဆီမွှေး ။
ကြက်သွန်မိတ် ၃ပင်
ထိုက်ဝမ်မုန့်ညှင်း ၂ပင်
မုန့်ညှင်းစိမ်း ။
ကြက်သွန်ဖြူ ၄မွှာ
ဂျင်း ၂ပြား

-ဝက်လက်ကို အတုံးကြီးကြီးတုံး ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်
ထားပါ။
-ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်
ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
-pressure cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြား
ရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ဆူလာလျှင်
ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့်
တည်ပါ။ရလျှင် ထိုင်ဝမ်မုန့်ညှင်း မုန့်ညှင်းစိမ်း နှမ်းဆီမွှေး ထည့်၍ ချပါ။
စားမည့်ပန်းကန် ထဲကို ကြက်သွန်မိတ်ပါးပါး ငရုတ်ကောင်း
ကြက်သွန်ကြော် ထည့်၍ ဟင်းရည်ပူပူလောင်းထည့်၍
စားသုံးနိုင်ပါပြီရှင်။

ချက်ကြည့်ကြစို့

ဝက်လက်စွပ်ပြုတ်

ဝက်လက် ၁ချောင်း (၅၀သားခန့်)
ဆား အနည်းငယ်
သကြား ၁ဇွန်း(သေး)
နာနတ်ပွင့် ၁ပွင့်
ခရုဆီ ၁ဇွန်း(သေး)
ပဲငံပြာရည်အနောက် ။
ငရုတ်ကောင်း အနည်းငယ်
နှမ်းဆီမွှေး ။
ကြက်သွန်မိတ် ၃ပင်
ထိုက်ဝမ်မုန့်ညှင်း ၂ပင်
မုန့်ညှင်းစိမ်း ။
ကြက်သွန်ဖြူ ၄မွှာ
ဂျင်း ၂ပြား

-ဝက်လက်ကို အတုံးကြီးကြီးတုံး ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်
ထားပါ။
-ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်
ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
-pressure cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြား
ရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ဆူလာလျှင်
ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့်
တည်ပါ။ရလျှင် ထိုင်ဝမ်မုန့်ညှင်း မုန့်ညှင်းစိမ်း နှမ်းဆီမွှေး ထည့်၍ ချပါ။
စားမည့်ပန်းကန် ထဲကို ကြက်သွန်မိတ်ပါးပါး ငရုတ်ကောင်း
ကြက်သွန်ကြော် ထည့်၍ ဟင်းရည်ပူပူလောင်းထည့်၍
စားသုံးနိုင်ပါပြီရှင်။

crd.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Roal - 7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category