Yee Online Shop

Yee Online Shop shop

မပိုင်ဆိုင်ရဘူးဆိုရင်တောင်လက်တော့မလွှတ်ချင်ဘူး။မသက်ဆိုင်ဘူးဆိုရင်တောင်ပတ်သတ်ခွင့်လေးတော့ရှိချင်တယ်။ဘယ်လိုမှမနီးနိုင်ရင်တ...
26/03/2025

မပိုင်ဆိုင်ရဘူးဆိုရင်တောင်
လက်တော့မလွှတ်ချင်ဘူး။

မသက်ဆိုင်ဘူးဆိုရင်တောင်
ပတ်သတ်ခွင့်လေးတော့ရှိချင်တယ်။

ဘယ်လိုမှမနီးနိုင်ရင်တောင်
အဝေးကြီးဝေးမနေဖို့လိုတယ်။

ကိုယ်က မင်းဘဝရဲ့အစိတ်အပိုင်းဖြစ်ဖြစ်
အခန်းကဏ္ဍတစ်ခုကနေပဲဖြစ်ဖြစ်
ပါဝင်ပတ်သတ်နေချင်တယ်။

မသက်ဆိုင်တော့တဲ့သူတွေလို
ခေါ်ပြောစရာမလိုတော့တဲ့သူတွေကို
သူစိမ်းဆန်ဆန်မနေချင်ဘူး။

ကျွန်မက တွယ်တာလွယ်တယ်ပြီးတော့ ...ထိရှလွယ်တယ်အမြဲတမ်းအတွက်မှ မဟုတ်ရင်ဂရုမစိုက်တာကောင်းမယ်မကြင်နာတာကောင်းမယ်နည်းနည်းလေးကော...
26/03/2025

ကျွန်မက တွယ်တာလွယ်တယ်
ပြီးတော့ ...
ထိရှလွယ်တယ်

အမြဲတမ်းအတွက်မှ မဟုတ်ရင်
ဂရုမစိုက်တာကောင်းမယ်
မကြင်နာတာကောင်းမယ်

နည်းနည်းလေးကောင်းပြလိုက်ရင်
အမြဲတမ်းအတွက်လို့
ထင်သွားတတ်တဲ့ ကောင်မလေးလေ

ပြီးတော့
နည်းနည်းလေး ကြင်နာပြရင်
အများကြီး တွယ်တာတတ်တဲ့
ကောင်မလေးလေ ...

တစ်နေ့ ချန်ထားမယ်လို့
တွေးထားမယ်ဆိုရင်

ကျွန်မအနား ကပ်မလာတာ ကောင်းတယ် ။

💔❤️‍🩹

ဘာတွေပြောင်းသွားလဲ🥴
14/03/2025

ဘာတွေပြောင်းသွားလဲ🥴

ယောကျာ်းတစ်ယောက်ရဲ့အပြောင်းအလဲကိုခံလိုက်ရတဲ့ စိတ်ဒဏ်ရာအပြည့်နဲ့ မိန်းမတယောက်ဟာ...ပထမအကြိမ် … သူငိုမယ် ပြဿနာရှာမယ်ငါ့ကိုအ...
15/02/2025

ယောကျာ်းတစ်ယောက်ရဲ့
အပြောင်းအလဲကိုခံလိုက်ရတဲ့ စိတ်ဒဏ်ရာအပြည့်နဲ့ မိန်းမတယောက်ဟာ...

ပထမအကြိမ် … သူငိုမယ် ပြဿနာရှာမယ်
ငါ့ကိုအခုတော့ ဒီလိုဆက်ဆံတယ်ပေါ့ဆိုပြီး

ဒုတိယအကြိမ် … သူမဲ့ပြုံး ပြုံးမယ်
ရပါတယ် ရိုးနေပြီဆိုပြီး သူဖြည့်တွေးမယ်

တတိယအကြိမ် … သူနေတတ်သွားမယ်
ဘယ်လိုမှ ခံစားရမှာ မဟုတ်တော့ဘူး

နောက်ဆုံးအဆင့်ကတော့ …
အားလုံးကိုလက်ခံနိုင်သွားမယ် … ထုံပေပေဖြစ်သွားမယ် ...
ရှိခြင်းမရှိခြင်းတောင် သူ မသိချင်တော့လောက်အောင်
အချစ်ကိုသူစိတ်နာမယ် ...

ဒါပါပဲ...အဲ့လိုနောက်ဆုံးအဆင့်ထိ
မိန်းမတယောက်ပြောင်းလဲသွားတဲ့အခါ..
အဲ မိန်းမကသိပ်ကြောက်ဖို့ကောင်းတယ်

ဒါပေမယ့် အဲ့လူကို သူ မချစ်တော့တာတော့မဟုတ်ဘူး
ချစ်ခြင်း နာကျင်ခြင်း ဒဏ်ရာ အလွမ်း
စိတ်ပင်ပန်းရခြင်းတွေ အားလုံးပေါင်းစပ်သွားပြီးနောက်…
သူ့ခံစားချက်တွေ … သူကိုယ်တိုင်မသိနိုင်တော့တဲ့အထိ
ပြောင်းလဲခြင်းဟာ သူ့ဆီရောက်လာခဲ့တယ်

အဲ့ဒီအခါ အဲ့ဒီမိန်းမကို နားလည်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ❤️‍🩹❤️‍🩹❤️‍🩹

တစ်ယောက်တည်းနေလို့ ဖြစ်သွားတဲ့ အချိန်ဆိုတာ တကယ် ကို ရှိပါတယ် ။ဘယ်သူ့ဆီက ဘယ်အရာကိုမှ မမျှော်လင့်တော့တဲ့အချိန် နဲ့ကိုယ့်အန...
15/02/2025

တစ်ယောက်တည်းနေလို့ ဖြစ်သွားတဲ့
အချိန်ဆိုတာ တကယ် ကို ရှိပါတယ် ။

ဘယ်သူ့ဆီက ဘယ်အရာကိုမှ မမျှော်လင့်တော့တဲ့အချိန် နဲ့
ကိုယ့်အနားမှာ ဘယ်သူမှ ကြာကြာနေမှာ မဟုတ်ဘူး
ဆိုတာကို လက်ခံသွားတဲ့ အချိန် ပဲ ။

စစချင်းတော့ ခံစားရဦးမှာပေါ့ ဒါပေမယ့်
အချိန် အတိုင်းအတာ တစ်ခုပါပဲ ။
တစ်ယောက်တည်းနေနိုင်သွားတဲ့ ရက်တွေ
ရောက်လာဦးမှာပါ ။🖤🍂

‼️Broccoli scrub လေးကိုသုံးတော့သုံးနေတာပဲ ဘာလို့မသိသာလဲ.....?👉 #ဒီအချက်လေးတွေ သေချာ မလုပ်ဖြစ်လို့ပါနော်..✅1. Scrup ဆပ်ပြ...
13/07/2024

‼️Broccoli scrub လေးကိုသုံးတော့သုံးနေတာပဲ ဘာလို့မသိသာလဲ.....?

👉 #ဒီအချက်လေးတွေ သေချာ မလုပ်ဖြစ်လို့ပါနော်..

✅1. Scrup ဆပ်ပြာဖြစ်လို့ ၃မိနစ်လောက်သေသေချာချာ လေးပွတ်ပေးပါနော်...
ပိုသိသာချင်ရင် သံပုရာသီးညှစ်ပြီးသုံးပေးပါ...

✅2. ပွတ်ပီးရင်ချက်ချင်းရေဆေးမချပဲ ၃မိနစ်လောက် ဒီတိုင်းလေးနှပ်ထားပါ...

✅3. ရေလေးဆေးချပြီးတဲ့အခါ အသားရေကြည်ကြည်လေးနဲ့နူးညံ့တဲ့ခံစားချက်ကိုရရှိမှာပါရှင့်...

✅4. နောက်ဆုံးအနေနဲ့ သုံးနေကျ lotionလေးလူးပေးပါရှင့်

scrub လေးကိုမှာယူချင်တယ်ဆိုရင်
#တစ်စုံမှ5000ksထဲမို့🫢အမြန်လေးလာဝယ်လိုက်တော့နော်
#10စုံမှ40000ksထဲနဲ့ရမှာပါရှင့်🫢
#ပစည်းအသင့်ရှိမို့ခုမှာခုရပါတယ်ရှင့်
#ကိုယ်စာလှယ်ဝင်ချင်သူများလဲလက်ကားေစျးရှိတာမို့ဖိတ်ခေါ်ပါတယ်ရှင့်
#မြို့ပေါင်းများစွာအိမ်အရောက်ငွေချေရပါတယ်ရှင့်

သူတို့လေးတွေကိုချစ်ရတာ စိတ်အချမ်းသာဆုံး❣️
19/08/2023

သူတို့လေးတွေကိုချစ်ရတာ စိတ်အချမ်းသာဆုံး❣️

ကိုယ့်ကိုယ်ကို တာဝန်ယူပါကိုယ့်ဘဝကို ပြောင်းလဲချင်ရင် ကိုယ်ကိုယ့်ကိုတာဝန်စယူပါပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ကို...
11/08/2023

ကိုယ့်ကိုယ်ကို တာဝန်ယူပါ

ကိုယ့်ဘဝကို ပြောင်းလဲချင်ရင် ကိုယ်ကိုယ့်ကိုတာဝန်စယူပါ
ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုတာဝန်စယူပါ
ရည်မှန်းချက်တွေအောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို တာဝန်စယူပါ

ကိုယ့်ဘဝရဲ့ဖြစ်တည်မှုတွေဟာ ကိုယ့်ကြောင့်ဖြစ်လာရတာ
ကိုယ့်ရဲ့ရွေးချယ်မှု၊ ကိုယ့်ရဲ့လုပ်ရပ်တွေကြောင့်ပါလို့ တာဝန်စပြီးမယူဘူးဆိုရင် တိုးတက်မှုဆိုတာလည်း ရှိလာအုံးမှာမဟုတ်ဘူး

ကမ္ဘာကြီးကို ပြောင်းလဲချင်ရင် ကိုယ့်ကိုယ်ကို အရင်စပြီးပြောင်းလဲပါတဲ့
ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ဆိုရင်တော့ ကိုယ့်ကိုယ်ကိုစပြီးတာဝန်ယူတတ်ဖို့လိုပါမယ်

Address

Yangon

Telephone

+959977316171

Website

Alerts

Be the first to know and let us send you an email when Yee Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share