တော်ဝင်နဂါး

တော်ဝင်နဂါး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from တော်ဝင်နဂါး, Clothing (Brand), Yangon.

ကံထူးသူလေး Page messenger မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လာပြောပေးနော် Deli ခ မဲပေါက်သူဘက်မှ ကျခံရပါမည်။
08/07/2024

ကံထူးသူလေး
Page messenger မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လာပြောပေးနော်
Deli ခ မဲပေါက်သူဘက်မှ ကျခံရပါမည်။

ဒါမျိုးလေးတွေရောင်းပေးရင် စိတ်ဆိုးမှာလား 😍
08/07/2024

ဒါမျိုးလေးတွေရောင်းပေးရင် စိတ်ဆိုးမှာလား 😍

ဒီည9pm ကို မဲဖောက်ပေးမယ် ဘယ်တော့မှ မရိုးတဲ့ Hoodie တထည်မဲဖောက်ပေးမယ်နော် အရင် မဲဖောက်ပေးမယ် ပြောထားတဲ့ customerတွေကော အခ...
08/07/2024

ဒီည9pm ကို မဲဖောက်ပေးမယ် ဘယ်တော့မှ မရိုးတဲ့ Hoodie တထည်မဲဖောက်ပေးမယ်နော်

အရင် မဲဖောက်ပေးမယ် ပြောထားတဲ့ customerတွေကော အခု ကံစမ်းချင်တဲ့ Customerတွေကော pageကို likeလုပ်ပြီး မန့်ခဲ့ပေးနော်

နောက်နေ့ ပစ္စည်းအသစ်တွေလဲ တင်ပေးမယ်နော် 🩷

Shot story 🌈
27/05/2024

Shot story 🌈

What the******
27/05/2024

What the******

ဂျပန်စုံတွဲ နှစ်ယောက် S*x ကိစ္စ ပွင်းပွင့်လင်းလင်းတိုင်ပင် တစ်နေ့မှာ ဂျပန်စုံတွဲတစ်တွဲဟာ အရမ်းကိုစိတ်ကျေနပ်စရာကောင်းတဲ့ ...
26/05/2024

ဂျပန်စုံတွဲ နှစ်ယောက် S*x ကိစ္စ ပွင်းပွင့်လင်းလင်းတိုင်ပင်

တစ်နေ့မှာ ဂျပန်စုံတွဲတစ်တွဲဟာ
အရမ်းကိုစိတ်ကျေနပ်စရာကောင်းတဲ့
လိင်မှုစွမ်းဆောင်ရည်တွေရအောင်
ဘယ်လိုလုပ်ရမလဲလို့
ဆွေးနွေးတိုင်ပင်နေကြသတဲ့။

အမျိုးသား - "ဆူကီတာကီ၊ မိုဂျီတာကာ"

အမျိုးသမီးကပြန်ပြောတယ် - "ကိုဝါနီနီ၊ မိုကီမိုဝီ ဂျနာကာပါ"

အမျိုးသားက ဒေါသတကြီးပြောပြန်ရော - "ရူမီကူဆို၊ ခါဂါဝါ၊ မီလာကူးးဆာ"

အမျိုးသမီးက ဒူးထောက်လိုက်ပြီး

တောင်းပန်တဲ့ပုံစံနဲ့ပြောတယ် -

"နာကာစကီ၊ အီမီရိုစာ တင်ကိုဂျီမီ"

အမျိုးသားကလည်း အကျယ်ကြီးအော်ပြီး
ပြန်ပြောပြန်ရောတဲ့ -

"နာမေနိုအီစီကိုမီရို၊ ကောနီချီးဝါးးး"


ခင်ဗျားလည်း မလွယ်ဘူးနော်...
ဂျပန်စကားလည်း နားမလည်ပဲနဲ့
အသည်းအသန်လိုက်ဖတ်နေတယ်။

S*x လို့ပါတာနဲ့ တွေ့သမျှ
စိတ်၀င်စားတော့တာပဲဟတ်လား?
ခင်ဗျားအတွက် စိတ်ပူမိတယ်ဗျာ....
ဟင်းးးး ဟင်းးးး 😌

ရှာသမျှပိုက်ဆံ ဘယ်မှာစုထားလဲMe:🙄🙄
26/05/2024

ရှာသမျှပိုက်ဆံ ဘယ်မှာစုထားလဲ

Me:🙄🙄

ကုသိုလ် အားကြီးလာရင်အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ။ကုသိုလ် အမြဲလုပ်ပါ .........ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း...
26/05/2024

ကုသိုလ် အားကြီးလာရင်
အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ။

ကုသိုလ် အမြဲလုပ်ပါ .........
ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း
ကုသိုလ်ကောင်းမှု့ ကို ပိုပြီးပြုလုပ်ပါ။

အဆင်မပြေလို့ ဗေဒင်သွားမေးလည်း
ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။
သူတို့အပြောကတော့ ယတြာချေတာပေါ့။

ဘယ်ဆရာ မှ အကုသိုလ်လုပ်ခိုင်းပြီး ယတြာမချေခိုင်းဘူး။ ကုသိုလ်ပဲ လုပ်ခိုင်းတာ။ အဲဒီလိုဆိုတော့
သူ့အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးပြီး
ကုသိုလ်တရား ကြိုးစားပွားရုံပေါ့။

အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက် ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက် ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့။ ယုံကြည်မှု့အပြည့်၊
ဇွဲကြီးကြီးနဲ့သာဆက်လုပ်။သေချာပေါက်ကို
ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်။
ယုံကြည်မှု့နဲ့ ဇွဲရှိမှု့ ကိုတော့ မလျော့စေနဲ့။

ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ။ သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ရင် အဲဒီရေခွက် ငန်တူးသွားမှာပေါ့။

ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊ ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။ ရေက များနေတာကိုး။
ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့။

ဒါကြောင့် ကုသိုလ်ကောင်းမှု့ကို လျော့မတွက်ပါနဲ့။ အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။

ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။

 #နတ်တွေထက်_ပိုသာတဲ့_လူသားတို့ရဲ့အခွင့်အရေးအထက် တက်ချင်သလား ?လူသာ တက်လို့ရတယ်။အောက် ဆင်းချင်သလား ?လူပဲ ဆင်းနိုင်တယ်။လူသာ...
26/05/2024

#နတ်တွေထက်_ပိုသာတဲ့_လူသားတို့ရဲ့အခွင့်အရေး
အထက် တက်ချင်သလား ?
လူသာ တက်လို့ရတယ်။
အောက် ဆင်းချင်သလား ?
လူပဲ ဆင်းနိုင်တယ်။

လူသားတွေက ဣစ္ဆာသယ ပဲ။
နတ်တွေ, ဗြဟ္မာတွေက
တို့ လူသားတွေထက် ဉာဏ်, ပိုကောင်းကြတယ်။
ဒါပေမယ့် ....
သူတို့မှာ ကျင့်နိုင်တဲ့ ရုပ် မရှိတော့
အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။
နတ်တွေ, ဗြဟ္မာတွေ ဆိုတာက
လူ့ဘဝကနေ ကျင့်ဖို့ရာ ပါသွားမှသာ
ဟိုမှာ ဆက်ကျင့်နိုင်တာ။
ဒီကနေ ပါမသွားရင်
အဲ့ဒီနတ်ပြည်မှာ အလကားပဲ၊ ဘာမှ မလုပ်နိုင်ဘူး။

နတ်မှာ အခွင့်အရေးက တို့လို မရှိဘူး။
သိတယ်, ဒါပေမဲ့ မကျင့်နိုင်ဘူး။
ငရဲတို့, ပြိတ္တာတို့ ဆိုတာ ထားလိုက်တော့။
တို့နားက ဘူတရုပ်( ပထဝီ, အာပေါ, တေဇော, ဝါယော ဟူသော ရုပ်ကြီးလေးပါး ) နှင့် ပတ်သက်တဲ့ ဆင်တို့, ကြံ့တို့ ဘာတို့, ညာတို့ တွေက သိနိုင်တဲ့အသိ မရှိကြဘူး။

တို့ လူသားတွေမှာ ကျတော့
သိနိုင်တဲ့ အသိလည်း ရှိတယ်
ကျင့်နိုင်တဲ့ အကျင့်လည်း ရှိတယ်။
လူသားတွေရဲ့ တန်ဖိုးက ကျင့်လည်း ကျင့်နိုင်တယ်
ကျင့်သလောက်လည်း သိနိုင်တယ်။
ဣစ္ဆာသယ ဘဝက လူသားတွေမှာပဲ ရှိပါတယ်။

(ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

သာမန် ဟူးမန်းတွေကတော့ မြောင် ၃ကောင်ဖဲ မြင်ကြဒယ်
25/05/2024

သာမန် ဟူးမန်းတွေကတော့ မြောင် ၃ကောင်ဖဲ

မြင်ကြဒယ်

တစ်ခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကိုအင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်က...
23/05/2024

တစ်ခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို
အင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်

ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ်
ဒီတော့ ကျနော်တို့က "ကို" တပ်ပြီး ခေါ်ပေမယ့်
သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်...

စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ
ဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့
ရိုရိုသေသေဆက်ဆံရတာပေါ့လေ...

ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲ
သဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်
တခါတလေ ကိုယ်ကတောင် ကြားထဲကနေ
ဝင်အားနာရတယ်...

ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်
ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား...

ဒီလိုနဲ့ တစ်နေ့...

သူငယ်ချင်းက ဒေါကန်နေပါတယ်
ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာ
ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့...

ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး အိမ်လိုက်သွားကြတယ်
တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့...

ဒီလိုနဲ့ ဒရိုင်ဘာအိမ်ရောက်သွားတယ်
သူ့အမေလို့ ထင်ရတဲ့ အန်တီကြီးတစ်ယောက်
ထွက်လာတယ်၊ မေးလိုက်တယ်၊ ရှိလားပေါ့...

ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ်ဆိုပြီး
ပြောတယ်၊ နောက်တော့ အနားကိုရောက်လာတဲ့
ကောင်မလေးတစ်ယောက်ကို အန်တီကြီးက
လှမ်းပြောလိုက်တယ်...

ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊ ဒီမှာ သူ့အလုပ်ရှင်အိမ်က
လိုက်လာတယ်ပေါ့ စသဖြင့်၊ အဲ့ဒီမှာ ကောင်မလေးက
ဘာပြောလိုက်လဲဆိုတော့...

"ကိုကြီးအိပ်နေတာ မနှိုးရဲဘူး"တဲ့...

ကျတော့်သူငယ်ချင်းကို ကြည့်လိုက်တော့
ဒီကောင် တချက်တွေသွားတယ်
စက္ကန့်ပိုင်းလောက်ပေါ့...

နောက်တော့ ကောင်မလေးကို ပြောလိုက်တယ်
"မနှိုးရဲရင် သွားမနှိုးနဲ့တော့၊ ထားလိုက်ပါ သူအိပ်ပါစေ" တဲ့
ပြီးတော့ ပြန်လှည့်လာခဲ့လိုက်ကြတယ်...

အပြန်လမ်းမှာ ကျနော် သူ့ကို မေးကြည့်တယ်
"မင်းဘာဖြစ်သွားတာလဲ"လို့...

သူငယ်ချင်းက ပြန်ဖြေတယ်
"ငါ သူ့အပေါ်လေးစားမှုရှိရမယ်လေကွာ"တဲ့
"သူက ဘယ်လိုပဲ ဒရိုင်ဘာပဲဖြစ်ဖြစ်၊ ငါဘယ်လိုပဲ
ဆဲဆဲဆိုဆို၊ အနိုင်ကျင့်ကျင့် သူ့ပတ်ဝန်းကျင်မှာတော့
သူဟာ မိသားစုရဲ့အားကိုးရာ၊ လေးစားရာ၊ ရိုသေရာ
လူသားတစ်ယောက်ပဲကွ"တဲ့...

"ဟိုကလေးမလေး ပြောတဲ့စကားကို ကြားတယ်မလား၊
ကိုကြီးအိပ်နေတာ သွားမနှိုးရဲဘူးတဲ့"...

"သူ့ပတ်ဝန်းကျင်၊ သု့မိသားစုမှာတော့ တော်တော့ကို
အရှိန်အဝါကြီးပုံရတယ်၊ ငါက ဒါကို ထည့်မတွက်ဘဲ
ခါတိုင်းလို သွားဆက်ဆံလိုက်ရင် သူ့အားကိုးနေတဲ့
သူ့မိသားစုခင်ဗျာ ဘယ်လိုခံစားသွားရမလဲ၊
သူကိုယ်တိုင်ရော..."

လူတစ်ယောက်ဟာ တစ်နေရာရာမှာ ဘယ်လိုပဲ
ဖြစ်နေဖြစ်နေ၊ ဘယ်ဘဝပဲရောက်နေရောက်နေ၊
အောက်ခြေသိမ်းပဲဖြစ်ဖြစ်၊ အနှိမ်ခံပဲဖြစ်ဖြစ်၊
ဘယ်သူမှဆေးဖော်ကြောဖက်မလုပ်ချင်တဲ့သူပဲဖြစ်ဖြစ်၊
အဲ့ဒီလူဟာ တခြားသော တစ်နေရာရာမှာတော့
အရှင်သခင်တစ်ပါး၊ မှီခိုအားကိုးရာတစ်ဖြစ်နဲ့
ရိုသေလေးစားစရာပြယုဂ် တစ်ခုခုတော့
ဖြစ်နေတတ်ပါတယ်...

တစ်ရက်ကလိုပေါ့
ဖြတ်သွားသူတိုင်း နှာခေါင်းပိတ်ဖြတ်လေ့ရှိတဲ့
အမှိုက်ပုံမှာ အလုပ်လုပ်နေရတဲ့ စည်ပင်က
ဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲထည့်မလဲ
ဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ...

ဒါပေမဲ့ ကျနော်လည်း အမှိုက်သွားပစ်ရော
အဲ့ဒီဝန်ထမ်းလေးရဲ့ ဇနီးဖြစ်ပုံရတဲ့ ကောင်မလေး
ရောက်လာပြီး ဘာပြောသွားတယ်မှတ်လဲ...

"မနက်က ဆေးသောက်ပါဆို သောက်မသွားဘူး၊
လူကို အမြဲတမ်း စိတ်မောရအောင်လုပ်တယ်၊
ရော့ ဒီမှာဆေး အခုသောက်"တဲ့...

အဲ့ဒီစကားလေးကြားမိတော့ ကျနော့ဖြင့်
အဲ့ဒီစည်ပင်ဝန်ထမ်းလေးအပေါ် လေးစားသွားလိုက်တာ
ဪ...တစ်လောကလုံးက
သူ့အပေါ် ဘယ်လိုပဲသဘောထားထား
သူ့အပေါ် မင်းသားတစ်ပါးလို
ဆက်ဆံတဲ့သူဆိုတာတော့ ရှိနေတာပါပဲလားလို့...

တဖက်က ပြန်စဉ်းစားပြန်ရင်လည်း ဒီလိုပါပဲ
တစ်လောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊
ဘယ်လိုဆက်ဆံ ဆက်ဆံ အရေးမကြီးဘူး...

အရေးကြီးတာက ငါချစ်ရတဲ့သူတွေ၊
ငါ့ကိုချစ်တဲ့သူတွေနဲ့ ငါ့ပတ်ဝန်းကျင်၊ ငါ့မိသားစုလေးမှာ
ငါဟာ တန်ဖိုးရှိတဲ့၊ လေးစားခံထိုက်တဲ့
လူသားတစ်ယောက် ဖြစ်နေရင် ရပြီဆိုတာမျိုး...

ဆိုလိုတာက လူတစ်ယောက်ကို ဘယ်တော့မှ
အထင်မသေးပါနဲ့၊ မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့
သူ့အတွက် ကမ္ဘာဆိုတာ ဒီတစ်နေရာတည်းမှာပဲ
ရှိနေတာ မဟုတ်လို့ပါ...

#ရွှေမိတ်သစ်

22/05/2024

Address

Yangon
11031

Telephone

+959763924481

Website

Alerts

Be the first to know and let us send you an email when တော်ဝင်နဂါး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share