12/09/2021
ပညာတတ်လူငယ်တွေ စကစရဲ့ မှိုင်းမိထားလို့ရှင်းပြချင်လို့ရယ်။
Go Fund me ကိစ္စပေါ့။ ပိုက်ဆံက ထုတ်လို့ရတယ် သုံးလို့မရတာ။ အဲ့ကိစ္စမှာ တာဝန်ရှိသူတွေက အမေရိကန်ကနေတဲ့ သူတွေပါတယ်။ ပြောရရင်တော့ အာ့တုန်းက အလှူခံဆိုလို့ အလှူခံလိုက်တာ go fund me ကနေ အလှူခံလို့ရတယ်ဆိုလို့ အလှူခံလို့ရပြီး ထုတ်သုံးမယ်ဆိုတော့ go fund me မှာ rule and regulation ရှိတယ်။ လူသားချင်းစာနာထောက်ထားမှုမှအပ တခြားရည်ရွယ်ချက်နဲ့ အလှူငွေသုံးလို့မရဘူး။ သုံးမယ်ဆို US က တာဝန်ခံတွေကို ဖမ်းဆီးခွင့်ရှိတယ်။ ထောင်ကျကိုကျမှာ။ ဒါကြောင့် pdf ကိုလက်နက်ဝယ်ဖို့ gofundme ကငွေကို သုံးမရပါဘူး။ နောက်တခု cdm ဝန်ထမ်းကိုလည်းထောက်ပံဖို့ မရဘူး။ လူသားချင်းစာနာမှုဆို covid တို့ဘာတို့အတွက်ဆိုရတယ်။ ဒါကပထမအခက်ခဲ။
ဒုတိယက အာ့ဒေါ်လာ ၉ သန်းကို ၁ သန်းပဲ မြန်မာပြည်ကို လွှဲပေးမယ်။ မြန်မာဘက်က ဘယ်ခရိုနီများ ကျပ်ငွေပြန်လဲပေးနိုင်မလဲ ကျပ်ငွေလည်းမလုံလောက်ဘူး။ လဲပေးချင်တောင် ဒါမှမဟုတ် ဒေါ်လာ ၁ သန်းလက်ခံပြီး cdm သမားတွေ စစ်ရှောင်တွေအတွက် ဘဏ်တွေထဲ exchange transfer ပြန်လုပ်ပေးနိုင်မလဲ။ ဘယ်ခရိုနီမှ မလဲပေးရဲဘူး။ nug ငွေကို ထောင်ဂဏန်းရာရာဂဏန်းလုပ်ပေးတဲ့ လူတွေလည်း လန့်နေရသလို ငွေသားကို စကစက ဒုက္ခပေးလိုက်သေးတယ်။ ဒါကြောင့် nug သူတို့ ထီလက်မှတ်နဲ့ ticket တွေရောင်းတာပါ။ အဲ့က ရတဲ့ငွေကို ကြိုက်သလိုသုံးလို့ရတယ်။ ဒါကြောင့် ဒါကို ဖိလုပ်ကြတာ ခုဆို blockchain ပါ try နေတယ်။ အာ့ငွေကိစ္စတည့်မေးကြတာကြာပေါ့ ရှိတယ်။ ဒီတော်လှန်ရေးပြီးမှ ပြန်လည်ထူထောင်ရေး လူသားချင်းစာနာ ဘာညာမှာပဲထောက်ပံပေးနိုင်မယ်။ နူဂျီက အခုလက်ရှိမှာ ထီရောင်းရငွေလေးနဲ့ သူ့ဟာသူ မနည်းရုန်းကန်နေရတာ အဖွဲ့အစည်းက လူတွေပဲ သိတယ်။ ပြည်သူတွေ သိလေ စိတ်ဓာတ်ပိုကျမှာ ကြောက်လို့သာ ဟိုလှည့်ဒီလှည့်နဲ့ လျှောက်ပြောနေတာ။ အဲ့ဒါမို့ ပြည်သူတွေအနေနဲ့ ကလစ်စရာရှိတာ ကလစ်။ ဝင်ငွေရှိတဲ့လူတွေက support။ ဘာသံညာသံကြားရင် အာမချောင်နဲ့။ မစပ်စုချင်နဲ့။ ဒါလောက်ပဲ လုပ်နိုင်အုံးမယ်။
ဒါကိုနားလည်ပြီး သိတဲ့ကောင်တွေက တမင်ပွဲရှာပြီး ပြည်သူနဲ့ နူဂျီကို ရန်တိုက်ပေးနေတာ။ ဘယ်လောက်ထိဆိုးသလဲဆိုရင် လက်ဝဲဝါဒကို လူငယ်တွေ စိတ်ထဲရောက်အောင် လုပ်ခဲ့တဲ့ ဘဲတပွေဆို စကစရဲ့ အတွင်းလူတယောက်ဖြစ်နေတဲ့အထိပဲ။