အိမ် - Eain

အိမ် - Eain Truth, Trust, Relax

မိုးအေးအေးရယ်ကော်ဖီတခွက်ရယ်စာအုပ်လေးရယ်……
23/05/2026

မိုးအေးအေးရယ်
ကော်ဖီတခွက်ရယ်
စာအုပ်လေးရယ်……

ကိုယ့်ဆီ နောက်ကျမှ ဝင်လာခဲ့သော်လည်းကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူလို့တွေးထင်မိစေတဲ့အပြင်ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲ ဆိုပြီ...
30/09/2025

ကိုယ့်ဆီ နောက်ကျမှ ဝင်လာခဲ့သော်လည်း
ကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူလို့
တွေးထင်မိစေတဲ့အပြင်
ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲ ဆိုပြီး
သိမ်သိမ်မွေ့မွေ့သင်ပြပေးနေတဲ့ မင်းကို
ငါ တကယ်ကျေးဇူးတင်ပါတယ်

#လင်းမာအို

မင်းမျက်နှာလေး ငေးရင်းလောကဓံကို ကျောခိုင်းခဲ့တဲ့ ရက်စွဲတွေပေါ့အချစ်ရယ်. . . မင်းက ကိုယ့်ကို အဲ့ဒီလိုလေးအမောပြေစေခဲ့တယ်။E...
24/11/2024

မင်းမျက်နှာလေး ငေးရင်း
လောကဓံကို ကျောခိုင်းခဲ့တဲ့ ရက်စွဲတွေပေါ့
အချစ်ရယ်. . .

မင်းက ကိုယ့်ကို အဲ့ဒီလိုလေး
အမောပြေစေခဲ့တယ်။

Edit - ခုမှ ပုံနဲ့စာနဲ့လိုက်သွားတော့တယ်

စိတ်နဲ့ နမ်းရတဲ့ ကံ့ကော်ဆိုပေမယ့်မြင်ယောင်ယုံနဲ့ ရနံ့ကိုရပါတယ်သာမာန်ရိုးကျနေထိုင်ခြင်းမှာခင်ဗျား ရှိလာတော့မှ ကျွန်တော့် ...
15/11/2024

စိတ်နဲ့ နမ်းရတဲ့
ကံ့ကော်ဆိုပေမယ့်
မြင်ယောင်ယုံနဲ့ ရနံ့ကိုရပါတယ်

သာမာန်ရိုးကျနေထိုင်ခြင်းမှာ
ခင်ဗျား ရှိလာတော့မှ ကျွန်တော့်
အရောင်အဝါတွေ ထ ထ လင်းခဲ့တာ

ခင်ဗျား သိလား ခင်ဗျားရဲ့
တည်ရှိခြင်းသက်သက်ကိုကျွန်တော်ချစ်တာ

ခင်ဗျားကို ရဲရင့်စေချင်ရင်တောင်
ကျွန်တော်ကသူရဲကောင်းရဲ့
ချစ်သူဖြစ်ချင်လို့မဟုတ်ဘူး
ခင်ဗျားကို သူရဲကောင်း ဖြစ်စေချင်ယုံပါ

လောကဓံရှစ်ပါးဆိုတာ
ခင်ဗျားအနားမရှိတုန်းက
ရေရွတ်မိတဲ့စကားပါ အဲ့လောက်ထိ ခင်ဗျားက
ကျွန်တော့်အတွက် အင်အားဖြစ်စေတာ

ပန်ချင်စရာ ပန်းတွေရှိလဲ
ကံ့ကော်ကိုသာ ရွေးသလိုမျိုးပေါ့

ကျွန်တော့်ရဲ့နေ့စဉ် ဆင်ယဉ်မှုမှာ
ခင်ဗျားရဲ့ချစ်ခြင်းနဲ့အနွေးဓာတ်ကို
ဝတ်ရုံလိုကျွန်တော်ကဆင်ယဉ်ချင်တာ

နတ်ဘုရားတို့ရဲ့ ကံကြမ္မာအဟောထက်
ခင်ဗျားရဲ့ နူတ်ဖျားက စကားကို
ကျွန်တော့်ကံတရားလို့ သတ်မှတ်ကိုးစားချင်တာ

အဲ့ဒီလို အဲ့ဒီလိုမျိုး ခင်ဗျားရဲ့ အမည်နာမနဲ့
ကျွန်တော် စိတ်ကို တသက်လုံး ချည်ဖွဲ့စေချင်မိတာပါ••••

ဆာယာစံ

ခင်ဗျားကိုတွေ့ဆုံခဲ့ရခြင်းဟာဖြတ်ကျော်ရသမျှလောကဓံမှာ အလှဆုံးပါပဲဘဝမှာဘာမှဆက်ပြီးမဖြစ်ချင်တော့ဘူးခင်ဗျားချစ်တဲ့သူတော့ဖြစ်ခ...
15/11/2024

ခင်ဗျားကိုတွေ့ဆုံခဲ့ရခြင်းဟာ
ဖြတ်ကျော်ရသမျှလောကဓံမှာ အလှဆုံးပါပဲ
ဘဝမှာဘာမှဆက်ပြီးမဖြစ်ချင်တော့ဘူး
ခင်ဗျားချစ်တဲ့သူတော့ဖြစ်ချင်တယ်။

မိုင်တိုင်နှစ်ဆယ့်ငါးခု
ဆောင်းနှစ်ဆယ့်ငါးခု
နွေနှစ်ဆယ်ငါးခု
မိုးနှစ်ဆယ့်ငါးခု ဖြတ်ကျော်ခဲ့ပြီး
ခင်ဗျားဆီရောက်ခဲ့တယ်။

အခုဆို
၂၄နာရီပတ်လုံး
ခင်ဗျားရဲ့ ပြတင်းပေါက်နားက နွယ်ပန်းလေးတွေ
ကျနော်ဖြစ်နေခဲ့တယ်။
အံဩစရာနော်...

ခင်ဗျားစည်းထားတဲ့
ခေါင်းစည်းကွင်းကလေးကလည်း
ကျနော်ဖြစ်နေခဲ့တယ်တဲ့
အံ့ဩစရာနော်။

ချစ်သောရယ်
ကျနော်ကလေ.....

သက်တန့်မြင်လည်း
ခင်ဗျားဆီပို့ချင်
ညနေဆည်းဆာလည်း ခင်ဗျားဆီပို့ချင်
ပန်းဝါမြင်လည်း ခင်ဗျားဆီပို့ချင်
ရေဒီယိုက သီချင်းလေးလည်း ခင်ဗျားဆီပို့ချင်
အကျိုးအကြောင်းတွေလည်း ခင်ဗျားဆီက မြစ်ဖျားခံခဲ့တာတဲ့။

သိလား
ချစ်သောရယ်
ခင်ဗျား ပန်းခြင်းလေးထဲက
တင့်ကာဘဲလ် အရုပ်လေးလည်း
ကျနော် ဖြစ်နေတာတဲ့လေ။
အံ့ဩစရာနော်။

#ကြယ်

❤️❤️❤️
14/12/2023

❤️❤️❤️

05/02/2023

"မီရှဲလ်အိုဘားမားနှင့်ဘားရက်အိုဘားမားတို့စတင်တွေ့ဆုံမှု"
သူလူတွေ့စစ်ဆေးမှုခံယူရန် လာရောက်သည့်နေ့က မြင်တွေ့လိုက်ကြသော အတွင်းရေးမှူးများက ဘားရက်အိုဘားမားသည် စာတော်သည်သာမက ချစ်စရာလည်းကောင်းသည်ဟု မှတ်ချက်ချကြသည်။
ကျွန်မက မည်သူ့စကားကိုမျှမယုံပေ။ ရုံးမှာ ထုတ်ဝေသော နွေရာသီလမ်းညွှန်စာစောင်တွင် သူ့ပုံဖော်ပြထားသည်ကို မြင်ဖူးပါသည်။ သွားဖြဲရယ်ပြနေသော သူ့ဓာတ်ပုံမှာ မည်သို့မျှ စိတ်ဝင်စားစရာမရှိပေ။ (သွားဖြဲရယ်ပြနေသောတဲ့ မီရှဲလ်တို့ပြောချက်ကြီးက 😅😅😅)

{ရက်အနည်းငယ်ကြာသော်}

စတွေ့ကတည်းက ခပ်ယိုင်ယိုင်ဖြစ်နေသော ကျွန်မစိတ်ဓာတ်တို့မှာ သူ့အရည်အချင်းတို့ကို သိလိုက်ရသောအခါ သူ့အပေါ်တွင် စိတ်ညွှတ်မိတော့သည်။
(မတွေ့ခင်ကနဲ့တွေ့ပြီး အပြောင်းအလဲမြန်ပုံက 😁)


#ဖြစ်တည်ခြင်း
#ဝင်းငြိမ်း

17/11/2022

အဖေသည် သူ့အားပြောကြားနေသမျှကို မည်သည့်အခါမျှ မလော။ စိတ်အေးလက်အေးထိုင်ကာ နားထောင်တတ်၏။

"အဖေခံယူသည်မှာ လူတစ်ယောက်က အခြားသူတစ်ယောက်ကို အချိန်ပေးခြင်းသည် လက်ဆောင်ပေးခြင်းပင်ဖြစ်သည်"

#မီရှဲလ်အိုဘားမား
#ဖြစ်တည်ခြင်း
#ဝင်းငြိမ်း

08/11/2022

ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်တာမှန်တယ်လို့ ယုံကြည်နေမယ်.....ကိုယ့်လုပ်ရပ်ကလည်း....ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုရင် လူအများစကားတင်းဆိုတာတွေကို ဂရုစိုက်ဖို့မလိုပါဘူး။ ပတ်ဝန်းကျင်ဆိုတာ လူကြိုက်များတဲ့ စံနှုန်းတွေ ထည့်ထားတဲ့ ပုံစံခွက်ကြီးပါပဲ...။ ပုံစံခွက်ထဲဝင်ဆန့်ဖို့ကြိုးစားရင်း.....ကိုယ်တကယ်ချစ်တဲ့အရာတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတတ်တယ်။

#ဟန်ချက်ညီသောဘဝ
#မွန်ဟော်စီ

15/10/2022

'ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်ကျသွားတဲ့အခါမှာ နုပျိုလန်းဆန်းသွားပြီးတော့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်ကျသွားတဲ့အခါ အိုစာသွားတဲ့အကြောင်းလေ။
ဘာဖြစ်လို့လဲဆိုတော့ မိန်းမဟာ သူ့မှာရှိသမျှ သည်းခံနိုင်စွမ်းအားလုံးကို လင်ယောက်ျားအပေါ်မှာ စုပြုံပေးအပ်လိုက်ရပြီးတော့ ယောက်ျားကတော့ သူ့ရဲ့မွေးရာပါ နိုင်လိုမင်းထက်ပြုလိုစိတ် ၊ ပိုင်စိုးပိုင်နင်းလုပ်ချင်စိတ်တွေကို လက်တွေ့အသုံးချခွင့်ရသွားလို့ပဲ'

#ခင်မိုးမြင့်
#မရှိမဖြစ်မိုး
#ဂျူး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when အိမ် - Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share