22/01/2024
To all Ixchel's lovely customers ,
မင်မင်တို့ ဒီနေ့ မူဆယ်မှာနှစ်လကျော် သုံးလနီးပါးပိတ်မိနေတဲ့ ပစ္စည်းတွေအကုန်နီးပါးရောက်လို့ packing လုပ်ပြီး မနက်ဖြန် deli စအပ်ပေးပါမယ်ရှင့်
အကြာကြီးစောင့်
လိုက်ရလို့အားလုံးကို တကယ်အားနာရပါတယ်
customer တစ်ယောက်ချင်းဆီကို လိုက်ပြီး အကြောင်းကြားပေးထားတာမလို့ ချက်ချင်း ယူဖို့ အဆင်မပြေသေးရင် ရက်ညှိပြီး ယူလို့ရပါတယ်ရှင့် အဆင်ပြေတဲ့ရက်မှ မင်မင်တို့ ပို့ပေးမှာပါ
*တစ်ခုပဲ တောင်းဆိုချင်တာက မင်မင်တို့က်ို cancel တော့မလုပ်ကြပါနဲ့နော်*
ရောက်လာသမျှပစ္စည်းအကုန်လုံး ပေးရတဲ့စျေးနဲ့တန်တဲ့ quality ရမယ်ဆိုတာ 100% အာမခံပါတယ်ရှင့် ❤️
deposit လုံးဝမယူပဲအကုန်လုံးစိုက်ဝယ်ထားရတာမလို့ပါ တစ်ယောက်စနှစ်ယောက်စကနေ cancel များလာရင် မင်မင်တို့က instock ရောင်းနေကျမဟုတ်လို့ ပြန်ပြီးထုတ်ရောင်းဖို့ အရမ်းအရမ်းကိုခက်ခဲလို့ပါ ဒီတစ်ခုတော့နားလည်ပေးကြပါနော် အိမ်မှာလည်း ပစ္စည်းတွေပုံနေပါပြီ
လမ်းအခြေအနေက အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်ဘက်ကသယ်ရတာမလို့ ဘယ်လိုမှ သွားလောလို့မရတာပါ ခုတောင် ပုံမှန်ပေးနေကျ စျေးထက် နှစ်ဆပေးပြီးသယ်ထားရတာပါရှင်
မင်မင့်လောက် နေ့တိုင်းနီးပါး cargo ကို သွားပြီးနားပူနားဆာလုပ်တာ
မင်မင်ပဲရှိပါတယ် ဖြစ်နိုင်ရင်အားလုံးကို တစ်ပတ်နှစ်ပတ်လောက်နဲ့ မြန်မြန်ပို့ပေးချင်တာ ငွေမြန်မြန်လည်ပတ်လေပိုကောင်းလေမလို့ မင်မင်တို့က ပ်ိုပြီးတော့တောင် နောက်ကျမှာ စိတ်ပူပါတယ်
အခုချိန်ထိ စိတ်ရှည်ပေးပြီး အဆင်ပြေအောင်ယူပေးကြတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် ချစ်လည်းချစ်ပါတယ် ❤️