24/06/2025
Form ကဒီနေ့နောက်ဆုံးပါ
Padauk to Sakura မှ ပညာဒါန Japanese Basic in-person Class ဖွင့်ချင်ပါတယ်! 🇯🇵✨
အရင်တစ်ကြိမ်ကလိုပဲ ဒီတစ်ခေါက်မှာလည်း လူငယ်တွေအတွက် Japanese Language Basic in-person class လေးကို ပညာဒါနအနေနဲ့ဖွင့်ဖို့ စီစဉ်ထားပါတယ်။
✳️ ဘယ်သူတွေအတွက်လဲ?
ဘာသာစကားတစ်ခုခုစသင်ချင်သူ
ကျောင်းပြီးခါစ၊ ကျောင်းနားထားနေတဲ့သူ
ဘာလုပ်ရမှန်းမသိတဲ့အခါ လမ်းရှာနေသူ
Japan စာကိုသင်ချင်ပေမယ့် စတင်ဖို့အခွင့်အလမ်းမတွေ့သေးသူ
ဒီအတန်းလေးက online မဟုတ်ဘဲ in-person ဖြစ်တာကြောင့်၊ တကယ်စိတ်ဝင်စားတဲ့သူတွေအတွက် အထူးအခွင့်အရေးပါပဲ။ Sensei ရဲ့နေအိမ်မှာပဲ ကျူရှင်ဝိုင်းလေးလို ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီးသင်မှာနော် ✨
🗓️ Start Date: June 28, 2025
📅 Schedule: Saturday , Sunday
🕐 Time: 2:00 PM – 4:00 PM
📍 Location: Thuwunna, Yangon
📘 Level: Basic
📆 Duration: 1 month
👥 Max Students: 10 only!
💡 သင်တန်းက ပညာဒါန ဖြစ်တာကြောင့် သင်ယူချင်တဲ့စိတ်နဲ့ တက်ရောက်မှုအပြည့်အဝရှိဖို့လိုပါတယ်။ စာသင်ရတာပျော်စရာဖြစ်ဖို့လည်း ကျောင်းသားတွေအပြန်အလှန်လေ့လာလို့ရအောင် အဖော်အသစ် သူငယ်ချင်းအသစ်တွေနဲ့ စာလုပ်ရတာပျော်ရမယ့်သဘောမျိုးဖြစ်အောင်ကြိုးစားထားပါတယ်
📝 စိတ်ဝင်စားသူတွေ ဒီလင့်မှာပါတဲ့ Google Form လေးကိုဖြည့်ပေးပါ။
📍 https://forms.gle/iZ2R9A3FQJwMnhJf6
( ဖောင်ဖြည့်သူများထဲမှ ကျောင်းသား/ကျောင်းသူ ၁၀ ယောက်ကိုသာ ရွေးချယ်မည်ဖြစ်ပါတယ် )
Padauk to Sakura — One Step, Two Cultures
ခြေတစ်လှမ်းဖြင့်ယဉ်ကျေးမှုနှစ်ခုကိုချိတ်ဆက်ပါ